အကျဉ်းသား(၂၀၀)ကျော်ကို ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပြီး ထောင်ပေါင်းများစွာလွတ်မြောက်နေဆဲဖြစ်တယ်လို့ နီပေါ စစ်တပ်ပြော

89

Pika (NP News) - စက်တင်ဘာ ၁၃
နီပေါနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း ထောင်ဖောက်ပြေးခဲ့တဲ့အကျဉ်းသားတစ်သောင်းကျော်အနက် (၂၀၀)ဦးကို ပြန်လည်ဖမ်းဆီးနိုင်ခဲ့တယ်လို့ နီပေါစစ်တပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ နီပေါနိုင်ငံ တစ်ဝှမ်း ဖြစ်ပွားခဲ့တဲ့ မငြိမ်မသက်မှုတွေအတွင်း နိုင်ငံတစ်ဝှမ်းအကျဉ်းထောင်တွေက အကျဉ်းသား(၁၃၅၀၀)ဦး ထွက်ပြေး လွတ်မြောက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
ထောင်သားတွေလွတ်မြောက်သွားမှုနဲ့အတူ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ နယ်မြေအတွင်းထိန်းချုပ်မှုတွေ ပြန်လည်ရရှိဖို့အတွက် လိုက်လံဖမ်းဆီးထိန်းသိမ်းမှုတွေကို ချက်ချင်းလုပ်ဆောင်ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ နီပေါစစ်တပ်က ”ထွက်ပြေးလွတ်မြောက်သွားတဲ့အကျဉ်းသား (၁၉၂)ဦးကို ပြန်လည်ဖမ်းဆီး နိုင်ခဲ့ပါတယ်။ အဲဒီအကျဉ်းသားတွေဟာ Rajbiraj မြို့ အရှေ့တောင်ပိုင်းမှာရှိတဲ့ အကျဉ်းထောင်ကနေ ထွက်ပြေး လွတ်မြောက်သွားခဲ့တာဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ကသာမန်ဒူမြို့အရှေ့ဘက်မှာရှိတဲ့ Ramechhap အကျဉ်းထောင်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး နီပေါစစ်တပ်ရဲ့ ပစ်ခတ်မှုတွေကြောင့် အကျဉ်းသား(၁၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး (၂)ဦးသေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန် ပြောကြားခဲ့ပါတယ်။ နီပေါနိုင်ငံမှာ လာဘ်စားမှုတိုက်ဖျက်ရေးဆန္ဒပြပွဲတွေဖြစ်ပွားခဲ့မှုနဲ့အတူ နီပေါဝန်ကြီးချုပ် KP Sharma Oli ဟာ ရာထူးကနေ နှုတ်ထွက်သွားခဲ့တယ်လို့ သိရပါတယ်။ နီပေါဝန်ကြီးချုပ် KP Sharma Oli ရာထူးကနေ နှုတ်ထွက်သွားပြီးနောက် တစ်ရက်အကြာမှာ ဆန္ဒပြသူတွေဟာ နီပေါလွှတ်တော်အဆောက်အဦးကို မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အက်ဥ္းသား(၂၀၀)ေက်ာ္ကို ျပန္လည္ဖမ္းဆီးႏိုင္ခဲ့ၿပီး ေထာင္ေပါင္းမ်ားစြာလြတ္ေျမာက္ေနဆဲျဖစ္တယ္လို႔ နီေပါ စစ္တပ္ေျပာ
Pika (NP News) - စက္တင္ဘာ ၁၃
နီေပါႏိုင္ငံမွာျဖစ္ပြားခဲ့တဲ့ ဆႏၵျပပြဲေတြအတြင္း ေထာင္ေဖာက္ေျပးခဲ့တဲ့အက်ဥ္းသားတစ္ေသာင္းေက်ာ္အနက္ (၂၀၀)ဦးကို ျပန္လည္ဖမ္းဆီးႏိုင္ခဲ့တယ္လို႔ နီေပါစစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ နီေပါႏိုင္ငံ တစ္ဝွမ္း ျဖစ္ပြားခဲ့တဲ့ မၿငိမ္မသက္မႈေတြအတြင္း ႏိုင္ငံတစ္ဝွမ္းအက်ဥ္းေထာင္ေတြက အက်ဥ္းသား(၁၃၅၀၀)ဦး ထြက္ေျပး လြတ္ေျမာက္ခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။
ေထာင္သားေတြလြတ္ေျမာက္သြားမႈနဲ႔အတူ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြဟာ နယ္ေျမအတြင္းထိန္းခ်ဳပ္မႈေတြ ျပန္လည္ရရွိဖို႔အတြက္ လိုက္လံဖမ္းဆီးထိန္းသိမ္းမႈေတြကို ခ်က္ခ်င္းလုပ္ေဆာင္ခဲ့ရတယ္လို႔ ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။ နီေပါစစ္တပ္က ”ထြက္ေျပးလြတ္ေျမာက္သြားတဲ့အက်ဥ္းသား (၁၉၂)ဦးကို ျပန္လည္ဖမ္းဆီး ႏိုင္ခဲ့ပါတယ္။ အဲဒီအက်ဥ္းသားေတြဟာ Rajbiraj ၿမိဳ႕ အေရွ႕ေတာင္ပိုင္းမွာရွိတဲ့ အက်ဥ္းေထာင္ကေန ထြက္ေျပး လြတ္ေျမာက္သြားခဲ့တာျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ကသာမန္ဒူၿမိဳ႕အေရွ႕ဘက္မွာရွိတဲ့ Ramechhap အက်ဥ္းေထာင္မွာ တိုက္ပြဲေတြျဖစ္ပြားခဲ့ၿပီး နီေပါစစ္တပ္ရဲ႕ ပစ္ခတ္မႈေတြေၾကာင့္ အက်ဥ္းသား(၁၂)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး (၂)ဦးေသဆုံးခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ထုတ္ျပန္ ေျပာၾကားခဲ့ပါတယ္။ နီေပါႏိုင္ငံမွာ လာဘ္စားမႈတိုက္ဖ်က္ေရးဆႏၵျပပြဲေတြျဖစ္ပြားခဲ့မႈနဲ႔အတူ နီေပါဝန္ႀကီးခ်ဳပ္ KP Sharma Oli ဟာ ရာထူးကေန ႏႈတ္ထြက္သြားခဲ့တယ္လို႔ သိရပါတယ္။ နီေပါဝန္ႀကီးခ်ဳပ္ KP Sharma Oli ရာထူးကေန ႏႈတ္ထြက္သြားၿပီးေနာက္ တစ္ရက္အၾကာမွာ ဆႏၵျပသူေတြဟာ နီေပါလႊတ္ေတာ္အေဆာက္အဦးကို မီးရႈိ႕ဖ်က္ဆီးမႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။