မြန်မာ့ထောပတ်သီးကို အိန္ဒိယက စိတ်ဝင်စားသော်လည်း တင်ပို့ရန်လမ်းကြောင်း အဆင်မပြေသေး
                        
                            
                             
 612
 
                             
                            
                            
                         
                        
 
                        Peral  (NP News) - စက်တင်ဘာလ ၁ဝ
   	 မြန်မာ့ ထောပတ်သီးကို အိန္ဒိယကစိတ်ဝင် စားသော်လည်း တင်ပို့ရန်လမ်းကြောင်း အဆင်မပြေ သေးကြောင်း မြန်မာနိုင်ငံထောပက်သီးအသင်းနှင့် နီးစပ်သူများထံမှ သိရသည်။ 
	လက်ရှိတွင် ထောပတ်သီးကို တာချီ လိတ်နယ်စပ်ဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ အဓိက တင်ပို့လျက်ရှိပြီး (၂၀၂၃- ၂၄) ဘဏ္ဍာနှစ်တွင် ထောပတ်သီး တန်ချိန် (၇၆၀ဝ)ကျော်၊  (၂၀၂၄- ၂၅) ဘဏ္ဍာနှစ်တွင် ထောပတ်သီး တန်ချိန် (၈၀ဝဝ) ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ 
	ယခု (၂၀၂၅- ၂၆) ဘဏ္ဍာနှစ်တွင်လည်း ရာသီအလိုက် ထောပတ်သီးအမျိုးမျိုး တင်ပို့လျက် ရှိပြီး တန် (၁၀ဝဝဝ) ကျော်တင်ပို့နိုင်ရန် လျာထား မျှော်မှန်းကြောင်းလည်းသိရသည်။ 
	" အဓိကတော့ ထိုင်းကိုပဲတင်ပို့ဖြစ်တာ။ ထောပတ်ကျတော့လည်း အမျိုးအစားအကုန်ကို စိတ်ဝင်စားကြတယ်။ ရောင်းချိန်က  (၈)လပိုင်း၊ (၉)၊(၁၀)၊ (၁၁) ၊ (၁၂) အထိ (၆)လနီးပါးလောက်ရှိ တာပေါ့လေ။ သူ့ရာသီနဲ့သူတော့ အမျိုးအစားအလိုက် သွားနေကြတာပဲ။ (၁၁)၊ (၁၂)၊ (၁) ၊ (၂) ကတော့ ဒေသမျိုးပွား Hass သီး သွားနေတယ်။ ပြီးခဲ့တဲ့ နှစ်က ထောပတ်သီးမျိုးစုံကို စုစုပေါင်းတန် (၈၀ဝဝ)ကျော် ၊ (၂၀၂၃-၂၄) က တန် (၇၆၀ဝ) ။ ဒီနှစ်က တော့ ပိုများမှာပေါ့။ ဒီနှစ်က အနည်းဆုံး တန် (၁)သောင်းတော့ ရှိမှာပေါ့။ ထိုင်းတစ်ခုတည်းကို သွား နေတာ။ တောင်သူတွေကတော့ အရည်အသွေးနဲ့ အရေအတွက် ကောင်းအောင် ကြိုးစားရတာပေါ့နော်။ အခုပေါက်ဈေးက မငြိမ်သေးဘူး။ အနည်းဆုံးကတော့ ဒီမှာ ဝယ်ရောင်းတွေကလည်း သူ့ဆိုဒ်နဲ့သူဈေးက။ တစ်သမတ်တည်းတော့ ဈေးက မရှိဘူး။ အချိန်နဲ့ လနဲ့ အလိုက်ပြောင်းနေတာ" ဟု မြန်မာနိုင်ငံ ထော ပတ်သီးအသင်းနှင့် နီးစပ်သူတစ်ဦးက NP News သို့ပြောသည်။
	ထောပတ်သီးအပြင် တန်ဖိုးမြင့် ထောပတ် သီး ထုတ်ကုန်ပစ္စည်းများဖြစ်သည့် ထောပတ်သီး အနှစ်နှင့် ထောပတ်သီး အဆီတို့ကိုလည်း ထိုင်းနိုင်ငံ နှင့် ကိုးရီးယားနိုင်ငံတို့သို့ တင်ပို့မှုများရှိနေကြောင်း သိရသည်။ 
	လက်ရှိတွင်  မြန်မာနိုင်ငံမှ ထောပတ်သီး ကို အိန္ဒိယနိုင်ငံနှင့် ရုရှားနိုင်ငံတို့မှ စိတ်ဝင်စားမှုများ ရှိသော်လည်း လက်ရှိတွင် တင်ပို့ရန်အခက်အခဲ ရှိနေ ကြောင်းလည်း သိရသည်။ 
	" အိန္ဒိယနဲ့စကားပြောနေတာရှိတယ်။ အိန္ဒိယကိုပို့ဖို့က သူတို့ဘက်က နည်းနည်းလေး စိတ်ဝင်စားနေတာ။ ဒါပေမဲ့ ပို့ရမယ့် လမ်းကြောင်းက အဆင်မပြေသေးဘူးဖြစ်နေတာ။ အရင်တုန်းက ကလေး - တမူးဘက်လမ်းကြောင်းက ရှိတယ်။ အခု က အိန္ဒိယတက်မယ့်လမ်းကြောင်းက မရှိသေးဘူးဖြစ် နေတာ။ တိုင်ပင်နေတုန်း။ ဆွေးနွေးနေတုန်း။ ရုရှား ကလည်း အသီးကို စိတ်ဝင်စားတယ်။  သူတို့နဲ့ စကား ပြောဖို့လည်းရှိတယ်။ အဆီဆိုရင်တော့ ပို့ဖို့ အဆင် ပြေတယ်။  ထိုင်းဆို သူတို့က တခြားနိုင်ငံတွေကို ပြန် တင်ပို့နေတာ။ ကိုယ့်နိုင်ငံကလည်း အဲဒီအဆင့်ထိ မရောက်သေးဘူးဖြစ်နေတာ"  ဟု ၎င်းက ဆက်လက် ပြောသည်။
	ထောပတ်သီးကို ရှမ်းပြည်နယ်တောင်ပိုင်း ဒေသများနှင့်  မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင် မြို့နယ်များတွင် အများဆုံး စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
                     
                        
                                                                    
 
                                
                                
                                        Zawgyi Version: 
ျမန္မာ့ေထာပတ္သီးကို အိႏၵိယက စိတ္ဝင္စားေသာ္လည္း တင္ပို႔ရန္လမ္းေၾကာင္း အဆင္မေျပေသး
Peral  (NP News) - စက္တင္ဘာလ ၁ဝ
   	 ျမန္မာ့ ေထာပတ္သီးကို အိႏၵိယကစိတ္ဝင္ စားေသာ္လည္း တင္ပို႔ရန္လမ္းေၾကာင္း အဆင္မေျပ ေသးေၾကာင္း ျမန္မာႏိုင္ငံေထာပက္သီးအသင္းႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။ 
	လက္ရွိတြင္ ေထာပတ္သီးကို တာခ်ီ လိတ္နယ္စပ္ဂိတ္မွတစ္ဆင့္ ထိုင္းႏိုင္ငံသို႔ အဓိက တင္ပို႔လ်က္ရွိၿပီး (၂၀၂၃- ၂၄) ဘ႑ာႏွစ္တြင္ ေထာပတ္သီး တန္ခ်ိန္ (၇၆၀ဝ)ေက်ာ္၊  (၂၀၂၄- ၂၅) ဘ႑ာႏွစ္တြင္ ေထာပတ္သီး တန္ခ်ိန္ (၈၀ဝဝ) ေက်ာ္ တင္ပို႔ႏိုင္ခဲ့ေၾကာင္း သိရသည္။ 
	ယခု (၂၀၂၅- ၂၆) ဘ႑ာႏွစ္တြင္လည္း ရာသီအလိုက္ ေထာပတ္သီးအမ်ိဳးမ်ိဳး တင္ပို႔လ်က္ ရွိၿပီး တန္ (၁၀ဝဝဝ) ေက်ာ္တင္ပို႔ႏိုင္ရန္ လ်ာထား ေမွ်ာ္မွန္းေၾကာင္းလည္းသိရသည္။ 
	" အဓိကေတာ့ ထိုင္းကိုပဲတင္ပို႔ျဖစ္တာ။ ေထာပတ္က်ေတာ့လည္း အမ်ိဳးအစားအကုန္ကို စိတ္ဝင္စားၾကတယ္။ ေရာင္းခ်ိန္က  (၈)လပိုင္း၊ (၉)၊(၁၀)၊ (၁၁) ၊ (၁၂) အထိ (၆)လနီးပါးေလာက္ရွိ တာေပါ့ေလ။ သူ႔ရာသီနဲ႔သူေတာ့ အမ်ိဳးအစားအလိုက္ သြားေနၾကတာပဲ။ (၁၁)၊ (၁၂)၊ (၁) ၊ (၂) ကေတာ့ ေဒသမ်ိဳးပြား Hass သီး သြားေနတယ္။ ၿပီးခဲ့တဲ့ ႏွစ္က ေထာပတ္သီးမ်ိဳးစုံကို စုစုေပါင္းတန္ (၈၀ဝဝ)ေက်ာ္ ၊ (၂၀၂၃-၂၄) က တန္ (၇၆၀ဝ) ။ ဒီႏွစ္က ေတာ့ ပိုမ်ားမွာေပါ့။ ဒီႏွစ္က အနည္းဆုံး တန္ (၁)ေသာင္းေတာ့ ရွိမွာေပါ့။ ထိုင္းတစ္ခုတည္းကို သြား ေနတာ။ ေတာင္သူေတြကေတာ့ အရည္အေသြးနဲ႔ အေရအတြက္ ေကာင္းေအာင္ ႀကိဳးစားရတာေပါ့ေနာ္။ အခုေပါက္ေဈးက မၿငိမ္ေသးဘူး။ အနည္းဆုံးကေတာ့ ဒီမွာ ဝယ္ေရာင္းေတြကလည္း သူ႔ဆိုဒ္နဲ႔သူေဈးက။ တစ္သမတ္တည္းေတာ့ ေဈးက မရွိဘူး။ အခ်ိန္နဲ႔ လနဲ႔ အလိုက္ေျပာင္းေနတာ" ဟု ျမန္မာႏိုင္ငံ ေထာ ပတ္သီးအသင္းႏွင့္ နီးစပ္သူတစ္ဦးက NP News သို႔ေျပာသည္။
	ေထာပတ္သီးအျပင္ တန္ဖိုးျမင့္ ေထာပတ္ သီး ထုတ္ကုန္ပစၥည္းမ်ားျဖစ္သည့္ ေထာပတ္သီး အႏွစ္ႏွင့္ ေထာပတ္သီး အဆီတို႔ကိုလည္း ထိုင္းႏိုင္ငံ ႏွင့္ ကိုးရီးယားႏိုင္ငံတို႔သို႔ တင္ပို႔မႈမ်ားရွိေနေၾကာင္း သိရသည္။ 
	လက္ရွိတြင္  ျမန္မာႏိုင္ငံမွ ေထာပတ္သီး ကို အိႏၵိယႏိုင္ငံႏွင့္ ႐ုရွားႏိုင္ငံတို႔မွ စိတ္ဝင္စားမႈမ်ား ရွိေသာ္လည္း လက္ရွိတြင္ တင္ပို႔ရန္အခက္အခဲ ရွိေန ေၾကာင္းလည္း သိရသည္။ 
	" အိႏၵိယနဲ႔စကားေျပာေနတာရွိတယ္။ အိႏၵိယကိုပို႔ဖို႔က သူတို႔ဘက္က နည္းနည္းေလး စိတ္ဝင္စားေနတာ။ ဒါေပမဲ့ ပို႔ရမယ့္ လမ္းေၾကာင္းက အဆင္မေျပေသးဘူးျဖစ္ေနတာ။ အရင္တုန္းက ကေလး - တမူးဘက္လမ္းေၾကာင္းက ရွိတယ္။ အခု က အိႏၵိယတက္မယ့္လမ္းေၾကာင္းက မရွိေသးဘူးျဖစ္ ေနတာ။ တိုင္ပင္ေနတုန္း။ ေဆြးေႏြးေနတုန္း။ ႐ုရွား ကလည္း အသီးကို စိတ္ဝင္စားတယ္။  သူတို႔နဲ႔ စကား ေျပာဖို႔လည္းရွိတယ္။ အဆီဆိုရင္ေတာ့ ပို႔ဖို႔ အဆင္ ေျပတယ္။  ထိုင္းဆို သူတို႔က တျခားႏိုင္ငံေတြကို ျပန္ တင္ပို႔ေနတာ။ ကိုယ့္ႏိုင္ငံကလည္း အဲဒီအဆင့္ထိ မေရာက္ေသးဘူးျဖစ္ေနတာ"  ဟု ၎က ဆက္လက္ ေျပာသည္။
	ေထာပတ္သီးကို ရွမ္းျပည္နယ္ေတာင္ပိုင္း ေဒသမ်ားႏွင့္  မႏၲေလးတိုင္းေဒသႀကီး ၊ ျပင္ဦးလြင္ ၿမိဳ႕နယ္မ်ားတြင္ အမ်ားဆုံး စိုက္ပ်ိဳးလ်က္ရွိေၾကာင္း သိရသည္။