မြန်မာပရိသတ်တွေကို အထင်သေးလွန်းတဲ့ မြန်မာကား ဖန်တီးသူတို့အကြောင်း

 641

အိဖြူ (NP News) - စက်တင်ဘာ ၁၄

NP News ရဲ့ အနုပညာအနှစ်ချုပ်ကဏ္ဍကနေ ဒီတစ်ပတ်အတွက် “မြန်မာပရိသတ်တွေကို အထင်သေးတဲ့ မြန်မာပေါကားတွေ၊ ဟာသပညာရှင် ဦးထင်ပေါ်ရဲ့ဘဝနေဝင်ချိန်” စတဲ့ အနုပညာဆက်စပ်သတင်းတွေကို ဖော်ပြ ပေးသွားပါမယ်။

မြန်မာပရိသတ်တွေကို အထင်သေးလွန်းတဲ့ မြန်မာပေါကားတွေ
လတ်တလော ဒါရိုက်တာ ပွင့်သိင်္ဂီဇော် ရိုက်ကူးပြီး ထပ်ဆင့်အကယ်ဒမီဖွေးဖွေးနဲ့ အကယ် ဒမီနေဝင်းတို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ “အကြီးကြီး” ရုပ်ရှင်ဇာတ်ကား Movie Trailer ထွက်ရှိပြီးနောက် “ပဲပြုတ်သည်အမျိုးသမီးက ထဘီကျွတ်ကျတဲ့ဇာတ်ဝင်ခန်းမှာ ပဲပြုတ်တောင်းအတွင်း ပဲပြုတ်ပါဝင်ခြင်း မရှိခဲ့တဲ့ဇာတ်ဝင်ခန်း” ကို ကြည့်ရှုသူတိုင်း နီးပါးက သတိပြုမိခဲ့ကြတာပါ။ ဇာတ်ကားက ရုံတင်မပြသခင်မှာကတည်းက လူအများဝေဖန်စရာဖြစ်စေခဲ့ပြီး၊ မြန်မာပရိ သတ်ကို အထင်သေးလွန်းရာကျကြောင်း ‌ရှုတ်ချပြောဆိုခဲ့ကြပါတယ်။
ထပ်ဆင့်အကယ်ဒမီ ဖွေးဖွေးက အနုပညာ မီဒီယာတစ်ခုနဲ့အင်တာဗျူးမှာ “စိတ်လေးကိုလျှော့၊ ရယ်စရာရှိတာ ရယ်လိုက်၊ ငိုစရာရှိတာ ငိုလိုက်၊ ကိုယ်တွေက ပေါ့ပေါ့ပါးပါးလေး။ ပဲပြုတ်ပါလည်း ရယ်လိုက်၊ ပဲပြုတ်မပါလည်း ရယ် လိုက်ကွာ” လို့ တုံ့ပြန်ပြောဆိုခဲ့ရာ အဆိုပါဇာတ်ကားကိုကြည့်ရှုမယ့်ပရိသတ်ကို ထပ်ဆင့် စော်ကားမှုသာဖြစ်ကြောင်း အင်တာဗျူးကိုကြည့်ရှုသူတိုင်း မှတ်ချက်ပြုရေးသားခဲ့ကြတာကို တွေ့မြင်ရပါတယ်။
ပရိသတ်တွေရဲ့မှတ်ချက်အရ “စကားပြောဆိုပုံက ပေါ့ပျက်ပျက်နဲ့ ပရိသတ်ကိုအလေးမထားမှုက သိသာနေ တယ်။ ပဲပြတ်ပါ/မပါ ရယ်လိုက်ဆိုကတည်းက ထောက်ပြဝေဖန်တာကိုလက်မခံဘဲ ငါတို့လုပ်ပြတာမှန်သမျှ မင်းတို့ ကြည့်ကြဆိုတဲ့ အချိုးတွေ။ မင်းတို့အနုပညာရှင်တွေက ပရိသတ်ကဝေဖန်ရင် လှူပါမယ်။ အလှူအတန်းလုပ်ပြပြီး ပြစ်ချက်တွေကို ဖုံးကွယ်ကြမယ်။ ဒါက မင်းတို့အနုပညာ ရှင်တွေရဲ့ထွက်ပေါက်ပဲ၊ မြန်မာပေါကားလို့ပြောရင်လည်း မကြိုက်ကြပြန်ဘူး” လို့ ပြောဆိုဝေဖန် ထားကြပါတယ်။
ထပ်ဆင့်အကယ်ဒမီဖွေးဖွေးအနေနဲ့လည်း အခုလိုမျိုးမြန်မာဟာသဇာတ်ကားများထက် ၎င်းတို့ကို ချစ်ခင်အား ပေးသူပရိသတ်တွေကို အသိပညာ ဗဟုသုတရသပေးစွမ်းနိုင်မယ့် ရုပ်ရှင်ဇာတ်လမ်း၊ ဇာတ်အိမ်မျိုးကိုသာ ရွေးချယ် ရိုက်ကူးသင့်ပါတယ်။ ဒါရိုက်တာ ပွင့်သိင်္ဂီဇော်ကလည်း သူ့ရဲ့ မေ့‌လျော့မှုကို ဝန်ခံထားပြီး၊ ဖွေးဖွေးနဲ့ ဟာသဇာတ်ကား ရိုက်ကူးလိုစိတ်ကြောင့် ဟာသအမြင်များနဲ့သာ ကြည့်ရှုပေးစေလိုကြောင်း၊ ဇာတ်ကား အစ-အဆုံးကို ကြည့်ရှုအကဲ ဖြတ်ပေးစေလိုကြောင်းပြောထားတာကို တွေ့မြင်ရပါတယ်။ တာထွက်ချိန်ကတည်းက လွဲမှားနေတဲ့ မြန်မာဇာတ်ကားကို ဖွေးဖွေးနဲ့ နေဝင်းရဲ့ပရိသတ်ကလွဲရင် ကျန်တဲ့သူတွေကတော့ ကြည့်ရှုလိမ့်မယ်မထင်ကြောင်း အများက အကြိုမှတ်ချက် ပြုထားကြပါတယ်။

ဟာသပညာရှင် ဦးထင်ပေါ်ရဲ့ ဘဝနေဝင်ချိန်
ဟာသပညာရှင် ဦးထင်ပေါ်က စက်တင်ဘာလ (၈) ရက် မနက်ပိုင်းက သူနေထိုင်ရာ ပြင်ဦးလွင်မြို့ မိုးကြိုးကွက် သစ်မှာ (၉၆)ပါးသော ရောဂါနဲ့ကွယ်လွန်ဆုံးပါးခဲ့ပါတယ်။ “မန္တလေးမြို့က ကျွန်ုပ်တို့ရဲ့အဖေဆရာ ဟာသလူရွှင်တော် ဦးထင်ပေါ်ကွယ်လွန်သွားကြောင်း ကြားသိရပါ၍ မိသားစုနဲ့ထပ်တူ နှမြောတသ ဝမ်းနည်းရပါသည်။ ကောင်းရာ ဘုံဘဝရောက်ရှိပါစေ ဘဒွေးဦးထင်ပေါ်ရေ” လို့ လူရွှင်တော်ကောင်းကျော်က ၎င်းရဲ့ Facebook အကောင့်မှာ ဖော်ပြထားပါတယ်။
ဟာသပညာရှင် ဦးထင်ပေါ်ကို လူရွှင်တော်အသိုင်းအဝိုင်းက မန္တလေးမြို့ ဂုဏ်ဆောင်တစ်ဦးအဖြစ် တင်စား လေ့ရှိကြပြီး၊ ၎င်းကွယ်လွန်မှုသတင်းထွက်ပေါ်လာချိန်မှာ အနုပညာလောကအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုအဖြစ် ဝမ်းနည်းကြောင်း ရေးသားဖော်ပြခဲ့ကြပါတယ်။
ဦးထင်ပေါ်က အသက် (၇၄) နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ၎င်းရဲ့ကွယ်လွန်မှုသတင်း မထွက်ပေါ်လာခင်မှာ ရန်ကုန်မြို့နေ ဝါရင့်လူရွှင်တော်ကြီး ဦးပေါ်လေး ရုတ်တရက်နှလုံးရောဂါဖောက်လာတဲ့အတွက် မြောက်ဥက္ကလာပမြို့နယ်ရှိ နှလုံးအထူးကြပ်မတ်ဆောင်မှာ အရေးပေါ် ဆေးကုသမှုခံယူခဲ့ရတဲ့သတင်း ထွက်ပေါ်ခဲ့ တာကြောင့် ဦးထင်ပေါ် နာရေးသတင်းနဲ့ ဦးပေါ်လေး ကျန်းမာရေးသတင်းကို လွဲမှားခဲ့ကြပါသေးတယ်။ လက်ရှိမှာတော့ ဦးပေါ်လေးက ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိထားရပါတယ်။ ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေခဲ့တဲ့ ဟာသ လူရွှင်တော်ကြီးတွေရဲ့ဘဝနေဝင်ချိန်ဟာ တချို့ဆိုရင် မဖြောင့်ဖြူးကြဘဲ ပင်ပန်းဆင်းရဲလွန်းလှတာကို ကြားသိရ လျက်ရှိလို့နေပါတယ်။

အသက် (၄၄)နှစ် ပြည့်သွားပြီဖြစ်တဲ့ မင်းသား နေတိုး
ထပ်ဆင့်အကယ်ဒမီ မင်းသားနေတိုးက စက်တင်ဘာလ (၉) ရက်က အသက် (၄၄) နှစ်ပြည့် သွားခဲ့ပြီ ဖြစ်ပါတယ်။ အသက် (၄၄) နှစ်ပြည့်မွေးနေ့ရက်မြတ်ကို မိဘနှစ်ပါးနဲ့အတူ သူရဲ့မိသားစုဝင်တွေနဲ့ ရိုးရှင်းစွာဖြတ် သန်းကုန်ဆုံးခဲ့ပြီး ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။
မင်းသားနေတိုးကို ရခိုင်ပြည်နယ် မာန်အောင်မြို့မှာ မိဘနှစ်ပါးဖြစ်တဲ့ ဦးအောင်သန်းနဲ့ ဒေါ်သန်းမြိုင်တို့က (၁၉၈၁) ခုနှစ်၊ စက်တင်ဘာလ (၉) ရက်မှာ မွေးဖွားခဲ့ပြီး သူအပါအဝင် မွေးချင်းမောင်နှမ (၄) ဦးရှိကာ အမည်အရင်းမှာ နေလင်း အောင်ဖြစ်ပါတယ်။
နေတိုးက မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကို (၂၀ဝ၉) ခုနှစ်မှာ မိုးညအိပ်မက်မြူရုပ်ရှင်ဇာတ်ကား၊ (၂၀၁၅) ခုနှစ်မှာ နက္ခတ်မှားတဲ့တိုက်ပွဲ၊ (၂၀၁၇) ခုနှစ်မှာ တာတေကြီး၊ (၂၀၂၄) ခုနှစ်မှာ နှောင် ရုပ်ရှင်ဇာတ်ကားတို့နဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု (၄) ဆု ရရှိထားသူဖြစ်ပါတယ်။ ဒါ့အပြင် (၂၀၁၈) ခုနှစ်မှာ Star Awards (ရုပ်ရှင်နဲ့ ရုပ်သံ ထူးချွန်ဆု) ကို ရရှိခဲ့ပြီး၊ Myanmar Pride Award 2019 Best In Film ဆုကိုလည်း ရရှိထားသူဖြစ်ပါတယ်။
နေတိုးက ကိုဗစ်ကာလနဲ့ (၂၀၂၁) ခုနှစ် နိုင်ငံရေးအခင်းအကျင်းကာလအတွင်းသာ အနုပညာလှုပ်ရှားမှုတချို့ကို ရပ်နားခဲ့ပေမယ့် (၂၀၂၃) ခုနှစ်နောက်ပိုင်း ရုပ်ရှင်ဇာတ်ကားလက်ခံရိုက်ကူးမှုနဲ့အတူ ကြော်ငြာရိုက်ကူးမှုတွေ၊ ပွဲတက် တွေကို ခပ်စိပ်စိပ်လုပ်ကိုင်လျက်ရှိတာကို တွေ့မြင်ရလျက်ရှိပါတယ်။

ဒီတစ်ပတ်အတွက် ဒီလောက်နဲ့ရပ်နားခွင့်ပြုပါ။

Zawgyi Version:
ျမန္မာပရိသတ္ေတြကို အထင္ေသးလြန္းတဲ့ ျမန္မာကား ဖန္တီးသူတို႔အေၾကာင္း
အိျဖဴ (NP News) - စက္တင္ဘာ ၁၄
NP News ရဲ႕ အႏုပညာအႏွစ္ခ်ဳပ္က႑ကေန ဒီတစ္ပတ္အတြက္ “ျမန္မာပရိသတ္ေတြကို အထင္ေသးတဲ့ ျမန္မာေပါကားေတြ၊ ဟာသပညာရွင္ ဦးထင္ေပၚရဲ႕ဘဝေနဝင္ခ်ိန္” စတဲ့ အႏုပညာဆက္စပ္သတင္းေတြကို ေဖာ္ျပ ေပးသြားပါမယ္။

ျမန္မာပရိသတ္ေတြကို အထင္ေသးလြန္းတဲ့ ျမန္မာေပါကားေတြ
လတ္တေလာ ဒါ႐ိုက္တာ ပြင့္သိဂႌေဇာ္ ႐ိုက္ကူးၿပီး ထပ္ဆင့္အကယ္ဒမီေဖြးေဖြးနဲ႔ အကယ္ဒမီေနဝင္းတို႔ အဓိက ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ “အႀကီးႀကီး” ႐ုပ္ရွင္ဇာတ္ကား Movie Trailer ထြက္ရွိၿပီးေနာက္ “ပဲျပဳတ္သည္အမ်ိဳးသမီးက ထဘီကြၽတ္က်တဲ့ဇာတ္ဝင္ခန္းမွာ ပဲျပဳတ္ေတာင္းအတြင္း ပဲျပဳတ္ပါဝင္ျခင္း မရွိခဲ့တဲ့ဇာတ္ဝင္ခန္း” ကို ၾကည့္ရႈသူတိုင္း နီးပါးက သတိျပဳမိခဲ့ၾကတာပါ။ ဇာတ္ကားက ႐ုံတင္မျပသခင္မွာကတည္းက လူအမ်ားေဝဖန္စရာျဖစ္ေစခဲ့ၿပီး၊ ျမန္မာပရိ သတ္ကို အထင္ေသးလြန္းရာက်ေၾကာင္း ‌ရႈတ္ခ်ေျပာဆိုခဲ့ၾကပါတယ္။
ထပ္ဆင့္အကယ္ဒမီ ေဖြးေဖြးက အႏုပညာ မီဒီယာတစ္ခုနဲ႔အင္တာဗ်ဴးမွာ “စိတ္ေလးကိုေလွ်ာ့၊ ရယ္စရာရွိတာ ရယ္လိုက္၊ ငိုစရာရွိတာ ငိုလိုက္၊ ကိုယ္ေတြက ေပါ့ေပါ့ပါးပါးေလး။ ပဲျပဳတ္ပါလည္း ရယ္လိုက္၊ ပဲျပဳတ္မပါလည္း ရယ္ လိုက္ကြာ” လို႔ တုံ႔ျပန္ေျပာဆိုခဲ့ရာ အဆိုပါဇာတ္ကားကိုၾကည့္ရႈမယ့္ပရိသတ္ကို ထပ္ဆင့္ ေစာ္ကားမႈသာျဖစ္ေၾကာင္း အင္တာဗ်ဴးကိုၾကည့္ရႈသူတိုင္း မွတ္ခ်က္ျပဳေရးသားခဲ့ၾကတာကို ေတြ႕ျမင္ရပါတယ္။
ပရိသတ္ေတြရဲ႕မွတ္ခ်က္အရ “စကားေျပာဆိုပုံက ေပါ့ပ်က္ပ်က္နဲ႔ ပရိသတ္ကိုအေလးမထားမႈက သိသာေန တယ္။ ပဲျပတ္ပါ/မပါ ရယ္လိုက္ဆိုကတည္းက ေထာက္ျပေဝဖန္တာကိုလက္မခံဘဲ ငါတို႔လုပ္ျပတာမွန္သမွ် မင္းတို႔ ၾကည့္ၾကဆိုတဲ့အခ်ိဳးေတြ။ မင္းတို႔အႏုပညာရွင္ေတြက ပရိသတ္ကေဝဖန္ရင္ လႉပါမယ္။ အလႉအတန္းလုပ္ျပၿပီး ျပစ္ခ်က္ေတြကို ဖုံးကြယ္ၾကမယ္။ ဒါက မင္းတို႔အႏုပညာ ရွင္ေတြရဲ႕ထြက္ေပါက္ပဲ၊ ျမန္မာေပါကားလို႔ေျပာရင္လည္း မႀကိဳက္ၾကျပန္ဘူး” လို႔ ေျပာဆိုေဝဖန္ ထားၾကပါတယ္။
ထပ္ဆင့္အကယ္ဒမီေဖြးေဖြးအေနနဲ႔လည္း အခုလိုမ်ိဳးျမန္မာဟာသဇာတ္ကားမ်ားထက္ ၎တို႔ကို ခ်စ္ခင္အား ေပးသူပရိသတ္ေတြကို အသိပညာ ဗဟုသုတရသေပးစြမ္းႏိုင္မယ့္ ႐ုပ္ရွင္ဇာတ္လမ္း၊ ဇာတ္အိမ္မ်ိဳးကိုသာ ေ႐ြးခ်ယ္ ႐ိုက္ကူးသင့္ပါတယ္။ ဒါ႐ိုက္တာ ပြင့္သိဂႌေဇာ္ကလည္း သူ႔ရဲ႕ ေမ့‌ေလ်ာ့မႈကို ဝန္ခံထားၿပီး၊ ေဖြးေဖြးနဲ႔ ဟာသဇာတ္ကား ႐ိုက္ကူးလိုစိတ္ေၾကာင့္ ဟာသအျမင္မ်ားနဲ႔သာ ၾကည့္ရႈေပးေစလိုေၾကာင္း၊ ဇာတ္ကား အစ-အဆုံးကို ၾကည့္ရႈအကဲ ျဖတ္ေပးေစလိုေၾကာင္းေျပာထားတာကို ေတြ႕ျမင္ရပါတယ္။ တာထြက္ခ်ိန္ကတည္းက လြဲမွားေနတဲ့ ျမန္မာဇာတ္ကားကို ေဖြးေဖြးနဲ႔ ေနဝင္းရဲ႕ပရိသတ္ကလြဲရင္ က်န္တဲ့သူေတြကေတာ့ ၾကည့္ရႈလိမ့္မယ္မထင္ေၾကာင္း အမ်ားက အႀကိဳမွတ္ခ်က္ ျပဳထားၾကပါတယ္။

ဟာသပညာရွင္ ဦးထင္ေပၚရဲ႕ ဘဝေနဝင္ခ်ိန္
ဟာသပညာရွင္ ဦးထင္ေပၚက စက္တင္ဘာလ (၈) ရက္ မနက္ပိုင္းက သူေနထိုင္ရာ ျပင္ဦးလြင္ၿမိဳ႕ မိုးႀကိဳးကြက္ သစ္မွာ (၉၆)ပါးေသာ ေရာဂါနဲ႔ကြယ္လြန္ဆုံးပါးခဲ့ပါတယ္။ “မႏၲေလးၿမိဳ႕က ကြၽႏ္ုပ္တို႔ရဲ႕အေဖဆရာ ဟာသလူ႐ႊင္ေတာ္ ဦးထင္ေပၚကြယ္လြန္သြားေၾကာင္း ၾကားသိရပါ၍ မိသားစုနဲ႔ထပ္တူ ႏွေျမာတသ ဝမ္းနည္းရပါသည္။ ေကာင္းရာ ဘုံဘဝေရာက္ရွိပါေစ ဘေဒြးဦးထင္ေပၚေရ” လို႔ လူ႐ႊင္ေတာ္ေကာင္းေက်ာ္က ၎ရဲ႕ Facebook အေကာင့္မွာ ေဖာ္ျပထားပါတယ္။
ဟာသပညာရွင္ ဦးထင္ေပၚကို လူ႐ႊင္ေတာ္အသိုင္းအဝိုင္းက မႏၲေလးၿမိဳ႕ ဂုဏ္ေဆာင္တစ္ဦးအျဖစ္ တင္စား ေလ့ရွိၾကၿပီး၊ ၎ကြယ္လြန္မႈသတင္းထြက္ေပၚလာခ်ိန္မွာ အႏုပညာေလာကအတြက္ ႀကီးမားတဲ့ ဆုံးရႈံးမႈတစ္ခုအျဖစ္ ဝမ္းနည္းေၾကာင္း ေရးသားေဖာ္ျပခဲ့ၾကပါတယ္။
ဦးထင္ေပၚက အသက္ (၇၄) ႏွစ္အ႐ြယ္မွာ ကြယ္လြန္သြားခဲ့တာျဖစ္ပါတယ္။ ၎ရဲ႕ကြယ္လြန္မႈသတင္း မထြက္ေပၚလာခင္မွာ ရန္ကုန္ၿမိဳ႕ေန ဝါရင့္လူ႐ႊင္ေတာ္ႀကီး ဦးေပၚေလး ႐ုတ္တရက္ႏွလုံးေရာဂါေဖာက္လာတဲ့အတြက္ ေျမာက္ဥကၠလာပၿမိဳ႕နယ္ရွိ ႏွလုံးအထူးၾကပ္မတ္ေဆာင္မွာ အေရးေပၚ ေဆးကုသမႈခံယူခဲ့ရတဲ့သတင္း ထြက္ေပၚခဲ့ တာေၾကာင့္ ဦးထင္ေပၚ နာေရးသတင္းနဲ႔ ဦးေပၚေလး က်န္းမာေရးသတင္းကို လြဲမွားခဲ့ၾကပါေသးတယ္။ လက္ရွိမွာေတာ့ ဦးေပၚေလးက ေဆးကုသမႈခံယူလ်က္ရွိေၾကာင္း သိရွိထားရပါတယ္။ ပရိသတ္ေတြကို ရယ္ေမာေပ်ာ္႐ႊင္ေစခဲ့တဲ့ ဟာသ လူ႐ႊင္ေတာ္ႀကီးေတြရဲ႕ဘဝေနဝင္ခ်ိန္ဟာ တခ်ိဳ႕ဆိုရင္ မေျဖာင့္ျဖဴးၾကဘဲ ပင္ပန္းဆင္းရဲလြန္းလွတာကို ၾကားသိရ လ်က္ရွိလို႔ေနပါတယ္။

အသက္ (၄၄)ႏွစ္ ျပည့္သြားၿပီျဖစ္တဲ့ မင္းသား ေနတိုး
ထပ္ဆင့္အကယ္ဒမီ မင္းသားေနတိုးက စက္တင္ဘာလ (၉) ရက္က အသက္ (၄၄) ႏွစ္ျပည့္ သြားခဲ့ၿပီ ျဖစ္ပါတယ္။ အသက္ (၄၄) ႏွစ္ျပည့္ေမြးေန႔ရက္ျမတ္ကို မိဘႏွစ္ပါးနဲ႔အတူ သူရဲ႕မိသားစုဝင္ေတြနဲ႔ ႐ိုးရွင္းစြာျဖတ္ သန္းကုန္ဆုံးခဲ့ၿပီး ကုသိုလ္ေကာင္းမႈေတြ ျပဳလုပ္ခဲ့ပါတယ္။
မင္းသားေနတိုးကို ရခိုင္ျပည္နယ္ မာန္ေအာင္ၿမိဳ႕မွာ မိဘႏွစ္ပါးျဖစ္တဲ့ ဦးေအာင္သန္းနဲ႔ ေဒၚသန္းၿမိဳင္တို႔က (၁၉၈၁) ခုႏွစ္၊ စက္တင္ဘာလ (၉) ရက္မွာ ေမြးဖြားခဲ့ၿပီး သူအပါအဝင္ ေမြးခ်င္းေမာင္ႏွမ (၄) ဦးရွိကာ အမည္အရင္းမွာ ေနလင္း ေအာင္ျဖစ္ပါတယ္။
ေနတိုးက ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုကို (၂၀ဝ၉) ခုႏွစ္မွာ မိုးညအိပ္မက္ျမဴ႐ုပ္ရွင္ဇာတ္ကား၊ (၂၀၁၅) ခုႏွစ္မွာ နကၡတ္မွားတဲ့တိုက္ပြဲ၊ (၂၀၁၇) ခုႏွစ္မွာ တာေတႀကီး၊ (၂၀၂၄) ခုႏွစ္မွာ ေႏွာင္ ႐ုပ္ရွင္ဇာတ္ကားတို႔နဲ႔ အေကာင္းဆုံး အမ်ိဳးသား ဇာတ္ေဆာင္ဆု (၄) ဆု ရရွိထားသူျဖစ္ပါတယ္။ ဒါ့အျပင္ (၂၀၁၈) ခုႏွစ္မွာ Star Awards (႐ုပ္ရွင္နဲ႔ ႐ုပ္သံ ထူးခြၽန္ဆု) ကို ရရွိခဲ့ၿပီး၊ Myanmar Pride Award 2019 Best In Film ဆုကိုလည္း ရရွိထားသူျဖစ္ပါတယ္။
ေနတိုးက ကိုဗစ္ကာလနဲ႔ (၂၀၂၁) ခုႏွစ္ ႏိုင္ငံေရးအခင္းအက်င္းကာလအတြင္းသာ အႏုပညာလႈပ္ရွားမႈတခ်ိဳ႕ကို ရပ္နားခဲ့ေပမယ့္ (၂၀၂၃) ခုႏွစ္ေနာက္ပိုင္း ႐ုပ္ရွင္ဇာတ္ကားလက္ခံ႐ိုက္ကူးမႈနဲ႔အတူ ေၾကာ္ျငာ႐ိုက္ကူးမႈေတြ၊ ပြဲတက္ ေတြကို ခပ္စိပ္စိပ္လုပ္ကိုင္လ်က္ရွိတာကို ေတြ႕ျမင္ရလ်က္ရွိပါတယ္။

ဒီတစ္ပတ္အတြက္ ဒီေလာက္နဲ႔ရပ္နားခြင့္ျပဳပါ။

Related news

© 2021. All rights reserved.