ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ပျက်ပြားစေရန်ရည်ရွယ်၍ အွန်လိုင်းတွင် လှုံ့ဆော်ရေးသားခဲ့သူကို ပြစ်ဒဏ်ချ

 314

သုတကျော် (NP News) - စက်တင်ဘာ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ပျက်ပြားစေရန်ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ လုပ်ဆောင်ခဲ့သူတစ်ဦးအား ပြစ်မှုထင်ရှားသဖြင့် တောင်ကြီးမြို့နယ်တရားရုံးကအလုပ်နှင့်ထောင်ဒဏ် ၇ နှစ်တိတိ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ်လ ၂၅ ရက်တွင် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ရပ်ကွက်(၁)နေ နေသွေး (၃၆)နှစ် (ဘ) ဦးအောင်ခင်သည် ၎င်းအသုံးပြုသည့် “Lashio Baegyi" Facebook Account လူမှုကွန်ရက်စာမျက်နှာပေါ်တွင် "မဲပေးဖို့ချည်း ဇွတ်ပြောပြီ၊ မင်းတို့က ဘာကောင်တွေလဲ၊ စောက်လုံးပါရင် သေချာကြည့် ပြည်သူဆီက မဲလိုချင်ရင် ပြည်သူကို ဘယ်လိုအကျိုးပြုရမလဲစဉ်းစား၊ အလကားနေ ဘာမှ စောက်ပြစ် မရှိဘဲ ပြည်သူဆီကပဲ လိုချင်ရင်တော့..." စသည့် စာသားများကို ဖြန့်ဝေကာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ပျက်ပြားစေရန်ရည်ရွယ်၍ ပြုလုပ်နေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

ထို့ကြောင့် တောင်ကြီးမြို့နယ်၊ အေးသာယာနယ်မြေရဲစခန်း(ပ)၉၉/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က) ဖြင့် အမှုရေးဖွင့်စစ်ဆေး၍ တောင်ကြီးမြို့နယ်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ရာဇဝတ်ကြီးမှုအမှတ် ၂၇၁၄/၂၀၂၅ ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး စက်တင်ဘာလ ၉ ရက်နေ့တွင် ပြစ်မှုထင်ရှားသဖြင့် တရားခံ နေသွေးကို ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၃(က) အရ အလုပ်နှင့် ထောင်ဒဏ် ၇ နှစ်တိတိကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲကို ပ်က္ျပားေစရန္ရည္႐ြယ္၍ အြန္လိုင္းတြင္ လႈံ႕ေဆာ္ေရးသားခဲ့သူကို ျပစ္ဒဏ္ခ်
သုတေက်ာ္ (NP News) - စက္တင္ဘာ ၉

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီးၿမိဳ႕နယ္၌ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲကို ပ်က္ျပားေစရန္ရည္႐ြယ္၍ လူမႈကြန္ရက္စာမ်က္ႏွာေပၚ၌ လႈံ႕ေဆာ္ျခင္း၊ ဝါဒျဖန႔္ျခင္းမ်ား လုပ္ေဆာင္ခဲ့သူတစ္ဦးအား ျပစ္မႈထင္ရွားသျဖင့္ ေတာင္ႀကီးၿမိဳ႕နယ္တရား႐ုံးကအလုပ္ႏွင့္ေထာင္ဒဏ္ ၇ ႏွစ္တိတိ က်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ဩဂုတ္လ ၂၅ ရက္တြင္ ေတာင္ႀကီးၿမိဳ႕နယ္၊ ေအးသာယာၿမိဳ႕၊ ရပ္ကြက္(၁)ေန ေနေသြး (၃၆)ႏွစ္ (ဘ) ဦးေအာင္ခင္သည္ ၎အသုံးျပဳသည့္ “Lashio Baegyi" Facebook Account လူမႈကြန္ရက္စာမ်က္ႏွာေပၚတြင္ "မဲေပးဖို႔ခ်ည္း ဇြတ္ေျပာၿပီ၊ မင္းတို႔က ဘာေကာင္ေတြလဲ၊ ေစာက္လုံးပါရင္ ေသခ်ာၾကည့္ ျပည္သူဆီက မဲလိုခ်င္ရင္ ျပည္သူကို ဘယ္လိုအက်ိဳးျပဳရမလဲစဥ္းစား၊ အလကားေန ဘာမွ ေစာက္ျပစ္ မရွိဘဲ ျပည္သူဆီကပဲ လိုခ်င္ရင္ေတာ့..." စသည့္ စာသားမ်ားကို ျဖန႔္ေဝကာ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲကို ပ်က္ျပားေစရန္ရည္႐ြယ္၍ ျပဳလုပ္ေနသည္ကို စစ္ေဆးေတြ႕ရွိရေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ေတာင္ႀကီးၿမိဳ႕နယ္၊ ေအးသာယာနယ္ေျမရဲစခန္း(ပ)၉၉/၂၀၂၅၊ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲမ်ားကို ေႏွာင့္ယွက္ဟန႔္တားဖ်က္ဆီးျခင္းမွ ကာကြယ္ေပးေရးဥပေဒပုဒ္မ ၂၃(က) ျဖင့္ အမႈေရးဖြင့္စစ္ေဆး၍ ေတာင္ႀကီးၿမိဳ႕နယ္တရား႐ုံးသို႔ တရားစြဲတင္ပို႔ခဲ့ရာ ရာဇဝတ္ႀကီးမႈအမွတ္ ၂၇၁၄/၂၀၂၅ ျဖင့္ လက္ခံစစ္ေဆးခဲ့ၿပီး စက္တင္ဘာလ ၉ ရက္ေန႔တြင္ ျပစ္မႈထင္ရွားသျဖင့္ တရားခံ ေနေသြးကို ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲမ်ားကို ေႏွာင့္ယွက္ဟန႔္တားဖ်က္ဆီးျခင္းမွ ကာကြယ္ေပးေရး ဥပေဒပုဒ္မ ၂၃(က) အရ အလုပ္ႏွင့္ ေထာင္ဒဏ္ ၇ ႏွစ္တိတိက်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.