မန္တလေး - မြစ်ကြီးနားခရီး (သို့မဟုတ်) မျှော်လင့်ချက်တိုးလာသော လမ်းမကြီး

 495

သုတကျော် (NP News) - စက်တင်ဘာလ ၁၁
ဘဝ၏ အနိမ့်၊ အမြင့်၊ အတက်၊ အကျများ ကို အချို့က လောကဓံဟု သတ်မှတ်ကြသည်။ ယင်း သို့ နိမ့်ချည်၊ မြင့်ချည်ဘဝကို လောကဓံဟုဆိုလျှင် မန္တလေး-မြစ်ကြီးနားခရီးသည် ယင်းအရာတို့ကို ကောင်းစွာဖြတ်ကျော်ပြီးသော လမ်းတစ်လမ်းဟု လက်မထောင်နိုင်တော့မည့်အချိန်ကို မကြာမီ ရောက်လာပေတော့မည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် အရှေ့-အနောက်၊ တောင်-မြောက် သွယ်တန်းလျက်ရှိသော လမ်းမ ကြီးများစွာရှိရာ ယင်းလမ်းမကြီးတို့သည် ၎င်းတို့၏ တာဝန်၊ ပေါ်ပေါက်လာရခြင်းအကြောင်းများစွာနှင့် လျော်ညီစွာအကျိုးပြုနိုင်သောလမ်းများချည်းသာ ဖြစ်သည်။
ယင်း လမ်းမများအနက် မန္တလေး-မြစ် ကြီးနား ခရီးလမ်းပိုင်းသည် မြန်မာနိုင်ငံအတွက် များစွာအကျိုးပြုသော လမ်းပိုင်းတစ်ခုဖြစ်သည်။ ယင်းလမ်းမကြီးကို အရပ်အခေါ် အကြမ်းဖျင်းအားဖြင့် မန္တလေး-ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းဟု ခေါ် ကြ၏။
တိုင်းဒေသကြီးမြို့တော် (၂) ခုကို ချိတ် ဆက်ထားသော ယင်းလမ်းသည် လိုရာခရီးအတွက် စစ်ကိုင်းတိုင်းဒေသကြီးကို အများဆုံး ဖြတ်သန်းသွား ခြင်းဖြစ်သည်။ ကချင်ပြည်နယ်ထွက်ကုန်များစွာ တို့သည်လည်းကောင်း၊ မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အောက်ပိုင်းမှထွက်သော ကုန်များစွာတို့သည် လည်းကောင်း ယင်းလမ်းကို ဖြတ်သန်းသွားကြသည်။
လမ်းတစ်လျှောက်တွင် မြန်မာနိုင်ငံအလယ်ပိုင်း မြင် ကွင်းများနှင့် အထက်ပိုင်းမြင်ကွင်းများစွာကို တစ်ချိန်တည်းတွင် မြင်တွေ့နိုင်မည်သာမက လမ်းတစ် လျှောက် ပြောင်းလဲလာသောယဉ်ကျေးမှုမျိုးစုံကို လည်း မြင်တွေ့နိုင်မည် ဖြစ်သည်။
မန္တလေး - မြစ်ကြီးနား ခရီးသည် အရပ်စ ကားဖြင့်ပြောရလျှင် ခရီးသွားများအတွက် " တအီ ကြီး" စီးရသည်ဖြစ်သော်လည်း ရိုးသွားသော လမ်းမျိုး မဟုတ်ဘဲ ဒေသန္တရ ဗဟုသုတရှာမှီးရန်အတွက် အ ကောင်းဆုံးလမ်းတစ်လမ်းဖြစ်သည်ဟုလည်း ဆိုနိုင် မည်ဖြစ်သည့်အပြင် နိုင်ငံတော်အတွက်လည်း များစွာ အကျိုးပြုသောလမ်းတစ်လမ်း ဖြစ်သည်။
" ကျွန်တော်သွားတုန်းက (၂၀၁၅) လောက်ပေါ့။ ဘာမှမဖြစ်သေးဘူး။ လမ်းကလည်း အဆင်ပြေတယ်။ လမ်းမှာ ညအိပ်ရတာရှိပေမယ့် အေးအေးဆေးဆေး စိတ်လွတ်လက်လွတ် သွားရတဲ့ ခရီးဆိုတော့ ဘာမှပူပင်စရာ မရှိခဲ့ဘူး" ဟု ယင်းခရီး နှင့် ပတ်သက်၍ သွားလာဖူးသူ တစ်ဦးက မှတ်ချက်ပြု သည်။
ယင်းသို့ အဆင်ပြေခဲ့သော ခရီးလမ်း ကြောင်းသည် နိုင်ငံရေး အပြောင်းအလဲ ဖြစ်စဉ်များ အပြီးတွင် လက်နက်ကိုင်တို့ ရောက်လာခဲ့သည့် အတွက် စိုးရိမ်ဖွယ် ရင်သိမ့်တုန် ခရီးဖြစ်သွားခဲ့သည်။ ကျောနောက်တွင် ဥပဒေ ထိန်းချုပ်မှု မလုပ်ထားသော လက်နက်ကိုင်တို့သည် ယင်းလမ်းကို သွေးတိုးစမ်း လာသည်။ ထို့နောက် ယင်းလမ်းတွင် ကြိုကြား၊ ကြိုကြား နေရာယူကာ ဂိတ်ဖွင့်ပြီး ပိုက်ဆံ ရှာကြ တော့သည်။
ပိုက်ဆံရှာရာတွင် တလွဲ မှတ်သားစရာ ကောင်းသော နည်းက အမျိုးမျိုးပင်။ လမ်းမကြီးပေါ် တွင်ပင် ဂိတ်ဖွင့်ကာ စစ်ဆေးသည်။ ပိုက်ဆံတောင်း သည်။ နွေဦးထီလက်မှတ်ရောင်းသည်ဟုဆိုကာ ထီလက်မှတ်တစ်စောင်အတွက် ပိုက်ဆံ နှစ်သောင်း အထိတောင်းသည်။ ကုန်ကားသမားများဆိုလျှင် ဖြတ်သန်းခအဖြစ် သိန်းချီ ပေးကြရသည်။ လက်နက် သည် တိုက်ခိုက်ရန်အတွက်ဖြစ်ရမည့်အစား တဖြည်းဖြည်းနှင့် လက်နက်မဲ့ပြည်သူကို ခြောက် လှန့်ရန် ပစ္စည်းတစ်ခုဖြစ်လာသည်။
ယင်းလက်နက်တို့၏ တန်ခိုးဖြင့် ခရီးသည် များထံမှ ကျည်ဆန်ဖိုးဟုဆိုကာ အလှူခံသည်။ သဒ္ဓါပေါက်သရွေ့ အလှူငွေပေးနိုင်သည် ဟု ပြောထားသော်လည်း ငွေကြေးနည်းလျှင် ပြဿနာ ရှိနိုင်သည်။ စစ်ဆေးရေးဂိတ်ဖွင့်ခြင်း၏ မူလ ရည်မှန်းချက်ကသည်ပင်လျှင် ငွေတောင်းရန် ဖြစ် သည်။
" ပိုက်ဆံထည့်တာနည်းရင်တော့ ထည့် တဲ့သူကို ပြဿနာရှာတာပေါ့။ ဆိုလိုတာက ပိုစစ်ဆေး တာမျိုးပေါ့။ တစ်စိတ်ကို တစ်အိတ်လုပ်ပြီး ပြဿနာရှာ ခံရနိုင်တော့ ပိုက်ဆံနည်းနည်းလေးပဲ ထည့်တာမျိုး ရှောင်ကြတယ်" ဟု ဒေသခံတစ်ဦးက ဆိုသည်။
ထို့ပြင် PDF တို့၏ ငွေရှာနည်း နောက်တစ် နည်းမှာ တပ်မတော်ဘက်က အသာစီးရနေသော လမ်းပိုင်းကိုကွေ့ရှောင်ကာ ကွင်းလမ်းများကို အ သုံးပြုစေခြင်းဖြစ်သည်။ မူလခရီးထက် အဆများစွာ ကြာစေသော ကွင်းလမ်းများသည် ပြည်သူများ အတွက် ဒုက္ခရောက်သော်လည်း ကွင်းသွားစေခဲ့ သူများအတွက် အကျိုးများသည်။
" လမ်းပိုင်းမှာ တပ်မတော်ကအခြေပြုပြီး စိုးမိုးထားတာဆိုရင် ကွင်းခိုင်းတာ။ စစ်ကိုင်းတိုင်း ထဲဆိုရင် ရွှေဘို - မြစ်ကြီးနား လမ်းမှာဆိုရင် ရေကြည်ဦးပေါ့။ ရေကြည်ဦးကမှ မြေမွန်၊ မြေမွန်ကမှ သီရိမွန်၊ ပြီးမှ လက်ပံကျွန်း၊ မှန်နီပင်ဆိုပြီး သွားထွက် တာပေါ့။ တော်တော်ဝေးတယ်။ ကွေ့ပြီး ပြန်ထွက်ရ တာ။ ကွင်းလမ်းကတော့ သုံးဂိတ်လောက်ပဲ ထား တယ်။ ကွင်းလမ်းဆိုတာ တောကြားလမ်းပေါ့" ဟု စစ်ကိုင်းတိုင်းဒေသကြီးမှ ဒေသခံတစ်ဦးက ဆို သည်။
ကွင်းလမ်းဆိုသည်မှာ သွားရိုး၊ သွားစဉ် လမ်းကဲ့သို့ ကတ္တရာလမ်း အခိုင်အခံ့မဟုတ်ဘဲ မြေသားလမ်းဖြစ်ရာ ရာသီဥတုအပေါ်မူတည်ပြီး ကားများ ဗွက်နစ်ခြင်း၊ ပိတ်ခြင်းများ ရှိသည်။ ယင်းသို့ ဖြစ်လျှင် ကွင်းခိုင်းသူတို့ အတွက် ငွေရပေါက်ရလမ်း နောက်တစ်နည်း ထပ်မံပေါ်ပေါက်လာသည်။
" ကားတစ်စီးနစ်လို့ ထွန်စက်နဲ့ဆွဲရင် သုံးသိန်းကနေ ငါးသိန်းအထိပေးရတယ်။ တစ်ခါတ လေ ကားပေါက်စတွေဆိုရင်တော့ တစ်သိန်းခွဲပေးရ တယ်။ အိမ်စီးကားတွေပေါ့။ ထွန်စက်သမားတွေက ဆွဲလို့ သုံးစီးဆွဲရင် တစ်စီးက ထွန်စက်သမားယူ။ နှစ်စီးကတော့ င်္ဏီ တွေ ယူတာပေါ့။ လမ်းကြေး မကောက်ခိုင်းဘဲ လမ်းဆိုးတဲ့နေရာက မောင်း ခိုင်းတယ်။ မောင်းခိုင်းတော့ ဗွက်ကျွံတယ်။ မကျွံခင် ထွန်စက်ဆွဲရင် သုံးသိန်းပေါ့" ဟု ယင်းက ဆိုသည်။
ကွင်းလမ်းတွင် ပိုက်ဆံပေးကျော်ဖြတ်ပြီး သည်နောက်တွင် ငွေတောင်းမည့်ဂိတ်များအရောက် ငွေထပ်ပေးရတယ်။
ယင်းလမ်းမကြီးအကြောင်း အချို့အဝက် ကို NP News တွင် ဖော်ပြခဲ့ပြီး ဖြစ်ကြောင်း မှတ်မိကြပါလိမ့်မည်။ ငွေခင်းသော လမ်း ဟုပင် တင်စားခဲ့ဖူးပါသည်။ ယခု ယင်းလမ်းသို့ တပ်မ တော်က စစ်ကြောင်းထိုးပြီး စိုးမိုးမှု ပြန်လည်ရယူ လာသောအခါ ဂိတ်ဖွင့်ထားသော PDF တို့ တစ်စ တစ်စနှင့် လမ်းဘေးရောက်လာသည်။ ထို့နောက် လမ်းမကြီးမှဝေးရာသို့ တိမ်းရှောင်ရသော အခြေ အနေလည်း ဆိုက်လာခဲ့သည်။
ယခင်က ရွှေဘိုမှ မြစ်ကြီးနားအထိ လမ်းပိုင်းတွင် ယခင်က လက်နက်ကိုင်တို့၏ ဂိတ် ပေါင်း (၄၀) ကျော်ခန့် ရှိခဲ့သော်လည်း ယခုတော့ (၁၁) ဂိတ်ခန့်သာ ရှိတော့ကြောင့် သိရသည်။ ငွေ အရသာကို သိသော လက်နက်ကိုင်တို့ က လမ်းတွင် ရှောင်တခင်ဂိတ်ဖွင့်ကာ စစ်ဆေးလိုနေသေးသော် လည်း ယခင်ကဲ့သို့ ကျောမလုံတော့။ လက်နက်ကိုင် တို့ကြောင့် အမှန်နှင့် အမှားကို သိလာသော တာဝန် သိ ပြည်သူများကလည်း တပ်မတော်ကို သတင်းပေး ရန် လက်မတွန့်ကြတော့ပေ။
" အဲဒီလမ်းပိုင်းမှာ တပ်က အသာစီးရနေ တယ်လို့ ပြောရပါတယ်။ မြစ်ကြီးနားအထိဆိုရင် တော့ KIA နဲ့ PDF ဂိတ်က (၁၁) ဂိတ်လောက်တော့ ရှိပါသေးတယ်" ဟု ဒေသခံ တစ်ဦးကဆိုသည်။
တပ်မတော်က ယင်းလမ်းကြောတွင် အသားစီးရလာပြီးသည့်နောက် အချို့ င်္ဏီ ဂိတ် များက ခရီးသည်များကိုမတားတော့ဘဲ သွားခွင့်ပြု သော အခြေအနေဖြစ်သည်။ ထို့နောက်တွင် ゞင်းတို့ ဂိတ်ကိုယ်တိုင်ပင် ပျောက်ကွယ်သွားတော့သည်။
" တပ်မတော်က ရှင်းလင်းပြီး ပျောက်သွား တာ" ဟု ယင်းက ဆိုသည်။ တပ်မတော်က မြေပြင် နှင့် ဝေဟင် ပူးပေါင်းတိုက်ခိုက်မှုများနောက်တွင် PDF တို့အနေဖြင့် ဆုတ်ခွာလာရခြင်းများကို တွေ့လာရကြောင်းလည်း ဒေသခံများထံ ဆက်သွယ် မေးမြန်းထားသော အချက်အလက်များအရ သိရ သည်။
PDF တို့ နည်းပါးလာခြင်းနှင့်အတူ ခရီးသည်များအနေဖြင့် သွားရိုးလမ်းကို ပိုမို အသုံးပြုလာကြပြီ ဖြစ်သည်။ ယခင်ကဲ့သို့ စိတ်ချ လက်ချသွားလာနိုင်ခြင်းမရှိသေးသော်လည်း ပြည်သူများ ယခင်ထက် စိတ်အေးလက်အေး သွားနိုင်သောအခြေအနေသို့ ရောက်လာသည်။
" တောကြားလမ်းတွေတော့ သွားတာ နည်းလာတယ်။ အဲဒီမှာက နဂို က ကွင်းခိုင်းတုန်းက ပျက်နေတဲ့ ကားတို့၊ ကျွံလို့ ရုန်းမရတဲ့ ကားတွေပဲ ကျန်ခဲ့တော့တာ။ ခရီးသည်တင်ကားတွေက ရွှေဘို- မြစ်ကြီးနားလမ်းအတိုင်း ပြန်သွားနေကြတယ်"ဟု ၎င်းကဆိုသည်။
တပ်မတော်က ယင်းလမ်းပိုင်းတွင် ပြန်လည်စိုးမိုးလာခြင်းအတွက် ခရီးသည်များနှင့် ကုန်ကားသမားများအတွက် အသိသာဆုံး တိုး တက်သွားသောအချက်ကား ငွေကုန်ကြေးကျ နည်းပါးသွားခြင်းဖြစ်သည်။
" သူတို့မှာ ဒီလမ်းကြောသွားရဖို့ ကွင်း ခိုင်းတဲ့လမ်းကတင် အနည်းဆုံး ငါးသိန်းကုန်တယ်။ ထမင်းတစ်နပ်က ကြက်ဥတစ်လုံးနဲ့ အငန်ကြော်လေးနဲ့ ကို တစ်ပွဲငါးထောင်ပေးစားရတယ်။ အခုက ခရီးသည် နဲ့ ကားသမားတွေအတွက် တော်တော်ပျော်တာပေါ့"ဟု ၎င်းကပြောပြသည်။
ယင်းမှာ လူအတွက် ငွေကုန်ခြင်းဖြစ်ပြီး ကားဘက်မှကြည့်လျှင်လည်း PDF တို့က ကွင်း လမ်းကိုသွားခိုင်းပြီးလျှင် လိုရာခရီးသို့အရောက် ပြန် လည်ပြင်ဆင်ခြင်းများပြုလုပ်ကြရသည်။ ယခုတော့ တဖြည်းဖြည်း ကားတို့သည်လည်း သက်သာလာကြ ပေပြီ။
အထက်ပါလမ်းပိုင်း၏ အစိတ်အပိုင်း တစ်ခု ဖြစ်သော စစ်ကိုင်း - ရွှေဘို လမ်းပိုင်းမှာလည်း PDF တို့၏ ဂိတ်ကြေးအတောင်းများကြောင်းကို NP News တွင် ဖော်ပြခဲ့ဖူးပါသည်။ လက်ရှိ ယင်းလမ်းပိုင်းတွင်လည်း တပ်မတော်က ထိုးစစ်ဆင်မှုများပြုလုပ်နေရာ PDF တို့ နေရကျပ် လာပြီ ဖြစ်သည်။
တစ်ဖက်တွင်လည်း တပ်မတော်က သပိတ်ကျင်းကို သိမ်းပြီးနောက် အညာဒေသမှ PDF တို့၏ ဆရာများဖြစ်သော KIA ၊ TNLA တို့နှင့် အဆက်သွယ်ဖြတ်တောက်ခြင်းများကို အောင်မြင်စွာ ပြုလုပ်နေရာ PDF တို့အတွက် ပိုမိုကျပ်တည်း လာဖွယ်ရာရှိသည်။ " စစ်ကိုင်းတိုင်းထဲက PDF တွေက KIA ၊ TNLA ၊ AA သူတို့ဆီက လက်နက်ခဲ ယမ်းယူရတာလေ။ တပ်မတော်က ဖြတ်တောက် ပိတ်ဆို့ပြီး ရှင်းလင်းနေတာဆိုတော့ စစ်ကိုင်းထဲက PDF တွေက လက်နက်ခဲယမ်း ခေါင်းပါးလာပြီ ဆိုတော့ စုစုဝေးဝေးလည်း မနေရဲကြတော့ဘူးဗျ။ တပ်မတော်က ဘယ်နေရာမှာ သတင်းကြားတယ် ဆိုရင် လေကြောင်းနဲ့ ရှင်းပစ်လိုက်တာပဲ" ဟု အခြား ဒေသခံတစ်ဦးက ဆိုသည်။
ပိုမိုကျပ်တည်းလာသော PDF တို့ အနေဖြင့် လက်ထဲ ရှိနေသော လက်နက်အားကိုးဖြင့် ငွေရလွယ်သော အလုပ်များကို လုပ်လာခြင်းများလည်း ရှိနေသည်။ ယင်းမှာ အစောပိုင်းတွင် ကောင်းစွာ မသိသာခဲ့သော်လည်း နောက်ပိုင်းတွင် ကားပြန်ပေး ဆွဲခြင်း၊ ငွေတောင်းခြင်း၊ မျက်နှာကို မမှတ်မိစေရန် သတ်ဖြတ်ခြင်းအထိ ရှိလာသည်။
" ကားတွေ ပြန်ပေးဆွဲတယ်။ ကားသမား ကို ရှင်းပစ်တာရှိတယ်။ ကားကို ယူသုံးတာ ရှိတယ်။ ကန့်ဘလူနယ်ထဲက PDF ရင်း (၃) က ရင်းမှူး ပါကြီးဆို ကားနှစ်စီးတောင်ရှိတာ။ ဆီးပြီး ဓားပြ တိုက်နေတာလေ" ဟု ၎င်းက ဆိုသည်။
လက်ရှိ မန္တလေး - မြစ်ကြီးနား လမ်းကား လ ငပုပ်ဖမ်းခြင်းမှ စတင် လွတ်မြောက်ရန် ရုန်းထ နေပြီ ဖြစ်သည်။ လွတ်လျှင် လွတ်ချင်းကား အနည်း ငယ် မှောင်နေပါလိမ့်ဦးမည်။ သို့သော် လငပုပ် ကား အစဉ်ဖမ်းထားနိုင်မည်မဟုတ်လေရာ အလင်းရောင် သည် မကြာမီတွင် လောကဓာတ်တစ်ခုလုံးသို့ ဖြာကျမည်သာဖြစ်သည်။ သို့သော် အမြန်ဆုံး လင်း နိုင်ရန်အတွက်ကား ပြည်သူအားလုံး၏ လင်းစေလို သော ဆန္ဒအပေါ်တွင် မူတည်ပါပေလိမ့်မည်။

Zawgyi Version:
မႏၲေလး - ျမစ္ႀကီးနားခရီး (သို႔မဟုတ္) ေမွ်ာ္လင့္ခ်က္တိုးလာေသာ လမ္းမႀကီး
သုတေက်ာ္ (NP News) - စက္တင္ဘာလ ၁၁
ဘဝ၏ အနိမ့္၊ အျမင့္၊ အတက္၊ အက်မ်ား ကို အခ်ိဳ႕က ေလာကဓံဟု သတ္မွတ္ၾကသည္။ ယင္း သို႔ နိမ့္ခ်ည္၊ ျမင့္ခ်ည္ဘဝကို ေလာကဓံဟုဆိုလွ်င္ မႏၲေလး-ျမစ္ႀကီးနားခရီးသည္ ယင္းအရာတို႔ကို ေကာင္းစြာျဖတ္ေက်ာ္ၿပီးေသာ လမ္းတစ္လမ္းဟု လက္မေထာင္ႏိုင္ေတာ့မည့္အခ်ိန္ကို မၾကာမီ ေရာက္လာေပေတာ့မည္ ျဖစ္သည္။
ျမန္မာႏိုင္ငံတြင္ အေရွ႕-အေနာက္၊ ေတာင္-ေျမာက္ သြယ္တန္းလ်က္ရွိေသာ လမ္းမ ႀကီးမ်ားစြာရွိရာ ယင္းလမ္းမႀကီးတို႔သည္ ၎တို႔၏ တာဝန္၊ ေပၚေပါက္လာရျခင္းအေၾကာင္းမ်ားစြာႏွင့္ ေလ်ာ္ညီစြာအက်ိဳးျပဳႏိုင္ေသာလမ္းမ်ားခ်ည္းသာ ျဖစ္သည္။
ယင္း လမ္းမမ်ားအနက္ မႏၲေလး-ျမစ္ ႀကီးနား ခရီးလမ္းပိုင္းသည္ ျမန္မာႏိုင္ငံအတြက္ မ်ားစြာအက်ိဳးျပဳေသာ လမ္းပိုင္းတစ္ခုျဖစ္သည္။ ယင္းလမ္းမႀကီးကို အရပ္အေခၚ အၾကမ္းဖ်င္းအားျဖင့္ မႏၲေလး-ေ႐ႊဘို-ျမစ္ႀကီးနား လမ္းပိုင္းဟု ေခၚ ၾက၏။
တိုင္းေဒသႀကီးၿမိဳ႕ေတာ္ (၂) ခုကို ခ်ိတ္ ဆက္ထားေသာ ယင္းလမ္းသည္ လိုရာခရီးအတြက္ စစ္ကိုင္းတိုင္းေဒသႀကီးကို အမ်ားဆုံး ျဖတ္သန္းသြား ျခင္းျဖစ္သည္။ ကခ်င္ျပည္နယ္ထြက္ကုန္မ်ားစြာ တို႔သည္လည္းေကာင္း၊ ျမန္မာႏိုင္ငံ အလယ္ပိုင္းႏွင့္ ေအာက္ပိုင္းမွထြက္ေသာ ကုန္မ်ားစြာတို႔သည္ လည္းေကာင္း ယင္းလမ္းကို ျဖတ္သန္းသြားၾကသည္။
လမ္းတစ္ေလွ်ာက္တြင္ ျမန္မာႏိုင္ငံအလယ္ပိုင္း ျမင္ ကြင္းမ်ားႏွင့္ အထက္ပိုင္းျမင္ကြင္းမ်ားစြာကို တစ္ခ်ိန္တည္းတြင္ ျမင္ေတြ႕ႏိုင္မည္သာမက လမ္းတစ္ ေလွ်ာက္ ေျပာင္းလဲလာေသာယဥ္ေက်းမႈမ်ိဳးစုံကို လည္း ျမင္ေတြ႕ႏိုင္မည္ ျဖစ္သည္။
မႏၲေလး - ျမစ္ႀကီးနား ခရီးသည္ အရပ္စ ကားျဖင့္ေျပာရလွ်င္ ခရီးသြားမ်ားအတြက္ " တအီ ႀကီး" စီးရသည္ျဖစ္ေသာ္လည္း ႐ိုးသြားေသာ လမ္းမ်ိဳး မဟုတ္ဘဲ ေဒသႏၲရ ဗဟုသုတရွာမွီးရန္အတြက္ အ ေကာင္းဆုံးလမ္းတစ္လမ္းျဖစ္သည္ဟုလည္း ဆိုႏိုင္ မည္ျဖစ္သည့္အျပင္ ႏိုင္ငံေတာ္အတြက္လည္း မ်ားစြာ အက်ိဳးျပဳေသာလမ္းတစ္လမ္း ျဖစ္သည္။
" ကြၽန္ေတာ္သြားတုန္းက (၂၀၁၅) ေလာက္ေပါ့။ ဘာမွမျဖစ္ေသးဘူး။ လမ္းကလည္း အဆင္ေျပတယ္။ လမ္းမွာ ညအိပ္ရတာရွိေပမယ့္ ေအးေအးေဆးေဆး စိတ္လြတ္လက္လြတ္ သြားရတဲ့ ခရီးဆိုေတာ့ ဘာမွပူပင္စရာ မရွိခဲ့ဘူး" ဟု ယင္းခရီး ႏွင့္ ပတ္သက္၍ သြားလာဖူးသူ တစ္ဦးက မွတ္ခ်က္ျပဳ သည္။
ယင္းသို႔ အဆင္ေျပခဲ့ေသာ ခရီးလမ္း ေၾကာင္းသည္ ႏိုင္ငံေရး အေျပာင္းအလဲ ျဖစ္စဥ္မ်ား အၿပီးတြင္ လက္နက္ကိုင္တို႔ ေရာက္လာခဲ့သည့္ အတြက္ စိုးရိမ္ဖြယ္ ရင္သိမ့္တုန္ ခရီးျဖစ္သြားခဲ့သည္။ ေက်ာေနာက္တြင္ ဥပေဒ ထိန္းခ်ဳပ္မႈ မလုပ္ထားေသာ လက္နက္ကိုင္တို႔သည္ ယင္းလမ္းကို ေသြးတိုးစမ္း လာသည္။ ထို႔ေနာက္ ယင္းလမ္းတြင္ ႀကိဳၾကား၊ ႀကိဳၾကား ေနရာယူကာ ဂိတ္ဖြင့္ၿပီး ပိုက္ဆံ ရွာၾက ေတာ့သည္။
ပိုက္ဆံရွာရာတြင္ တလြဲ မွတ္သားစရာ ေကာင္းေသာ နည္းက အမ်ိဳးမ်ိဳးပင္။ လမ္းမႀကီးေပၚ တြင္ပင္ ဂိတ္ဖြင့္ကာ စစ္ေဆးသည္။ ပိုက္ဆံေတာင္း သည္။ ေႏြဦးထီလက္မွတ္ေရာင္းသည္ဟုဆိုကာ ထီလက္မွတ္တစ္ေစာင္အတြက္ ပိုက္ဆံ ႏွစ္ေသာင္း အထိေတာင္းသည္။ ကုန္ကားသမားမ်ားဆိုလွ်င္ ျဖတ္သန္းခအျဖစ္ သိန္းခ်ီ ေပးၾကရသည္။ လက္နက္ သည္ တိုက္ခိုက္ရန္အတြက္ျဖစ္ရမည့္အစား တျဖည္းျဖည္းႏွင့္ လက္နက္မဲ့ျပည္သူကို ေျခာက္ လွန႔္ရန္ ပစၥည္းတစ္ခုျဖစ္လာသည္။
ယင္းလက္နက္တို႔၏ တန္ခိုးျဖင့္ ခရီးသည္ မ်ားထံမွ က်ည္ဆန္ဖိုးဟုဆိုကာ အလႉခံသည္။ သဒၶါေပါက္သေ႐ြ႕ အလႉေငြေပးႏိုင္သည္ ဟု ေျပာထားေသာ္လည္း ေငြေၾကးနည္းလွ်င္ ျပႆနာ ရွိႏိုင္သည္။ စစ္ေဆးေရးဂိတ္ဖြင့္ျခင္း၏ မူလ ရည္မွန္းခ်က္ကသည္ပင္လွ်င္ ေငြေတာင္းရန္ ျဖစ္ သည္။
" ပိုက္ဆံထည့္တာနည္းရင္ေတာ့ ထည့္ တဲ့သူကို ျပႆနာရွာတာေပါ့။ ဆိုလိုတာက ပိုစစ္ေဆး တာမ်ိဳးေပါ့။ တစ္စိတ္ကို တစ္အိတ္လုပ္ၿပီး ျပႆနာရွာ ခံရႏိုင္ေတာ့ ပိုက္ဆံနည္းနည္းေလးပဲ ထည့္တာမ်ိဳး ေရွာင္ၾကတယ္" ဟု ေဒသခံတစ္ဦးက ဆိုသည္။
ထို႔ျပင္ PDF တို႔၏ ေငြရွာနည္း ေနာက္တစ္ နည္းမွာ တပ္မေတာ္ဘက္က အသာစီးရေနေသာ လမ္းပိုင္းကိုေကြ႕ေရွာင္ကာ ကြင္းလမ္းမ်ားကို အ သုံးျပဳေစျခင္းျဖစ္သည္။ မူလခရီးထက္ အဆမ်ားစြာ ၾကာေစေသာ ကြင္းလမ္းမ်ားသည္ ျပည္သူမ်ား အတြက္ ဒုကၡေရာက္ေသာ္လည္း ကြင္းသြားေစခဲ့ သူမ်ားအတြက္ အက်ိဳးမ်ားသည္။
" လမ္းပိုင္းမွာ တပ္မေတာ္ကအေျချပဳၿပီး စိုးမိုးထားတာဆိုရင္ ကြင္းခိုင္းတာ။ စစ္ကိုင္းတိုင္း ထဲဆိုရင္ ေ႐ႊဘို - ျမစ္ႀကီးနား လမ္းမွာဆိုရင္ ေရၾကည္ဦးေပါ့။ ေရၾကည္ဦးကမွ ေျမမြန္၊ ေျမမြန္ကမွ သီရိမြန္၊ ၿပီးမွ လက္ပံကြၽန္း၊ မွန္နီပင္ဆိုၿပီး သြားထြက္ တာေပါ့။ ေတာ္ေတာ္ေဝးတယ္။ ေကြ႕ၿပီး ျပန္ထြက္ရ တာ။ ကြင္းလမ္းကေတာ့ သုံးဂိတ္ေလာက္ပဲ ထား တယ္။ ကြင္းလမ္းဆိုတာ ေတာၾကားလမ္းေပါ့" ဟု စစ္ကိုင္းတိုင္းေဒသႀကီးမွ ေဒသခံတစ္ဦးက ဆို သည္။
ကြင္းလမ္းဆိုသည္မွာ သြား႐ိုး၊ သြားစဥ္ လမ္းကဲ့သို႔ ကတၱရာလမ္း အခိုင္အခံ့မဟုတ္ဘဲ ေျမသားလမ္းျဖစ္ရာ ရာသီဥတုအေပၚမူတည္ၿပီး ကားမ်ား ဗြက္နစ္ျခင္း၊ ပိတ္ျခင္းမ်ား ရွိသည္။ ယင္းသို႔ ျဖစ္လွ်င္ ကြင္းခိုင္းသူတို႔ အတြက္ ေငြရေပါက္ရလမ္း ေနာက္တစ္နည္း ထပ္မံေပၚေပါက္လာသည္။
" ကားတစ္စီးနစ္လို႔ ထြန္စက္နဲ႔ဆြဲရင္ သုံးသိန္းကေန ငါးသိန္းအထိေပးရတယ္။ တစ္ခါတ ေလ ကားေပါက္စေတြဆိုရင္ေတာ့ တစ္သိန္းခြဲေပးရ တယ္။ အိမ္စီးကားေတြေပါ့။ ထြန္စက္သမားေတြက ဆြဲလို႔ သုံးစီးဆြဲရင္ တစ္စီးက ထြန္စက္သမားယူ။ ႏွစ္စီးကေတာ့ ဏႌ ေတြ ယူတာေပါ့။ လမ္းေၾကး မေကာက္ခိုင္းဘဲ လမ္းဆိုးတဲ့ေနရာက ေမာင္း ခိုင္းတယ္။ ေမာင္းခိုင္းေတာ့ ဗြက္ကြၽံတယ္။ မကြၽံခင္ ထြန္စက္ဆြဲရင္ သုံးသိန္းေပါ့" ဟု ယင္းက ဆိုသည္။
ကြင္းလမ္းတြင္ ပိုက္ဆံေပးေက်ာ္ျဖတ္ၿပီး သည္ေနာက္တြင္ ေငြေတာင္းမည့္ဂိတ္မ်ားအေရာက္ ေငြထပ္ေပးရတယ္။
ယင္းလမ္းမႀကီးအေၾကာင္း အခ်ိဳ႕အဝက္ ကို NP News တြင္ ေဖာ္ျပခဲ့ၿပီး ျဖစ္ေၾကာင္း မွတ္မိၾကပါလိမ့္မည္။ ေငြခင္းေသာ လမ္း ဟုပင္ တင္စားခဲ့ဖူးပါသည္။ ယခု ယင္းလမ္းသို႔ တပ္မ ေတာ္က စစ္ေၾကာင္းထိုးၿပီး စိုးမိုးမႈ ျပန္လည္ရယူ လာေသာအခါ ဂိတ္ဖြင့္ထားေသာ PDF တို႔ တစ္စ တစ္စႏွင့္ လမ္းေဘးေရာက္လာသည္။ ထို႔ေနာက္ လမ္းမႀကီးမွေဝးရာသို႔ တိမ္းေရွာင္ရေသာ အေျခ အေနလည္း ဆိုက္လာခဲ့သည္။
ယခင္က ေ႐ႊဘိုမွ ျမစ္ႀကီးနားအထိ လမ္းပိုင္းတြင္ ယခင္က လက္နက္ကိုင္တို႔၏ ဂိတ္ ေပါင္း (၄၀) ေက်ာ္ခန႔္ ရွိခဲ့ေသာ္လည္း ယခုေတာ့ (၁၁) ဂိတ္ခန႔္သာ ရွိေတာ့ေၾကာင့္ သိရသည္။ ေငြ အရသာကို သိေသာ လက္နက္ကိုင္တို႔ က လမ္းတြင္ ေရွာင္တခင္ဂိတ္ဖြင့္ကာ စစ္ေဆးလိုေနေသးေသာ္ လည္း ယခင္ကဲ့သို႔ ေက်ာမလုံေတာ့။ လက္နက္ကိုင္ တို႔ေၾကာင့္ အမွန္ႏွင့္ အမွားကို သိလာေသာ တာဝန္ သိ ျပည္သူမ်ားကလည္း တပ္မေတာ္ကို သတင္းေပး ရန္ လက္မတြန႔္ၾကေတာ့ေပ။
" အဲဒီလမ္းပိုင္းမွာ တပ္က အသာစီးရေန တယ္လို႔ ေျပာရပါတယ္။ ျမစ္ႀကီးနားအထိဆိုရင္ ေတာ့ KIA နဲ႔ PDF ဂိတ္က (၁၁) ဂိတ္ေလာက္ေတာ့ ရွိပါေသးတယ္" ဟု ေဒသခံ တစ္ဦးကဆိုသည္။
တပ္မေတာ္က ယင္းလမ္းေၾကာတြင္ အသားစီးရလာၿပီးသည့္ေနာက္ အခ်ိဳ႕ ဏႌ ဂိတ္ မ်ားက ခရီးသည္မ်ားကိုမတားေတာ့ဘဲ သြားခြင့္ျပဳ ေသာ အေျခအေနျဖစ္သည္။ ထို႔ေနာက္တြင္ ゞင္းတို႔ ဂိတ္ကိုယ္တိုင္ပင္ ေပ်ာက္ကြယ္သြားေတာ့သည္။
" တပ္မေတာ္က ရွင္းလင္းၿပီး ေပ်ာက္သြား တာ" ဟု ယင္းက ဆိုသည္။ တပ္မေတာ္က ေျမျပင္ ႏွင့္ ေဝဟင္ ပူးေပါင္းတိုက္ခိုက္မႈမ်ားေနာက္တြင္ PDF တို႔အေနျဖင့္ ဆုတ္ခြာလာရျခင္းမ်ားကို ေတြ႕လာရေၾကာင္းလည္း ေဒသခံမ်ားထံ ဆက္သြယ္ ေမးျမန္းထားေသာ အခ်က္အလက္မ်ားအရ သိရ သည္။
PDF တို႔ နည္းပါးလာျခင္းႏွင့္အတူ ခရီးသည္မ်ားအေနျဖင့္ သြား႐ိုးလမ္းကို ပိုမို အသုံးျပဳလာၾကၿပီ ျဖစ္သည္။ ယခင္ကဲ့သို႔ စိတ္ခ် လက္ခ်သြားလာႏိုင္ျခင္းမရွိေသးေသာ္လည္း ျပည္သူမ်ား ယခင္ထက္ စိတ္ေအးလက္ေအး သြားႏိုင္ေသာအေျခအေနသို႔ ေရာက္လာသည္။
" ေတာၾကားလမ္းေတြေတာ့ သြားတာ နည္းလာတယ္။ အဲဒီမွာက နဂို က ကြင္းခိုင္းတုန္းက ပ်က္ေနတဲ့ ကားတို႔၊ ကြၽံလို႔ ႐ုန္းမရတဲ့ ကားေတြပဲ က်န္ခဲ့ေတာ့တာ။ ခရီးသည္တင္ကားေတြက ေ႐ႊဘို- ျမစ္ႀကီးနားလမ္းအတိုင္း ျပန္သြားေနၾကတယ္"ဟု ၎ကဆိုသည္။
တပ္မေတာ္က ယင္းလမ္းပိုင္းတြင္ ျပန္လည္စိုးမိုးလာျခင္းအတြက္ ခရီးသည္မ်ားႏွင့္ ကုန္ကားသမားမ်ားအတြက္ အသိသာဆုံး တိုး တက္သြားေသာအခ်က္ကား ေငြကုန္ေၾကးက် နည္းပါးသြားျခင္းျဖစ္သည္။
" သူတို႔မွာ ဒီလမ္းေၾကာသြားရဖို႔ ကြင္း ခိုင္းတဲ့လမ္းကတင္ အနည္းဆုံး ငါးသိန္းကုန္တယ္။ ထမင္းတစ္နပ္က ၾကက္ဥတစ္လုံးနဲ႔ အငန္ေၾကာ္ေလးနဲ႔ ကို တစ္ပြဲငါးေထာင္ေပးစားရတယ္။ အခုက ခရီးသည္ နဲ႔ ကားသမားေတြအတြက္ ေတာ္ေတာ္ေပ်ာ္တာေပါ့"ဟု ၎ကေျပာျပသည္။
ယင္းမွာ လူအတြက္ ေငြကုန္ျခင္းျဖစ္ၿပီး ကားဘက္မွၾကည့္လွ်င္လည္း PDF တို႔က ကြင္း လမ္းကိုသြားခိုင္းၿပီးလွ်င္ လိုရာခရီးသို႔အေရာက္ ျပန္ လည္ျပင္ဆင္ျခင္းမ်ားျပဳလုပ္ၾကရသည္။ ယခုေတာ့ တျဖည္းျဖည္း ကားတို႔သည္လည္း သက္သာလာၾက ေပၿပီ။
အထက္ပါလမ္းပိုင္း၏ အစိတ္အပိုင္း တစ္ခု ျဖစ္ေသာ စစ္ကိုင္း - ေ႐ႊဘို လမ္းပိုင္းမွာလည္း PDF တို႔၏ ဂိတ္ေၾကးအေတာင္းမ်ားေၾကာင္းကို NP News တြင္ ေဖာ္ျပခဲ့ဖူးပါသည္။ လက္ရွိ ယင္းလမ္းပိုင္းတြင္လည္း တပ္မေတာ္က ထိုးစစ္ဆင္မႈမ်ားျပဳလုပ္ေနရာ PDF တို႔ ေနရက်ပ္ လာၿပီ ျဖစ္သည္။
တစ္ဖက္တြင္လည္း တပ္မေတာ္က သပိတ္က်င္းကို သိမ္းၿပီးေနာက္ အညာေဒသမွ PDF တို႔၏ ဆရာမ်ားျဖစ္ေသာ KIA ၊ TNLA တို႔ႏွင့္ အဆက္သြယ္ျဖတ္ေတာက္ျခင္းမ်ားကို ေအာင္ျမင္စြာ ျပဳလုပ္ေနရာ PDF တို႔အတြက္ ပိုမိုက်ပ္တည္း လာဖြယ္ရာရွိသည္။ " စစ္ကိုင္းတိုင္းထဲက PDF ေတြက KIA ၊ TNLA ၊ AA သူတို႔ဆီက လက္နက္ခဲ ယမ္းယူရတာေလ။ တပ္မေတာ္က ျဖတ္ေတာက္ ပိတ္ဆို႔ၿပီး ရွင္းလင္းေနတာဆိုေတာ့ စစ္ကိုင္းထဲက PDF ေတြက လက္နက္ခဲယမ္း ေခါင္းပါးလာၿပီ ဆိုေတာ့ စုစုေဝးေဝးလည္း မေနရဲၾကေတာ့ဘူးဗ်။ တပ္မေတာ္က ဘယ္ေနရာမွာ သတင္းၾကားတယ္ ဆိုရင္ ေလေၾကာင္းနဲ႔ ရွင္းပစ္လိုက္တာပဲ" ဟု အျခား ေဒသခံတစ္ဦးက ဆိုသည္။
ပိုမိုက်ပ္တည္းလာေသာ PDF တို႔ အေနျဖင့္ လက္ထဲ ရွိေနေသာ လက္နက္အားကိုးျဖင့္ ေငြရလြယ္ေသာ အလုပ္မ်ားကို လုပ္လာျခင္းမ်ားလည္း ရွိေနသည္။ ယင္းမွာ အေစာပိုင္းတြင္ ေကာင္းစြာ မသိသာခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ ကားျပန္ေပး ဆြဲျခင္း၊ ေငြေတာင္းျခင္း၊ မ်က္ႏွာကို မမွတ္မိေစရန္ သတ္ျဖတ္ျခင္းအထိ ရွိလာသည္။
" ကားေတြ ျပန္ေပးဆြဲတယ္။ ကားသမား ကို ရွင္းပစ္တာရွိတယ္။ ကားကို ယူသုံးတာ ရွိတယ္။ ကန႔္ဘလူနယ္ထဲက PDF ရင္း (၃) က ရင္းမႉး ပါႀကီးဆို ကားႏွစ္စီးေတာင္ရွိတာ။ ဆီးၿပီး ဓားျပ တိုက္ေနတာေလ" ဟု ၎က ဆိုသည္။
လက္ရွိ မႏၲေလး - ျမစ္ႀကီးနား လမ္းကား လ ငပုပ္ဖမ္းျခင္းမွ စတင္ လြတ္ေျမာက္ရန္ ႐ုန္းထ ေနၿပီ ျဖစ္သည္။ လြတ္လွ်င္ လြတ္ခ်င္းကား အနည္း ငယ္ ေမွာင္ေနပါလိမ့္ဦးမည္။ သို႔ေသာ္ လငပုပ္ ကား အစဥ္ဖမ္းထားႏိုင္မည္မဟုတ္ေလရာ အလင္းေရာင္ သည္ မၾကာမီတြင္ ေလာကဓာတ္တစ္ခုလုံးသို႔ ျဖာက်မည္သာျဖစ္သည္။ သို႔ေသာ္ အျမန္ဆုံး လင္း ႏိုင္ရန္အတြက္ကား ျပည္သူအားလုံး၏ လင္းေစလို ေသာ ဆႏၵအေပၚတြင္ မူတည္ပါေပလိမ့္မည္။

Related news

© 2021. All rights reserved.