ပင်းတယရှိ ရွှေဆိုင်ကို သေနတ်အတုဖြင့်ဓားပြဝင်တိုက်သောအမျိုးသားကို ဖမ်းမိ

395

သန့်ဇင်(NP News)-စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့ရှိ ရွှေဆိုင်ကို သေနတ်အတုဖြင့်ဓားပြဝင်တိုက်သော အမျိုးသားကို ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့( စက်တင်ဘာ ၁၃ရက်) ညနေပိုင်းက ပင်းတယမြို့၊ ဈေးတန်းရပ်ကွက်၊ ကမ္ဘာ့ရတနာဘဏ်အနီး၊ “ကိုကျော်ငြိမ်း၊ မခင်မျိုးသင်း ရွှေငွေရတနာဆိုင်”တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကမ္ဘာ့ရတနာဘဏ်ရှေ့က ကိုကျော်ငြိမ်းတို့ရွှေဆိုင်ကိုဝင်တိုက်တာ။ သူက ဆွဲကြိုးအော်ဒါမှာမယ်လို့ပြောပြီးတော့ ဆွဲကြိုး(၂)ကုံးကိုကြည့် နေတုန်း သေနတ်ပြပြီးယူပြေးတာ။ သေနတ်ကအတုကြီး။ ယူပြေးတော့ အဲဒီဆိုင်က ကောင်မလေးက အော်တာပေါ့နော်။ အဲဒီတော့ ဘေးကပတ်ဝန်းကျင်ကဝိုင်းလိုက်တော့ ပြေးတာပေါ့။ အဲဒီမှာဆိုင်ကယ်ကိုတွန်းလှဲပြီးပြေးတော့ ဈေးထိပ်ကလူတွေက ဝိုင်းပြီး ဖမ်းမိတာ”ဟု ဒေသခံအမျိုးသမီးတစ်ဦးက NP News ကိုပြောသည်။
ဓားပြတိုက်မှုကျူးလွန်သူမှာ ကလောမြို့တွင်နေထိုင်သူ အသက်(၃၀) နှစ်အရွယ်ခန့်ရှိ အမျိုးသာတစ်ဦးဖြစ်ပြီး ဓားပြတိုက်စဉ်ပါလာသည့် သေနတ်အတုနှင့် ရွှေဆွဲကြိုး (၂) ကုံးအပြင် ဆိုင်ကယ်တစ်စီးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
“ဓားပြတိုက်တဲ့လူက ကလောသားပါ။ ဖမ်းမိတော့ ဈေးသည်တွေဝိုင်းရှာပေးတော့ ဆွဲကြိး (၂) ကုံးပြန်ရှာတွေ့တာ။ သူ့မှာက ဆိုင်ကယ် ယိုးဒယားဘီးပါတယ်။ အခုတော့အမှုဖွင့်ထားတယ်လို့ပြောတယ်”ဟု ၎င်းကပြောသည်။

Zawgyi Version:
ပင္းတယရွိ ေ႐ႊဆိုင္ကို ေသနတ္အတုျဖင့္ဓားျပဝင္တိုက္ေသာအမ်ိဳးသားကို ဖမ္းမိ
သန႔္ဇင္(NP News)-စက္တင္ဘာ ၁၄
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ပင္းတယၿမိဳ႕ရွိ ေ႐ႊဆိုင္ကို ေသနတ္အတုျဖင့္ဓားျပဝင္တိုက္ေသာ အမ်ိဳးသားကို ဖမ္းဆီးရမိခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔( စက္တင္ဘာ ၁၃ရက္) ညေနပိုင္းက ပင္းတယၿမိဳ႕၊ ေဈးတန္းရပ္ကြက္၊ ကမာၻ႔ရတနာဘဏ္အနီး၊ “ကိုေက်ာ္ၿငိမ္း၊ မခင္မ်ိဳးသင္း ေ႐ႊေငြရတနာဆိုင္”တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ကမာၻ႔ရတနာဘဏ္ေရွ႕က ကိုေက်ာ္ၿငိမ္းတို႔ေ႐ႊဆိုင္ကိုဝင္တိုက္တာ။ သူက ဆြဲႀကိဳးေအာ္ဒါမွာမယ္လို႔ေျပာၿပီးေတာ့ ဆြဲႀကိဳး(၂)ကုံးကိုၾကည့္ ေနတုန္း ေသနတ္ျပၿပီးယူေျပးတာ။ ေသနတ္ကအတုႀကီး။ ယူေျပးေတာ့ အဲဒီဆိုင္က ေကာင္မေလးက ေအာ္တာေပါ့ေနာ္။ အဲဒီေတာ့ ေဘးကပတ္ဝန္းက်င္ကဝိုင္းလိုက္ေတာ့ ေျပးတာေပါ့။ အဲဒီမွာဆိုင္ကယ္ကိုတြန္းလွဲၿပီးေျပးေတာ့ ေဈးထိပ္ကလူေတြက ဝိုင္းၿပီး ဖမ္းမိတာ”ဟု ေဒသခံအမ်ိဳးသမီးတစ္ဦးက NP News ကိုေျပာသည္။
ဓားျပတိုက္မႈက်ဴးလြန္သူမွာ ကေလာၿမိဳ႕တြင္ေနထိုင္သူ အသက္(၃၀) ႏွစ္အ႐ြယ္ခန႔္ရွိ အမ်ိဳးသာတစ္ဦးျဖစ္ၿပီး ဓားျပတိုက္စဥ္ပါလာသည့္ ေသနတ္အတုႏွင့္ ေ႐ႊဆြဲႀကိဳး (၂) ကုံးအျပင္ ဆိုင္ကယ္တစ္စီးကိုလည္း ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
“ဓားျပတိုက္တဲ့လူက ကေလာသားပါ။ ဖမ္းမိေတာ့ ေဈးသည္ေတြဝိုင္းရွာေပးေတာ့ ဆြဲႀကိး (၂) ကုံးျပန္ရွာေတြ႕တာ။ သူ႔မွာက ဆိုင္ကယ္ ယိုးဒယားဘီးပါတယ္။ အခုေတာ့အမႈဖြင့္ထားတယ္လို႔ေျပာတယ္”ဟု ၎ကေျပာသည္။