ဘိလပ်မြေထုတ်လုပ်မှုကို နည်းပညာတက္ကသိုလ် နှင့် နည်းပညာကောလိပ်တွင် ဘာသာရပ်တစ်ခု အဖြစ် သင်ကြားရန် ဆွေးနွေး

 117

Pearl (NP News) - စက်တင်ဘာ ၁၁

ဘိလပ်မြေထုတ်လုပ်မှုကို နည်းပညာတက္ကသိုလ် နှင့် နည်းပညာကောလိပ်တွင် ဘာသာရပ်တစ်ခု အဖြစ် သင်ကြားရန် ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံ ဘိလပ်မြေထုတ်လုပ်သူများအသင်း၏ အချက်အလက်များအရ သိရသည်။
မြန်မာနိုင်ငံဘိလပ်မြေထုတ်လုပ်သူများအသင်း ညှိနှိုင်းအစည်းအဝေး (၄/၂၀၂၅) ကို စက်တင်ဘာ (၉)ရက်က စက်မှုဝန်ကြီးဌာန၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဆက်စပ်ဝန်ကြီးဌာနများမှ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဘိလပ်မြေထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တိုင်းဒေသကြီး၊ ပြည်နယ်ရှစ်ခုတို့တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့မည့် ဘိလပ်မြေအိတ် ၅ ဒသမ ၃၄ သန်းကို ဖြန့်ဝေနိုင်ရန် ဘိလပ်မြေထုတ်လုပ်သူများအသင်းနှင့် ညှိနှိုင်းရရှိပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ဘိလပ်မြေထုတ်လုပ်မှုနည်းပညာများ တိုးတက်ပြန့်ပွားစေရေးအတွက် နည်းပညာတက္ကသိုလ်၊ နည်းပညာကောလိပ် စသည့် အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများတွင် ဘာသာရပ်တစ်ခုအနေဖြင့် ထည့်သွင်းသင်ကြားပေးနိုင်ရေး ဆွေးနွေးလျက်ရှိကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
အလားတူ ဘိလပ်မြေစက်ရုံများအနေဖြင့် ကျောင်းသား/ကျောင်းသူများ လက်တွေ့လာရောက် ကွင်းဆင်းရာတွင် လက်ခံဆောင်ရွက်ပေးနိုင်ရေးစီမံဆောင်ရွက်ထားရှိရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
ဘိလပ်မြေထုတ်လုပ်သူများအသင်းအနေဖြင့် ဘိလပ်မြေထုတ်လုပ်မှုနှင့် ဆက်စပ်လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် ဘိလပ်မြေထုတ်လုပ်မှုနည်းပညာများနှင့် ပတ်သက်၍ လိုအပ်ချက်များရှိပါက ကူညီဖြည့်ဆည်းဆောင်ရွက်ပေးရန် ပြောကြားခဲ့ကြောင်း သိရသည်။

Zawgyi Version:
ဘိလပ္ေျမထုတ္လုပ္မႈကို နည္းပညာတကၠသိုလ္ ႏွင့္ နည္းပညာေကာလိပ္တြင္ ဘာသာရပ္တစ္ခု အျဖစ္ သင္ၾကားရန္ ေဆြးေႏြး
Pearl (NP News) - စက္တင္ဘာ ၁၁

ဘိလပ္ေျမထုတ္လုပ္မႈကို နည္းပညာတကၠသိုလ္ ႏွင့္ နည္းပညာေကာလိပ္တြင္ ဘာသာရပ္တစ္ခု အျဖစ္ သင္ၾကားရန္ ေဆြးေႏြးခဲ့ေၾကာင္း ျမန္မာႏိုင္ငံ ဘိလပ္ေျမထုတ္လုပ္သူမ်ားအသင္း၏ အခ်က္အလက္မ်ားအရ သိရသည္။
ျမန္မာႏိုင္ငံဘိလပ္ေျမထုတ္လုပ္သူမ်ားအသင္း ညႇိႏႈိင္းအစည္းအေဝး (၄/၂၀၂၅) ကို စက္တင္ဘာ (၉)ရက္က စက္မႈဝန္ႀကီးဌာန၌ က်င္းပရာ စက္မႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာခ်ာလီသန္း၊ ၫႊန္ၾကားေရးမႉးခ်ဳပ္မ်ား၊ ဦးေဆာင္ၫႊန္ၾကားေရးမႉး၊ ဆက္စပ္ဝန္ႀကီးဌာနမ်ားမွ အဖြဲ႕ဝင္မ်ား၊ ျမန္မာႏိုင္ငံဘိလပ္ေျမထုတ္လုပ္သူမ်ားအသင္းဥကၠ႒၊ ဒုတိယဥကၠ႒ ႏွင့္ အဖြဲ႕ဝင္မ်ား၊ စက္မႈဝန္ႀကီးဌာနမွ တာဝန္ရွိသူမ်ား တက္ေရာက္ၾကခဲ့ေၾကာင္း သိရသည္။
အဆိုပါ အစည္းအေဝး၌ ျပည္ေထာင္စုဝန္ႀကီးက မႏၲေလးငလ်င္ႀကီး လႈပ္ခတ္မႈေၾကာင့္ ထိခိုက္ပ်က္စီးခဲ့သည့္ တိုင္းေဒသႀကီး၊ ျပည္နယ္ရွစ္ခုတို႔တြင္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ႏိုင္ရန္အတြက္ အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈေကာ္မတီက ေထာက္ပံ့မည့္ ဘိလပ္ေျမအိတ္ ၅ ဒသမ ၃၄ သန္းကို ျဖန႔္ေဝႏိုင္ရန္ ဘိလပ္ေျမထုတ္လုပ္သူမ်ားအသင္းႏွင့္ ညႇိႏႈိင္းရရွိၿပီးျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
ထို႔ျပင္ ဘိလပ္ေျမထုတ္လုပ္မႈနည္းပညာမ်ား တိုးတက္ျပန႔္ပြားေစေရးအတြက္ နည္းပညာတကၠသိုလ္၊ နည္းပညာေကာလိပ္ စသည့္ အသက္ေမြးဝမ္းေက်ာင္း ပညာသင္ေက်ာင္းမ်ားတြင္ ဘာသာရပ္တစ္ခုအေနျဖင့္ ထည့္သြင္းသင္ၾကားေပးႏိုင္ေရး ေဆြးေႏြးလ်က္ရွိေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့သည္။
အလားတူ ဘိလပ္ေျမစက္႐ုံမ်ားအေနျဖင့္ ေက်ာင္းသား/ေက်ာင္းသူမ်ား လက္ေတြ႕လာေရာက္ ကြင္းဆင္းရာတြင္ လက္ခံေဆာင္႐ြက္ေပးႏိုင္ေရးစီမံေဆာင္႐ြက္ထားရွိရမည္ျဖစ္ေၾကာင္းလည္း ေျပာၾကားခဲ့သည္။
ဘိလပ္ေျမထုတ္လုပ္သူမ်ားအသင္းအေနျဖင့္ ဘိလပ္ေျမထုတ္လုပ္မႈႏွင့္ ဆက္စပ္လုပ္ငန္းမ်ား စဥ္ဆက္မျပတ္ ဖြံ႕ၿဖိဳးတိုးတက္ေရးေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း၊ စက္မႈဝန္ႀကီးဌာနအေနျဖင့္ ဘိလပ္ေျမထုတ္လုပ္မႈနည္းပညာမ်ားႏွင့္ ပတ္သက္၍ လိုအပ္ခ်က္မ်ားရွိပါက ကူညီျဖည့္ဆည္းေဆာင္႐ြက္ေပးရန္ ေျပာၾကားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.