ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် မဲဆန္ဒနယ်စာရင်းကို UEC ကြေညာ

331

ပီယ (NP News) - စက်တင်ဘာ ၁၄
လာမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် မဲဆန္ဒနယ်စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ယနေ့ (စက်တင်ဘာလ ၁၄ ရက်) ညပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသည့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ( ၅၆ ) နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ( ၉ ) နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် (သို့) ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ( ၅၆ ) နယ်တို့တွင် ရွေးကောက်ပွဲများ ကျင်းပခြင်း ပြုမည်မဟုတ်ကြောင်း သိရသည်။
ထို့ကြောင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၂၇၄ နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၇၅ နယ်၊ အချိုးကျ ကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၂၆ နယ်၊ တိုင်းဒေသကြီးလွှတ်တော် (သို့) ပြည်နယ် လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၂၆၆ နယ်၊ တိုင်းဒေသကြီး လွှတ်တော် (သို့) ပြည်နယ်လွှတ်တော် အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၄၂ နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် (သို့) ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နယ် တို့တွင် ရွေးကောက်ပွဲများကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ေ႐ြးေကာက္ပြဲမ်ား က်င္းပျခင္းမျပဳမည့္ မဲဆႏၵနယ္စာရင္းကို UEC ေၾကညာ
ပီယ (NP News) - စက္တင္ဘာ ၁၄
လာမည့္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲမ်ား က်င္းပျခင္းမျပဳမည့္ မဲဆႏၵနယ္စာရင္းကို ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ (UEC) က ယေန႔ (စက္တင္ဘာလ ၁၄ ရက္) ညပိုင္းတြင္ ထုတ္ျပန္ေၾကညာခဲ့သည္။
၂၀၂၅ ခုႏွစ္၊ ဒီဇင္ဘာလ ၂၈ ရက္တြင္ စတင္က်င္းပျပဳလုပ္မည့္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲ၌ လြတ္လပ္ၿပီးတရားမွ်တေသာ ေ႐ြးေကာက္ပြဲက်င္းပရန္ အေျခအေနမရွိသည့္ ျပည္သူ႔လႊတ္ေတာ္မဲဆႏၵနယ္ ( ၅၆ ) နယ္၊ အမ်ိဳးသားလႊတ္ေတာ္ မဲအမ်ားဆုံးရသူအႏိုင္ယူစနစ္ (FPTP) မဲဆႏၵနယ္ ( ၉ ) နယ္ႏွင့္ တိုင္းေဒသႀကီးလႊတ္ေတာ္ (သို႔) ျပည္နယ္လႊတ္ေတာ္ မဲအမ်ားဆုံးရသူအႏိုင္ယူစနစ္ (FPTP) မဲဆႏၵနယ္ ( ၅၆ ) နယ္တို႔တြင္ ေ႐ြးေကာက္ပြဲမ်ား က်င္းပျခင္း ျပဳမည္မဟုတ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲတြင္ ျပည္သူ႔လႊတ္ေတာ္မဲဆႏၵနယ္ ၂၇၄ နယ္၊ အမ်ိဳးသားလႊတ္ေတာ္ မဲအမ်ားဆုံးရသူအႏိုင္ယူစနစ္ (FPTP) မဲဆႏၵနယ္ ၇၅ နယ္၊ အခ်ိဳးက် ကိုယ္စားျပဳစနစ္ (PR) မဲဆႏၵနယ္ ၂၆ နယ္၊ တိုင္းေဒသႀကီးလႊတ္ေတာ္ (သို႔) ျပည္နယ္ လႊတ္ေတာ္ မဲအမ်ားဆုံးရသူအႏိုင္ယူစနစ္ (FPTP) မဲဆႏၵနယ္ ၂၆၆ နယ္၊ တိုင္းေဒသႀကီး လႊတ္ေတာ္ (သို႔) ျပည္နယ္လႊတ္ေတာ္ အခ်ိဳးက်ကိုယ္စားျပဳစနစ္ (PR) မဲဆႏၵနယ္ ၄၂ နယ္ႏွင့္ တိုင္းေဒသႀကီးလႊတ္ေတာ္ (သို႔) ျပည္နယ္လႊတ္ေတာ္ တိုင္းရင္းသားလူမ်ိဳး မဲဆႏၵနယ္ ၂၉ နယ္ တို႔တြင္ ေ႐ြးေကာက္ပြဲမ်ားက်င္းပျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။