ဧရာဝတီတံတား(ရတနာပုံ)ကိုငလျင်ကြောင့်ပျက်စီးမှုများပြန်လည်ပြင်ဆင်နေ

592
ပြည့်ဖြိုး(NP News) စက်တင်ဘာ (၁၀)ရက်
မန္တလေးတိုင်းနှင့်စစ်ကိုင်းတိုင်း မြို့ကြီးနှစ်မြို့ကို ဆက်သွယ်ထားသော ဧရာဝတီတံတား(ရတနာပုံ) ကိုငလျင်ကြောင့်ပျက်စီးသွားသည့် အစိတ်အပိုင်းများကိုပြန်လည်ပြင်ဆင်နေပြီး ထပ်မံလှုပ်ခပ်သောငလျင်ငယ်များကြောင့် ပျက်စီးမှုကိုစောင့်ကြည်နေကြောင်းဆောက်လုပ်ရေးဝန်ကြီးဌာန မှသိရသည်။
လက်ရှိ၌ ဧရာဝတီတံတား(ရတနာပုံ) မန္တလေးဘက်ခြမ်းတွင် ငလျင်ဒဏ်ကြောင့် Lateral Bracing သံပေါင်များနှင့် Pier များ ပျက်စီးခဲ့မှုများအတွက် ပြုပြင်ဆောင်ရွက်နေခြင်းဖြစ်သည်။
ထို့ပြင် ရေထဲ၌ရှိသည့် တံတားတိုင်များ၊ ဆိပ်ခံတံတားတိုင်များ( piers)ကို ပြုပြင်ထိန်းသိမ်းရန်နှင့် ပိုပြီးခိုင်ခံ့အောင်လုပ်ရန်အတွက် Pier Jacketing ပုံစံဖြင့် ပြုပြင်သွားမည်ဟုလည်း သိရသည်။
ပြင်ဆင်ရေးလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်းလည်း လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရေးအတွက် ပြင်ဆင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိအချိန်တွင်လည်း တံတားကြီးတွင်ဖြတ်သန်းသွားလာသည့် ပြည်သူများအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်စေရန် နေ့စဉ်စောင့်ကြည့်စစ်ဆေးနေသည်ဟု သိရသည်။

Zawgyi Version:
ဧရာဝတီတံတား(ရတနာပုံ)ကိုငလ်င္ေၾကာင့္ပ်က္စီးမႈမ်ားျပန္လည္ျပင္ဆင္ေန
ျပည့္ၿဖိဳး(NP News) စက္တင္ဘာ (၁၀)ရက္
မႏၲေလးတိုင္းႏွင့္စစ္ကိုင္းတိုင္း ၿမိဳ႕ႀကီးႏွစ္ၿမိဳ႕ကို ဆက္သြယ္ထားေသာ ဧရာဝတီတံတား(ရတနာပုံ) ကိုငလ်င္ေၾကာင့္ပ်က္စီးသြားသည့္ အစိတ္အပိုင္းမ်ားကိုျပန္လည္ျပင္ဆင္ေနၿပီး ထပ္မံလႈပ္ခပ္ေသာငလ်င္ငယ္မ်ားေၾကာင့္ ပ်က္စီးမႈကိုေစာင့္ၾကည္ေနေၾကာင္းေဆာက္လုပ္ေရးဝန္ႀကီးဌာန မွသိရသည္။
လက္ရွိ၌ ဧရာဝတီတံတား(ရတနာပုံ) မႏၲေလးဘက္ျခမ္းတြင္ ငလ်င္ဒ-ဏ္ေၾကာင့္ Lateral Bracing သံေပါင္မ်ားႏွင့္ Pier မ်ား ပ်-က္စီးခဲ့မႈမ်ားအတြက္ ျပဳျပင္ေဆာင္႐ြက္ေနျခင္းျဖစ္သည္။
ထို႔ျပင္ ေရထဲ၌ရွိသည့္ တံတားတိုင္မ်ား၊ ဆိပ္ခံတံတားတိုင္မ်ား( piers)ကို ျပဳျပင္ထိန္းသိမ္းရန္ႏွင့္ ပိုၿပီးခိုင္ခံ့ေအာင္လုပ္ရန္အတြက္ Pier Jacketing ပုံစံျဖင့္ ျပဳျပင္သြားမည္ဟုလည္း သိရသည္။
ျပင္ဆင္ေရးလုပ္ငန္းေဆာင္႐ြက္ေနစဥ္အတြင္းလည္း လမ္းပန္းဆက္သြယ္ေရး မျပတ္ေတာက္ေစေရးအတြက္ ျပင္ဆင္ေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။
လက္ရွိအခ်ိန္တြင္လည္း တံတားႀကီးတြင္ျဖတ္သန္းသြားလာသည့္ ျပည္သူမ်ားအႏၲရာယ္ကင္းရွင္းစြာ သြားလာႏိုင္ေစရန္ ေန႔စဥ္ေစာင့္ၾကည့္စစ္ေဆးေနသည္ဟု သိရသည္။