လယ်မစိုက်ဘဲ အကွက်ရိုက်ကာ မြေရောင်းချမှုများလာသောကြောင့် နိုင်ငံတော်အနေဖြင့် ပြန်သိမ်းရန်လို

 662

Peral (NP News) - စက်တင်ဘာလ ၁ဝ
လယ်မစိုက်ဘဲ အကွက်ရိုက်၍ မြေရောင်း ချမှုများပိုများလာသောကြောင့် နိုင်ငံတော်အနေဖြင့် ပြန်လည် သိမ်းယူရန်လိုကြောင်း ပြည်ထဲရေးဌာနအရာရှိဟောင်းတစ်ဦးက NP News သို့ ပြောကြားထားချက်များအရ သည်။
ရန်ကုန်တိုင်းဒေသကြီးရှိ မှော်ဘီမြို့နယ်၊ ရွှေပြည်သာမြို့နယ်နှင့် လှိုင်သာယာမြို့နယ် အပါ အဝင် မြို့နယ်အချို့တွင်လည်းကောင်း၊ အခြား တိုင်းဒေသကြီးရှိ မြို့နယ်အချို့တွင်လည်းကောင်း လယ်မြေများကို အကွက်ရိုက်၍ရောင်းချမှု ပိုများ လာ‌ကြောင်း သိရသည်။
အချို့လယ်မြေများတွင်လည်း လူနေနှင့် စီးပွားရေးသုံးအဆောက်အအုံများ ဆောက်လုပ် ထားသည့်အပြင် အကွက်ရိုက်ရောင်းချရန်အတွက် ကွန်ကရစ်လမ်းများဖောက်လုပ်ခြင်း၊ လျှပ်စစ်မီးတိုင် များ သွယ်တန်းခြင်းမျိုးအထိပင် ဆောင်ရွက်နေသည်ကိုတွေ့ရကြောင်း ပြည်ထဲရေးဌာနအရာရှိ ဟောင်းတစ်ဦးက ဆိုသည်။
" လယ်မြေကို အကွက်ရိုက်ရောင်းတာ ပိုလုပ်လာကြတယ်။ ဥယျာဉ်ခြံမြေနဲ့ ရွာမြေက နည်း နည်းလေး ခိုင်မာသေးတယ်လို့ ပြောလို့ရတယ်။ ဥယျာဉ်ခြံမြေရောင်းတာကိုတော့ သိပ်ပြီးတော့ မပြော လိုဘူး။ အဆိုးဆုံးကတော့ လယ်မြေတွေကို အကွက် ရိုက်ပြီး ရောင်းစားနေတာ။ ဓာတ်တိုင်တွေက အစ၊ လျှပ်စစ်မီတာတွေ၊ လျှပ်စစ်ကြိုးတွေကအစ ရနေ တယ်။ ပြောရရင်တော့ အကုန်နွယ်မှာ။ မှော်ဘီနဲ့ ရွှေပြည်သာ နယ်စပ်မှာလည်းရှိတယ်။ အဲဒီမှာ လယ် မြေကို အကွက်ရိုက်ပြီးရောင်းနေတာ။ အလားတူပဲ ထန်းတပင်နဲ့လှိုင်သာယာအစပ်မှာလည်း အဲဒီ အတိုင်းပဲ စက်ရုံတွေတောင် ဆောက်ထားတယ်။ လယ်မြေတွေကို အခြားနည်းလမ်းနဲ့ သုံးစွဲဖို့အတွက် နိုင်ငံတော်ကို လျှောက်ပြီးမှ ဆောက်ရတာလေ။ ပြောရရင်တော့ ပြောလို့ မကောင်းတာတော့ ရှိတယ်။ တချို့က နောက်တိုးဂရန်တွေလည်း ရနေတယ်။ ဘယ်လို ရနေလဲမသိဘူး။ အခုက ဂရန်တွေလည်း ချမပေးဘူးလေ။ ဂရန်တို့ သက်တမ်းတိုးတာတို့က ရပ်ထားတာ ကြာပြီလေ။ တရားဝင်ဆိုင်းငံ့ထားတာ လေစည်ပင်နဲ့ အိုးအိမ်နဲ့က။ လျှောက်ပေမယ့်ဆိုင်း ငံ့ပဲလေ" ဟု ပြည်ထဲရေးဌာနအရာရှိဟောင်းတစ်ဦးက NP News သို့ပြောသည်။
မြေရောင်းဝယ်မှု ပြုလုပ်ရာတွင် ပါမစ် မြေနှင့် ဂရန်မြေသာ အရောင်းအဝယ်ခိုင်မာပြီး ယခု ကဲ့သို့ လယ်မြေများကို အကွက်ရိုက်ရောင်းဝယ် နေမှုများ၊ အဆောက်အအုံဆောက်လုပ်နေမှုများသည် သက်ဆိုင်ရာတာဝန်ရှိသူများ၏ ကြီးကြပ်မှုအားနည်းခြင်းဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
" ပါမစ်မြေနဲ့ ဂရန်မြေပဲ အရောင်းအဝယ် ခိုင်မာတယ်။ ရွာမြေကတော့ ပြဿနာမရှိဘူး။ ရွာ မြေက ခိုင်မာတယ်။ လယ်မြေအကွက်ရိုက် ရောင်း နေတာကို အခိုင်အမာပဲလို့ သုံးသပ်ပြီး ဝယ်ကြ တာတွေရှိတယ်။ အခုလို လယ်ကို အကွက်ရိုက် ရောင်းတာတော့ ပြည်ထဲရေးနဲ့ပဲ ဆိုင်တာပေါ့။ အထွေထွေအုပ်ချုပ်ရေးရယ်၊ မြေစာရင်းရယ် ကြီး ကြပ်မှုအားနည်းတာပေါ့။ ဒါတွေက အကုန်ဆိုင် သွားတာပေါ့။ သူတို့မျက်လုံးမှိတ်ထားတာလား။ ဘာ အကြောင်းရှိလဲတော့ မသိဘူး။ မြေကိစ္စဆိုရင် စစ် ရင်ပေါ်တာပေါ့။ စည်ပင်လည်းဆိုင်တာပဲ။ အဆောက် အအုံဆောက်လုပ်ခွင့်ဆိုရင် ဒီမြေက ပါမစ်မြေလား၊ ဂရန်မြေလား ဒါမှအဆောက်အအုံဆောက်လုပ်ခွင့် ရတာလေ။ ဂရန်ဆိုတာလည်း နှစ် (၃၀) အငှားချတာ။ နှစ် (၆၀) အငှားချတာ။ နိုင်ငံတော်က အငှားတွေ ပါမစ်တွေချပေးထားမှ ဒါက စီမံကိန်းတွေမရှိရင် ကိုယ်က ခိုင်ခိုင်မာမာနေလို့ရမှာလေ။ အဲဒါကို လယ်ကွက်ကိုရောင်းပြီး ဘာဂရန်မှမရှိဘဲ ဘာကို ခိုင်ခိုင်မာမာတည်ဆောက်နေလည်း မသိဘူး" ဟု ၎ငိးက ပြောသည်။
ထို့ကြောင့် လယ်မြေများကို အခြားနည်း ဖြင့် သုံးစွဲခွင့် ရရှိခြင်းမျိုးမရှိဘဲ အကွက်ရိုက်ရောင်းချနေမှုများရှိနေသည့်အတွက် နိုင်ငံတော်အနေဖြင့် ပြန်လည်သိမ်းယူရန်လိုအပ်နေကြောင်းလည်း ၎င်းက အကြံပြုတိုက်တွန်းထားသည်။
" နိုင်ငံတော်ကတော့ ရှင်းရှင်းလေးပဲလေ။ သူပိုင်တဲ့မြေ လယ်မစိုက်ရင် သိမ်းရမှာပေါ့။ ပြန်သိမ်း ရမှာပဲ။ သိမ်းသင့်တာ မဟုတ်ဘူး။ သိမ်းကို သိမ်းရမှာ။ လယ်မြေကို လယ်စိုက်ရမှာ။ ဥပဒေရှိတယ်လေ။ စပါး စိုက်တဲ့လူသာ လယ်ပိုင်ရတယ်။ လယ်မြေကျတော့ လယ်ပဲစိုက်ရမှာလေ။ လယ်မြေပေါ်မှာ အဆောက် အအုံဆောက်ချင်ရင် နိုင်ငံတော်က လိုအပ်မှ လယ်မြေကို အဆောက်အအုံဆောက်ခွင့်ပေးတာ လေ။ မြို့ပြအိမ်ရာဖော်မှရမှာလေ" ဟု ၎င်းက ဆက်လက်ပြောသည်။

Zawgyi Version:
လယ္မစိုက္ဘဲ အကြက္႐ိုက္ကာ ေျမေရာင္းခ်မႈမ်ားလာေသာေၾကာင့္ ႏိုင္ငံေတာ္အေနျဖင့္ ျပန္သိမ္းရန္လို
Peral (NP News) - စက္တင္ဘာလ ၁ဝ
လယ္မစိုက္ဘဲ အကြက္႐ိုက္၍ ေျမေရာင္း ခ်မႈမ်ားပိုမ်ားလာေသာေၾကာင့္ ႏိုင္ငံေတာ္အေနျဖင့္ ျပန္လည္ သိမ္းယူရန္လိုေၾကာင္း ျပည္ထဲေရးဌာနအရာရွိေဟာင္းတစ္ဦးက NP News သို႔ ေျပာၾကားထားခ်က္မ်ားအရ သည္။
ရန္ကုန္တိုင္းေဒသႀကီးရွိ ေမွာ္ဘီၿမိဳ႕နယ္၊ ေ႐ႊျပည္သာၿမိဳ႕နယ္ႏွင့္ လႈိင္သာယာၿမိဳ႕နယ္ အပါ အဝင္ ၿမိဳ႕နယ္အခ်ိဳ႕တြင္လည္းေကာင္း၊ အျခား တိုင္းေဒသႀကီးရွိ ၿမိဳ႕နယ္အခ်ိဳ႕တြင္လည္းေကာင္း လယ္ေျမမ်ားကို အကြက္႐ိုက္၍ေရာင္းခ်မႈ ပိုမ်ား လာ‌ေၾကာင္း သိရသည္။
အခ်ိဳ႕လယ္ေျမမ်ားတြင္လည္း လူေနႏွင့္ စီးပြားေရးသုံးအေဆာက္အအုံမ်ား ေဆာက္လုပ္ ထားသည့္အျပင္ အကြက္႐ိုက္ေရာင္းခ်ရန္အတြက္ ကြန္ကရစ္လမ္းမ်ားေဖာက္လုပ္ျခင္း၊ လွ်ပ္စစ္မီးတိုင္ မ်ား သြယ္တန္းျခင္းမ်ိဳးအထိပင္ ေဆာင္႐ြက္ေနသည္ကိုေတြ႕ရေၾကာင္း ျပည္ထဲေရးဌာနအရာရွိ ေဟာင္းတစ္ဦးက ဆိုသည္။
" လယ္ေျမကို အကြက္႐ိုက္ေရာင္းတာ ပိုလုပ္လာၾကတယ္။ ဥယ်ာဥ္ၿခံေျမနဲ႔ ႐ြာေျမက နည္း နည္းေလး ခိုင္မာေသးတယ္လို႔ ေျပာလို႔ရတယ္။ ဥယ်ာဥ္ၿခံေျမေရာင္းတာကိုေတာ့ သိပ္ၿပီးေတာ့ မေျပာ လိုဘူး။ အဆိုးဆုံးကေတာ့ လယ္ေျမေတြကို အကြက္ ႐ိုက္ၿပီး ေရာင္းစားေနတာ။ ဓာတ္တိုင္ေတြက အစ၊ လွ်ပ္စစ္မီတာေတြ၊ လွ်ပ္စစ္ႀကိဳးေတြကအစ ရေန တယ္။ ေျပာရရင္ေတာ့ အကုန္ႏြယ္မွာ။ ေမွာ္ဘီနဲ႔ ေ႐ႊျပည္သာ နယ္စပ္မွာလည္းရွိတယ္။ အဲဒီမွာ လယ္ ေျမကို အကြက္႐ိုက္ၿပီးေရာင္းေနတာ။ အလားတူပဲ ထန္းတပင္နဲ႔လႈိင္သာယာအစပ္မွာလည္း အဲဒီ အတိုင္းပဲ စက္႐ုံေတြေတာင္ ေဆာက္ထားတယ္။ လယ္ေျမေတြကို အျခားနည္းလမ္းနဲ႔ သုံးစြဲဖို႔အတြက္ ႏိုင္ငံေတာ္ကို ေလွ်ာက္ၿပီးမွ ေဆာက္ရတာေလ။ ေျပာရရင္ေတာ့ ေျပာလို႔ မေကာင္းတာေတာ့ ရွိတယ္။ တခ်ိဳ႕က ေနာက္တိုးဂရန္ေတြလည္း ရေနတယ္။ ဘယ္လို ရေနလဲမသိဘူး။ အခုက ဂရန္ေတြလည္း ခ်မေပးဘူးေလ။ ဂရန္တို႔ သက္တမ္းတိုးတာတို႔က ရပ္ထားတာ ၾကာၿပီေလ။ တရားဝင္ဆိုင္းငံ့ထားတာ ေလစည္ပင္နဲ႔ အိုးအိမ္နဲ႔က။ ေလွ်ာက္ေပမယ့္ဆိုင္း ငံ့ပဲေလ" ဟု ျပည္ထဲေရးဌာနအရာရွိေဟာင္းတစ္ဦးက NP News သို႔ေျပာသည္။
ေျမေရာင္းဝယ္မႈ ျပဳလုပ္ရာတြင္ ပါမစ္ ေျမႏွင့္ ဂရန္ေျမသာ အေရာင္းအဝယ္ခိုင္မာၿပီး ယခု ကဲ့သို႔ လယ္ေျမမ်ားကို အကြက္႐ိုက္ေရာင္းဝယ္ ေနမႈမ်ား၊ အေဆာက္အအုံေဆာက္လုပ္ေနမႈမ်ားသည္ သက္ဆိုင္ရာတာဝန္ရွိသူမ်ား၏ ႀကီးၾကပ္မႈအားနည္းျခင္းျဖစ္ေၾကာင္းလည္း ၎ကဆိုသည္။
" ပါမစ္ေျမနဲ႔ ဂရန္ေျမပဲ အေရာင္းအဝယ္ ခိုင္မာတယ္။ ႐ြာေျမကေတာ့ ျပႆနာမရွိဘူး။ ႐ြာ ေျမက ခိုင္မာတယ္။ လယ္ေျမအကြက္႐ိုက္ ေရာင္း ေနတာကို အခိုင္အမာပဲလို႔ သုံးသပ္ၿပီး ဝယ္ၾက တာေတြရွိတယ္။ အခုလို လယ္ကို အကြက္႐ိုက္ ေရာင္းတာေတာ့ ျပည္ထဲေရးနဲ႔ပဲ ဆိုင္တာေပါ့။ အေထြေထြအုပ္ခ်ဳပ္ေရးရယ္၊ ေျမစာရင္းရယ္ ႀကီး ၾကပ္မႈအားနည္းတာေပါ့။ ဒါေတြက အကုန္ဆိုင္ သြားတာေပါ့။ သူတို႔မ်က္လုံးမွိတ္ထားတာလား။ ဘာ အေၾကာင္းရွိလဲေတာ့ မသိဘူး။ ေျမကိစၥဆိုရင္ စစ္ ရင္ေပၚတာေပါ့။ စည္ပင္လည္းဆိုင္တာပဲ။ အေဆာက္ အအုံေဆာက္လုပ္ခြင့္ဆိုရင္ ဒီေျမက ပါမစ္ေျမလား၊ ဂရန္ေျမလား ဒါမွအေဆာက္အအုံေဆာက္လုပ္ခြင့္ ရတာေလ။ ဂရန္ဆိုတာလည္း ႏွစ္ (၃၀) အငွားခ်တာ။ ႏွစ္ (၆၀) အငွားခ်တာ။ ႏိုင္ငံေတာ္က အငွားေတြ ပါမစ္ေတြခ်ေပးထားမွ ဒါက စီမံကိန္းေတြမရွိရင္ ကိုယ္က ခိုင္ခိုင္မာမာေနလို႔ရမွာေလ။ အဲဒါကို လယ္ကြက္ကိုေရာင္းၿပီး ဘာဂရန္မွမရွိဘဲ ဘာကို ခိုင္ခိုင္မာမာတည္ေဆာက္ေနလည္း မသိဘူး" ဟု ၎ငိးက ေျပာသည္။
ထို႔ေၾကာင့္ လယ္ေျမမ်ားကို အျခားနည္း ျဖင့္ သုံးစြဲခြင့္ ရရွိျခင္းမ်ိဳးမရွိဘဲ အကြက္႐ိုက္ေရာင္းခ်ေနမႈမ်ားရွိေနသည့္အတြက္ ႏိုင္ငံေတာ္အေနျဖင့္ ျပန္လည္သိမ္းယူရန္လိုအပ္ေနေၾကာင္းလည္း ၎က အႀကံျပဳတိုက္တြန္းထားသည္။
" ႏိုင္ငံေတာ္ကေတာ့ ရွင္းရွင္းေလးပဲေလ။ သူပိုင္တဲ့ေျမ လယ္မစိုက္ရင္ သိမ္းရမွာေပါ့။ ျပန္သိမ္း ရမွာပဲ။ သိမ္းသင့္တာ မဟုတ္ဘူး။ သိမ္းကို သိမ္းရမွာ။ လယ္ေျမကို လယ္စိုက္ရမွာ။ ဥပေဒရွိတယ္ေလ။ စပါး စိုက္တဲ့လူသာ လယ္ပိုင္ရတယ္။ လယ္ေျမက်ေတာ့ လယ္ပဲစိုက္ရမွာေလ။ လယ္ေျမေပၚမွာ အေဆာက္ အအုံေဆာက္ခ်င္ရင္ ႏိုင္ငံေတာ္က လိုအပ္မွ လယ္ေျမကို အေဆာက္အအုံေဆာက္ခြင့္ေပးတာ ေလ။ ၿမိဳ႕ျပအိမ္ရာေဖာ္မွရမွာေလ" ဟု ၎က ဆက္လက္ေျပာသည္။

Related news

© 2021. All rights reserved.