ဗန်းမော်တိုက်ပွဲအတွင်း KIA ၊ AA နှင့် PDF ပူးပေါင်းအဖွဲ့ မှ (၄၆၀ဝ)ကျော် သေဆုံး

 495

Pearl (NP News) - စက်တင်ဘာ ၁၃

ဗန်းမော်တိုက်ပွဲအတွင်း KIA ၊ AA နှင့် PDF ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင် (၄၆၀ဝ)ကျော် သေဆုံးခဲ့ကြောင်း နိုင်ငံ တော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်မှ ထုတ်ပြန်ထားသော အချက်အလက်များအရ သိရသည် ။
KIA ၊ AA နှင့် PDF ပူးပေါင်းအဖွဲ့သည် (၂၀၂၄) ခုနှစ် ဒီဇင်ဘာလမှစ၍ ဗန်းမော်မြို့ကို အလုံးစုံရရှိနိုင်ရေးအတွက် အင်အားအလုံးအရင်းဖြင့် စဉ်ဆက်မပြတ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော်လည်း (၂၀၂၅)ခုနှစ် ဇူလိုင်လအထိ (၈)လ တိုင်တိုင် တပ်မတော်လုံခြုံရေးအဖွဲ့၏ ခုခံထားနိုင်ခဲ့ကြောင်းသိရသည်။ ထို့ပြင် ပြီးခဲ့သည့် ဩဂုတ်လ(၄) ရက်မှစ၍ တပ်မတော်က စစ်ကြောင်း(၇)ကြောင်းဖြင့် စုဖွဲ့ချီ တက်၍ အဆင့်ဆင့်တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ရာ ဩဂုတ်လ (၄)ရက်မှ စက်တင်ဘာလ (၁၁)ရက်အတွင်း PDF ပူးပေါင်းအဖွဲ့ ခေတ္တစိုးမိုးထားသည့် နေရာတို့ကို အလုံးစုံပြန်လည် ထိန်းချုပ်နိုင် ခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ဗန်းမော်မြို့မြောက်ဘက် လေဆိပ်အနီးရှိ အမှတ် (၂၃၆) ခြေလျင်တပ်ရင်း ၊ အမှတ် (၅၀၁၄) တင့်ကားတပ်တို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်ထားနိုင်ကြောင်း KIA မှ ဗိုလ်မှူးကြီးအဆင့်ရှိသူ နော်ဘူက ထိန်းထိန်းသိမ်းသိမ်း ဝန်ခံထားကြောင်း တွေ့ရသည်။
ယခု သတင်းရေးသားချိန် (စက်တင်ဘာလ ၁၂ ရက်)တွင် ထွက်ပေါ်နေသော သတင်းများအရ ဗန်းမော်မြို့ တစ်ခုလုံးကို တပ်မတော်က ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်းသိရပြီး ယင်းအချက်ကို သီးခြား အတည်ပြုနိုင်ခြင်းမရှိ သော်လည်း မြေပြင်တွင် တပ် မတော်က ကောင်းစွာ အသာစီးရနေကြောင်း သိရသည်။
(၂၀၂၄)ခုနှစ် ဒီဇင်ဘာလ (၄)ရက်မှ (၂၀၂၅) ခုနှစ် စက်တင်ဘာလ (၁၁) ရက်အထိ စစ်ဆင်ရေးကာလအတွင်း င်္ဏီ ပူးပေါင်းအဖွဲ့နှင့် တိုက်ပွဲကြီး (၁၆) ကြိမ်၊ ထိတွေ့မှုပေါင်း အကြိမ် (၄၉၀) ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှအလောင်း (၁၆၃) လောင်း၊ လက်နက်မျိုးစုံ (၁၇၈) လက်နှင့် ဆက်စပ် ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲများတွင် အကြမ်းဖက်ပေါင်း အဖွဲ့များအနေဖြင့် သေဆုံးသူ (၄၆၁၆)ဦးခန့်နှင့် ဒဏ်ရာရရှိသူ (၄၉၈၃)ဦးခန့်ရှိခဲ့ကြောင်း သီးခြား သတင်းရင်းမြစ်များအရ သိရှိရပြီး တပ်မတော်ဘက်မှ အရာရှိ/စစ်သည်အချို့ နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေးလှူခဲ့ရကြောင်းလည်း သိရသည်။ ထိုသို့ အထိအခိုက်အကျ အဆုံးများ သည့် အတွက် KIA ၊ AA နှင့် PDF ပူးပေါင်းအဖွဲ့မှ လက်နက်ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ တပ်မတော် စစ်ကြောင်းများထံသို့ အလင်းဝင်ရောက်မှုများလည်း ရှိကြောင်းလည်း သိရသည်။
ဗန်းမော်တိုက်ပွဲအတွင်း KIA ဘက်မှ လူပေါင်း ၄၆၁၆ ဦး သေဆုံးခြင်းမှာ မဟုတ်ကြောင်း KIA မှ ဗိုလ်မှူးကြီးအဆင့်ရှိသူ နော်ဘူက ငြင်းဆိုသော်လည်း ခိုင်မာသောသက်သေပြနိုင်ခြင်းမရှိဘဲ စကားဖြင့်သာ ဘူးကွယ် သွားခဲ့ခြင်း ဖြစ်သည်။ ယင်းသေဆုံးသူများနှင့်ပတ်သက်၍ NP News ၏ စစ်ရေးသတင်းရင်းမြစ်အချို့ကလည်း ယခင်က ပင် KIA ဘက်တွင် သေဆုံးမှုများပြား ကြောင်း အတည်ပြုထားခြင်းများရှိသည်။

Zawgyi Version:
ဗန္းေမာ္တိုက္ပြဲအတြင္း KIA ၊ AA ႏွင့္ PDF ပူးေပါင္းအဖြဲ႕ မွ (၄၆၀ဝ)ေက်ာ္ ေသဆုံး
Pearl (NP News) - စက္တင္ဘာ ၁၃

ဗန္းေမာ္တိုက္ပြဲအတြင္း KIA ၊ AA ႏွင့္ PDF ပူးေပါင္းအဖြဲ႕မွ အဖြဲ႕ဝင္ (၄၆၀ဝ)ေက်ာ္ ေသဆုံးခဲ့ေၾကာင္း ႏိုင္ငံ ေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရး ေကာ္မရွင္မွ ထုတ္ျပန္ထားေသာ အခ်က္အလက္မ်ားအရ သိရသည္ ။
KIA ၊ AA ႏွင့္ PDF ပူးေပါင္းအဖြဲ႕သည္ (၂၀၂၄) ခုႏွစ္ ဒီဇင္ဘာလမွစ၍ ဗန္းေမာ္ၿမိဳ႕ကို အလုံးစုံရရွိႏိုင္ေရးအတြက္ အင္အားအလုံးအရင္းျဖင့္ စဥ္ဆက္မျပတ္ ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ေသာ္လည္း (၂၀၂၅)ခုႏွစ္ ဇူလိုင္လအထိ (၈)လ တိုင္တိုင္ တပ္မေတာ္လုံၿခဳံေရးအဖြဲ႕၏ ခုခံထားႏိုင္ခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ ၿပီးခဲ့သည့္ ဩဂုတ္လ(၄) ရက္မွစ၍ တပ္မေတာ္က စစ္ေၾကာင္း(၇)ေၾကာင္းျဖင့္ စုဖြဲ႕ခ်ီ တက္၍ အဆင့္ဆင့္တိုက္ခိုက္ေခ်မႈန္းႏိုင္ခဲ့ရာ ဩဂုတ္လ (၄)ရက္မွ စက္တင္ဘာလ (၁၁)ရက္အတြင္း PDF ပူးေပါင္းအဖြဲ႕ ေခတၱစိုးမိုးထားသည့္ ေနရာတို႔ကို အလုံးစုံျပန္လည္ ထိန္းခ်ဳပ္ႏိုင္ ခဲ့ေၾကာင္း သိရသည္။ လက္ရွိတြင္ ဗန္းေမာ္ၿမိဳ႕ေျမာက္ဘက္ ေလဆိပ္အနီးရွိ အမွတ္ (၂၃၆) ေျခလ်င္တပ္ရင္း ၊ အမွတ္ (၅၀၁၄) တင့္ကားတပ္တို႔ကို တပ္မေတာ္က ျပန္လည္ထိန္းခ်ဳပ္ထားႏိုင္ေၾကာင္း KIA မွ ဗိုလ္မႉးႀကီးအဆင့္ရွိသူ ေနာ္ဘူက ထိန္းထိန္းသိမ္းသိမ္း ဝန္ခံထားေၾကာင္း ေတြ႕ရသည္။
ယခု သတင္းေရးသားခ်ိန္ (စက္တင္ဘာလ ၁၂ ရက္)တြင္ ထြက္ေပၚေနေသာ သတင္းမ်ားအရ ဗန္းေမာ္ၿမိဳ႕ တစ္ခုလုံးကို တပ္မေတာ္က ထိန္းခ်ဳပ္ႏိုင္ၿပီျဖစ္ေၾကာင္းသိရၿပီး ယင္းအခ်က္ကို သီးျခား အတည္ျပဳႏိုင္ျခင္းမရွိ ေသာ္လည္း ေျမျပင္တြင္ တပ္ မေတာ္က ေကာင္းစြာ အသာစီးရေနေၾကာင္း သိရသည္။
(၂၀၂၄)ခုႏွစ္ ဒီဇင္ဘာလ (၄)ရက္မွ (၂၀၂၅) ခုႏွစ္ စက္တင္ဘာလ (၁၁) ရက္အထိ စစ္ဆင္ေရးကာလအတြင္း ဏႌ ပူးေပါင္းအဖြဲ႕ႏွင့္ တိုက္ပြဲႀကီး (၁၆) ႀကိမ္၊ ထိေတြ႕မႈေပါင္း အႀကိမ္ (၄၉၀) ျဖစ္ပြားခဲ့ၿပီး ရန္သူ႔ထံမွအေလာင္း (၁၆၃) ေလာင္း၊ လက္နက္မ်ိဳးစုံ (၁၇၈) လက္ႏွင့္ ဆက္စပ္ ပစၥည္းမ်ား သိမ္းပိုက္ရရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါတိုက္ပြဲမ်ားတြင္ အၾကမ္းဖက္ေပါင္း အဖြဲ႕မ်ားအေနျဖင့္ ေသဆုံးသူ (၄၆၁၆)ဦးခန႔္ႏွင့္ ဒဏ္ရာရရွိသူ (၄၉၈၃)ဦးခန႔္ရွိခဲ့ေၾကာင္း သီးျခား သတင္းရင္းျမစ္မ်ားအရ သိရွိရၿပီး တပ္မေတာ္ဘက္မွ အရာရွိ/စစ္သည္အခ်ိဳ႕ ႏိုင္ငံေတာ္ႏွင့္ တပ္မေတာ္အတြက္ အသက္ေပးလႉခဲ့ရေၾကာင္းလည္း သိရသည္။ ထိုသို႔ အထိအခိုက္အက် အဆုံးမ်ား သည့္ အတြက္ KIA ၊ AA ႏွင့္ PDF ပူးေပါင္းအဖြဲ႕မွ လက္နက္ခဲယမ္း၊ ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ တပ္မေတာ္ စစ္ေၾကာင္းမ်ားထံသို႔ အလင္းဝင္ေရာက္မႈမ်ားလည္း ရွိေၾကာင္းလည္း သိရသည္။
ဗန္းေမာ္တိုက္ပြဲအတြင္း KIA ဘက္မွ လူေပါင္း ၄၆၁၆ ဦး ေသဆုံးျခင္းမွာ မဟုတ္ေၾကာင္း KIA မွ ဗိုလ္မႉးႀကီးအဆင့္ရွိသူ ေနာ္ဘူက ျငင္းဆိုေသာ္လည္း ခိုင္မာေသာသက္ေသျပႏိုင္ျခင္းမရွိဘဲ စကားျဖင့္သာ ဘူးကြယ္ သြားခဲ့ျခင္း ျဖစ္သည္။ ယင္းေသဆုံးသူမ်ားႏွင့္ပတ္သက္၍ NP News ၏ စစ္ေရးသတင္းရင္းျမစ္အခ်ိဳ႕ကလည္း ယခင္က ပင္ KIA ဘက္တြင္ ေသဆုံးမႈမ်ားျပား ေၾကာင္း အတည္ျပဳထားျခင္းမ်ားရွိသည္။

Related news

© 2021. All rights reserved.