အိန္ဒိယက “ကုန်သွယ်ခွန်အမြင့်ဆုံး စည်းကြပ်တဲ့နိုင်ငံ” လား

271

Opinion by Dr. Mohan Kumar
အိန္ဒိယရဲ့အကောက်ခွန်တွေဟာ အလွန်အမင်း မြင့်မားနေတယ်ဆိုတဲ့ မှားယွင်းပြီးပျံ့နှံ့နေသော အယူအဆ တစ်ခု ရှိပါတယ်။ နေထိုင်မှုစရိတ်၊ လူအများရဲ့ယဉ်ကျေးပျူငှာမှု ဒါမှမဟုတ် နိုင်ငံခြားသားတွေကို ကြိုဆိုပုံ စတဲ့ နိုင်ငံ တစ်နိုင်ငံနဲ့ပတ်သက်တဲ့ ပုဂ္ဂလဓိဋ္ဌာန်ကျတဲ့အချက်တွေ ရှိပါတယ်။ ဒါပေမယ့် အကောက်ခွန်တွေကတော့ အရေ အတွက်နဲ့တိုင်းတာနိုင်ပြီး ပုဂ္ဂလဓိဋ္ဌာန်ကျစရာ နေရာမရှိသင့်ပါဘူး။ ဒါကြောင့် အချက်အလက်တွေကို သုံးသပ်ကြည့်ရ အောင်ပါ။
ဒါပေမယ့် အဲဒါမလုပ်ခင်မှာ ပုံမှန်စာဖတ်သူအတွက် အိန္ဒိယလို ဝင်ငွေနည်းဖွံ့ဖြိုးဆဲနိုင်ငံမှာ အကောက်ခွန် တွေက ဘယ်လိုလုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပေးလဲ၊ ဥပမာ - အမေရိကန်ပြည်ထောင်စုလို ဝင်ငွေများ ဖွံ့ဖြိုးပြီးနိုင်ငံနဲ့ မတူဘဲဆိုတာ သိထားဖို့ အသုံးဝင်ပါလိမ့်မယ်။ ထုံးစံအားဖြင့် ဝင်ငွေနည်းဖွံ့ဖြိုးဆဲနိုင်ငံတွေက အကောက်ခွန်တွေကို အကြောင်းပြချက်နှစ်ခုအတွက် အသုံးပြုပါတယ်။ တစ်ခုက ပြည်တွင်းစက်မှုလုပ်ငန်းကို ကာကွယ်ဖို့ နဲ့ နှစ်အချက်က ဝင်ငွေရရှိဖို့ပါ။ ပြည်တွင်းစက်မှုလုပ်ငန်းကို ကာကွယ်ခြင်းဆိုတာကတော့ ကမ္ဘာတစ်ဝန်းက စီးပွားရေးပညာရှင်တွေ လက်ခံထားတဲ့ အငြင်းအခုံတစ်ခုဖြစ်ပြီး အထူးသဖြင့် စက်မှုလုပ်ငန်းက အစပျိုးကာလဖြစ်ပြီး နိုင်ငံက စက်မှုလုပ်ငန်း အခြေခံကို တည်ဆောက်ဖို့ လိုအပ်နေမယ်ဆိုရင်ပေါ့။ ပြီးတော့ ဝင်ငွေရရှိခြင်း လုပ်ငန်း ဆောင်တာကတော့ ဥပမာ - အရက် ဒါမှမဟုတ် ဇိမ်ခံဆိုင်ကယ်တွေအပေါ် နိုင်ငံရဲ့အကောက်ခွန်တွေကို သရုပ်ဖော်ပြ တာမျိုးပါ။
၁၉၈ဝ ပြည့်လွန်နှစ်တွေမှာ မြင့်မားခဲ့တဲ့ အိန္ဒိယရဲ့အကောက်ခွန်တွေကို ၁၉၉၁ ခုနှစ် ပြုပြင်ပြောင်းလဲမှုတွေ စတင်ခဲ့ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) တည်ထောင်ခြင်းကို ဦးတည်စေခဲ့တဲ့ ဥရုဂွေး ကုန်သွယ်ရေး ဆွေးနွေးပွဲတွေအတွင်းမှာ သိသိသာသာ လျှော့ချခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ အိန္ဒိယမှာ နှစ်စဉ် အကောက်ခွန်တွေကို တဖြည်းဖြည်း လျှော့ချတဲ့ ရေရှည်လမ်းကြောင်းတစ်ခု ရှိခဲ့ပါတယ်။ နည်းပညာပိုင်းဆိုင်ရာရှုထောင့်ကကြည့်ရင် နိုင်ငံတွေမှာ အကောက်ခွန်နှစ်မျိုး ရှိပါတယ်။ တစ်ခုကတော့ အမှန်တကယ် ကောက်ခံသော အကောက်ခွန် (applied tariffs) ဖြစ်ပြီး နာမည်ဖော်ပြထားသလိုပဲ နိုင်ငံခြားကုန်ပစ္စည်းတစ်ခု နိုင်ငံထဲကို ဝင်ရောက်လာတဲ့အခါ နယ်စပ်မှာ တကယ်ကောက်ခံတဲ့ အကောက်ခွန် (ပုံမှန်အားဖြင့် တန်ဖိုးအလိုက်) ဖြစ်ပါတယ်။
နောက်တစ်ခုကတော့ ကတိကဝတ်ပြုထားတဲ့ အကောက်ခွန် (bound tariffs) ဖြစ်ပြီး အဲဒါကတော့ နိုင်ငံ တစ်နိုင်ငံက WTO ကို ပေးထားတဲ့ အရေးအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ (MFN) ကတိကဝတ်တွေကနေ ဖြစ်ပေါ်လာတဲ့ ဥပဒေရေးရာ တာဝန်ဝတ္တရားအရ နိုင်ငံခြားကုန်ပစ္စည်းတစ်ခုအပေါ် အမြင့်ဆုံး ကောက်ခံနိုင်တဲ့အကောက်ခွန် ဖြစ်ပါတယ်။ အမေရိကန်က စတင်ခဲ့တဲ့ အကောက်ခွန်စစ်ပွဲဟာ WTO သဘောတူညီချက်တွေအောက်က ကတိကဝတ် တွေကို ချိုးဖောက်တာဖြစ်တယ်ဆိုတာ ပြောစရာမလိုဘဲသိသာနေပါသည်။ ဒါပေမယ့် WTO ကိုယ်တိုင်ကလည်း ခဏတာ ရပ်ဆိုင်းနေခဲ့ပါတယ်။ အကောက်ခွန်တွေက နိုင်ငံအားလုံးအတွက် တူညီလို့မရဘူးဆိုတာကိုလည်း သတိပြု သင့်ပါတယ်။ ဝင်ငွေနည်းဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ G7 နိုင်ငံတွေထက် အကောက်ခွန် ပိုများမယ်ဆိုတာ (အထက်မှာ ဖော်ပြခဲ့တဲ့အကြောင်းပြချက်တွေကြောင့်) အမှန်တရားတစ်ခုဖြစ်ပါတယ်။
ဒါဆို အိန္ဒိယက ဒီအခြေအနေတွေထဲမှာ ဘယ်နေရာမှာ ရှိနေလဲ။ အိန္ဒိယကို အကောက်ခွန်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်တဲ့အခါ သုံးတဲ့ကန့်သတ်ချက်နှစ်ခု ရှိပါတယ်။ တစ်ခုကတော့ ရိုးရှင်းတဲ့ ပျမ်းမျှ အကောက်ခွန် (simple average tariffs) ဖြစ်ပြီး နောက်တစ်ခုကတော့ ကုန်သွယ်မှုအလိုက် အလေးပေးထားတဲ့ အကောက်ခွန် (trade-weighted tariffs) ဖြစ်ပါတယ်။ ပထမနည်းလမ်းကို အသုံးပြုမယ်ဆိုရင် အိန္ဒိယရဲ့ အကောက်ခွန်က မြင့်မားနေပုံ ရပါတယ် (၁၅.၉၈ ရာခိုင်နှုန်း)။ ဒါပေမယ့် ဒါက ပညာရပ်ဆိုင်ရာ ဖြစ်နေတာက အိန္ဒိယဈေးကွက်ထဲကို ဝင်လာတဲ့ ကုန်ပစ္စည်းအများစု အတွက် ကုန်သွယ်မှုအလိုက် အလေးပေးထားတဲ့ အမှန်ကောက်ခံတဲ့အကောက်ခွန်က ပိုအရေးကြီးလို့ပါ။ အိန္ဒိယက ထိန်းသိမ်းထားတဲ့ ကုန်သွယ်မှုအလိုက် အလေးပေးထားတဲ့ အကောက်ခွန်ကတော့ အလွန်သင့်လျော်တဲ့ ၄.၆ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ဒီအကောက်ခွန်အဆင့်က အိန္ဒိယဟာ ကုန်သွယ်ခွန် အမြင့်ဆုံးစည်းကြပ်တဲ့ နိုင်ငံ ဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်တွေကို ပယ်ချနိုင်ပါတယ်။ ရိုးရှင်းတဲ့ ပျမ်းမျှတွေက ကုန်သွယ်မှုပမာဏကို မခွဲခြားဘဲ ထုတ်ကုန်အားလုံးကို တူညီစွာ သဘောထားတဲ့အတွက် ပုံစံကို လွဲမှားစေပါတယ်။ ဒါဆို အိန္ဒိယရဲ့ ရိုးရှင်းတဲ့ ပျမ်းမျှ အကောက်ခွန်နဲ့ ကုန်သွယ်မှုအလိုက် အလေးချိန်ထားတဲ့ အကောက်ခွန်ကြားမှာ ဘာကြောင့် ဒီလိုကြီးမားတဲ့ ကွာခြားချက် ရှိနေရတာလဲ။
အိန္ဒိယက စိုက်ပျိုးရေးနဲ့ မော်တော်ကားတွေမှာ အတော်လေး မြင့်မားတဲ့အကောက်ခွန်တွေကို ထိန်းသိမ်းထား ပါတယ်။ ဒီကိစ္စနှစ်ခုလုံးမှာ အကောက်ခွန်တွေရဲ့ အဓိက ရည်ရွယ်ချက်က ပြည်တွင်းစက်မှုလုပ်ငန်းကို ကာကွယ်ဖို့ပါ။ အိန္ဒိယရဲ့စိုက်ပျိုးရေးကတော့ သူ့ဟာသူ ထူးခြားပြီး ကမ္ဘာပေါ်မှာ တခြားဘယ်နိုင်ငံကြီးနဲ့မှ မတူပါဘူး။ အိန္ဒိယရဲ့ ကြီးမားတဲ့ လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းလောက်က စိုက်ပျိုးရေးပေါ် တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်ပြီး မှီခိုနေရပါတယ်။ ဒါ့အပြင် အိန္ဒိယမှာ စိုက်ပျိုးရေးက စက်မှုလုပ်ငန်းအဖြစ် မပြောင်းလဲသေးဘဲ မြေယာပိုင်ဆိုင်မှုတွေကလည်း သေးငယ် လွန်းတာကြောင့် စိုက်ပျိုးရေးဆိုတာက စီးပွားရေးထက် ရှင်သန်မှုအတွက် ပိုများပါတယ်။ အိန္ဒိယကို စိုက်ပျိုးရေး ကဏ္ဍကို သွင်းကုန်တွေအတွက် ဖွင့်ပေးဖို့ တောင်းဆိုတာက မိမိကိုယ်ကို သတ်သေခိုင်းတာနဲ့ အတူတူပါပဲ၊ အိန္ဒိယမှာ ဘယ်ရွေးကောက်ခံ အစိုးရမှ သဘောတူမှာ မဟုတ်ပါဘူး။ ဒီတောင်းဆိုချက်က အထူးသဖြင့် ဆိုးရွားပါတယ်။ အနောက်တိုင်း တောင်သူလယ်သမားတွေက တိုက်ရိုက်နဲ့ သွယ်ဝိုက်တဲ့ထောက်ပံ့ကြေးတွေရဲ့အကျိုးခံစားခွင့်ရှိသူတွေ ဖြစ်လို့ပါ။
ဒီအချက်တွေအားလုံးကိုကြည့်ခြင်းအားဖြင့် အိန္ဒိယက စိုက်ပျိုးရေးထွက်ကုန်တွေအတွက် အတော်လေး မြင့်မားတဲ့ အကောက်ခွန်တွေကို ထိန်းသိမ်းထားပါတယ်၊ အသား၊ နို့ထွက်ပစ္စည်း၊ သစ်သီးနဲ့ ကောက်ပဲသီးနှံတွေမှာ ပျမ်းမျှ ၃၃ ရာခိုင်နှုန်းလောက် ရှိပါတယ်။ ဒါပေမယ့် ဒါက အံ့သြစရာ မဟုတ်ပါဘူး၊ ဥရောပသမဂ္ဂရဲ့ ပျမ်းမျှနှုန်းက နို့ထွက် ပစ္စည်းတွေမှာ ၃၇.၅ ရာခိုင်နှုန်းကနေ ၂၀၅ ရာခိုင်နှုန်းအထိ၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ၂၆၁ ရာခိုင်နှုန်းအထိ ရှိတယ်ဆိုတဲ့ အချက်ကို ထည့်သွင်းစဉ်းစားမယ်ဆိုရင်ပေါ့။ ဂျပန်နဲ့ နှိုင်းယှဉ်ကြည့်ပါ၊ ဂျပန်ရဲ့ နှုန်းက နို့ထွက်ပစ္စည်း တွေမှာ ၆၁.၃ ရာခိုင်နှုန်းကနေ ၂၉၈ ရာခိုင်နှုန်းအထိ၊ ကောက်ပဲသီးနှံတွေမှာ ၂၅၈ ရာခိုင်နှုန်းအထိ၊ အသားနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ၁၆၀ ရာခိုင်နှုန်းအထိ ရှိပါတယ်။ ဒါမှမဟုတ် တောင်ကိုရီးယား၊ စိုက်ပျိုးရေးထွက်ကုန်တွေမှာ ပျမ်းမျှ ၅၄ ရာခိုင်နှုန်း၊ ဟင်းသီးဟင်းရွက်တွေမှာ ၈၀၀ ရာခိုင်နှုန်း၊ သစ်သီးတွေမှာ ၃၀၀ ရာခိုင်နှုန်း ရှိပါတယ်။ စိုက်ပျိုးရေး မှာ မည်သည့်နိုင်ငံက ကုန်သွယ်ခွန် အမြင့်ဆုံးစည်းကြပ်တဲ့ နိုင်ငံလို့ သင်မေးကောင်းမေးနိုင်ပါတယ်။ မော်တော်ကားတွေ အနေနဲ့ ဒီကဏ္ဍက အလုပ်အကိုင် အများအပြားကို ဖန်တီးပေးပြီး အဲဒီအကြောင်းပြချက်ကြောင့် အရေးကြီးပါတယ်။ အိန္ဒိယရဲ့ ရိုးရှင်းတဲ့ ပျမ်းမျှ အကောက်ခွန်အဆင့် ၁၅.၉၈ ရာခိုင်နှုန်းကတောင် ဖွံ့ဖြိုးဆဲစီးပွားရေးနိုင်ငံတွေအတွက် ကမ္ဘာလုံးဆိုင်ရာ စံနှုန်းတွေနဲ့ ကိုက်ညီပါတယ်။ ဘင်္ဂလားဒေ့ရှ် (၁၄.၁ ရာခိုင်နှုန်း)၊ အာဂျင်တီးနား (၁၃.၄ ရာခိုင်နှုန်း) နဲ့ တူရကီ (၁၆.၂ ရာခိုင်နှုန်း) တို့လို တစ်ဦးချင်း GDP တူညီတဲ့ ဒါမှမဟုတ် ပိုမြင့်တဲ့နိုင်ငံတွေအားလုံးက အလားတူ (သို့မဟုတ်) ပိုမြင့်တဲ့အကောက်ခွန်တွေကို ထိန်းသိမ်းထားပါတယ်။ အမေရိကန်က သူတို့ရဲ့ စိုက်ပျိုးရေးမဟုတ်တဲ့ ထုတ်ကုန်တွေကို အိန္ဒိယမှာ အကောက်ခွန်အတားအဆီးတွေနဲ့ ရင်ဆိုင်ရတယ်လို့ ပြောဆိုတာနဲ့ ပတ်သက်ပြီး အမေရိကန်တင်ပို့သူတွေဟာ အာရှနိုင်ငံများစွာနဲ့ နှိုင်းယှဉ်ရင် အိန္ဒိယမှာ တူညီတဲ့ ဒါမှမဟုတ် ပိုနည်းတဲ့ အကောက်ခွန် တွေကို မကြာခဏ ရင်ဆိုင်ရတယ်ဆိုတာ သတိပြုသင့်ပါတယ်။ ဥပမာ- အီလက်ထရွန်းနစ်နဲ့ နည်းပညာတွေမှာ အိန္ဒိယ မှာ IT ဟာ့ဒ်ဝဲအများစု၊ ဆီမီးကွန်ဒတ်တာတွေ၊ ကွန်ပျူတာတွေနဲ့ ဆက်စပ်ပစ္စည်းတွေမှာ ၀ ရာခိုင်နှုန်း အကောက်ခွန် ရှိပြီး အီလက်ထရွန်းနစ်မှာ ပျမ်းမျှ ၁၀.၉ ရာခိုင်နှုန်း၊ ကွန်ပျူတာစက်ပစ္စည်းတွေမှာ ၈.၃ ရာခိုင်နှုန်း ရှိပါတယ်။
နှိုင်းယှဉ်ကြည့်ရင် ဗီယက်နမ်မှာ အီလက်ထရွန်နစ်ပစ္စည်းတွေမှာ ၈.၅ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်းအထိ အကောက်ခွန်ရှိပါတယ်။ တရုတ်မှာ အီလက်ထရွန်းနစ်မှာ ၅.၄ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ၊ ကွန်ပျူတာ စက်ပစ္စည်းတွေမှာ ၂၅ ရာခိုင်နှုန်းအထိ အကောက်ခွန်နှုန်း ရှိပါတယ်။ အင်ဒိုနီးရှားမှာ အီလက်ထရွန်နစ် ပစ္စည်းတွေမှာ ၆.၃ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ၊ ကွန်ပျူတာစက်ပစ္စည်းတွေမှာ ၃၀ ရာခိုင်နှုန်းအထိ အကောက်ခွန်နှုန်း ရှိပါတယ်။ အိန္ဒိယက သူ့ရဲ့ စိုက်ပျိုးရေး၊ နို့ထွက်ပစ္စည်းနဲ့ မော်တော်ကားဈေးကွက်တွေအတွက် တရား မျှတတဲ့ အကောက်ခွန် ကာကွယ်မှုတွေကို တရားဝင်အကြောင်းပြချက်တွေနဲ့ ထိန်းသိမ်းထားတာ မှန်ပါတယ်။ ဒါပေမယ့် တခြားကဏ္ဍတွေမှာ သူရဲ့ ကုန်သွယ်မှုအလိုက် အလေးပေးထားတဲ့ အမှန်ကောက်ခံတဲ့ အကောက်ခွန်ကတော့ အိန္ဒိယနိုင်ငံကို " ကုန်သွယ်ခွန် အမြင့်ဆုံးစည်းကြပ်တဲ့နိုင်ငံ" လို့ ခေါ်မယ်ဆိုရင် လုံးဝတရားမျှတမှုမရှိကြောင်း ရေးသားတင်ပြလိုက်ပါသည်။
Dr. Mohan Kumar is a former Indian ambassador and is director general of the newly established Jadeja Motwani Institute for American Studies at the OP Jindal Global University.

Zawgyi Version:
အိႏၵိယက “ကုန္သြယ္ခြန္အျမင့္ဆုံး စည္းၾကပ္တဲ့ႏိုင္ငံ” လား
Opinion by Dr. Mohan Kumar
အိႏၵိယရဲ႕အေကာက္ခြန္ေတြဟာ အလြန္အမင္း ျမင့္မားေနတယ္ဆိုတဲ့ မွားယြင္းၿပီးပ်ံ႕ႏွံ႔ေနေသာ အယူအဆ တစ္ခု ရွိပါတယ္။ ေနထိုင္မႈစရိတ္၊ လူအမ်ားရဲ႕ယဥ္ေက်းပ်ဴငွာမႈ ဒါမွမဟုတ္ ႏိုင္ငံျခားသားေတြကို ႀကိဳဆိုပုံ စတဲ့ ႏိုင္ငံ တစ္ႏိုင္ငံနဲ႔ပတ္သက္တဲ့ ပုဂၢလဓိ႒ာန္က်တဲ့အခ်က္ေတြ ရွိပါတယ္။ ဒါေပမယ့္ အေကာက္ခြန္ေတြကေတာ့ အေရ အတြက္နဲ႔တိုင္းတာႏိုင္ၿပီး ပုဂၢလဓိ႒ာန္က်စရာ ေနရာမရွိသင့္ပါဘူး။ ဒါေၾကာင့္ အခ်က္အလက္ေတြကို သုံးသပ္ၾကည့္ရ ေအာင္ပါ။
ဒါေပမယ့္ အဲဒါမလုပ္ခင္မွာ ပုံမွန္စာဖတ္သူအတြက္ အိႏၵိယလို ဝင္ေငြနည္းဖြံ႕ၿဖိဳးဆဲႏိုင္ငံမွာ အေကာက္ခြန္ ေတြက ဘယ္လိုလုပ္ငန္းေဆာင္တာေတြကို လုပ္ေဆာင္ေပးလဲ၊ ဥပမာ - အေမရိကန္ျပည္ေထာင္စုလို ဝင္ေငြမ်ား ဖြံ႕ၿဖိဳးၿပီးႏိုင္ငံနဲ႔ မတူဘဲဆိုတာ သိထားဖို႔ အသုံးဝင္ပါလိမ့္မယ္။ ထုံးစံအားျဖင့္ ဝင္ေငြနည္းဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြက အေကာက္ခြန္ေတြကို အေၾကာင္းျပခ်က္ႏွစ္ခုအတြက္ အသုံးျပဳပါတယ္။ တစ္ခုက ျပည္တြင္းစက္မႈလုပ္ငန္းကို ကာကြယ္ဖို႔ နဲ႔ ႏွစ္အခ်က္က ဝင္ေငြရရွိဖို႔ပါ။ ျပည္တြင္းစက္မႈလုပ္ငန္းကို ကာကြယ္ျခင္းဆိုတာကေတာ့ ကမာၻတစ္ဝန္းက စီးပြားေရးပညာရွင္ေတြ လက္ခံထားတဲ့ အျငင္းအခုံတစ္ခုျဖစ္ၿပီး အထူးသျဖင့္ စက္မႈလုပ္ငန္းက အစပ်ိဳးကာလျဖစ္ၿပီး ႏိုင္ငံက စက္မႈလုပ္ငန္း အေျခခံကို တည္ေဆာက္ဖို႔ လိုအပ္ေနမယ္ဆိုရင္ေပါ့။ ၿပီးေတာ့ ဝင္ေငြရရွိျခင္း လုပ္ငန္း ေဆာင္တာကေတာ့ ဥပမာ - အရက္ ဒါမွမဟုတ္ ဇိမ္ခံဆိုင္ကယ္ေတြအေပၚ ႏိုင္ငံရဲ႕အေကာက္ခြန္ေတြကို သ႐ုပ္ေဖာ္ျပ တာမ်ိဳးပါ။
၁၉၈ဝ ျပည့္လြန္ႏွစ္ေတြမွာ ျမင့္မားခဲ့တဲ့ အိႏၵိယရဲ႕အေကာက္ခြန္ေတြကို ၁၉၉၁ ခုႏွစ္ ျပဳျပင္ေျပာင္းလဲမႈေတြ စတင္ခဲ့ၿပီး ကမာၻ႔ကုန္သြယ္ေရးအဖြဲ႕ (WTO) တည္ေထာင္ျခင္းကို ဦးတည္ေစခဲ့တဲ့ ဥ႐ုေဂြး ကုန္သြယ္ေရး ေဆြးေႏြးပြဲေတြအတြင္းမွာ သိသိသာသာ ေလွ်ာ့ခ်ခဲ့ပါတယ္။ အဲဒီေနာက္ပိုင္းမွာ အိႏၵိယမွာ ႏွစ္စဥ္ အေကာက္ခြန္ေတြကို တျဖည္းျဖည္း ေလွ်ာ့ခ်တဲ့ ေရရွည္လမ္းေၾကာင္းတစ္ခု ရွိခဲ့ပါတယ္။ နည္းပညာပိုင္းဆိုင္ရာရႈေထာင့္ကၾကည့္ရင္ ႏိုင္ငံေတြမွာ အေကာက္ခြန္ႏွစ္မ်ိဳး ရွိပါတယ္။ တစ္ခုကေတာ့ အမွန္တကယ္ ေကာက္ခံေသာ အေကာက္ခြန္ (applied tariffs) ျဖစ္ၿပီး နာမည္ေဖာ္ျပထားသလိုပဲ ႏိုင္ငံျခားကုန္ပစၥည္းတစ္ခု ႏိုင္ငံထဲကို ဝင္ေရာက္လာတဲ့အခါ နယ္စပ္မွာ တကယ္ေကာက္ခံတဲ့ အေကာက္ခြန္ (ပုံမွန္အားျဖင့္ တန္ဖိုးအလိုက္) ျဖစ္ပါတယ္။
ေနာက္တစ္ခုကေတာ့ ကတိကဝတ္ျပဳထားတဲ့ အေကာက္ခြန္ (bound tariffs) ျဖစ္ၿပီး အဲဒါကေတာ့ ႏိုင္ငံ တစ္ႏိုင္ငံက WTO ကို ေပးထားတဲ့ အေရးအႀကီးဆုံး ကုန္သြယ္ဖက္ႏိုင္ငံ (MFN) ကတိကဝတ္ေတြကေန ျဖစ္ေပၚလာတဲ့ ဥပေဒေရးရာ တာဝန္ဝတၱရားအရ ႏိုင္ငံျခားကုန္ပစၥည္းတစ္ခုအေပၚ အျမင့္ဆုံး ေကာက္ခံႏိုင္တဲ့အေကာက္ခြန္ ျဖစ္ပါတယ္။ အေမရိကန္က စတင္ခဲ့တဲ့ အေကာက္ခြန္စစ္ပြဲဟာ WTO သေဘာတူညီခ်က္ေတြေအာက္က ကတိကဝတ္ ေတြကို ခ်ိဳးေဖာက္တာျဖစ္တယ္ဆိုတာ ေျပာစရာမလိုဘဲသိသာေနပါသည္။ ဒါေပမယ့္ WTO ကိုယ္တိုင္ကလည္း ခဏတာ ရပ္ဆိုင္းေနခဲ့ပါတယ္။ အေကာက္ခြန္ေတြက ႏိုင္ငံအားလုံးအတြက္ တူညီလို႔မရဘူးဆိုတာကိုလည္း သတိျပဳ သင့္ပါတယ္။ ဝင္ေငြနည္းဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြဟာ G7 ႏိုင္ငံေတြထက္ အေကာက္ခြန္ ပိုမ်ားမယ္ဆိုတာ (အထက္မွာ ေဖာ္ျပခဲ့တဲ့အေၾကာင္းျပခ်က္ေတြေၾကာင့္) အမွန္တရားတစ္ခုျဖစ္ပါတယ္။
ဒါဆို အိႏၵိယက ဒီအေျခအေနေတြထဲမွာ ဘယ္ေနရာမွာ ရွိေနလဲ။ အိႏၵိယကို အေကာက္ခြန္နဲ႔ ပတ္သက္ၿပီး ဆုံးျဖတ္တဲ့အခါ သုံးတဲ့ကန႔္သတ္ခ်က္ႏွစ္ခု ရွိပါတယ္။ တစ္ခုကေတာ့ ႐ိုးရွင္းတဲ့ ပ်မ္းမွ် အေကာက္ခြန္ (simple average tariffs) ျဖစ္ၿပီး ေနာက္တစ္ခုကေတာ့ ကုန္သြယ္မႈအလိုက္ အေလးေပးထားတဲ့ အေကာက္ခြန္ (trade-weighted tariffs) ျဖစ္ပါတယ္။ ပထမနည္းလမ္းကို အသုံးျပဳမယ္ဆိုရင္ အိႏၵိယရဲ႕ အေကာက္ခြန္က ျမင့္မားေနပုံ ရပါတယ္ (၁၅.၉၈ ရာခိုင္ႏႈန္း)။ ဒါေပမယ့္ ဒါက ပညာရပ္ဆိုင္ရာ ျဖစ္ေနတာက အိႏၵိယေဈးကြက္ထဲကို ဝင္လာတဲ့ ကုန္ပစၥည္းအမ်ားစု အတြက္ ကုန္သြယ္မႈအလိုက္ အေလးေပးထားတဲ့ အမွန္ေကာက္ခံတဲ့အေကာက္ခြန္က ပိုအေရးႀကီးလို႔ပါ။ အိႏၵိယက ထိန္းသိမ္းထားတဲ့ ကုန္သြယ္မႈအလိုက္ အေလးေပးထားတဲ့ အေကာက္ခြန္ကေတာ့ အလြန္သင့္ေလ်ာ္တဲ့ ၄.၆ ရာခိုင္ႏႈန္း ျဖစ္ပါတယ္။ ဒီအေကာက္ခြန္အဆင့္က အိႏၵိယဟာ ကုန္သြယ္ခြန္ အျမင့္ဆုံးစည္းၾကပ္တဲ့ ႏိုင္ငံ ျဖစ္တယ္ဆိုတဲ့ ေျပာဆိုခ်က္ေတြကို ပယ္ခ်ႏိုင္ပါတယ္။ ႐ိုးရွင္းတဲ့ ပ်မ္းမွ်ေတြက ကုန္သြယ္မႈပမာဏကို မခြဲျခားဘဲ ထုတ္ကုန္အားလုံးကို တူညီစြာ သေဘာထားတဲ့အတြက္ ပုံစံကို လြဲမွားေစပါတယ္။ ဒါဆို အိႏၵိယရဲ႕ ႐ိုးရွင္းတဲ့ ပ်မ္းမွ် အေကာက္ခြန္နဲ႔ ကုန္သြယ္မႈအလိုက္ အေလးခ်ိန္ထားတဲ့ အေကာက္ခြန္ၾကားမွာ ဘာေၾကာင့္ ဒီလိုႀကီးမားတဲ့ ကြာျခားခ်က္ ရွိေနရတာလဲ။
အိႏၵိယက စိုက္ပ်ိဳးေရးနဲ႔ ေမာ္ေတာ္ကားေတြမွာ အေတာ္ေလး ျမင့္မားတဲ့အေကာက္ခြန္ေတြကို ထိန္းသိမ္းထား ပါတယ္။ ဒီကိစၥႏွစ္ခုလုံးမွာ အေကာက္ခြန္ေတြရဲ႕ အဓိက ရည္႐ြယ္ခ်က္က ျပည္တြင္းစက္မႈလုပ္ငန္းကို ကာကြယ္ဖို႔ပါ။ အိႏၵိယရဲ႕စိုက္ပ်ိဳးေရးကေတာ့ သူ႔ဟာသူ ထူးျခားၿပီး ကမာၻေပၚမွာ တျခားဘယ္ႏိုင္ငံႀကီးနဲ႔မွ မတူပါဘူး။ အိႏၵိယရဲ႕ ႀကီးမားတဲ့ လူဦးေရရဲ႕ ၅၀ ရာခိုင္ႏႈန္းေလာက္က စိုက္ပ်ိဳးေရးေပၚ တိုက္႐ိုက္ (သို႔မဟုတ္) သြယ္ဝိုက္ၿပီး မွီခိုေနရပါတယ္။ ဒါ့အျပင္ အိႏၵိယမွာ စိုက္ပ်ိဳးေရးက စက္မႈလုပ္ငန္းအျဖစ္ မေျပာင္းလဲေသးဘဲ ေျမယာပိုင္ဆိုင္မႈေတြကလည္း ေသးငယ္ လြန္းတာေၾကာင့္ စိုက္ပ်ိဳးေရးဆိုတာက စီးပြားေရးထက္ ရွင္သန္မႈအတြက္ ပိုမ်ားပါတယ္။ အိႏၵိယကို စိုက္ပ်ိဳးေရး က႑ကို သြင္းကုန္ေတြအတြက္ ဖြင့္ေပးဖို႔ ေတာင္းဆိုတာက မိမိကိုယ္ကို သတ္ေသခိုင္းတာနဲ႔ အတူတူပါပဲ၊ အိႏၵိယမွာ ဘယ္ေ႐ြးေကာက္ခံ အစိုးရမွ သေဘာတူမွာ မဟုတ္ပါဘူး။ ဒီေတာင္းဆိုခ်က္က အထူးသျဖင့္ ဆိုး႐ြားပါတယ္။ အေနာက္တိုင္း ေတာင္သူလယ္သမားေတြက တိုက္႐ိုက္နဲ႔ သြယ္ဝိုက္တဲ့ေထာက္ပံ့ေၾကးေတြရဲ႕အက်ိဳးခံစားခြင့္ရွိသူေတြ ျဖစ္လို႔ပါ။
ဒီအခ်က္ေတြအားလုံးကိုၾကည့္ျခင္းအားျဖင့္ အိႏၵိယက စိုက္ပ်ိဳးေရးထြက္ကုန္ေတြအတြက္ အေတာ္ေလး ျမင့္မားတဲ့ အေကာက္ခြန္ေတြကို ထိန္းသိမ္းထားပါတယ္၊ အသား၊ ႏို႔ထြက္ပစၥည္း၊ သစ္သီးနဲ႔ ေကာက္ပဲသီးႏွံေတြမွာ ပ်မ္းမွ် ၃၃ ရာခိုင္ႏႈန္းေလာက္ ရွိပါတယ္။ ဒါေပမယ့္ ဒါက အံ့ၾသစရာ မဟုတ္ပါဘူး၊ ဥေရာပသမဂၢရဲ႕ ပ်မ္းမွ်ႏႈန္းက ႏို႔ထြက္ ပစၥည္းေတြမွာ ၃၇.၅ ရာခိုင္ႏႈန္းကေန ၂၀၅ ရာခိုင္ႏႈန္းအထိ၊ သစ္သီးနဲ႔ ဟင္းသီးဟင္း႐ြက္ေတြမွာ ၂၆၁ ရာခိုင္ႏႈန္းအထိ ရွိတယ္ဆိုတဲ့ အခ်က္ကို ထည့္သြင္းစဥ္းစားမယ္ဆိုရင္ေပါ့။ ဂ်ပန္နဲ႔ ႏႈိင္းယွဥ္ၾကည့္ပါ၊ ဂ်ပန္ရဲ႕ ႏႈန္းက ႏို႔ထြက္ပစၥည္း ေတြမွာ ၆၁.၃ ရာခိုင္ႏႈန္းကေန ၂၉၈ ရာခိုင္ႏႈန္းအထိ၊ ေကာက္ပဲသီးႏွံေတြမွာ ၂၅၈ ရာခိုင္ႏႈန္းအထိ၊ အသားနဲ႔ ဟင္းသီးဟင္း႐ြက္ေတြမွာ ၁၆၀ ရာခိုင္ႏႈန္းအထိ ရွိပါတယ္။ ဒါမွမဟုတ္ ေတာင္ကိုရီးယား၊ စိုက္ပ်ိဳးေရးထြက္ကုန္ေတြမွာ ပ်မ္းမွ် ၅၄ ရာခိုင္ႏႈန္း၊ ဟင္းသီးဟင္း႐ြက္ေတြမွာ ၈၀၀ ရာခိုင္ႏႈန္း၊ သစ္သီးေတြမွာ ၃၀၀ ရာခိုင္ႏႈန္း ရွိပါတယ္။ စိုက္ပ်ိဳးေရး မွာ မည္သည့္ႏိုင္ငံက ကုန္သြယ္ခြန္ အျမင့္ဆုံးစည္းၾကပ္တဲ့ ႏိုင္ငံလို႔ သင္ေမးေကာင္းေမးႏိုင္ပါတယ္။ ေမာ္ေတာ္ကားေတြ အေနနဲ႔ ဒီက႑က အလုပ္အကိုင္ အမ်ားအျပားကို ဖန္တီးေပးၿပီး အဲဒီအေၾကာင္းျပခ်က္ေၾကာင့္ အေရးႀကီးပါတယ္။ အိႏၵိယရဲ႕ ႐ိုးရွင္းတဲ့ ပ်မ္းမွ် အေကာက္ခြန္အဆင့္ ၁၅.၉၈ ရာခိုင္ႏႈန္းကေတာင္ ဖြံ႕ၿဖိဳးဆဲစီးပြားေရးႏိုင္ငံေတြအတြက္ ကမာၻလုံးဆိုင္ရာ စံႏႈန္းေတြနဲ႔ ကိုက္ညီပါတယ္။ ဘဂၤလားေဒ့ရွ္ (၁၄.၁ ရာခိုင္ႏႈန္း)၊ အာဂ်င္တီးနား (၁၃.၄ ရာခိုင္ႏႈန္း) နဲ႔ တူရကီ (၁၆.၂ ရာခိုင္ႏႈန္း) တို႔လို တစ္ဦးခ်င္း GDP တူညီတဲ့ ဒါမွမဟုတ္ ပိုျမင့္တဲ့ႏိုင္ငံေတြအားလုံးက အလားတူ (သို႔မဟုတ္) ပိုျမင့္တဲ့အေကာက္ခြန္ေတြကို ထိန္းသိမ္းထားပါတယ္။ အေမရိကန္က သူတို႔ရဲ႕ စိုက္ပ်ိဳးေရးမဟုတ္တဲ့ ထုတ္ကုန္ေတြကို အိႏၵိယမွာ အေကာက္ခြန္အတားအဆီးေတြနဲ႔ ရင္ဆိုင္ရတယ္လို႔ ေျပာဆိုတာနဲ႔ ပတ္သက္ၿပီး အေမရိကန္တင္ပို႔သူေတြဟာ အာရွႏိုင္ငံမ်ားစြာနဲ႔ ႏႈိင္းယွဥ္ရင္ အိႏၵိယမွာ တူညီတဲ့ ဒါမွမဟုတ္ ပိုနည္းတဲ့ အေကာက္ခြန္ ေတြကို မၾကာခဏ ရင္ဆိုင္ရတယ္ဆိုတာ သတိျပဳသင့္ပါတယ္။ ဥပမာ- အီလက္ထ႐ြန္းနစ္နဲ႔ နည္းပညာေတြမွာ အိႏၵိယ မွာ IT ဟာ့ဒ္ဝဲအမ်ားစု၊ ဆီမီးကြန္ဒတ္တာေတြ၊ ကြန္ပ်ဴတာေတြနဲ႔ ဆက္စပ္ပစၥည္းေတြမွာ ၀ ရာခိုင္ႏႈန္း အေကာက္ခြန္ ရွိၿပီး အီလက္ထ႐ြန္းနစ္မွာ ပ်မ္းမွ် ၁၀.၉ ရာခိုင္ႏႈန္း၊ ကြန္ပ်ဴတာစက္ပစၥည္းေတြမွာ ၈.၃ ရာခိုင္ႏႈန္း ရွိပါတယ္။
ႏႈိင္းယွဥ္ၾကည့္ရင္ ဗီယက္နမ္မွာ အီလက္ထ႐ြန္နစ္ပစၥည္းေတြမွာ ၈.၅ ရာခိုင္ႏႈန္းကေန ၃၅ ရာခိုင္ႏႈန္းအထိ အေကာက္ခြန္ရွိပါတယ္။ တ႐ုတ္မွာ အီလက္ထ႐ြန္းနစ္မွာ ၅.၄ ရာခိုင္ႏႈန္းကေန ၂၀ ရာခိုင္ႏႈန္းအထိ၊ ကြန္ပ်ဴတာ စက္ပစၥည္းေတြမွာ ၂၅ ရာခိုင္ႏႈန္းအထိ အေကာက္ခြန္ႏႈန္း ရွိပါတယ္။ အင္ဒိုနီးရွားမွာ အီလက္ထ႐ြန္နစ္ ပစၥည္းေတြမွာ ၆.၃ ရာခိုင္ႏႈန္းကေန ၂၀ ရာခိုင္ႏႈန္းအထိ၊ ကြန္ပ်ဴတာစက္ပစၥည္းေတြမွာ ၃၀ ရာခိုင္ႏႈန္းအထိ အေကာက္ခြန္ႏႈန္း ရွိပါတယ္။ အိႏၵိယက သူ႔ရဲ႕ စိုက္ပ်ိဳးေရး၊ ႏို႔ထြက္ပစၥည္းနဲ႔ ေမာ္ေတာ္ကားေဈးကြက္ေတြအတြက္ တရား မွ်တတဲ့ အေကာက္ခြန္ ကာကြယ္မႈေတြကို တရားဝင္အေၾကာင္းျပခ်က္ေတြနဲ႔ ထိန္းသိမ္းထားတာ မွန္ပါတယ္။ ဒါေပမယ့္ တျခားက႑ေတြမွာ သူရဲ႕ ကုန္သြယ္မႈအလိုက္ အေလးေပးထားတဲ့ အမွန္ေကာက္ခံတဲ့ အေကာက္ခြန္ကေတာ့ အိႏၵိယႏိုင္ငံကို " ကုန္သြယ္ခြန္ အျမင့္ဆုံးစည္းၾကပ္တဲ့ႏိုင္ငံ" လို႔ ေခၚမယ္ဆိုရင္ လုံးဝတရားမွ်တမႈမရွိေၾကာင္း ေရးသားတင္ျပလိုက္ပါသည္။
Dr. Mohan Kumar is a former Indian ambassador and is director general of the newly established Jadeja Motwani Institute for American Studies at the OP Jindal Global University.