“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းကို DJ တီးခတ်၍ သရုပ်ပျက်မူးယစ်ကခုန်ခဲ့သူများ အမှုနှင့် ပတ်သက်၍ ဆိုင်ပိုင်ရှင် နှင့် DJ တီးသူ အပါအဝင် ငါးဦးကို အမှုဖွင့်ထား

 851

ပီယ (NP News) - စက်တင်ဘာ ၁၃

“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းကို DJ တီးခတ်၍ သရုပ်ပျက်မူးယစ်ကခုန်ခဲ့သူများ အမှုနှင့် ပတ်သက်၍ ဆိုင်ပိုင်ရှင် နှင့် DJ တီးသူ အပါအဝင် ငါးဦးကို အမှုဖွင့်ထားကြောင်း ယနေ့ (စက်တင်ဘာလ ၁၃ ရက်) ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၃၆ လမ်းနှင့် ၃၆ x ၅၃ လမ်းထောင့်ရှိ Cover Club ဆိုင်၌ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၁ နာရီမှ ၂ နာရီအချိန်ထိ DJ Violet (ခ) ခင်ထွေးထွေးမွန်(၂၄)နှစ်နှင့် DJ မန်နေဂျာဖြစ်သူ ဖြိုးဟိန်းကိုကို (ခ)မင်းထိုက်နှင့် Dice (ခ)ဉာဏ်လင်းထက် တို့ ဦးဆောင်၍ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းအား အရက်သေစာသောက်စားမူးယစ်၍ သရုပ်ပျက်အဝတ်အစားများဝတ်ဆင်ကာ DJ တီးခတ်ကခုန်ခဲ့ မှုကြောင့် ဗုဒ္ဓဘာသာအား အကြည်ညိုပျက်စေရန် ပြုလုပ်ခဲ့ကြောင်း တွေ့ရှိရသဖြင့် အရေးယူဆောင်ရွက် နိုင်ရေး ရှာဖွေဖမ်းဆီးခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဥ်တွင် DJ တီးခတ်သူ DJ Violet (ခ) ခင်ထွေးထွေးမွန်(၂၄)နှစ်နှင့် DJ မန်နေဂျာဖြစ်သူ ဖြိုးဟိန်းကိုကို(ခ)မင်းထိုက်(၂၈)နှစ် တို့ကို စက်တင်ဘာ ၁၁ ရက် ည ၁၁နာရီ မိနစ် ၃၀ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့ နယ်၊ နနွင်းကုန်းရပ်ကွက်နေအိမ်၌လည်းကောင်း၊ ဆိုင်ပိုင်ရှင် သက်လွင်အောင်(ခ)မျိုးအောင်(၄၉)နှစ်၊ ဆိုင်မန်နေဂျာ ဇင်စုရ (၃၁)နှစ်တို့ကို ယနေ့ မွန်းလွဲ ၁နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင် ရပ်ကွက်၊ ၃၆ လမ်းနှင့် ၃၆ x ၅၃ လမ်းထောင့်ရှိ Cover Club ဆိုင်၌ လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရှိရသည်။

DJ တီးခတ်သူ DJ Violet (ခ) ခင်ထွေးထွေးမွန် ထံမှ DJ တီးခတ်ရာတွင် အသုံးပြုသည့် Menmory Stick ၆ ခု သိမ်းဆည်းရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များသည် Cover Club ဆိုင်အတွင်းမှ DJ စက်နှင့် ဆက်စပ်ပစ္စည်းများအား သက်သေများနှင့်အတူ သိမ်းဆည်းကာ Cover Club ဆိုင်အား ချိတ်ပိတ်ထိန်းသိမ်းခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ ဗုဒ္ဓဘာသာအား အကြည်ညိုပျက်စေရန် ပြုလုပ်ခဲ့မှုကြောင့် ပြည်သူလူထုအား စိုးရိမ်ထိတ်လန့်မှု ဖြစ်ပွားစေသည့် DJ Violet (ခ) ခင်ထွေးထွေးမွန်၊ DJ မန်နေဂျာဖြစ်သူ ဖြိုးဟိန်းကိုကို(ခ)မင်းထိုက်၊ Dice (ခ)ဉာဏ်လင်းထက်၊ ဆိုင်ပိုင်ရှင် သက်လွင်အောင်(ခ)မျိုးအောင်၊ ဆိုင်မန်နေဂျာ ဇင်စုရတို့အား မဟာအောင်မြေမြို့နယ်၊ အမှတ်(၉)မြို့မရဲစခန်း (ပ)၂၁၄/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် အရေးယူစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

zawgyi version

“ဗုဒၶံ သရဏံ ဂစာၦမိ” သီခ်င္းကို DJ တီးခတ္၍ သ႐ုပ္ပ်က္မူးယစ္ကခုန္ခဲ့သူမ်ား အမႈႏွင့္ ပတ္သက္၍ ဆိုင္ပိုင္ရွင္ ႏွင့္ DJ တီးသူ အပါအဝင္ ငါးဦးကို အမႈဖြင့္ထား

ပီယ (NP News) - စက္တင္ဘာ ၁၃

“ဗုဒၶံ သရဏံ ဂစာၦမိ” သီခ်င္းကို DJ တီးခတ္၍ သ႐ုပ္ပ်က္မူးယစ္ကခုန္ခဲ့သူမ်ား အမႈႏွင့္ ပတ္သက္၍ ဆိုင္ပိုင္ရွင္ ႏွင့္ DJ တီးသူ အပါအဝင္ ငါးဦးကို အမႈဖြင့္ထားေၾကာင္း ယေန႔ (စက္တင္ဘာလ ၁၃ ရက္) ညပိုင္းတြင္ သတင္းထုတ္ျပန္သည္။

မႏၲေလးတိုင္းေဒသႀကီး၊ မဟာေအာင္ေျမၿမိဳ႕နယ္၊ ရဲမြန္ေတာင္ရပ္ကြက္၊ ၃၆ လမ္းႏွင့္ ၃၆ x ၅၃ လမ္းေထာင့္ရွိ Cover Club ဆိုင္၌ ၂၀၂၅ ခုႏွစ္၊ ဇူလိုင္လ ၃၁ ရက္ေန႔ နံနက္ ၁ နာရီမွ ၂ နာရီအခ်ိန္ထိ DJ Violet (ခ) ခင္ေထြးေထြးမြန္(၂၄)ႏွစ္ႏွင့္ DJ မန္ေနဂ်ာျဖစ္သူ ၿဖိဳးဟိန္းကိုကို (ခ)မင္းထိုက္ႏွင့္ Dice (ခ)ဉာဏ္လင္းထက္ တို႔ ဦးေဆာင္၍ “ဗုဒၶံ သရဏံ ဂစာၦမိ” သီခ်င္းအား အရက္ေသစာေသာက္စားမူးယစ္၍ သ႐ုပ္ပ်က္အဝတ္အစားမ်ားဝတ္ဆင္ကာ DJ တီးခတ္ကခုန္ခဲ့ မႈေၾကာင့္ ဗုဒၶဘာသာအား အၾကည္ညိဳပ်က္ေစရန္ ျပဳလုပ္ခဲ့ေၾကာင္း ေတြ႕ရွိရသျဖင့္ အေရးယူေဆာင္႐ြက္ ႏိုင္ေရး ရွာေဖြဖမ္းဆီးခဲ့ေၾကာင္း သိရသည္။

ယင္းျဖစ္စဥ္တြင္ DJ တီးခတ္သူ DJ Violet (ခ) ခင္ေထြးေထြးမြန္(၂၄)ႏွစ္ႏွင့္ DJ မန္ေနဂ်ာျဖစ္သူ ၿဖိဳးဟိန္းကိုကို(ခ)မင္းထိုက္(၂၈)ႏွစ္ တို႔ကို စက္တင္ဘာ ၁၁ ရက္ ည ၁၁နာရီ မိနစ္ ၃၀ခန႔္တြင္ ရန္ကုန္တိုင္းေဒသႀကီး၊ သဃၤန္းကြၽန္းၿမိဳ႕ နယ္၊ နႏြင္းကုန္းရပ္ကြက္ေနအိမ္၌လည္းေကာင္း၊ ဆိုင္ပိုင္ရွင္ သက္လြင္ေအာင္(ခ)မ်ိဳးေအာင္(၄၉)ႏွစ္၊ ဆိုင္မန္ေနဂ်ာ ဇင္စုရ (၃၁)ႏွစ္တို႔ကို ယေန႔ မြန္းလြဲ ၁နာရီခန႔္တြင္ မႏၲေလးတိုင္းေဒသႀကီး၊ မဟာေအာင္ေျမၿမိဳ႕နယ္၊ ရဲမြန္ေတာင္ ရပ္ကြက္၊ ၃၆ လမ္းႏွင့္ ၃၆ x ၅၃ လမ္းေထာင့္ရွိ Cover Club ဆိုင္၌ လည္းေကာင္း အသီးသီး ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သိရွိရသည္။

DJ တီးခတ္သူ DJ Violet (ခ) ခင္ေထြးေထြးမြန္ ထံမွ DJ တီးခတ္ရာတြင္ အသုံးျပဳသည့္ Menmory Stick ၆ ခု သိမ္းဆည္းရရွိခဲ့ၿပီး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားသည္ Cover Club ဆိုင္အတြင္းမွ DJ စက္ႏွင့္ ဆက္စပ္ပစၥည္းမ်ားအား သက္ေသမ်ားႏွင့္အတူ သိမ္းဆည္းကာ Cover Club ဆိုင္အား ခ်ိတ္ပိတ္ထိန္းသိမ္းျခင္း ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

ထို႔သို႔ ဗုဒၶဘာသာအား အၾကည္ညိဳပ်က္ေစရန္ ျပဳလုပ္ခဲ့မႈေၾကာင့္ ျပည္သူလူထုအား စိုးရိမ္ထိတ္လန႔္မႈ ျဖစ္ပြားေစသည့္ DJ Violet (ခ) ခင္ေထြးေထြးမြန္၊ DJ မန္ေနဂ်ာျဖစ္သူ ၿဖိဳးဟိန္းကိုကို(ခ)မင္းထိုက္၊ Dice (ခ)ဉာဏ္လင္းထက္၊ ဆိုင္ပိုင္ရွင္ သက္လြင္ေအာင္(ခ)မ်ိဳးေအာင္၊ ဆိုင္မန္ေနဂ်ာ ဇင္စုရတို႔အား မဟာေအာင္ေျမၿမိဳ႕နယ္၊ အမွတ္(၉)ၿမိဳ႕မရဲစခန္း (ပ)၂၁၄/၂၀၂၅၊ ရာဇသတ္ႀကီးပုဒ္မ ၅၀၅-က ျဖင့္ အမႈဖြင့္ အေရးယူစစ္ေဆးေဆာင္႐ြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.