အကျင့်ပျက်ခြစားမှုနှင့် စီမံခန့်ခွဲမှုအလွဲများအပေါ် အာရှလူငယ်တို့၏ အမျက်ဒေါသ အကြမ်းဖက် မင်းမဲ့စရိုက်အသွင် ပြောင်းလဲသွားခဲ့ (ဘာသာပြန်ဆောင်းပါး)

276

#HtayOung #OungMarine(စက်တင်ဘာ-၁၁၊ ၂၀၂၅)
===
နီပေါနိုင်ငံဟာ အစိုးရဆန့်ကျင်ရေး အကြမ်းဖက်ဆန္ဒပြမှုများကြောင့် တုန်လှုပ်သွားခဲ့ရတဲ့ အာရှနိုင်ငံများ စာရင်း မှာ ယခုနောက်ဆုံး ထည့်သွင်းခံလိုက်ရပါတယ်။ အဲ့ဒီ ဆန္ဒပြမှုများကို အကျင့်ပျက်ခြစားမှုနဲ့ စီးပွားရေး အခက် အခဲများအပေါ် ဒေါသထွက်နေတဲ့ လူငယ်များက အဓိကဦးဆောင်ခဲ့ခြင်းဖြစ်တယ်လို့ “ဘလွန်းဘတ်” (9 September 2025) က ရေးပါတယ်။
အစိုးရထံ အချိန်မီ မှတ်ပုံတင်ခြင်း မရှိကြောင်း အကြောင်းပြချက်နဲ့ ဖေ့စ်ဘုတ်နဲ့ ယူကျု့ဒ်အပါအဝင် လူမှု မီဒီ ယာပလက်ဖောင်း ၂၀ ကျော်ကို ပိတ်ပင်လိုက်ပြီးနောက် မငြိမ်သက်မှုအခြေအနေများ စတင်ဖြစ်ပေါ်ခဲ့ပါတယ်။ အဲ့ဒီ တားမြစ်မှုကို မကြာမီ ပြန်လည်ရုပ်သိမ်းခဲ့ပေမယ့် ပဋိပက္ခများကြောင့် ၃၀-ဦးထက်မနည်း သေဆုံး၊ လူရာ ချီဒဏ်ရာရရှိခဲ့ရပြီး ဝန်ကြီးချုပ်နုတ်ထွက်ရတဲ့အထိ ဖြစ်လာခဲ့ရတယ်လို့ ဒေသခံမီဒီယာများက ဖော်ပြခဲ့ပါတယ်။
ဆန္ဒပြသူမျာရဲ့ တောင်းဆိုချက်များမှာ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေး၊ တရားမျှတဲ့ အုပ်ချုပ်မှုနဲ့ အခွင့်ထူး ခံတို့အပေါ် ဒေါသထွက်မှုများအထိ ကျယ်ပြန့်လာခဲ့ပါတယ်။ နှစ်စဉ်ပျမ်းမျှဝင်ငွေ အမေရိကန်ဒေါ်လာ ၁,၄၀၀ ခန့်သာရှိတဲ့ ဟိမဝန္တာတောင်တန်းဒေသ နိုင်ငံတစ်ခုမှာ (နီပိုကစ်) “နီပို ချာတိတ်” ခေါ် “နီးစပ်ရာ/ ဆွေမျိုးသား ချင်း ကောင်းစားရေးဝါဒ” က မွေးဖွားပေးလိုက်တဲ့ ကျိကျိတက်ချမ်းသာနေသူများအပေါ် မကျေမနပ်ဖြစ်မှု ကြောင့် နီပေါလူငယ်များက သူတို့ရဲ့လှုပ်ရှားမှုကို "ဂျင်းဇီ ဆန္ဒပြမှု" လို့ အမည်ပေးခဲ့ကြပါတယ်။
လွန်ခဲ့တဲ့နှစ်များအတွင်း လူငယ်ဆန္ဒပြသူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝှမ်းမှာ စုဝေးခဲ့ကြပါတယ်။ လွတ် လပ်ရေးရရှိပြီးနောက်ပိုင်း တိုင်းပြည်ကို နှစ်ပေါင်းအကြာဆုံး အုပ်ချုပ်ခဲ့သူ ရှိတ်ဟာစီနာ ရာထူးမှ ဖယ်ရှားခံရ မှုမှာ အဆုံးသတ်သွားခဲ့ပါတယ်။ အဲ့ဒီနောက် ယခုနှစ် အင်ဒိုနီးရှားနိုင်ငံ လမ်းမများပေါ်မှာ ဆန္ဒပြသူများ ရောက် ရှိလာပါတယ်။ အခြေခံကုန်ပစ္စည်း ဈေးမြင့်တက်ခြင်း၊ အခွန်နှုန်းထားများ တိုးမြှင့်ကောက်ခံခြင်း၊ အလုပ်လက်မဲ့ ထူပြောပြီး ဆင်းရဲကြပ်တည်းသူ များပြားတဲ့ တိုင်ပြည်မှာ လွှတ်တော်အမတ်များကို အိမ်ယာထောက်ပံ့ကြေးနဲ့ ဒေါ်လာ ၃၀၀၀ ခန့် လစာခံစားခွင့်ပေးခြင်း၊ အကျင့်ပျက်ခြစားမှုနဲ့ အခွင့်ထူးခံမှုတို့အပေါ် ဆန့်ကျင်ရာက ပိုမိုကျယ်ပြန့်တဲ့ လူထုလှုပ်ရှားမှုအဖြစ် ပေါက်ကွဲသွားခဲ့ပါတယ်။
အင်ဒိုနီးရှားဖြစ်စဉ်အပြီး ရက်ပိုင်းအကြာမှာ နီပေါဆန္ဒပြပွဲများ ဖြစ်ပေါ်လာကြောင်း တွေ့ရှိရတယ်။ အာရှတိုက် အဲ့ဒီ ၃-နိုင်ငံစလုံးမှာ ရှေ့တန်းမှ ကန့်ကွက်ခဲ့သူတွေဟာ လူငယ်လေးများဖြစ်နေပြီး၊ စီးပွားရေးအရ အားငယ် စိတ်ပျက်မှု၊ အုပ်ချုပ်သူတို့ရဲ့ အဂတိလိုက်စားမှုနဲ့ ရေပေါ်ဆီလူတန်းစားတို့ရဲ့ အခွင့်ထူးခံမှုတို့ကို ဒေါသထွက် နေသူများဖြစ်ပါတယ်။ နီပေါဟာ ဆယ်စုနှစ်ကြာ မော်ဝါဒီသူပုန်ထမှုမှာ လူ ၁၇,၀၀၀ ကျော်သေဆုံးပြီး ၂၀၀၈ ခုနှစ် ဘုရင်စနစ်ဖျက်သိမ်းရေးကို ဦးတည်စေခဲ့တဲ့ ဆူပူအုံကြွမှုမျိုး သက်သက် မဟုတ်တော့ပါဘူး။ အစိုးရရဲ့ အလျော့ပေးမှုနဲ့ ဝန်ကြီးချုပ်နှုတ်ထွက်ခြင်းတို့ဟာ လုံလောက်မှု ရှိ-မရှိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး၊ သေချာတာကတော့ အာရှတစ်ဝှမ်းက လူငယ်တွေဟာ အပြောင်းအလဲကို ဒေါသတကြီး တောင်းဆိုနေကြခြင်း ဖြစ်တယ်လို့ ဘလွန်းဘတ်က ရေးပါတယ်။
နီပေါနိုင်ငံကို “ရာနာမင်းဆက်”က ၁၀၄-နှစ်ကြာအုပ်ချုပ်ခဲ့ပြီး ၁၉၅၁-ခုနှစ် “ဒီမိုကရေစီတော်လှန်ရေးလှုပ်ရှားမှု” နဲ့ ဘုရင်စနစ်ကို ဖယ်ရှားခဲ့ပါတယ်။ ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ပေ့မယ့် ၂၀၀၅-ခုနှစ်အထိ နီပေါဘု ရင်များက ၂-ကြိမ်တိုင် လွှတ်တော်ကို ရပ်ဆိုင်းစေခဲ့ပါတယ်။ ၂၀၀၈-ခုနှစ်မှာတော့ ဘုရင်စနစ်ကို အပြီးတိုင် ဖယ်ရှားခဲ့ပြီး ဘာသာရေးအရောင်လွှမ်းမိုးမှု မရှိတဲ့ နီပေါဖက်ဒရယ်သမ္မတနိုင်ငံတော်ကို ထူထောင်ခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ ၁၇- နှစ်အတွင်း အစိုးရဖွဲ့စည်းမှု ၁၃-ကြိမ်ရှိခဲ့ပေမယ့် အဆုံးမသတ်နိုင်တဲ့ နိုင်ငံရေး မတည်ငြိမ်မှုနဲ့ အကျင့်ပျက်ခြစားမှု အမြစ်တွယ်နေခြင်းတို့ကို ပြည်သူအများက စိတ်ပျက်နေကြပါတယ်။ လူဦးရေ သန်း ၃၀ ခန့်ရှိတဲ့ ဟိမဝန္တာတောင်ပေါ်ဒေသ နိုင်ငံမှာ လူငယ်လူရွယ်များအတွက် အလုပ်အကိုင်ရှားပါးပြီး ပြည်ပနိုင်ငံ များမှာ နီပေါလူငယ် ၅ သန်းကျော် ၆ သန်းအထိ ရွှေ့ပြောင်းအလုပ်သမားဖြစ်နေကြရပါတယ်။ ကုန်ထုတ်လုပ်မှု ကျဆင်းပြီး တိုင်းပြည်ရဲ့ GDP ၃၃% ဟာ “ပြည်ပထွက်ခွာ လုပ်လုပ်ခွင့်ပါမစ်” ထုတ်ပေးခြင်းနဲ့ ပြည်ပရောက် နိုင်ငံသားတို့ရဲ့ မိသားစုလွှဲငွေများအပေါ် မှီခိုနေရတဲ့အဖြစ်ကို ရောက်ရှိလာပါတယ်။
ဒီအတွက် ယခုနှစ် မေလ မြို့တော် ခတ္တမန္ဒူမှာ ဘုရင် “ဂျာနန္ဒြာ” ပြန်လည်ပြီး စည်းမျဉ်းခံဘုရင်စနစ်နဲ့ “ဟိန္ဒူ ဧကရာဇ်နိုင်ငံတော်” ထူထောင်ရေး လူထုဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပါတယ်။ တိုင်းပြည်ရဲ့လူဦးရေ ထက်ဝက်ကျော် ဟာ ဘုရင်စနစ်ကို ပြန်လည်အသက်သွင်းဖို့ လိုလားကြတယ်လို့ စစ်တမ်းများက ဖော်ပြပေမယ့် အာဏာရ ကွန် မြူနစ်ပါတီအစိုးရကတော့ ဂျာနန္ဒြာ အနေနဲ့ ပါတီထူထောင်ပြီး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။
၂၀၂၅-ခုနှစ် စက်တင်ဘာလ နီပေါနိုင်ငံတစ်ဝှန်းမှာ ဂျင်းဇီ ကျောင်းသားများနဲ့ လူငယ်များပါဝင်တဲ့ လူမှုကွန် ရက်ကင်ပိန်းကို စတင်ခဲ့ပါတယ်။ အုပ်ချုပ်ရေးအဖွဲ့ဝင်များနဲ့ ၎င်းတို့ မိသားစုဝင်များရဲ့ အဂတိလိုက်စားမှု၊ အ ခွင့်ထူးခံမှုများနဲ့ ကျိကျတက်ပိုင်ဆိုင်မှုများကို ဖော်ပြလာကြပါတယ်။ ဒီအတွက် အစိုးရက တစ်နိုင်ငံလုံးအတိုင်း တာနဲ့ လူမှုကွန်ရက် ပလက်ဖောင်း ၂၆-ခုကို ပိတ်ပင်ခဲ့ပါတယ်။
အစိုးရရဲ့ ထုတ်ပြန်ချက်အရ ဒီလိုပိတ်ပင်ရတဲ့ အကြောင်းက သတင်းတုတွေ၊ အမုန်းစကားတွေ ဖြန့်ဝေမှုနဲ့ အွန်လိုင်းလိမ်လည်မှုတွေကို ထိန်းချုပ်ဖို့ဆိုပေမယ့်၊ နီပေါအစိုးရရဲ့ အကျင့်ပျက်ခြစားမှုအထောက်အထားများ ကို ဖော်ထုတ်လွှင့်တင်နေခြင်းမှ တားဆီးရန် အာဏာရှင်ဆန်တဲ့ လုပ်ရပ်လို့ ဆန္ဒပြသူတွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်ခဲ့ကြပါတယ်။ ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများနဲ့ ပြည်တွင်းကျန်ရစ်သူ မိသား စုတို့ ဆက်သွယ်ရာမှာ လူမှုကွန်ရက်ပလက်ဖောင်းများကိုသာ အားကိုးနေရတဲ့အတွက် နီပေါအစိုးရရဲ့ လုပ် လုပ်ဟာ ပြည်သူအများစုကို ဒေါသထွက်စေခဲ့ပါတယ်။ ဒီအတွက် စက်တင်ဘာ ၅-ရက် မြို့တော် ခတ္တမန္ဒူမှာ လူထုဆန္ဒပြပွဲများ စတင် ပေါ်ပေါက်လာပြီး အခြားမြို့များကိုလည်း ကူးစက်သွားပါတယ်။
ဆန္ဒပြမှုတွေကို ထိန်းချုပ်ဖို့ နီပေါရဲတပ်ဖွဲ့က အင်အားသုံးပြု ဖြိုခွင်းခဲ့ပါတယ်။ ရဲတွေဟာ မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆန်တွေ၊ မီးသတ်ပိုက်တွေနဲ့ ဖြိုခွင်းခဲ့ပြီး၊ တချို့ဖြစ်စဉ်တွေမှာ ကျည်အစစ်တွေနဲ့ ပစ်ခတ်တာကိုပါ တွေ့ရှိရပါတယ်။ အဲ့ဒီဖြိုခွင်းမှုကြောင့် လူ ၁၉ ဦး သေဆုံးခဲ့ပြီး၊ လူ ၁၀၀ ကျော် သို့မဟုတ် ၄၀၀ ခန့် ဒဏ်ရာရရှိ ခဲ့ပါတယ်။ ဆန္ဒပြမှုတွေဟာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့တဲ့ အကြမ်းဖက် အဓိကရုန်းအသွင် ပြင်းထန် လာတဲ့အတွက် စက်တင်ဘာ ၈ ရက်နေ့မှာ လူမှုကွန်ရက် ပိတ်ပင်မှုကို ရုပ်သိမ်းလိုက်ကြောင်း နီပေါအစိုးရက ကြေညာခဲ့ပါတယ်။
ဒါပေမယ့် ဆန္ဒပြမှုတွေ လျော့ပါးသွားခြင်း မရှိတာကြောင့် စက်တင်ဘာ ၉ ရက်နေ့မှာ နီပေါဝန်ကြီးချုပ် ကေပီ ရှာမာအိုလီ ဟာ ရာထူးကနေ နုတ်ထွက်လိုက်ပါတယ်။ ဝန်ကြီးချုပ်အပြင် ပြည်ထဲရေးဝန်ကြီးနဲ့ အခြားအစိုးရ အဖွဲ့ဝင် နှစ်ဦးတို့ကလည်း ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။ ဆက်လက်ဖြစ်ပွားနေတဲ့ အဓိကရုန်းဟာ အလွန်ပြင်းထန်ပြီး နှီပေါလွှတ်တော်၊ တရားရုံးချုပ်နဲ့၊ ထင်ရှားတဲ့အစိုးရ အဆောက်အအုံများ၊ သမ္မတရုံးနဲ့ ဝန်ကြီးချုပ်နေအိမ်၊ အစိုးရစုပေါင်းရုံး၊ ယခင်အစိုးရအဖွဲ့ဝင်ဟောင်းတို့ရဲ့ နေအိမ်များ၊ ကွန်မြူနစ် ပါတီရုံးခန်း များဟာ မီးရှို့ဖျက်ဆီးခြင်း ခံရပြီး လူသေဆုံးမှုများ ဖြစ်လာခဲ့တယ်လို့ အင်္ဂလိပ်ဘာသာ အိန္ဒိယသတင်းစာ များက ဖော်ပြကြပါတယ်။
နီပေါနိုင်ငံရဲ့ အမြင့်ဆုံးအဆောက်အဦဖြစ်တဲ့ “ဟီလ်တန်ဟိုတယ်” မီးတင်ရှို့ခံရပြီး ဆူပူ မငြိမ်သက်မှုများ ကြောင့် ခတ္တမန္ဒူ “ထရီဘူဗန်အပြည်ပြည်ဆိုင်ရာလေဆိပ်” ကို ပိတ်ထားလိုက်ရပါတယ်။ လုံခြုံရေးတပ်ဖွဲ့ ဝင် များထံမှ လက်နက်၊ ကျည်ကာအင်္ကျီနဲ့ ဗုံးပစ်လောင်ချာများကို လုယူခြင်း၊ အစိုးရဝန်ကြီးများကို လူစုလူဝေးဖြင့် ဝိုင်းဝန်းရိုက်နှက်ခြင်းများ ဖြစ်ပေါ်လာခဲ့တယ်။ ခတ္တမန္ဒူနဲ့ တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်အသီးသီးတို့ဟာ ဆန္ဒ ပြသူများရဲ့ တိုက်ခိုက်ခြင်းခံရပြီး နောက်ပိုင်း မီးရှို့ခံရတဲ့အတွက် အကျဉ်းသား ၁၃,၀၀၀ ကျော် ထွက်ပြေး လွတ်မြောက်သွားပါတယ်။
ဆန္ဒပြပွဲတွေဟာ မီးရှို့မှု၊ လုယက်မှုနဲ့ အခြား မင်မဲ့စရိုက် အဖျက်အမှောက်များ ပါဝင်လာတဲ့အတွက် စက်တင် ဘာ ၉-ရက်နေ့ ညနေမှာ ခတ္တမန္ဒူမြို့တော်အတွင်း နီပေါစစ်တပ်က ဝင်ရောက်လာခဲ့ပြီး အချက်အချာနေရာ များမှာ တပ်ဖြန့်လိုက်ပါတယ်။ လူ ၅-ဦးထက်ပိုပြီး စုဝေးခြင်း မပြုရန်၊ သတ်မှတ်ချိန်အတွင်း အပြင်မထွက် အမိန့်ကိုလည်း ထုတ်ပြန်လိုက်ပါတယ်။ စက်တင်ဘာ ၁၀-ရက်နေ့အထိ နီပေါစစ်တပ်ဟာ လမ်း-ရပ်ကွက်များ အလိုက် တစ်အိမ်တက်ဆင်းရှာဖွေပြီး ရာဇဝတ်မှု ကျူးလွန်သူ ၂၇-ဦး၊ ဆုံးရှုံးသွားတဲ့ သေနတ် ၇၃-လက်နဲ့ အကျဉ်းသား ၃၀၃-ဦး ကို ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပါတယ်။
နီပေါတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကတော့ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်နေစဉ် အများပြည်သူတို့ အနေနဲ့ တရားဥပဒေစိုးမိုးရေး ဝိုင်းဝန်းကူညီကြရန်၊ ဆန္ဒပြသူများကလည်း အေးချမ်းစွာနေထိုင်ကြရန် မေတ္တာ ရပ်ခံထားပါတယ်။ ဝန်ကြီးချုပ် ကေပီရှာမာအိုလီဟာ ရာထူးမှ နှုတ်ထွက်သွားပြီဆိုပေမယ့် သူ့ရဲ့နေရာကို ဘယ် သူဆက်ခံကြောင်း သတင်းထုတ်ပြန်ခြင်း မရှိပါဘူး၊ နိုင်ငံရေး အသွင်ကူးပြောင်းဖို့အတွက် ရှာမာအိုလီဟာ နီပေါ အိမ်စောင့်အစိုးရ ခေါင်းဆောင်အဖြစ် တာဝန်ယူရလိမ့်မယ်လို့ ယူဆရပြီး ပြည်တွင်းစစ်တန်းလျားတစ်ခုမှာ ရှိနေ ဆဲပဲလို့ ယုံကြည်ရကြောင်း အိန္ဒိယသတင်းစာများက ရေးသားပါတယ်။
.

Zawgyi Version:
အက်င့္ပ်က္ျခစားမႈႏွင့္ စီမံခန႔္ခြဲမႈအလြဲမ်ားအေပၚ အာရွလူငယ္တို႔၏ အမ်က္ေဒါသ အၾကမ္းဖက္ မင္းမဲ့စ႐ိုက္အသြင္ ေျပာင္းလဲသြားခဲ့
(ဘာသာျပန္ေဆာင္းပါး)
#HtayOung #OungMarine(စက္တင္ဘာ-၁၁၊ ၂၀၂၅)
===
နီေပါႏိုင္ငံဟာ အစိုးရဆန႔္က်င္ေရး အၾကမ္းဖက္ဆႏၵျပမႈမ်ားေၾကာင့္ တုန္လႈပ္သြားခဲ့ရတဲ့ အာရွႏိုင္ငံမ်ား စာရင္း မွာ ယခုေနာက္ဆုံး ထည့္သြင္းခံလိုက္ရပါတယ္။ အဲ့ဒီ ဆႏၵျပမႈမ်ားကို အက်င့္ပ်က္ျခစားမႈနဲ႔ စီးပြားေရး အခက္ အခဲမ်ားအေပၚ ေဒါသထြက္ေနတဲ့ လူငယ္မ်ားက အဓိကဦးေဆာင္ခဲ့ျခင္းျဖစ္တယ္လို႔ “ဘလြန္းဘတ္” (9 September 2025) က ေရးပါတယ္။
အစိုးရထံ အခ်ိန္မီ မွတ္ပုံတင္ျခင္း မရွိေၾကာင္း အေၾကာင္းျပခ်က္နဲ႔ ေဖ့စ္ဘုတ္နဲ႔ ယူက်ဳ႕ဒ္အပါအဝင္ လူမႈ မီဒီ ယာပလက္ေဖာင္း ၂၀ ေက်ာ္ကို ပိတ္ပင္လိုက္ၿပီးေနာက္ မၿငိမ္သက္မႈအေျခအေနမ်ား စတင္ျဖစ္ေပၚခဲ့ပါတယ္။ အဲ့ဒီ တားျမစ္မႈကို မၾကာမီ ျပန္လည္႐ုပ္သိမ္းခဲ့ေပမယ့္ ပဋိပကၡမ်ားေၾကာင့္ ၃၀-ဦးထက္မနည္း ေသဆုံး၊ လူရာ ခ်ီဒဏ္ရာရရွိခဲ့ရၿပီး ဝန္ႀကီးခ်ဳပ္ႏုတ္ထြက္ရတဲ့အထိ ျဖစ္လာခဲ့ရတယ္လို႔ ေဒသခံမီဒီယာမ်ားက ေဖာ္ျပခဲ့ပါတယ္။
ဆႏၵျပသူမ်ာရဲ႕ ေတာင္းဆိုခ်က္မ်ားမွာ အလုပ္အကိုင္အခြင့္အလမ္း ရရွိေရး၊ တရားမွ်တဲ့ အုပ္ခ်ဳပ္မႈနဲ႔ အခြင့္ထူး ခံတို႔အေပၚ ေဒါသထြက္မႈမ်ားအထိ က်ယ္ျပန႔္လာခဲ့ပါတယ္။ ႏွစ္စဥ္ပ်မ္းမွ်ဝင္ေငြ အေမရိကန္ေဒၚလာ ၁,၄၀၀ ခန႔္သာရွိတဲ့ ဟိမဝႏၲာေတာင္တန္းေဒသ ႏိုင္ငံတစ္ခုမွာ (နီပိုကစ္) “နီပို ခ်ာတိတ္” ေခၚ “နီးစပ္ရာ/ ေဆြမ်ိဳးသား ခ်င္း ေကာင္းစားေရးဝါဒ” က ေမြးဖြားေပးလိုက္တဲ့ က်ိက်ိတက္ခ်မ္းသာေနသူမ်ားအေပၚ မေက်မနပ္ျဖစ္မႈ ေၾကာင့္ နီေပါလူငယ္မ်ားက သူတို႔ရဲ႕လႈပ္ရွားမႈကို "ဂ်င္းဇီ ဆႏၵျပမႈ" လို႔ အမည္ေပးခဲ့ၾကပါတယ္။
လြန္ခဲ့တဲ့ႏွစ္မ်ားအတြင္း လူငယ္ဆႏၵျပသူေတြဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံတစ္ဝွမ္းမွာ စုေဝးခဲ့ၾကပါတယ္။ လြတ္ လပ္ေရးရရွိၿပီးေနာက္ပိုင္း တိုင္းျပည္ကို ႏွစ္ေပါင္းအၾကာဆုံး အုပ္ခ်ဳပ္ခဲ့သူ ရွိတ္ဟာစီနာ ရာထူးမွ ဖယ္ရွားခံရ မႈမွာ အဆုံးသတ္သြားခဲ့ပါတယ္။ အဲ့ဒီေနာက္ ယခုႏွစ္ အင္ဒိုနီးရွားႏိုင္ငံ လမ္းမမ်ားေပၚမွာ ဆႏၵျပသူမ်ား ေရာက္ ရွိလာပါတယ္။ အေျခခံကုန္ပစၥည္း ေဈးျမင့္တက္ျခင္း၊ အခြန္ႏႈန္းထားမ်ား တိုးျမႇင့္ေကာက္ခံျခင္း၊ အလုပ္လက္မဲ့ ထူေျပာၿပီး ဆင္းရဲၾကပ္တည္းသူ မ်ားျပားတဲ့ တိုင္ျပည္မွာ လႊတ္ေတာ္အမတ္မ်ားကို အိမ္ယာေထာက္ပံ့ေၾကးနဲ႔ ေဒၚလာ ၃၀၀၀ ခန႔္ လစာခံစားခြင့္ေပးျခင္း၊ အက်င့္ပ်က္ျခစားမႈနဲ႔ အခြင့္ထူးခံမႈတို႔အေပၚ ဆန႔္က်င္ရာက ပိုမိုက်ယ္ျပန႔္တဲ့ လူထုလႈပ္ရွားမႈအျဖစ္ ေပါက္ကြဲသြားခဲ့ပါတယ္။
အင္ဒိုနီးရွားျဖစ္စဥ္အၿပီး ရက္ပိုင္းအၾကာမွာ နီေပါဆႏၵျပပြဲမ်ား ျဖစ္ေပၚလာေၾကာင္း ေတြ႕ရွိရတယ္။ အာရွတိုက္ အဲ့ဒီ ၃-ႏိုင္ငံစလုံးမွာ ေရွ႕တန္းမွ ကန႔္ကြက္ခဲ့သူေတြဟာ လူငယ္ေလးမ်ားျဖစ္ေနၿပီး၊ စီးပြားေရးအရ အားငယ္ စိတ္ပ်က္မႈ၊ အုပ္ခ်ဳပ္သူတို႔ရဲ႕ အဂတိလိုက္စားမႈနဲ႔ ေရေပၚဆီလူတန္းစားတို႔ရဲ႕ အခြင့္ထူးခံမႈတို႔ကို ေဒါသထြက္ ေနသူမ်ားျဖစ္ပါတယ္။ နီေပါဟာ ဆယ္စုႏွစ္ၾကာ ေမာ္ဝါဒီသူပုန္ထမႈမွာ လူ ၁၇,၀၀၀ ေက်ာ္ေသဆုံးၿပီး ၂၀၀၈ ခုႏွစ္ ဘုရင္စနစ္ဖ်က္သိမ္းေရးကို ဦးတည္ေစခဲ့တဲ့ ဆူပူအုံႂကြမႈမ်ိဳး သက္သက္ မဟုတ္ေတာ့ပါဘူး။ အစိုးရရဲ႕ အေလ်ာ့ေပးမႈနဲ႔ ဝန္ႀကီးခ်ဳပ္ႏႈတ္ထြက္ျခင္းတို႔ဟာ လုံေလာက္မႈ ရွိ-မရွိ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး၊ ေသခ်ာတာကေတာ့ အာရွတစ္ဝွမ္းက လူငယ္ေတြဟာ အေျပာင္းအလဲကို ေဒါသတႀကီး ေတာင္းဆိုေနၾကျခင္း ျဖစ္တယ္လို႔ ဘလြန္းဘတ္က ေရးပါတယ္။
နီေပါႏိုင္ငံကို “ရာနာမင္းဆက္”က ၁၀၄-ႏွစ္ၾကာအုပ္ခ်ဳပ္ခဲ့ၿပီး ၁၉၅၁-ခုႏွစ္ “ဒီမိုကေရစီေတာ္လွန္ေရးလႈပ္ရွားမႈ” နဲ႔ ဘုရင္စနစ္ကို ဖယ္ရွားခဲ့ပါတယ္။ ပါလီမန္ဒီမိုကေရစီစနစ္ကို က်င့္သုံးခဲ့ေပ့မယ့္ ၂၀၀၅-ခုႏွစ္အထိ နီေပါဘု ရင္မ်ားက ၂-ႀကိမ္တိုင္ လႊတ္ေတာ္ကို ရပ္ဆိုင္းေစခဲ့ပါတယ္။ ၂၀၀၈-ခုႏွစ္မွာေတာ့ ဘုရင္စနစ္ကို အၿပီးတိုင္ ဖယ္ရွားခဲ့ၿပီး ဘာသာေရးအေရာင္လႊမ္းမိုးမႈ မရွိတဲ့ နီေပါဖက္ဒရယ္သမၼတႏိုင္ငံေတာ္ကို ထူေထာင္ခဲ့ၾကပါတယ္။ လြန္ခဲ့တဲ့ ၁၇- ႏွစ္အတြင္း အစိုးရဖြဲ႕စည္းမႈ ၁၃-ႀကိမ္ရွိခဲ့ေပမယ့္ အဆုံးမသတ္ႏိုင္တဲ့ ႏိုင္ငံေရး မတည္ၿငိမ္မႈနဲ႔ အက်င့္ပ်က္ျခစားမႈ အျမစ္တြယ္ေနျခင္းတို႔ကို ျပည္သူအမ်ားက စိတ္ပ်က္ေနၾကပါတယ္။ လူဦးေရ သန္း ၃၀ ခန႔္ရွိတဲ့ ဟိမဝႏၲာေတာင္ေပၚေဒသ ႏိုင္ငံမွာ လူငယ္လူ႐ြယ္မ်ားအတြက္ အလုပ္အကိုင္ရွားပါးၿပီး ျပည္ပႏိုင္ငံ မ်ားမွာ နီေပါလူငယ္ ၅ သန္းေက်ာ္ ၆ သန္းအထိ ေ႐ႊ႕ေျပာင္းအလုပ္သမားျဖစ္ေနၾကရပါတယ္။ ကုန္ထုတ္လုပ္မႈ က်ဆင္းၿပီး တိုင္းျပည္ရဲ႕ GDP ၃၃% ဟာ “ျပည္ပထြက္ခြာ လုပ္လုပ္ခြင့္ပါမစ္” ထုတ္ေပးျခင္းနဲ႔ ျပည္ပေရာက္ ႏိုင္ငံသားတို႔ရဲ႕ မိသားစုလႊဲေငြမ်ားအေပၚ မွီခိုေနရတဲ့အျဖစ္ကို ေရာက္ရွိလာပါတယ္။
ဒီအတြက္ ယခုႏွစ္ ေမလ ၿမိဳ႕ေတာ္ ခတၱမႏၵဴမွာ ဘုရင္ “ဂ်ာနျႏၵာ” ျပန္လည္ၿပီး စည္းမ်ဥ္းခံဘုရင္စနစ္နဲ႔ “ဟိႏၵဴ ဧကရာဇ္ႏိုင္ငံေတာ္” ထူေထာင္ေရး လူထုဆႏၵျပပြဲမ်ား ျဖစ္ပြားခဲ့ပါတယ္။ တိုင္းျပည္ရဲ႕လူဦးေရ ထက္ဝက္ေက်ာ္ ဟာ ဘုရင္စနစ္ကို ျပန္လည္အသက္သြင္းဖို႔ လိုလားၾကတယ္လို႔ စစ္တမ္းမ်ားက ေဖာ္ျပေပမယ့္ အာဏာရ ကြန္ ျမဴနစ္ပါတီအစိုးရကေတာ့ ဂ်ာနျႏၵာ အေနနဲ႔ ပါတီထူေထာင္ၿပီး ေ႐ြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္ႏိုင္တယ္လို႔ တုန႔္ျပန္ခဲ့ပါတယ္။
၂၀၂၅-ခုႏွစ္ စက္တင္ဘာလ နီေပါႏိုင္ငံတစ္ဝွန္းမွာ ဂ်င္းဇီ ေက်ာင္းသားမ်ားနဲ႔ လူငယ္မ်ားပါဝင္တဲ့ လူမႈကြန္ ရက္ကင္ပိန္းကို စတင္ခဲ့ပါတယ္။ အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္မ်ားနဲ႔ ၎တို႔ မိသားစုဝင္မ်ားရဲ႕ အဂတိလိုက္စားမႈ၊ အ ခြင့္ထူးခံမႈမ်ားနဲ႔ က်ိက်တက္ပိုင္ဆိုင္မႈမ်ားကို ေဖာ္ျပလာၾကပါတယ္။ ဒီအတြက္ အစိုးရက တစ္ႏိုင္ငံလုံးအတိုင္း တာနဲ႔ လူမႈကြန္ရက္ ပလက္ေဖာင္း ၂၆-ခုကို ပိတ္ပင္ခဲ့ပါတယ္။
အစိုးရရဲ႕ ထုတ္ျပန္ခ်က္အရ ဒီလိုပိတ္ပင္ရတဲ့ အေၾကာင္းက သတင္းတုေတြ၊ အမုန္းစကားေတြ ျဖန႔္ေဝမႈနဲ႔ အြန္လိုင္းလိမ္လည္မႈေတြကို ထိန္းခ်ဳပ္ဖို႔ဆိုေပမယ့္၊ နီေပါအစိုးရရဲ႕ အက်င့္ပ်က္ျခစားမႈအေထာက္အထားမ်ား ကို ေဖာ္ထုတ္လႊင့္တင္ေနျခင္းမွ တားဆီးရန္ အာဏာရွင္ဆန္တဲ့ လုပ္ရပ္လို႔ ဆႏၵျပသူေတြနဲ႔ လူ႔အခြင့္အေရး အဖြဲ႕ေတြက ေဝဖန္ခဲ့ၾကပါတယ္။ ျပည္ပေရာက္ ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားနဲ႔ ျပည္တြင္းက်န္ရစ္သူ မိသား စုတို႔ ဆက္သြယ္ရာမွာ လူမႈကြန္ရက္ပလက္ေဖာင္းမ်ားကိုသာ အားကိုးေနရတဲ့အတြက္ နီေပါအစိုးရရဲ႕ လုပ္ လုပ္ဟာ ျပည္သူအမ်ားစုကို ေဒါသထြက္ေစခဲ့ပါတယ္။ ဒီအတြက္ စက္တင္ဘာ ၅-ရက္ ၿမိဳ႕ေတာ္ ခတၱမႏၵဴမွာ လူထုဆႏၵျပပြဲမ်ား စတင္ ေပၚေပါက္လာၿပီး အျခားၿမိဳ႕မ်ားကိုလည္း ကူးစက္သြားပါတယ္။
ဆႏၵျပမႈေတြကို ထိန္းခ်ဳပ္ဖို႔ နီေပါရဲတပ္ဖြဲ႕က အင္အားသုံးျပဳ ၿဖိဳခြင္းခဲ့ပါတယ္။ ရဲေတြဟာ မ်က္ရည္ယိုဗုံးေတြ၊ ရာဘာက်ည္ဆန္ေတြ၊ မီးသတ္ပိုက္ေတြနဲ႔ ၿဖိဳခြင္းခဲ့ၿပီး၊ တခ်ိဳ႕ျဖစ္စဥ္ေတြမွာ က်ည္အစစ္ေတြနဲ႔ ပစ္ခတ္တာကိုပါ ေတြ႕ရွိရပါတယ္။ အဲ့ဒီၿဖိဳခြင္းမႈေၾကာင့္ လူ ၁၉ ဦး ေသဆုံးခဲ့ၿပီး၊ လူ ၁၀၀ ေက်ာ္ သို႔မဟုတ္ ၄၀၀ ခန႔္ ဒဏ္ရာရရွိ ခဲ့ပါတယ္။ ဆႏၵျပမႈေတြဟာ ရဲတပ္ဖြဲ႕ဝင္ေတြနဲ႔ ထိပ္တိုက္ေတြ႕တဲ့ အၾကမ္းဖက္ အဓိက႐ုန္းအသြင္ ျပင္းထန္ လာတဲ့အတြက္ စက္တင္ဘာ ၈ ရက္ေန႔မွာ လူမႈကြန္ရက္ ပိတ္ပင္မႈကို ႐ုပ္သိမ္းလိုက္ေၾကာင္း နီေပါအစိုးရက ေၾကညာခဲ့ပါတယ္။
ဒါေပမယ့္ ဆႏၵျပမႈေတြ ေလ်ာ့ပါးသြားျခင္း မရွိတာေၾကာင့္ စက္တင္ဘာ ၉ ရက္ေန႔မွာ နီေပါဝန္ႀကီးခ်ဳပ္ ေကပီ ရွာမာအိုလီ ဟာ ရာထူးကေန ႏုတ္ထြက္လိုက္ပါတယ္။ ဝန္ႀကီးခ်ဳပ္အျပင္ ျပည္ထဲေရးဝန္ႀကီးနဲ႔ အျခားအစိုးရ အဖြဲ႕ဝင္ ႏွစ္ဦးတို႔ကလည္း ရာထူးကေန ႏုတ္ထြက္သြားခဲ့ပါတယ္။ ဆက္လက္ျဖစ္ပြားေနတဲ့ အဓိက႐ုန္းဟာ အလြန္ျပင္းထန္ၿပီး ႏွီေပါလႊတ္ေတာ္၊ တရား႐ုံးခ်ဳပ္နဲ႔၊ ထင္ရွားတဲ့အစိုးရ အေဆာက္အအုံမ်ား၊ သမၼတ႐ုံးနဲ႔ ဝန္ႀကီးခ်ဳပ္ေနအိမ္၊ အစိုးရစုေပါင္း႐ုံး၊ ယခင္အစိုးရအဖြဲ႕ဝင္ေဟာင္းတို႔ရဲ႕ ေနအိမ္မ်ား၊ ကြန္ျမဴနစ္ ပါတီ႐ုံးခန္း မ်ားဟာ မီးရႈိ႕ဖ်က္ဆီးျခင္း ခံရၿပီး လူေသဆုံးမႈမ်ား ျဖစ္လာခဲ့တယ္လို႔ အဂၤလိပ္ဘာသာ အိႏၵိယသတင္းစာ မ်ားက ေဖာ္ျပၾကပါတယ္။
နီေပါႏိုင္ငံရဲ႕ အျမင့္ဆုံးအေဆာက္အဦျဖစ္တဲ့ “ဟီလ္တန္ဟိုတယ္” မီးတင္ရႈိ႕ခံရၿပီး ဆူပူ မၿငိမ္သက္မႈမ်ား ေၾကာင့္ ခတၱမႏၵဴ “ထရီဘူဗန္အျပည္ျပည္ဆိုင္ရာေလဆိပ္” ကို ပိတ္ထားလိုက္ရပါတယ္။ လုံၿခဳံေရးတပ္ဖြဲ႕ ဝင္ မ်ားထံမွ လက္နက္၊ က်ည္ကာအက်ႌနဲ႔ ဗုံးပစ္ေလာင္ခ်ာမ်ားကို လုယူျခင္း၊ အစိုးရဝန္ႀကီးမ်ားကို လူစုလူေဝးျဖင့္ ဝိုင္းဝန္း႐ိုက္ႏွက္ျခင္းမ်ား ျဖစ္ေပၚလာခဲ့တယ္။ ခတၱမႏၵဴနဲ႔ တစ္ႏိုင္ငံလုံးရွိ အက်ဥ္းေထာင္အသီးသီးတို႔ဟာ ဆႏၵ ျပသူမ်ားရဲ႕ တိုက္ခိုက္ျခင္းခံရၿပီး ေနာက္ပိုင္း မီးရႈိ႕ခံရတဲ့အတြက္ အက်ဥ္းသား ၁၃,၀၀၀ ေက်ာ္ ထြက္ေျပး လြတ္ေျမာက္သြားပါတယ္။
ဆႏၵျပပြဲေတြဟာ မီးရႈိ႕မႈ၊ လုယက္မႈနဲ႔ အျခား မင္မဲ့စ႐ိုက္ အဖ်က္အေမွာက္မ်ား ပါဝင္လာတဲ့အတြက္ စက္တင္ ဘာ ၉-ရက္ေန႔ ညေနမွာ ခတၱမႏၵဴၿမိဳ႕ေတာ္အတြင္း နီေပါစစ္တပ္က ဝင္ေရာက္လာခဲ့ၿပီး အခ်က္အခ်ာေနရာ မ်ားမွာ တပ္ျဖန႔္လိုက္ပါတယ္။ လူ ၅-ဦးထက္ပိုၿပီး စုေဝးျခင္း မျပဳရန္၊ သတ္မွတ္ခ်ိန္အတြင္း အျပင္မထြက္ အမိန႔္ကိုလည္း ထုတ္ျပန္လိုက္ပါတယ္။ စက္တင္ဘာ ၁၀-ရက္ေန႔အထိ နီေပါစစ္တပ္ဟာ လမ္း-ရပ္ကြက္မ်ား အလိုက္ တစ္အိမ္တက္ဆင္းရွာေဖြၿပီး ရာဇဝတ္မႈ က်ဴးလြန္သူ ၂၇-ဦး၊ ဆုံးရႈံးသြားတဲ့ ေသနတ္ ၇၃-လက္နဲ႔ အက်ဥ္းသား ၃၀၃-ဦး ကို ျပန္လည္ဖမ္းဆီးႏိုင္ခဲ့ပါတယ္။
နီေပါတပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ကေတာ့ ၿငိမ္းခ်မ္းေရး ျပန္လည္ထူေထာင္ေနစဥ္ အမ်ားျပည္သူတို႔ အေနနဲ႔ တရားဥပေဒစိုးမိုးေရး ဝိုင္းဝန္းကူညီၾကရန္၊ ဆႏၵျပသူမ်ားကလည္း ေအးခ်မ္းစြာေနထိုင္ၾကရန္ ေမတၱာ ရပ္ခံထားပါတယ္။ ဝန္ႀကီးခ်ဳပ္ ေကပီရွာမာအိုလီဟာ ရာထူးမွ ႏႈတ္ထြက္သြားၿပီဆိုေပမယ့္ သူ႔ရဲ႕ေနရာကို ဘယ္ သူဆက္ခံေၾကာင္း သတင္းထုတ္ျပန္ျခင္း မရွိပါဘူး၊ ႏိုင္ငံေရး အသြင္ကူးေျပာင္းဖို႔အတြက္ ရွာမာအိုလီဟာ နီေပါ အိမ္ေစာင့္အစိုးရ ေခါင္းေဆာင္အျဖစ္ တာဝန္ယူရလိမ့္မယ္လို႔ ယူဆရၿပီး ျပည္တြင္းစစ္တန္းလ်ားတစ္ခုမွာ ရွိေန ဆဲပဲလို႔ ယုံၾကည္ရေၾကာင္း အိႏၵိယသတင္းစာမ်ားက ေရးသားပါတယ္။
.