သံသယဖြစ်ဖွယ် ဘဏ်ငွေလွှဲပြောင်းမှုများကို စောင့်ကြည့်ရန် မှာကြား

466

Pearl (NP News) - စက်တင်ဘာ ၁၄
သံသယဖြစ်ဖွယ် ဘဏ်ငွေလွှဲပြောင်းမှုများကို စောင့်ကြည့်ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကက မှာကြားခဲ့သည်။
ယမန်နေ့ (စက်တင်ဘာ ၁၃ရက်) က Mobile Banking၊ Digital Payment Platform များအသုံး ပြု၍ ငွေပေးချေဆောင်ရွက်နေမှုများအား စောင့်ကြည့်စိစစ်မှု ပိုမိုအားကောင်းစေရန်နှင့် ချေးငွေစည်းမျဉ်းများနှင့် ဆုံးရှုံးနိုင်ခြေအလေးပေး တွက်ချက်မှုများနှင့် လိုက်နာရမည့် သတ်မှတ်စည်းမျဉ်းများနှင့်စပ်လျဉ်းသည့် အစည်းအဝေးကိုမြန်မာနိုင်ငံတော်ဗဟိုဘဏ် (ရန်ကုန် ဘဏ်ခွဲ)၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် ဗဟိုဘဏ်ဥက္ကဋ္ဌက လက်ရှိဘဏ်များမှ ဆောင်ရွက်လျက်ရှိသည့် Mobile Payment Platform များ၊ ဘဏ်စာရင်းများမှ တစ်ဆင့်ငွေပေးချေမှုအတွက် ကိုယ်စားလှယ်များ၊ အသုံးပြုသူများအား Onboard ပြုလုပ်ရာတွင် KYC အချက်အလက်များ ပြည့်စုံစွာရယူရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
အလားတူ Transaction Monitoring ဆောင်ရွက် ခြင်းများ ပိုမိုထိရောက်စွာပြုလုပ်ရန် လိုအပ်ကြောင်း၊ Online Scam၊ Online Fraud၊ Online Gambling များ ဆောင်ရွက်နေမှုများကို အထူးအလေးထား စောင့်ကြည့်ရန်လိုအပ်ကြောင်း၊ ဘဏ်များ၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုပေးသူများနှင့် ရောင်းချသူကိုယ်စား ငွေကောက်ခံ ရှင်းလင်းသည့် ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေသူများ၏ စောင့်ကြည့်ရန်ကိစ္စရပ်များ၊ လိုက်နာရမည့်အချက်များကို ဗဟိုဘဏ်မှ ထုတ်ပြန်ထားပြီးဖြစ်ကြောင်းပြောကြားခဲ့သည်။
ထို့ပြင် သံသယဖြစ်ဖွယ် Transaction များကို စောင့်ကြည့်ရန် နှင့် Transaction Reporting များ အစီရင်ခံမှုပိုင်း ပိုမိုပြုလုပ်ရန်နှင့် လိုက်နာမှု အားနည်းပါက စီမံခန့်ခွဲရေးနည်းလမ်းအရ အရေး ယူခံရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Pay တာဝန်ခံများက အထူးစိစစ်ရမည့်အချက်များနှင့် သက်ဆိုင်ရာဘဏ်များ၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုပေးသူများနှင့် ရောင်းချသူကိုယ်စား ငွေကောက် ခံရှင်းလင်းသည့် လုပ်ငန်းများ အနေဖြင့်လည်း အသိပညာပေးမှုများ ပိုမိုပြုလုပ်ရန် နှင့် MMQR နှင့် သက်ဆိုင်သည့် Transaction များ ပိုမိုတိုးတက်လာသည်ကို တွေ့ရှိရကြောင်းလည်း ပြောကြားခဲ့သည်။
အလားတူ Digital Platform များနှင့် Mobile Account များမှ တစ်ဆင့်သွားနေသဖြင့် Agent၊ Merchant Category များ ပိုမိုစိစစ်ရန်နှင့် Online Scam၊ Fraud များ၊ AML များ သုံးစွဲမှုမရှိစေရေး ဆောင်ရွက်ရမည့်ကိစ္စ ရပ်များ၊ Mobile Pay အတွက် သတ်မှတ်ထားသည့် ပမာဏထက် ကျော်လျှင် Bank လမ်းကြောင်း (Mobile Banking၊ CBM-NET၊ ACH) တို့မှတစ်ဆင့် ဆောင်ရွက်စေရေး စိစစ်ရန်လိုအပ်ကြောင်း၊ Mobile Banking ၊ Payment Platform၊ RTGS တို့၏ ရည်ရွယ်ချက်များနှင့်အညီ Transaction များ ဆောင်ရွက်ရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းပြည်၏ စီးပွားရေးကို တွန်းအားပေး စေမည့် Sector များကို စိစစ်၍ ချေးငွေများထုတ်ချေးရန်၊ ဘဏ်များ စည်းမျဉ်းလိုက်နာမှု ပိုမိုအားကောင်းလာသည်ကိုတွေ့ရှိရ၍ လိုအပ်သည့်စည်းမျဉ်းကိုသာ သက်တမ်းတိုးပေးမည် ဖြစ်ကြောင်း၊ ဆုံးရှုံးနိုင်ခြေ အလေးပေးရာခိုင်နှုန်းများ တွက်ချက်ခြင်းကို ဘဏ်များနှင့် Exercise ပြုလုပ် တွက်ချက်ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှ စတင်ကျင့်သုံးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

Zawgyi Version:
သံသယျဖစ္ဖြယ္ ဘဏ္ေငြလႊဲေျပာင္းမႈမ်ားကို ေစာင့္ၾကည့္ရန္ မွာၾကား
Pearl (NP News) - စက္တင္ဘာ ၁၄
သံသယျဖစ္ဖြယ္ ဘဏ္ေငြလႊဲေျပာင္းမႈမ်ားကို ေစာင့္ၾကည့္ရန္ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ဥကၠ႒ ေဒၚသန္းသန္းေဆြကက မွာၾကားခဲ့သည္။
ယမန္ေန႔ (စက္တင္ဘာ ၁၃ရက္) က Mobile Banking၊ Digital Payment Platform မ်ားအသုံး ျပဳ၍ ေငြေပးေခ်ေဆာင္႐ြက္ေနမႈမ်ားအား ေစာင့္ၾကည့္စိစစ္မႈ ပိုမိုအားေကာင္းေစရန္ႏွင့္ ေခ်းေငြစည္းမ်ဥ္းမ်ားႏွင့္ ဆုံးရႈံးႏိုင္ေျခအေလးေပး တြက္ခ်က္မႈမ်ားႏွင့္ လိုက္နာရမည့္ သတ္မွတ္စည္းမ်ဥ္းမ်ားႏွင့္စပ္လ်ဥ္းသည့္ အစည္းအေဝးကိုျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ (ရန္ကုန္ ဘဏ္ခြဲ)၌ က်င္းပခဲ့ေၾကာင္း သိရသည္။
အဆိုပါအစည္းအေဝးတြင္ ဗဟိုဘဏ္ဥကၠ႒က လက္ရွိဘဏ္မ်ားမွ ေဆာင္႐ြက္လ်က္ရွိသည့္ Mobile Payment Platform မ်ား၊ ဘဏ္စာရင္းမ်ားမွ တစ္ဆင့္ေငြေပးေခ်မႈအတြက္ ကိုယ္စားလွယ္မ်ား၊ အသုံးျပဳသူမ်ားအား Onboard ျပဳလုပ္ရာတြင္ KYC အခ်က္အလက္မ်ား ျပည့္စုံစြာရယူရန္လိုအပ္ေၾကာင္း ေျပာၾကားခဲ့သည္။
အလားတူ Transaction Monitoring ေဆာင္႐ြက္ ျခင္းမ်ား ပိုမိုထိေရာက္စြာျပဳလုပ္ရန္ လိုအပ္ေၾကာင္း၊ Online Scam၊ Online Fraud၊ Online Gambling မ်ား ေဆာင္႐ြက္ေနမႈမ်ားကို အထူးအေလးထား ေစာင့္ၾကည့္ရန္လိုအပ္ေၾကာင္း၊ ဘဏ္မ်ား၊ မိုဘိုင္းေငြေရးေၾကးေရး ဝန္ေဆာင္မႈေပးသူမ်ားႏွင့္ ေရာင္းခ်သူကိုယ္စား ေငြေကာက္ခံ ရွင္းလင္းသည့္ ဝန္ေဆာင္မႈလုပ္ငန္း ေဆာင္႐ြက္ေနသူမ်ား၏ ေစာင့္ၾကည့္ရန္ကိစၥရပ္မ်ား၊ လိုက္နာရမည့္အခ်က္မ်ားကို ဗဟိုဘဏ္မွ ထုတ္ျပန္ထားၿပီးျဖစ္ေၾကာင္းေျပာၾကားခဲ့သည္။
ထို႔ျပင္ သံသယျဖစ္ဖြယ္ Transaction မ်ားကို ေစာင့္ၾကည့္ရန္ ႏွင့္ Transaction Reporting မ်ား အစီရင္ခံမႈပိုင္း ပိုမိုျပဳလုပ္ရန္ႏွင့္ လိုက္နာမႈ အားနည္းပါက စီမံခန႔္ခြဲေရးနည္းလမ္းအရ အေရး ယူခံရမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
Pay တာဝန္ခံမ်ားက အထူးစိစစ္ရမည့္အခ်က္မ်ားႏွင့္ သက္ဆိုင္ရာဘဏ္မ်ား၊ မိုဘိုင္းေငြေရးေၾကးေရးဝန္ေဆာင္မႈေပးသူမ်ားႏွင့္ ေရာင္းခ်သူကိုယ္စား ေငြေကာက္ ခံရွင္းလင္းသည့္ လုပ္ငန္းမ်ား အေနျဖင့္လည္း အသိပညာေပးမႈမ်ား ပိုမိုျပဳလုပ္ရန္ ႏွင့္ MMQR ႏွင့္ သက္ဆိုင္သည့္ Transaction မ်ား ပိုမိုတိုးတက္လာသည္ကို ေတြ႕ရွိရေၾကာင္းလည္း ေျပာၾကားခဲ့သည္။
အလားတူ Digital Platform မ်ားႏွင့္ Mobile Account မ်ားမွ တစ္ဆင့္သြားေနသျဖင့္ Agent၊ Merchant Category မ်ား ပိုမိုစိစစ္ရန္ႏွင့္ Online Scam၊ Fraud မ်ား၊ AML မ်ား သုံးစြဲမႈမရွိေစေရး ေဆာင္႐ြက္ရမည့္ကိစၥ ရပ္မ်ား၊ Mobile Pay အတြက္ သတ္မွတ္ထားသည့္ ပမာဏထက္ ေက်ာ္လွ်င္ Bank လမ္းေၾကာင္း (Mobile Banking၊ CBM-NET၊ ACH) တို႔မွတစ္ဆင့္ ေဆာင္႐ြက္ေစေရး စိစစ္ရန္လိုအပ္ေၾကာင္း၊ Mobile Banking ၊ Payment Platform၊ RTGS တို႔၏ ရည္႐ြယ္ခ်က္မ်ားႏွင့္အညီ Transaction မ်ား ေဆာင္႐ြက္ရန္လိုအပ္ေၾကာင္း ေဆြးေႏြးေျပာၾကားခဲ့ေၾကာင္း သိရသည္။
တိုင္းျပည္၏ စီးပြားေရးကို တြန္းအားေပး ေစမည့္ Sector မ်ားကို စိစစ္၍ ေခ်းေငြမ်ားထုတ္ေခ်းရန္၊ ဘဏ္မ်ား စည္းမ်ဥ္းလိုက္နာမႈ ပိုမိုအားေကာင္းလာသည္ကိုေတြ႕ရွိရ၍ လိုအပ္သည့္စည္းမ်ဥ္းကိုသာ သက္တမ္းတိုးေပးမည္ ျဖစ္ေၾကာင္း၊ ဆုံးရႈံးႏိုင္ေျခ အေလးေပးရာခိုင္ႏႈန္းမ်ား တြက္ခ်က္ျခင္းကို ဘဏ္မ်ားႏွင့္ Exercise ျပဳလုပ္ တြက္ခ်က္ၿပီး ၂၀၂၆-၂၀၂၇ ဘ႑ာေရးႏွစ္မွ စတင္က်င့္သုံးႏိုင္ေရး ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။