ကျောက်မဲတွင် ၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူများကိုပါ TNLA က စတင် ဖမ်းဆီးနေပြီး အဖမ်းခံရသူများအား စုံစမ်းမရဖြစ်နေ

 497

သုတကျော် (NP News) - စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့တွင် ရှမ်းပြည်နယ် မှတ်ပုံတင်ဖြစ်သော ၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူများကိုပါ TNLA က စတင် ဖမ်းဆီးနေပြီး အဖမ်းခံရသူများအား စုံစမ်းမရဖြစ်နေကြောင်း NP News က စုံစမ်းသိရှိရသည်။
ကျောက်မဲမြို့ကို ပြန်လည်သိမ်းပိုက်ရန်အတွက် တပ်မတော်ကထိုးစစ်ဆင်နေရာ နောက်ဆုတ်နေရသော TNLA က ယင်းကဲ့သို့ ဖမ်းဆီးခြင်းများကို ပြုလုပ်လာခြင်း ဖြစ်သည်။
“အခု ၁၃ မျဉ်းစောင်းလည်း မလွတ်တော့ဘူး။ စစ်ပြေးတဲ့သူ၊ ရှောင်တယ် ထင်လို့ ဆိုတာရယ်၊ ဘိန်းစား နာမည်တပ်ပြီး လိုက်ဖမ်းတယ်။ ၆၀ ကျော်၊ ၇၀ တွေလည်း ဖမ်းချင်ဖမ်းတာပဲ။ ဘာသဘောနဲ့ဖမ်းမှန်းကို မသိဘူး။ (၁) ရပ်ကွက်မှာဆိုရင် အယောက် (၂၀) ကျော်တယ်။ (၉) ရက်၊ (၁၀) ရက်တည်းက စဖမ်းတာပဲ။ နေ့ခင်းကြောင်တောင်လည်း ဖမ်းနေတယ်။ လက်ဖက်ရည်ဆိုင်မှာလည်း ဆွဲဖမ်းတာပဲ။ ဘယ်သူမှ မနေရဲတော့ဘူး။ အရွယ်ကောင်းတဲ့သူဆို ပိုဆိုး” ဟု ဒေသခံ တစ်ဦးက ဆိုသည်။
ထိုသို့ ဖမ်းဆီးရာတွင် မိန်းကလေး အရေအတွက်နည်းသော်လည်း ကလေးမွေးပြီး ၃ ရက်သာ ရှိသေးသော မီးနေသည်တစ်ဦးကိုလည်း TNLA က ဖမ်းဆီးသွားခဲ့ကြောင်း ၎င်းက ဆိုသည်။
“အဖမ်းခံရတာက များတယ်။ အရေအတွက်ကတော့ အတိအကျတော့ မသိဘူး။ တခြားဒေသမဟုတ်တဲ့သူကို စပြီး ဖမ်းတာ။ အိမ်ထောင်စု စာရင်း မပြနိုင်ရင်လည်း ဖမ်းတယ်။ တချို့က အိမ်ထောင်ကျပြီး နယ်ခံတွေ ဖြစ်နေပြီလေ။ နှစ်ဆယ်ချီ မက နေနေကြပြီလေ။ အိမ်ထောင်ပြုလို့ ကလေးတွေတောင် ရနေပြီ။ အဲဒါလည်း ၁၃ မျဉ်းစောင်းမဟုတ်ရင် ဖမ်းတာပဲ” ဟု ၎င်းက ဆိုသည်။ ဖမ်းဆီးခံရသူများကို မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ဟု မသိရကြောင်းလည်း ၎င်းက ဆိုသည်။
“လိုက်ရှာလို့ကို မတွေ့ဘူး။ ဘယ်နား စုံစမ်းလို့ စုံစမ်းရမှန်း မသိဘူးတဲ့။ ဘယ်ကို ဖမ်းသွားလဲ ဆိုတာ မသိဘူး ဖြစ်နေတယ်။ ဘယ်လိုက်လို့ လိုက်ရမှန်းလည်း မသိဘူးဖြစ်နေတာ” ဟု ၎င်းက ရှင်းပြသည်။

Zawgyi Version:
ေက်ာက္မဲတြင္ ၁၃ မ်ဥ္းေစာင္း မွတ္ပုံတင္ကိုင္ေဆာင္သူမ်ားကိုပါ TNLA က စတင္ ဖမ္းဆီးေနၿပီး အဖမ္းခံရသူမ်ားအား စုံစမ္းမရျဖစ္ေန
သုတေက်ာ္ (NP News) - စက္တင္ဘာ ၁၃
ရွမ္းျပည္နယ္၊ ေက်ာက္မဲၿမိဳ႕တြင္ ရွမ္းျပည္နယ္ မွတ္ပုံတင္ျဖစ္ေသာ ၁၃ မ်ဥ္းေစာင္း မွတ္ပုံတင္ကိုင္ေဆာင္သူမ်ားကိုပါ TNLA က စတင္ ဖမ္းဆီးေနၿပီး အဖမ္းခံရသူမ်ားအား စုံစမ္းမရျဖစ္ေနေၾကာင္း NP News က စုံစမ္းသိရွိရသည္။
ေက်ာက္မဲၿမိဳ႕ကို ျပန္လည္သိမ္းပိုက္ရန္အတြက္ တပ္မေတာ္ကထိုးစစ္ဆင္ေနရာ ေနာက္ဆုတ္ေနရေသာ TNLA က ယင္းကဲ့သို႔ ဖမ္းဆီးျခင္းမ်ားကို ျပဳလုပ္လာျခင္း ျဖစ္သည္။
“အခု ၁၃ မ်ဥ္းေစာင္းလည္း မလြတ္ေတာ့ဘူး။ စစ္ေျပးတဲ့သူ၊ ေရွာင္တယ္ ထင္လို႔ ဆိုတာရယ္၊ ဘိန္းစား နာမည္တပ္ၿပီး လိုက္ဖမ္းတယ္။ ၆၀ ေက်ာ္၊ ၇၀ ေတြလည္း ဖမ္းခ်င္ဖမ္းတာပဲ။ ဘာသေဘာနဲ႔ဖမ္းမွန္းကို မသိဘူး။ (၁) ရပ္ကြက္မွာဆိုရင္ အေယာက္ (၂၀) ေက်ာ္တယ္။ (၉) ရက္၊ (၁၀) ရက္တည္းက စဖမ္းတာပဲ။ ေန႔ခင္းေၾကာင္ေတာင္လည္း ဖမ္းေနတယ္။ လက္ဖက္ရည္ဆိုင္မွာလည္း ဆြဲဖမ္းတာပဲ။ ဘယ္သူမွ မေနရဲေတာ့ဘူး။ အ႐ြယ္ေကာင္းတဲ့သူဆို ပိုဆိုး” ဟု ေဒသခံ တစ္ဦးက ဆိုသည္။
ထိုသို႔ ဖမ္းဆီးရာတြင္ မိန္းကေလး အေရအတြက္နည္းေသာ္လည္း ကေလးေမြးၿပီး ၃ ရက္သာ ရွိေသးေသာ မီးေနသည္တစ္ဦးကိုလည္း TNLA က ဖမ္းဆီးသြားခဲ့ေၾကာင္း ၎က ဆိုသည္။
“အဖမ္းခံရတာက မ်ားတယ္။ အေရအတြက္ကေတာ့ အတိအက်ေတာ့ မသိဘူး။ တျခားေဒသမဟုတ္တဲ့သူကို စၿပီး ဖမ္းတာ။ အိမ္ေထာင္စု စာရင္း မျပႏိုင္ရင္လည္း ဖမ္းတယ္။ တခ်ိဳ႕က အိမ္ေထာင္က်ၿပီး နယ္ခံေတြ ျဖစ္ေနၿပီေလ။ ႏွစ္ဆယ္ခ်ီ မက ေနေနၾကၿပီေလ။ အိမ္ေထာင္ျပဳလို႔ ကေလးေတြေတာင္ ရေနၿပီ။ အဲဒါလည္း ၁၃ မ်ဥ္းေစာင္းမဟုတ္ရင္ ဖမ္းတာပဲ” ဟု ၎က ဆိုသည္။ ဖမ္းဆီးခံရသူမ်ားကို မည္သည့္ေနရာတြင္ ခ်ဳပ္ေႏွာင္ထားသည္ဟု မသိရေၾကာင္းလည္း ၎က ဆိုသည္။
“လိုက္ရွာလို႔ကို မေတြ႕ဘူး။ ဘယ္နား စုံစမ္းလို႔ စုံစမ္းရမွန္း မသိဘူးတဲ့။ ဘယ္ကို ဖမ္းသြားလဲ ဆိုတာ မသိဘူး ျဖစ္ေနတယ္။ ဘယ္လိုက္လို႔ လိုက္ရမွန္းလည္း မသိဘူးျဖစ္ေနတာ” ဟု ၎က ရွင္းျပသည္။

Related news

© 2021. All rights reserved.