အကြမ်းဖက်အသွင်ကူးပြောင်းသွားသည့် နီပေါလူထုဆန္ဒပြပွဲ နောက်ဆုံး အခြေအနေ

 659

#HtayOung #OungMarineV(စက်တင်ဘာ-၁၀၊ ၂၀၂၅)
နီပေါအစိုးရဟာ လူမှုကွန်ရက် ပလက်ဖောင်း ၂၆ ခုကို ပိတ်ပင်လိုက်တာကြောင့် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၅ ရက်နေ့မှာ ဆန္ဒပြမှုတွေ စတင်ခဲ့ပါတယ်။ ဒီပလက်ဖောင်းတွေထဲမှာ Facebook, YouTube, Instagram, WhatsApp, X (Twitter), LinkedIn အပါအဝင် လူသုံးများတဲ့ ဆိုရှယ်မီဒီယာတွေ ပါဝင်ပါတယ်။

နီပေါနိုင်ငံဟာ ၂၀၂၅-ခုနှစ်မှာ လူဦးရေ သန်း ၃၀ ခန့်ရှိတဲ့ ဟိမဝန္တာတောင်ပေါ်နိုင်ငံဖြစ်ပါတယ်။ နိုင်ငံ့လူဦးရေ ၁၇ -၂၀ % ဖြစ်တဲ့ နီပေါလူမျိုး ၅-၆ သန်းခန့်ဟာ ပြည်ပနိုင်ငံအချို့မှာ ရွှေ့ပြောင်းအလုပ်သမားအဖြစ် အလုပ် လုပ်ကိုင်နေကြပြီး ပြည်တွင်းကျန်ရစ်သူ မိသားစုများနဲ့ ဆက်သွယ်ရာမှာ လူမှုကွန်ရက်ပလက်ဖောင်းများကို သာ အဓိက အသုံးပြုနေကြပါတယ်။

အစိုးရရဲ့ ထုတ်ပြန်ချက်အရ ဒီလိုပိတ်ပင်ရတဲ့ အကြောင်းက သတင်းတုတွေ၊ အမုန်းစကားတွေ ဖြန့်ဝေမှုနဲ့ အွန်လိုင်းလိမ်လည်မှုတွေကို ထိန်းချုပ်ဖို့ဆိုပေမယ့်၊ နီပေါအစိုးရရဲ့ အကျင့်ပျက်ခြစားမှုအထောက်အထား များကို ဖော်ထုတ်လွှင့်တင်နေခြင်းမှ တားဆီးရန် အာဏာရှင်ဆန်တဲ့ လုပ်ရပ်လို့ ဆန္ဒပြသူတွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်ခဲ့ကြပါတယ်။

လူမှုကွန်ရက် ပိတ်ပင်မှုဟာ အဓိကအားဖြင့် Generation Z လူငယ်တွေကို ဒေါသထွက်စေခဲ့ပြီး၊ စက်တင်ဘာ ၈ ရက်နေ့ မြို့တော် ခတ္တမန္ဒူမှာ ဆန္ဒပြပွဲကြီး စတင်ခဲ့ပါတယ်။ ဆန္ဒပြသူတွေဟာ လူမှုကွန်ရက် ပိတ်ပင်မှုကို ပြန်လည်ရုပ်သိမ်းဖို့၊ အစိုးရအဖွဲ့အတွင်းက အဂတိလိုက်စားမှုတွေ၊ ဆွေမျိုးသားချင်းကောင်းစားရေး ဝါဒတွေကို တိုက်ဖျက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြမှုတွေဟာ ခတ္တမန္ဒူကနေ တခြားမြို့တွေကိုပါ ကူးစက်ပျံ့နှံ့သွား ခဲ့ပါတယ်။

ဆန္ဒပြမှုတွေကို ထိန်းချုပ်ဖို့ နီပေါရဲတပ်ဖွဲ့က အင်အားသုံးပြု ဖြိုခွင်းခဲ့ပါတယ်။ ရဲတွေဟာ မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆန်တွေ၊ မီးသတ်ပိုက်တွေနဲ့ ဖြိုခွင်းခဲ့ပြီး၊ တချို့ဖြစ်စဉ်တွေမှာ ကျည်အစစ်တွေနဲ့ ပစ်ခတ်တာကိုပါ တွေ့ရှိရပါတယ်။ အဲ့ဒီဖြိုခွင်းမှုကြောင့် လူ ၁၉ ဦး သေဆုံးခဲ့ပြီး၊ လူ ၁၀၀ ကျော် သို့မဟုတ် ၄၀၀ ခန့် ဒဏ်ရာရရှိ ခဲ့ပါတယ်။ သေဆုံးသူ ၁၇ ဦးဟာ ခတ္တမန္ဒူမှာဖြစ်ပြီး ၂ ဦးကတော့ အီတာဟာရီနဲ့ ဆွန်ဆာရီမြို့တွေမှာ သေဆုံး ခဲ့တာပါ။

ဆန္ဒပြမှုတွေ ပြင်းထန်လာတဲ့အခါ စက်တင်ဘာ ၈ ရက်နေ့မှာ နီပေါအစိုးရဟာ လူမှုကွန်ရက် ပိတ်ပင်မှုကို ရုပ်သိမ်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။ ဆက်သွယ်ရေးဝန်ကြီးက ပိတ်ပင်မှုကို ရုပ်သိမ်းကြောင်း အတည် ပြုပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ဆန္ဒပြမှုတွေ လျော့ပါးသွားခြင်း မရှိတာကြောင့် စက်တင်ဘာ ၉ ရက်နေ့မှာ နီပေါဝန်ကြီးချုပ် ကေပီ ရှာမာအိုလီ ဟာ ရာထူးကနေ နုတ်ထွက်လိုက်ပါတယ်။ တိုင်းပြည်မှာဖြစ်ပေါ်နေတဲ့ ဆိုးရွားတဲ့အခြေအနေတွေ ကြောင့် ပြဿနာကို ဖြေရှင်းရာမှာ လွယ်ကူချောမွေ့စေဖို့ဖြစ်ကြောင်း သူ့ရဲ့နုတ်ထွက်စာမှာ ဖော်ပြထားပါတယ်။ ဝန်ကြီးချုပ်နုတ်ထွက်မှုဟာ ဆန္ဒပြမှုတွေရဲ့ ဖိအားပေးမှုကြောင့်လို့ သတ်မှတ်ကြပါတယ်။ ဝန်ကြီးချုပ်အပြင် ပြည်ထဲရေးဝန်ကြီးနဲ့ အခြားအစိုးရအဖွဲ့ဝင် နှစ်ဦးတို့ကလည်း ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

လူ့အခွင့်အရေး အဖွဲ့အစည်းတွေဖြစ်တဲ့ Amnesty International နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး (OHCHR) တို့က နီပေါဖြစ်စဉ်မှာ လူသေဆုံးမှုတွေကို စိတ်မကောင်းဖွယ်ရာ တွေ့ရှိရကြောင်းနဲ့ ဖြစ်စဉ်ကို ပွင့်လင်းမြင်သာ စွာ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

နီပေါအစိုးရက ဆန္ဒပြမှုတွေကို စုံစမ်းစစ်ဆေးဖို့ ကော်မရှင်တစ်ခု ဖွဲ့စည်းလိုက်ပြီး ၁၅-ရက်အတွင်း ပြန်လည် အစီရင်ခံရန်၊ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို ဂရုဏာကြေးပေးခြင်း၊ ဒဏ်ရာရသူတွေကို အခမဲ့ ဆေးဝါး ကုသမှုပေးခြင်းတို့ကို ဆောင်ရွက်ပေးသွားမယ်လို့ ကြေညာထားပါတယ်။

လူထုလှုပ်ရှားမှုများအတွင်း ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တို့ကြား အဓိကရုန်းဟာ အလွန်ပြင်းထန်ပြီး ထင်ရှား တဲ့အစိုးရ အဆောက်အအုံများ၊ သမ္မတရုံးနဲ့ အစိုးရစုပေါင်းရုံး၊ အစိုးရအဖွဲ့ဝင် နေအိမ်များ၊ ပါတီရုံးခန်းများဟာ မီးရှို့ဖျက်ဆီးခြင်း ခံရပါတယ်။ လွှတ်တော်အဆောက်အအုံကို ဝင်ရောက်စီးနင်းရန် ကြိုးပမ်းမှုများ ရှိခဲ့ပါတယ်။ သံဆူးကြိုးစည်း ရိုးတွေ၊ အတားအဆီးတွေကို ချိုးဖျက်ပြီး ဝင်ရောက်ဖို့ ကြိုးစားတာတွေ ပါဝင်ခဲ့ပါတယ်။ ဆန္ဒ ပြသူတွေဟာ အခြားအစိုးရအဆောက်အအုံတွေကို ဝင်ရောက်စီနင်းဖို့လည်း ကြိုးပမ်းခဲ့ကြောင်း ဖော်ပြထား ပါတယ်။

စက်တင်ဘာ ၉ ရက်နေ့မှာ အစိုးရက ပိတ်ပင်ထားတဲ့ လူမှုကွန်ရက်တွေကို ပြန်လည်အသုံးပြုခွင့်ရရှိပြီး ဝန်ကြီး ချုပ် နုတ်ထွက်သွားခြင်းကြောင့် ဆန္ဒပြမှုတွေ အရှိန်လျော့ကျသွားတာကို တွေ့ရပါတယ်။ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ ဝင်တွေက လုံခြုံရေးထိန်းသိမ်းမှုတွေကို ဆောင်ရွက်နေပေမယ့် ပြင်းထန်တဲ့ လူထုဆန္ဒဖိအားဟာ ဆက် လက်တည်ရှိနေပါတယ်။ နီပေါအစိုးရနဲ့ နိုင်ငံရေးမူဝါဒ ပြောင်းလဲရေးဘက်ကို ဦးတည်ပြီး နိုင်ငံရေး မတည်မငြိမ် ဖြစ်နေတယ်လို့ ဆိုရပါလိမ့်မယ်။

တောင်အာရှနိုင်ငံများမှာ အကျင့်ပျက်ခြစားမှု - လွဲမှားတဲ့ စီမံခန့်ခွဲမှုတို့ကြောင့် လူထုဆူပူအုံကြွမှုများ ဖြစ်ပွား ပြီး အစိုးရခေါင်းဆောင်များ ပြုတ်ကျရခြင်းဟာ ၂-နိုင်ငံရှိလာပြီဖြစ်ကြောင်း၊ ၂၀၂၄-ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် ရှိတ်ဟာစီနာနဲ့ ယခု ၂၀၂၅-ခုနှစ် နီပေါနိုင်ငံ ဝန်ကြီးချုပ် ကေပီ ရှာမာအိုလီ တို့ဖြစ်တယ်လို့ နိုင်ငံတ ကာ မီဒီယာများက ရေးသားကြပါတယ်။

အကြမ်းဖက် ရုန့်ရင်းဆန်ခတ်မှုများအဖြစ် ပြောင်းလဲသွားတဲ့ နီပေါ Gen-Z တို့ရဲ့ ကန့်ကွက်ဆန္ဒပြပွဲ ဒုတိယ မြောက် စက်တင်ဘာ ၉-ရက်နေ့မှာ ဆန္ဒပြသူတွေဟာ ယခင် နီပေါဝန်ကြီးချုပ်ဟောင်း ရှား ဗဟာဒူး ဂျူးဘာနဲ့ ၎င်းရဲ့ဇနီး နိုင်ငံခြားရေးဝန်ကြီး အာဇူ ရီနာ ဂျူးဘာတို့ကို တိုက်ခိုက်ရန် ကြိုးစားခဲ့ကြောင်း၊ ဒီအတွက် ဝန်ကြီး ချုပ်ဟောင်း ဇနီးမောင်နှံကို နီပေါစစ်တပ်က ကယ်ထုတ်ခဲ့ရတယ်လို့ အိန္ဒိယ NDTV က ယမန်နေ့ ရေးပါတယ်။

ရှား ဗဟာဒူး ဂျူးဘာဟာ ၁၉၉၅-ခုနှစ်မှ ၂၀၂၂-ခုနှစ်အကြား ၅-ကြိမ်အထိ ဝန်ကြီးချုပ်တာဝန်ထမ်း ဆောင်ခဲ့ သူ ဖြစ်ပါတယ်။

အဓိကရုန်းများဖြစ်ပွားစဉ် လုံခြုံရေးများထံမှ လက်နက်များ ရရှိသွားတဲ့ နီပေါ ဂျင်းဇီအချို့ဟာ ၂၀၁၁-ခုနှစ် နီပေါဝန်ကြီးချုပ်ဟောင်းနဲ့ နီပေါ မာ့က်စ်လီနင်ဝါဒီ ကွန်မြူနစ်ပါတီဥက္ကဌ ဂျဟာလာ နာ့သ် ခါနယ်ရဲ့ နေအိမ်ကို လည်း တိုက်ခိုက်ခဲ့ကြကြောင်း၊ နေအိမ်ကို မီးတင်ရှို့စဉ် ဝန်ကြီးချုပ်ဟောင်းရဲ့ ဇနီးဖြစ်သူဟာ အရှင်လတ်လတ် မီးလောင်သေဆုံးသွားတယ်လို့ ဒေသန္တရ သတင်းရင်းမြစ်များထံမှ သိရှိရကြောင်း News Week က ယမန်နေ့ရေးပါတယ်။

ဝန်ကြီးချုပ် ကေပီရှာမာအိုလီဟာ ရာထူးမှ နှုတ်ထွက်သွားပြီဆိုပေမယ့် သူ့ရဲ့နေရာကို ဘယ်သူဆက်ခံကြောင်း သတင်းထုတ်ပြန်ခြင်း မရှိပါဘူး၊ နိုင်ငံရေး အသွင်ကူးပြောင်းဖို့အတွက် ရှာမာအိုလီဟာ နီပေါအိမ်စောင့်အစိုးရ ခေါင်းဆောင်အဖြစ် တာဝန်ယူရလိမ့်မယ်လို့ ယူဆရပြီး ပြည်တွင်းမှာပဲ ရှိနေဆဲပဲလို့ ယုံကြည်ရပါတယ်။ သတင်း TikTok သတင်းအချို့မှာတော့ ရှာမာအိုလီ ပြည်ပကို ထွက်ပြေးသွားပြီလို့ ဗွီဒီယို လွှင့်တင်နေကြပါတယ်။

Zawgyi Version:
အၾကမ္းဖက္အသြင္ကူးေျပာင္းသြားသည့္ နီေပါလူထုဆႏၵျပပြဲ ေနာက္ဆုံး အေျခအေန
#HtayOung #OungMarineV(စက္တင္ဘာ-၁၀၊ ၂၀၂၅)
နီေပါအစိုးရဟာ လူမႈကြန္ရက္ ပလက္ေဖာင္း ၂၆ ခုကို ပိတ္ပင္လိုက္တာေၾကာင့္ ၂၀၂၅ ခုႏွစ္ စက္တင္ဘာ ၅ ရက္ေန႔မွာ ဆႏၵျပမႈေတြ စတင္ခဲ့ပါတယ္။ ဒီပလက္ေဖာင္းေတြထဲမွာ Facebook, YouTube, Instagram, WhatsApp, X (Twitter), LinkedIn အပါအဝင္ လူသုံးမ်ားတဲ့ ဆိုရွယ္မီဒီယာေတြ ပါဝင္ပါတယ္။

နီေပါႏိုင္ငံဟာ ၂၀၂၅-ခုႏွစ္မွာ လူဦးေရ သန္း ၃၀ ခန႔္ရွိတဲ့ ဟိမဝႏၲာေတာင္ေပၚႏိုင္ငံျဖစ္ပါတယ္။ ႏိုင္ငံ့လူဦးေရ ၁၇ -၂၀ % ျဖစ္တဲ့ နီေပါလူမ်ိဳး ၅-၆ သန္းခန႔္ဟာ ျပည္ပႏိုင္ငံအခ်ိဳ႕မွာ ေ႐ႊ႕ေျပာင္းအလုပ္သမားအျဖစ္ အလုပ္ လုပ္ကိုင္ေနၾကၿပီး ျပည္တြင္းက်န္ရစ္သူ မိသားစုမ်ားနဲ႔ ဆက္သြယ္ရာမွာ လူမႈကြန္ရက္ပလက္ေဖာင္းမ်ားကို သာ အဓိက အသုံးျပဳေနၾကပါတယ္။

အစိုးရရဲ႕ ထုတ္ျပန္ခ်က္အရ ဒီလိုပိတ္ပင္ရတဲ့ အေၾကာင္းက သတင္းတုေတြ၊ အမုန္းစကားေတြ ျဖန႔္ေဝမႈနဲ႔ အြန္လိုင္းလိမ္လည္မႈေတြကို ထိန္းခ်ဳပ္ဖို႔ဆိုေပမယ့္၊ နီေပါအစိုးရရဲ႕ အက်င့္ပ်က္ျခစားမႈအေထာက္အထား မ်ားကို ေဖာ္ထုတ္လႊင့္တင္ေနျခင္းမွ တားဆီးရန္ အာဏာရွင္ဆန္တဲ့ လုပ္ရပ္လို႔ ဆႏၵျပသူေတြနဲ႔ လူ႔အခြင့္အေရး အဖြဲ႕ေတြက ေဝဖန္ခဲ့ၾကပါတယ္။

လူမႈကြန္ရက္ ပိတ္ပင္မႈဟာ အဓိကအားျဖင့္ Generation Z လူငယ္ေတြကို ေဒါသထြက္ေစခဲ့ၿပီး၊ စက္တင္ဘာ ၈ ရက္ေန႔ ၿမိဳ႕ေတာ္ ခတၱမႏၵဴမွာ ဆႏၵျပပြဲႀကီး စတင္ခဲ့ပါတယ္။ ဆႏၵျပသူေတြဟာ လူမႈကြန္ရက္ ပိတ္ပင္မႈကို ျပန္လည္႐ုပ္သိမ္းဖို႔၊ အစိုးရအဖြဲ႕အတြင္းက အဂတိလိုက္စားမႈေတြ၊ ေဆြမ်ိဳးသားခ်င္းေကာင္းစားေရး ဝါဒေတြကို တိုက္ဖ်က္ေပးဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္။ ဆႏၵျပမႈေတြဟာ ခတၱမႏၵဴကေန တျခားၿမိဳ႕ေတြကိုပါ ကူးစက္ပ်ံ႕ႏွံ႔သြား ခဲ့ပါတယ္။

ဆႏၵျပမႈေတြကို ထိန္းခ်ဳပ္ဖို႔ နီေပါရဲတပ္ဖြဲ႕က အင္အားသုံးျပဳ ၿဖိဳခြင္းခဲ့ပါတယ္။ ရဲေတြဟာ မ်က္ရည္ယိုဗုံးေတြ၊ ရာဘာက်ည္ဆန္ေတြ၊ မီးသတ္ပိုက္ေတြနဲ႔ ၿဖိဳခြင္းခဲ့ၿပီး၊ တခ်ိဳ႕ျဖစ္စဥ္ေတြမွာ က်ည္အစစ္ေတြနဲ႔ ပစ္ခတ္တာကိုပါ ေတြ႕ရွိရပါတယ္။ အဲ့ဒီၿဖိဳခြင္းမႈေၾကာင့္ လူ ၁၉ ဦး ေသဆုံးခဲ့ၿပီး၊ လူ ၁၀၀ ေက်ာ္ သို႔မဟုတ္ ၄၀၀ ခန႔္ ဒဏ္ရာရရွိ ခဲ့ပါတယ္။ ေသဆုံးသူ ၁၇ ဦးဟာ ခတၱမႏၵဴမွာျဖစ္ၿပီး ၂ ဦးကေတာ့ အီတာဟာရီနဲ႔ ဆြန္ဆာရီၿမိဳ႕ေတြမွာ ေသဆုံး ခဲ့တာပါ။

ဆႏၵျပမႈေတြ ျပင္းထန္လာတဲ့အခါ စက္တင္ဘာ ၈ ရက္ေန႔မွာ နီေပါအစိုးရဟာ လူမႈကြန္ရက္ ပိတ္ပင္မႈကို ႐ုပ္သိမ္းလိုက္ေၾကာင္း ေၾကညာခဲ့ပါတယ္။ ဆက္သြယ္ေရးဝန္ႀကီးက ပိတ္ပင္မႈကို ႐ုပ္သိမ္းေၾကာင္း အတည္ ျပဳေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္ ဆႏၵျပမႈေတြ ေလ်ာ့ပါးသြားျခင္း မရွိတာေၾကာင့္ စက္တင္ဘာ ၉ ရက္ေန႔မွာ နီေပါဝန္ႀကီးခ်ဳပ္ ေကပီ ရွာမာအိုလီ ဟာ ရာထူးကေန ႏုတ္ထြက္လိုက္ပါတယ္။ တိုင္းျပည္မွာျဖစ္ေပၚေနတဲ့ ဆိုး႐ြားတဲ့အေျခအေနေတြ ေၾကာင့္ ျပႆနာကို ေျဖရွင္းရာမွာ လြယ္ကူေခ်ာေမြ႕ေစဖို႔ျဖစ္ေၾကာင္း သူ႔ရဲ႕ႏုတ္ထြက္စာမွာ ေဖာ္ျပထားပါတယ္။ ဝန္ႀကီးခ်ဳပ္ႏုတ္ထြက္မႈဟာ ဆႏၵျပမႈေတြရဲ႕ ဖိအားေပးမႈေၾကာင့္လို႔ သတ္မွတ္ၾကပါတယ္။ ဝန္ႀကီးခ်ဳပ္အျပင္ ျပည္ထဲေရးဝန္ႀကီးနဲ႔ အျခားအစိုးရအဖြဲ႕ဝင္ ႏွစ္ဦးတို႔ကလည္း ရာထူးကေန ႏုတ္ထြက္သြားခဲ့ပါတယ္။

လူ႔အခြင့္အေရး အဖြဲ႕အစည္းေတြျဖစ္တဲ့ Amnesty International နဲ႔ ကုလသမဂၢ လူ႔အခြင့္အေရး႐ုံး (OHCHR) တို႔က နီေပါျဖစ္စဥ္မွာ လူေသဆုံးမႈေတြကို စိတ္မေကာင္းဖြယ္ရာ ေတြ႕ရွိရေၾကာင္းနဲ႔ ျဖစ္စဥ္ကို ပြင့္လင္းျမင္သာ စြာ စုံစမ္းစစ္ေဆးဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္။

နီေပါအစိုးရက ဆႏၵျပမႈေတြကို စုံစမ္းစစ္ေဆးဖို႔ ေကာ္မရွင္တစ္ခု ဖြဲ႕စည္းလိုက္ၿပီး ၁၅-ရက္အတြင္း ျပန္လည္ အစီရင္ခံရန္၊ ေသဆုံးသူေတြရဲ႕ မိသားစုဝင္ေတြကို ဂ႐ုဏာေၾကးေပးျခင္း၊ ဒဏ္ရာရသူေတြကို အခမဲ့ ေဆးဝါး ကုသမႈေပးျခင္းတို႔ကို ေဆာင္႐ြက္ေပးသြားမယ္လို႔ ေၾကညာထားပါတယ္။

လူထုလႈပ္ရွားမႈမ်ားအတြင္း ဆႏၵျပသူေတြနဲ႔ ရဲတပ္ဖြဲ႕ဝင္တို႔ၾကား အဓိက႐ုန္းဟာ အလြန္ျပင္းထန္ၿပီး ထင္ရွား တဲ့အစိုးရ အေဆာက္အအုံမ်ား၊ သမၼတ႐ုံးနဲ႔ အစိုးရစုေပါင္း႐ုံး၊ အစိုးရအဖြဲ႕ဝင္ ေနအိမ္မ်ား၊ ပါတီ႐ုံးခန္းမ်ားဟာ မီးရႈိ႕ဖ်က္ဆီးျခင္း ခံရပါတယ္။ လႊတ္ေတာ္အေဆာက္အအုံကို ဝင္ေရာက္စီးနင္းရန္ ႀကိဳးပမ္းမႈမ်ား ရွိခဲ့ပါတယ္။ သံဆူးႀကိဳးစည္း ႐ိုးေတြ၊ အတားအဆီးေတြကို ခ်ိဳးဖ်က္ၿပီး ဝင္ေရာက္ဖို႔ ႀကိဳးစားတာေတြ ပါဝင္ခဲ့ပါတယ္။ ဆႏၵ ျပသူေတြဟာ အျခားအစိုးရအေဆာက္အအုံေတြကို ဝင္ေရာက္စီနင္းဖို႔လည္း ႀကိဳးပမ္းခဲ့ေၾကာင္း ေဖာ္ျပထား ပါတယ္။

စက္တင္ဘာ ၉ ရက္ေန႔မွာ အစိုးရက ပိတ္ပင္ထားတဲ့ လူမႈကြန္ရက္ေတြကို ျပန္လည္အသုံးျပဳခြင့္ရရွိၿပီး ဝန္ႀကီး ခ်ဳပ္ ႏုတ္ထြက္သြားျခင္းေၾကာင့္ ဆႏၵျပမႈေတြ အရွိန္ေလ်ာ့က်သြားတာကို ေတြ႕ရပါတယ္။ စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕ ဝင္ေတြက လုံၿခဳံေရးထိန္းသိမ္းမႈေတြကို ေဆာင္႐ြက္ေနေပမယ့္ ျပင္းထန္တဲ့ လူထုဆႏၵဖိအားဟာ ဆက္ လက္တည္ရွိေနပါတယ္။ နီေပါအစိုးရနဲ႔ ႏိုင္ငံေရးမူဝါဒ ေျပာင္းလဲေရးဘက္ကို ဦးတည္ၿပီး ႏိုင္ငံေရး မတည္မၿငိမ္ ျဖစ္ေနတယ္လို႔ ဆိုရပါလိမ့္မယ္။

ေတာင္အာရွႏိုင္ငံမ်ားမွာ အက်င့္ပ်က္ျခစားမႈ - လြဲမွားတဲ့ စီမံခန႔္ခြဲမႈတို႔ေၾကာင့္ လူထုဆူပူအုံႂကြမႈမ်ား ျဖစ္ပြား ၿပီး အစိုးရေခါင္းေဆာင္မ်ား ျပဳတ္က်ရျခင္းဟာ ၂-ႏိုင္ငံရွိလာၿပီျဖစ္ေၾကာင္း၊ ၂၀၂၄-ခုႏွစ္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာနဲ႔ ယခု ၂၀၂၅-ခုႏွစ္ နီေပါႏိုင္ငံ ဝန္ႀကီးခ်ဳပ္ ေကပီ ရွာမာအိုလီ တို႔ျဖစ္တယ္လို႔ ႏိုင္ငံတ ကာ မီဒီယာမ်ားက ေရးသားၾကပါတယ္။

အၾကမ္းဖက္ ႐ုန႔္ရင္းဆန္ခတ္မႈမ်ားအျဖစ္ ေျပာင္းလဲသြားတဲ့ နီေပါ Gen-Z တို႔ရဲ႕ ကန႔္ကြက္ဆႏၵျပပြဲ ဒုတိယ ေျမာက္ စက္တင္ဘာ ၉-ရက္ေန႔မွာ ဆႏၵျပသူေတြဟာ ယခင္ နီေပါဝန္ႀကီးခ်ဳပ္ေဟာင္း ရွား ဗဟာဒူး ဂ်ဴးဘာနဲ႔ ၎ရဲ႕ဇနီး ႏိုင္ငံျခားေရးဝန္ႀကီး အာဇူ ရီနာ ဂ်ဴးဘာတို႔ကို တိုက္ခိုက္ရန္ ႀကိဳးစားခဲ့ေၾကာင္း၊ ဒီအတြက္ ဝန္ႀကီး ခ်ဳပ္ေဟာင္း ဇနီးေမာင္ႏွံကို နီေပါစစ္တပ္က ကယ္ထုတ္ခဲ့ရတယ္လို႔ အိႏၵိယ NDTV က ယမန္ေန႔ ေရးပါတယ္။

ရွား ဗဟာဒူး ဂ်ဴးဘာဟာ ၁၉၉၅-ခုႏွစ္မွ ၂၀၂၂-ခုႏွစ္အၾကား ၅-ႀကိမ္အထိ ဝန္ႀကီးခ်ဳပ္တာဝန္ထမ္း ေဆာင္ခဲ့ သူ ျဖစ္ပါတယ္။

အဓိက႐ုန္းမ်ားျဖစ္ပြားစဥ္ လုံၿခဳံေရးမ်ားထံမွ လက္နက္မ်ား ရရွိသြားတဲ့ နီေပါ ဂ်င္းဇီအခ်ိဳ႕ဟာ ၂၀၁၁-ခုႏွစ္ နီေပါဝန္ႀကီးခ်ဳပ္ေဟာင္းနဲ႔ နီေပါ မာ့က္စ္လီနင္ဝါဒီ ကြန္ျမဴနစ္ပါတီဥကၠဌ ဂ်ဟာလာ နာ့သ္ ခါနယ္ရဲ႕ ေနအိမ္ကို လည္း တိုက္ခိုက္ခဲ့ၾကေၾကာင္း၊ ေနအိမ္ကို မီးတင္ရႈိ႕စဥ္ ဝန္ႀကီးခ်ဳပ္ေဟာင္းရဲ႕ ဇနီးျဖစ္သူဟာ အရွင္လတ္လတ္ မီးေလာင္ေသဆုံးသြားတယ္လို႔ ေဒသႏၲရ သတင္းရင္းျမစ္မ်ားထံမွ သိရွိရေၾကာင္း News Week က ယမန္ေန႔ေရးပါတယ္။

ဝန္ႀကီးခ်ဳပ္ ေကပီရွာမာအိုလီဟာ ရာထူးမွ ႏႈတ္ထြက္သြားၿပီဆိုေပမယ့္ သူ႔ရဲ႕ေနရာကို ဘယ္သူဆက္ခံေၾကာင္း သတင္းထုတ္ျပန္ျခင္း မရွိပါဘူး၊ ႏိုင္ငံေရး အသြင္ကူးေျပာင္းဖို႔အတြက္ ရွာမာအိုလီဟာ နီေပါအိမ္ေစာင့္အစိုးရ ေခါင္းေဆာင္အျဖစ္ တာဝန္ယူရလိမ့္မယ္လို႔ ယူဆရၿပီး ျပည္တြင္းမွာပဲ ရွိေနဆဲပဲလို႔ ယုံၾကည္ရပါတယ္။ သတင္း TikTok သတင္းအခ်ိဳ႕မွာေတာ့ ရွာမာအိုလီ ျပည္ပကို ထြက္ေျပးသြားၿပီလို႔ ဗြီဒီယို လႊင့္တင္ေနၾကပါတယ္။

Related news

© 2021. All rights reserved.