နာမည်ကျော် အိန္ဒိယ ဘောလိဝုဒ် ရုပ်ရှင်မင်းသမီး ကာရီနာ ကပူး၊ သေဆုံးပြီလား

1912

#HtayOung #OungMarine(NP News)
ကာရီနာ ကပူးဆိုတာ နာမည်ကျော် အိန္ဒိယ ဘောလိဝုဒ် ရုပ်ရှင်မင်းသမီးဖြစ်ပါတယ်။ ဘိုးဘွားစဉ်ဆက် နာမည် ကြီး ရုပ်ရှင်လောကသားများဖြစ်ခြင်းကြောင့် အိန္ဒိယမှာ သူ့ကို မသိသူ မရှိသလောက်ပါပဲ။
..
ကာရီနာ ကပူးဆိုတာ ဘယ်သူပါလိမ့် ဇဝေဇဝါဖြစ်နေကြသူများအတွက် ၂၀၀၉-ခုနှစ် ဝန်းကျင် မင်းသားးကြီး အေမီရာ ခန်းရဲ့ “3 Idiots” “ ငတုံး ၃-ကောင်” ဘောလိဝုဒ် ဟာသရုပ်ရှင်ကိုတော့ မှတ်မိကြမှာပါ။ ယနေ့တိုင် ဂန္ထဝင်ဖြစ်သွားတဲ့ အဲ့ဒီ ဇာတ်ကားမှာ ICE အင်ဂျင်နီယာကောလိပ်က စည်းကမ်းကြီးလှတဲ့ကျောင်းအုပ်ကြီး ဒေါက်တာ ဗိုင်းရပ်စ်ရဲ့ သမီးအငယ် “မိုနာ” ကိုတော့ မှတ်မိကြမယ် ထင်ပါတယ်။
ဟာသဇာတ်မြူးများသာမက အလွမ်းအဆွေး၊ မှုခင်းစုံထောက် ဇာတ်လမ်းများအထိ ပြောင်မြောက်စွာ သရုပ် ဆောင်နိုင်တဲ့ ကာရီနာ ကပူး သေဆုံးပြီဆိုတဲ့သတင်းဟာ လွန်ခဲ့တဲ့ရက် လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။
မြန်မာတို့နည်းတူ ရုပ်ရှင်ကြည့်ဖို့ဆိုရင် အိုးခွက်ပေါင်ဖို့ ဝန်မလေးတဲ့ အိန္ဒိယမှာ ကာရီနာရဲ့ ပရိဿတ်ဟာ မူလ တန်းကျောင်းသားမှ အသက် ၇၀ ကျော်အထိ ရှိပါတယ်။ မွန်ဘိုင်းမြို့ ကာရီနာရဲ့ နေအိမ်ရှေ့ စုဝေးနေကြတဲ့ လူအုပ်ကြီးမှာ အချင်းချင်း တိုးဝှေ့ရင်း မူးမေ့လဲကျတဲ့အတွက် အရေးပေါ်ကားနဲ့ ဆေးရုံပို့ရတဲ့ အထိပါပဲ။
(ကာရီနာ ကပူး နဲ့ပတ်သက်ပြီး အလုပ်ရှုတ်သွားရသူတွေထဲ မြန်မာပြည်က ကျွန်တော်လည်း ပါ ပါတယ်။ တကယ် သေ-မသေ မေးမြန်းသူ များလာတဲ့အတွက် လက်လှမ်းမီရာ အိန္ဒိယသတင်းစာများကို လှန်လှောပြီး သတင်းအတည်ပြုရလို့ ဖြစ်ပါတယ်။)
ဘောလိဝုဒ် မင်းသမီး ကာရီနာ ကပူး (အသက် ၄၄-နှစ်) သေဆုံးတယ်ဆိုတာ ကောလဟလ သတင်းမှား ဖြစ်ပါတယ်။ ကာနီနာ တစ်ယောက် အသက်ရှင်လျက် ကျန်းမာစွာ ရှိနေကြောင်း ယနေ့ထုတ် “ဟိန္ဒူစတန် တိုင်းမ်” (10 September 2025) က ရေးပါတယ်။
အဲ့ဒီ သတင်းအမှားရဲ့ မူလအစ ဗြိတိန်နိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ ကာရီနာရဲ့ ပျော်စရာ အခိုက်အတန့်လေးကို အမှန်အတိုင်း ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ယူကေနိုင်ငံ ကျောက်မျက်ရတနာ အရောင်းခန်းမ ပရိုမိုးရှင်းပွဲတစ်ခုမှာ ဧည့်သည်တော်အဖြစ် ကာရီနာကပူး တက်ရောက်နေခိုက် ဗြိတိန်နိုင်ငံတစ်ဝှန်းလုံး အရေးပေါ် သတိပေးစနစ် စမ်းသပ်ထုတ်လွှင့်ချိန်နဲ့ ရုတ်တရက် တိုက်ဆိုင်သွားပါတယ်။ ၁၀-စက္ကန့်လောက် အမှတ်မထင် စိတ်လှုပ်ရှားသွားပုံရတဲ့ ကာရီနာကို စမတ်ဖုန်းများ မှတဆင့် ကြည့်ရှု့နေသူ ဘောလိဝုဒ် ရုပ်ရှင်ဝါသနာအိုး အားလုံး မြင်တွေ့လိုက်ရပါတယ်။
လူမှုကွန်ရက်မှာ Like များများ-အသည်းများများနဲ့ ပိုက်ဆံရှာဖို့ အကွက်ချောင်းနေသူများက အဲ့ဒီ အဖြစ်အ ပျက်ကို အမိအရ ဖမ်းလိုက်ပါတယ်။ ဝိုင်းအုံနေတဲ့ လူအုပ်ကြားမှ လဲကျနေတဲ့ အမျိုးသမီးတစ်ဦးကို လုံခြုံရေး ဝန်ထမ်းများက အရေးပေါ် သယ်ယူသွားလေဟန် ဖြတ်ညှပ်ကပ်လုပ်ပြီး လွမ်းဆွေးဖွယ် တီးလုံးနောက်ခံနဲ့ အွန်လိုင်းမှာ လွှင့်တင်လိုက်ကြပါတယ်။
အမှန်တကယ်ကတော့ အဲ့ဒီဖြစ်စဉ်အခိုက်အတန့်မှာ ကာရီနာက “ အိုး အားလုံး အိုကေပါ၊ အမ်းဂလိတ်တွေ ရယ်စရာ လုပ်တဲ့ ကိစ္စပါ၊ လဖက်ရည်သောက်ချိန် ရောက်ပြီ” လို့ ပြောလိုက်ပုံရကြောင်း သိရှိရပါတယ်။
သတင်းမှန် သိရမှ အိန္ဒိယတစ်နိုင်ငံလုံး ပွစိ ပွစိ ဆဲဆိုနေကြပေမယ့် ဘိုးတော် မမေးရပဲ အပိုင်ကွက် ရရှိ သွားသူတွေကတော့ သူတို့ရလိုက်တဲ့ အသည်းအရေအတွက်နဲ့ ထုတ်ယူရမယ့် ပိုက်ဆံပမာဏကို တွက်ချက်နေကြလေရဲ့။
.
.

Zawgyi Version;
နာမည္ေက်ာ္ အိႏၵိယ ေဘာလိဝုဒ္ ႐ုပ္ရွင္မင္းသမီး ကာရီနာ ကပူး၊ ေသဆုံးၿပီလား
#HtayOung #OungMarine(NP News)
ကာရီနာ ကပူးဆိုတာ နာမည္ေက်ာ္ အိႏၵိယ ေဘာလိဝုဒ္ ႐ုပ္ရွင္မင္းသမီးျဖစ္ပါတယ္။ ဘိုးဘြားစဥ္ဆက္ နာမည္ ႀကီး ႐ုပ္ရွင္ေလာကသားမ်ားျဖစ္ျခင္းေၾကာင့္ အိႏၵိယမွာ သူ႔ကို မသိသူ မရွိသေလာက္ပါပဲ။
..
ကာရီနာ ကပူးဆိုတာ ဘယ္သူပါလိမ့္ ဇေဝဇဝါျဖစ္ေနၾကသူမ်ားအတြက္ ၂၀၀၉-ခုႏွစ္ ဝန္းက်င္ မင္းသားးႀကီး ေအမီရာ ခန္းရဲ႕ “3 Idiots” “ ငတုံး ၃-ေကာင္” ေဘာလိဝုဒ္ ဟာသ႐ုပ္ရွင္ကိုေတာ့ မွတ္မိၾကမွာပါ။ ယေန႔တိုင္ ဂႏၴဝင္ျဖစ္သြားတဲ့ အဲ့ဒီ ဇာတ္ကားမွာ ICE အင္ဂ်င္နီယာေကာလိပ္က စည္းကမ္းႀကီးလွတဲ့ေက်ာင္းအုပ္ႀကီး ေဒါက္တာ ဗိုင္းရပ္စ္ရဲ႕ သမီးအငယ္ “မိုနာ” ကိုေတာ့ မွတ္မိၾကမယ္ ထင္ပါတယ္။
ဟာသဇာတ္ျမဴးမ်ားသာမက အလြမ္းအေဆြး၊ မႈခင္းစုံေထာက္ ဇာတ္လမ္းမ်ားအထိ ေျပာင္ေျမာက္စြာ သ႐ုပ္ ေဆာင္ႏိုင္တဲ့ ကာရီနာ ကပူး ေသဆုံးၿပီဆိုတဲ့သတင္းဟာ လြန္ခဲ့တဲ့ရက္ လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔ေနပါတယ္။
ျမန္မာတို႔နည္းတူ ႐ုပ္ရွင္ၾကည့္ဖို႔ဆိုရင္ အိုးခြက္ေပါင္ဖို႔ ဝန္မေလးတဲ့ အိႏၵိယမွာ ကာရီနာရဲ႕ ပရိႆတ္ဟာ မူလ တန္းေက်ာင္းသားမွ အသက္ ၇၀ ေက်ာ္အထိ ရွိပါတယ္။ မြန္ဘိုင္းၿမိဳ႕ ကာရီနာရဲ႕ ေနအိမ္ေရွ႕ စုေဝးေနၾကတဲ့ လူအုပ္ႀကီးမွာ အခ်င္းခ်င္း တိုးေဝွ႔ရင္း မူးေမ့လဲက်တဲ့အတြက္ အေရးေပၚကားနဲ႔ ေဆး႐ုံပို႔ရတဲ့ အထိပါပဲ။
(ကာရီနာ ကပူး နဲ႔ပတ္သက္ၿပီး အလုပ္ရႈတ္သြားရသူေတြထဲ ျမန္မာျပည္က ကြၽန္ေတာ္လည္း ပါ ပါတယ္။ တကယ္ ေသ-မေသ ေမးျမန္းသူ မ်ားလာတဲ့အတြက္ လက္လွမ္းမီရာ အိႏၵိယသတင္းစာမ်ားကို လွန္ေလွာၿပီး သတင္းအတည္ျပဳရလို႔ ျဖစ္ပါတယ္။)
ေဘာလိဝုဒ္ မင္းသမီး ကာရီနာ ကပူး (အသက္ ၄၄-ႏွစ္) ေသဆုံးတယ္ဆိုတာ ေကာလဟလ သတင္းမွား ျဖစ္ပါတယ္။ ကာနီနာ တစ္ေယာက္ အသက္ရွင္လ်က္ က်န္းမာစြာ ရွိေနေၾကာင္း ယေန႔ထုတ္ “ဟိႏၵဴစတန္ တိုင္းမ္” (10 September 2025) က ေရးပါတယ္။
အဲ့ဒီ သတင္းအမွားရဲ႕ မူလအစ ၿဗိတိန္ႏိုင္ငံမွာ ျဖစ္ပ်က္ခဲ့တဲ့ ကာရီနာရဲ႕ ေပ်ာ္စရာ အခိုက္အတန႔္ေလးကို အမွန္အတိုင္း ေဖာ္ျပထားပါတယ္။ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔ ယူေကႏိုင္ငံ ေက်ာက္မ်က္ရတနာ အေရာင္းခန္းမ ပ႐ိုမိုးရွင္းပြဲတစ္ခုမွာ ဧည့္သည္ေတာ္အျဖစ္ ကာရီနာကပူး တက္ေရာက္ေနခိုက္ ၿဗိတိန္ႏိုင္ငံတစ္ဝွန္းလုံး အေရးေပၚ သတိေပးစနစ္ စမ္းသပ္ထုတ္လႊင့္ခ်ိန္နဲ႔ ႐ုတ္တရက္ တိုက္ဆိုင္သြားပါတယ္။ ၁၀-စကၠန႔္ေလာက္ အမွတ္မထင္ စိတ္လႈပ္ရွားသြားပုံရတဲ့ ကာရီနာကို စမတ္ဖုန္းမ်ား မွတဆင့္ ၾကည့္ရႈ႕ေနသူ ေဘာလိဝုဒ္ ႐ုပ္ရွင္ဝါသနာအိုး အားလုံး ျမင္ေတြ႕လိုက္ရပါတယ္။
လူမႈကြန္ရက္မွာ Like မ်ားမ်ား-အသည္းမ်ားမ်ားနဲ႔ ပိုက္ဆံရွာဖို႔ အကြက္ေခ်ာင္းေနသူမ်ားက အဲ့ဒီ အျဖစ္အ ပ်က္ကို အမိအရ ဖမ္းလိုက္ပါတယ္။ ဝိုင္းအုံေနတဲ့ လူအုပ္ၾကားမွ လဲက်ေနတဲ့ အမ်ိဳးသမီးတစ္ဦးကို လုံၿခဳံေရး ဝန္ထမ္းမ်ားက အေရးေပၚ သယ္ယူသြားေလဟန္ ျဖတ္ညႇပ္ကပ္လုပ္ၿပီး လြမ္းေဆြးဖြယ္ တီးလုံးေနာက္ခံနဲ႔ အြန္လိုင္းမွာ လႊင့္တင္လိုက္ၾကပါတယ္။
အမွန္တကယ္ကေတာ့ အဲ့ဒီျဖစ္စဥ္အခိုက္အတန႔္မွာ ကာရီနာက “ အိုး အားလုံး အိုေကပါ၊ အမ္းဂလိတ္ေတြ ရယ္စရာ လုပ္တဲ့ ကိစၥပါ၊ လဖက္ရည္ေသာက္ခ်ိန္ ေရာက္ၿပီ” လို႔ ေျပာလိုက္ပုံရေၾကာင္း သိရွိရပါတယ္။
သတင္းမွန္ သိရမွ အိႏၵိယတစ္ႏိုင္ငံလုံး ပြစိ ပြစိ ဆဲဆိုေနၾကေပမယ့္ ဘိုးေတာ္ မေမးရပဲ အပိုင္ကြက္ ရရွိ သြားသူေတြကေတာ့ သူတို႔ရလိုက္တဲ့ အသည္းအေရအတြက္နဲ႔ ထုတ္ယူရမယ့္ ပိုက္ဆံပမာဏကို တြက္ခ်က္ေနၾကေလရဲ႕။
.
.