KIA လက်နက်ကိုင်အဖွဲ့၏ အကူအညီဖြင့် မြန်မာနိုင်ငံမှ ရှားပါးမြေနမူနာများကိုရယူရန် အိန္ဒိယအစိုးရလုပ်ဆောင်နေ‌

 919

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၁
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံအတွင်းရှိ အင်အားကြီးလက်နက်ကိုင်အဖွဲ့တစ်ခု၏ အကူအညီဖြင့် မြန်မာနိုင်ငံမှ ရှားပါးမြေနမူနာများကို ရယူရန် လုပ်ဆောင်နေကြောင်း အဆိုပါကိစ္စနှင့်ရင်းနှီးသည့်လူ(၄)ဦး၏ ပြောဆိုချက်များအရ သိရသည်။
အိန္ဒိယ သတ္တုတွင်းဝန်ကြီးဌာနသည် KIA လက်နက်ကိုင်အဖွဲ့ထိန်းချုပ်မှုအောက်တွင်ရှိသော မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းရှိ မိုင်းတွင်းများမှ နမူနာများကို စုဆောင်းရန် နှင့် သယ်ယူပို့ဆောင်ရန် အစိုးရပိုင်နှင့် ပုဂ္ဂလိကကုမ္ပဏီများကို တောင်းဆိုခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
ရှားပါးသောမြေသံလိုက်များ စီးပွားဖြစ်ထုတ်လုပ်ရေးအတွက် ပြီးခဲ့သည့်နှစ်တွင် အစိုးရ ရန်ပုံငွေကို လက်ခံရရှိခဲ့သော နိုင်ငံပိုင်သတ္တုတွင်းလုပ်ငန်း IREL နှင့် ပုဂ္ဂလိကကုမ္ပဏီ Midwest Advanced Materials တို့သည် ဆွေးနွေးပွဲများတွင် ပါဝင်ခဲ့ကြသည့် ကုမ္ပဏီများထဲတွင် ပါဝင်ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
အဆိုပါမြေနမူနာများတွင် အီလက်ထရွန်းနစ်ယာဉ်များ နှင့် အခြားအဆင့်မြင့်စက်ပစ္စည်းများတွင် အသုံးပြုသည့် သံလိုက်အဖြစ်သို့ ပြောင်းလဲနိုင်စေမည့် ရှားပါးမြေအဆင့်များအလုံအလောက် ပါဝင်ကြောင်း သေချာစေရန်အတွက် ပြည်တွင်းဓါတ်ခွဲခန်းများတွင် စမ်းသပ်မှုများလုပ်ဆောင်သွားရန် အိန္ဒိယအစိုးရက မျှော်လင့်ထားကြောင်း သိရသည်။
အိန္ဒိယသတ္တုတွင်းဝန်ကြီးဌာနသည် အဆိုပါတောင်းဆိုမှုကို ပြီးခဲ့သည့်ဇူလိုင်လက လုပ်ဆောင်ခဲ့သော အွန်လိုင်းတွေ့ဆုံမှုတစ်ခုအတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါအွန်လိုင်းအစည်းအဝေးကို IREL၊ Midwest နှင့် အခြားကုမ္ပဏီတစ်ခုမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြကြောင်း သတင်းရင်းမြစ်များထဲမှတစ်ဦးက ထုတ်ပြန်ပြောကြားခဲ့သည်။
ထို့ပြင် KIA လက်နက်ကိုင်အဖွဲ့သည် အိန္ဒိယ၏ ခွဲခြမ်းစိတ်ဖြာမှုများအတွက် မြေနမူနာများကို စတင်စုဆောင်းနေပြီဖြစ်ကြောင်း KIA လက်နက်ကိုင်အဖွဲ့တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့သည်။အိန္ဒိယနိုင်ငံသို့ မြန်မာနိုင်ငံမှမြေနမူနာများ အမြောက်အများတင်ပို့ရန် ဖြစ်နိုင်ခြေ ရှိ/မရှိ အကဲဖြတ်ရန်အတွက် KIA လက်နက်ကိုင်အဖွဲ့က သဘောတူညီခဲ့ကြောင်း အဆိုပါတာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုများကို အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၊သတ္တုတွင်းဝန်ကြီးဌာန၊ IREL ကုမ္ပဏီ၊ Midwest ကုမ္ပဏီ နှင့် KIA လက်နက်ကိုင်အဖွဲ့ပြောရေးဆိုခွင့်ရှိသူတို့က ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားခြင်းမျိုးမရှိသေးကြောင်း သိရသည်။

Zawgyi Version:
KIA လက္နက္ကိုင္အဖြဲ႕၏ အကူအညီျဖင့္ ျမန္မာႏိုင္ငံမွ ရွားပါးေျမနမူနာမ်ားကိုရယူရန္ အိႏၵိယအစိုးရလုပ္ေဆာင္ေန‌
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၁
အိႏၵိယႏိုင္ငံသည္ ျမန္မာႏိုင္ငံအတြင္းရွိ အင္အားႀကီးလက္နက္ကိုင္အဖြဲ႕တစ္ခု၏ အကူအညီျဖင့္ ျမန္မာႏိုင္ငံမွ ရွားပါးေျမနမူနာမ်ားကို ရယူရန္ လုပ္ေဆာင္ေနေၾကာင္း အဆိုပါကိစၥႏွင့္ရင္းႏွီးသည့္လူ(၄)ဦး၏ ေျပာဆိုခ်က္မ်ားအရ သိရသည္။
အိႏၵိယ သတၱဳတြင္းဝန္ႀကီးဌာနသည္ KIA လက္နက္ကိုင္အဖြဲ႕ထိန္းခ်ဳပ္မႈေအာက္တြင္ရွိေသာ ျမန္မာႏိုင္ငံအေရွ႕ေျမာက္ပိုင္းရွိ မိုင္းတြင္းမ်ားမွ နမူနာမ်ားကို စုေဆာင္းရန္ ႏွင့္ သယ္ယူပို႔ေဆာင္ရန္ အစိုးရပိုင္ႏွင့္ ပုဂၢလိကကုမၸဏီမ်ားကို ေတာင္းဆိုခဲ့ေၾကာင္း သတင္းရင္းျမစ္မ်ားက ေျပာၾကားခဲ့သည္။
ရွားပါးေသာေျမသံလိုက္မ်ား စီးပြားျဖစ္ထုတ္လုပ္ေရးအတြက္ ၿပီးခဲ့သည့္ႏွစ္တြင္ အစိုးရ ရန္ပုံေငြကို လက္ခံရရွိခဲ့ေသာ ႏိုင္ငံပိုင္သတၱဳတြင္းလုပ္ငန္း IREL ႏွင့္ ပုဂၢလိကကုမၸဏီ Midwest Advanced Materials တို႔သည္ ေဆြးေႏြးပြဲမ်ားတြင္ ပါဝင္ခဲ့ၾကသည့္ ကုမၸဏီမ်ားထဲတြင္ ပါဝင္ေၾကာင္း သတင္းရင္းျမစ္မ်ားက ေျပာၾကားခဲ့သည္။
အဆိုပါေျမနမူနာမ်ားတြင္ အီလက္ထ႐ြန္းနစ္ယာဥ္မ်ား ႏွင့္ အျခားအဆင့္ျမင့္စက္ပစၥည္းမ်ားတြင္ အသုံးျပဳသည့္ သံလိုက္အျဖစ္သို႔ ေျပာင္းလဲႏိုင္ေစမည့္ ရွားပါးေျမအဆင့္မ်ားအလုံအေလာက္ ပါဝင္ေၾကာင္း ေသခ်ာေစရန္အတြက္ ျပည္တြင္းဓါတ္ခြဲခန္းမ်ားတြင္ စမ္းသပ္မႈမ်ားလုပ္ေဆာင္သြားရန္ အိႏၵိယအစိုးရက ေမွ်ာ္လင့္ထားေၾကာင္း သိရသည္။
အိႏၵိယသတၱဳတြင္းဝန္ႀကီးဌာနသည္ အဆိုပါေတာင္းဆိုမႈကို ၿပီးခဲ့သည့္ဇူလိုင္လက လုပ္ေဆာင္ခဲ့ေသာ အြန္လိုင္းေတြ႕ဆုံမႈတစ္ခုအတြင္း ျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ အဆိုပါအြန္လိုင္းအစည္းအေဝးကို IREL၊ Midwest ႏွင့္ အျခားကုမၸဏီတစ္ခုမွ ကိုယ္စားလွယ္မ်ားတက္ေရာက္ခဲ့ၾကေၾကာင္း သတင္းရင္းျမစ္မ်ားထဲမွတစ္ဦးက ထုတ္ျပန္ေျပာၾကားခဲ့သည္။
ထို႔ျပင္ KIA လက္နက္ကိုင္အဖြဲ႕သည္ အိႏၵိယ၏ ခြဲျခမ္းစိတ္ျဖာမႈမ်ားအတြက္ ေျမနမူနာမ်ားကို စတင္စုေဆာင္းေနၿပီျဖစ္ေၾကာင္း KIA လက္နက္ကိုင္အဖြဲ႕တာဝန္ရွိသူတစ္ဦးက ထုတ္ေဖာ္ေျပာဆိုခဲ့သည္။အိႏၵိယႏိုင္ငံသို႔ ျမန္မာႏိုင္ငံမွေျမနမူနာမ်ား အေျမာက္အမ်ားတင္ပို႔ရန္ ျဖစ္ႏိုင္ေျခ ရွိ/မရွိ အကဲျဖတ္ရန္အတြက္ KIA လက္နက္ကိုင္အဖြဲ႕က သေဘာတူညီခဲ့ေၾကာင္း အဆိုပါတာဝန္ရွိသူ၏ ေျပာၾကားခ်က္အရ သိရသည္။
အဆိုပါကိစၥႏွင့္ပတ္သက္ၿပီး မွတ္ခ်က္ေပးရန္ ေတာင္းဆိုမႈမ်ားကို အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးဌာန၊သတၱဳတြင္းဝန္ႀကီးဌာန၊ IREL ကုမၸဏီ၊ Midwest ကုမၸဏီ ႏွင့္ KIA လက္နက္ကိုင္အဖြဲ႕ေျပာေရးဆိုခြင့္ရွိသူတို႔က ခ်က္ခ်င္းျပန္လည္တုံ႔ျပန္ေျဖၾကားျခင္းမ်ိဳးမရွိေသးေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.