ထင်ရှားသည့်အင်းလေးဖောင်တော်ဦးဘုရားပွဲတော်ကို ရိုးရာအတိုင်း (၁၈)ရက်ကြာ ကျင်းပမည်

 318

ချယ်ရီ (NP News) - စက်တင်ဘာ ၁၀
မြန်မာနိုင်ငံရှိ ထင်ရှားသည့်ပွဲတော်များအနက် တစ်ခုဖြစ်သည့် အင်းလေးဖောင်တော်ဦးဘုရားပွဲတော်ကို ရိုးရာအစဉ်အလာအတိုင်း (၁၈)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အင်းလေးဖောင်တော်ဦးဘုရားဂေါပကအဖွဲ့၊ ဒုတိယဥက္ကဌ ဦးသန်းဝင်းက NP News ကို ပြောသည်။
အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များကို စက်တင်ဘာလ (၂၂) ရက်၊ နံနက် (၅) နာရီတွင် မူလသီတင်းသုံး စံပယ် တော်မူရာ ရတနာစံကျောင်းတော်၌ ရောင်ခြည်တော်ဖွင့်ခြင်း၊ အနေကဇာတင်ခြင်းမင်္ဂလာအခမ်းအနားတို့ကို ကျင်းပပြုလုပ်၍ နံနက် (၇) နာရီတွင် ရတနာစံကျောင်းတော်မှ ကရဝိက်ဖောင်တော်ဖြင့် ကျေးပေါခုံဌာနသို့ စတင်ပင့်ဆောင် ပူဇော်မည်ဖြစ်ကာ အင်းလေးဒေသ ဝဲ၊ယာ (၂၁) ဌာနသို့ ဒေသစာရီကြွချီ ပူဇော်ခံလှည့်လည်မည်ဖြစ်ကြောင်း သိရသည်။
“တိုင်းရင်းသားပြည်သူတွေကလည်းပဲ အတတ်နိုင်ဆုံးပေါ့နော် ဘုရားဖူးဧည့်သည်များ စိတ်ချမ်းသာအောင် ဝိုင်းဝန်းကူညီဆောင်ရွက်ဖို့ အဆင်သင့်ဖြစ်နေပါပြီခင်ဗျ” ဟု ၎င်းက ပြောသည်။
ထို့နောက် စက်တင်ဘာလ (၂၈) ရက်၊ နံနက်ပိုင်းတွင် ညောင်ရွှေမြို့ဌာနသို့ ဆိုက်ရောက်၍ (၃)ရက် ကိန်းဝပ်ပူဇော်ခံပြီး အောက်တိုဘာ ၉ ရက်တွင် မူလသီတင်းသုံးတော်မူရာ ရတနာစံကျောင်းတော်သို့ ပြန်လည်ကြွချီ၍ စံကျောင်းတော်ဝင်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
“ဘယ်လောက်ပဲ သဘာဝဘေးအန္တရာယ်ဖြစ်ဖြစ် ကိုယ်တွေရဲ့ ရိုးရာဓလေ့ကိုတော့ မပျက်မကွက် ကျင်းပကြတယ်။ မြန်မာလူမျိုးတွေရဲ့ ကောင်းတဲ့အချက်၊ အတုယူစရာလေးပေါ့နော်” ဟု ၎င်းက ထပ်မံပြောကြားသည်။
ပွဲတော်ကာလအတွင်း အင်းသားရိုးရာ လှေလှော်ပြိုင်ပွဲကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး အကြိုပွဲစဉ်များအဖြစ် စက်တင်ဘာလ (၂၆) ရက်တွင် ရေလယ်ဧည့်ခန်းမရှေ့ ရေပြင်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကာ ညောင်ရွှေမြို့ဌာနသို့ ဆိုက်ရောက်သည့်နေ့တွင် ညောင်ရွှေမြို့ နန်းကပ်ချောင်း၌ လည်းကောင်း၊ အောက်တိုဘာလ (၈) ရက်နှင့် (၉) ရက်တို့တွင် အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ရတနာစံကျောင်းတော်ရှေ့ ရေပြင်၌လည်းကောင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ထင္ရွားသည့္အင္းေလးေဖာင္ေတာ္ဦးဘုရားပြဲေတာ္ကို ႐ိုးရာအတိုင္း (၁၈)ရက္ၾကာ က်င္းပမည္
ခ်ယ္ရီ (NP News) - စက္တင္ဘာ ၁၀
ျမန္မာႏိုင္ငံရွိ ထင္ရွားသည့္ပြဲေတာ္မ်ားအနက္ တစ္ခုျဖစ္သည့္ အင္းေလးေဖာင္ေတာ္ဦးဘုရားပြဲေတာ္ကို ႐ိုးရာအစဥ္အလာအတိုင္း (၁၈)ရက္ၾကာ က်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္း အင္းေလးေဖာင္ေတာ္ဦးဘုရားေဂါပကအဖြဲ႕၊ ဒုတိယဥကၠဌ ဦးသန္းဝင္းက NP News ကို ေျပာသည္။
အင္းေလးေဖာင္ေတာ္ဦးျမတ္စြာဘုရား ႐ုပ္ရွင္ေတာ္ျမတ္မ်ားကို စက္တင္ဘာလ (၂၂) ရက္၊ နံနက္ (၅) နာရီတြင္ မူလသီတင္းသုံး စံပယ္ ေတာ္မူရာ ရတနာစံေက်ာင္းေတာ္၌ ေရာင္ျခည္ေတာ္ဖြင့္ျခင္း၊ အေနကဇာတင္ျခင္းမဂၤလာအခမ္းအနားတို႔ကို က်င္းပျပဳလုပ္၍ နံနက္ (၇) နာရီတြင္ ရတနာစံေက်ာင္းေတာ္မွ ကရဝိက္ေဖာင္ေတာ္ျဖင့္ ေက်းေပါခုံဌာနသို႔ စတင္ပင့္ေဆာင္ ပူေဇာ္မည္ျဖစ္ကာ အင္းေလးေဒသ ဝဲ၊ယာ (၂၁) ဌာနသို႔ ေဒသစာရီႂကြခ်ီ ပူေဇာ္ခံလွည့္လည္မည္ျဖစ္ေၾကာင္း သိရသည္။
“တိုင္းရင္းသားျပည္သူေတြကလည္းပဲ အတတ္ႏိုင္ဆုံးေပါ့ေနာ္ ဘုရားဖူးဧည့္သည္မ်ား စိတ္ခ်မ္းသာေအာင္ ဝိုင္းဝန္းကူညီေဆာင္႐ြက္ဖို႔ အဆင္သင့္ျဖစ္ေနပါၿပီခင္ဗ်” ဟု ၎က ေျပာသည္။
ထို႔ေနာက္ စက္တင္ဘာလ (၂၈) ရက္၊ နံနက္ပိုင္းတြင္ ေညာင္ေ႐ႊၿမိဳ႕ဌာနသို႔ ဆိုက္ေရာက္၍ (၃)ရက္ ကိန္းဝပ္ပူေဇာ္ခံၿပီး ေအာက္တိုဘာ ၉ ရက္တြင္ မူလသီတင္းသုံးေတာ္မူရာ ရတနာစံေက်ာင္းေတာ္သို႔ ျပန္လည္ႂကြခ်ီ၍ စံေက်ာင္းေတာ္ဝင္ပြဲ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။
“ဘယ္ေလာက္ပဲ သဘာဝေဘးအႏၲရာယ္ျဖစ္ျဖစ္ ကိုယ္ေတြရဲ႕ ႐ိုးရာဓေလ့ကိုေတာ့ မပ်က္မကြက္ က်င္းပၾကတယ္။ ျမန္မာလူမ်ိဳးေတြရဲ႕ ေကာင္းတဲ့အခ်က္၊ အတုယူစရာေလးေပါ့ေနာ္” ဟု ၎က ထပ္မံေျပာၾကားသည္။
ပြဲေတာ္ကာလအတြင္း အင္းသား႐ိုးရာ ေလွေလွာ္ၿပိဳင္ပြဲကို ထည့္သြင္းက်င္းပသြားမည္ျဖစ္ၿပီး အႀကိဳပြဲစဥ္မ်ားအျဖစ္ စက္တင္ဘာလ (၂၆) ရက္တြင္ ေရလယ္ဧည့္ခန္းမေရွ႕ ေရျပင္၌ က်င္းပျပဳလုပ္သြားမည္ျဖစ္ကာ ေညာင္ေ႐ႊၿမိဳ႕ဌာနသို႔ ဆိုက္ေရာက္သည့္ေန႔တြင္ ေညာင္ေ႐ႊၿမိဳ႕ နန္းကပ္ေခ်ာင္း၌ လည္းေကာင္း၊ ေအာက္တိုဘာလ (၈) ရက္ႏွင့္ (၉) ရက္တို႔တြင္ အင္းေလးေဖာင္ေတာ္ဦး ျမတ္စြာဘုရား ရတနာစံေက်ာင္းေတာ္ေရွ႕ ေရျပင္၌လည္းေကာင္း စည္ကားသိုက္ၿမိဳက္စြာ က်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.