အရောင်(၁၀)မျိုးကို အမြန်ဆုံးခွဲခြားသတ်မှတ်ပြနိုင်မှုအတွက် ဂင်းနစ်စံချိန်ရရှိခဲ့သည့် တရုတ်နိုင်ငံမှ ကြက်တူရွေး

 138

Pika (NP News) - စက်တင်ဘာ ၁၅
တရုတ်နိုင်ငံမှ အိမ်မွေးကြက်တူရွေး တစ်ကောင်သည် အရောင် (၁၀) မျိုးကို အမြန်ဆုံး ခွဲခြား သတ်မှတ်ပြခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ရရှိခဲ့ ကြောင်းသိရသည်။ ကွင်ဖန်းဆိုသည့် အမျိုးသား ပိုင် ဆိုင်သည့် Xiaogui ဆိုသည့်ကြက်တူရွေးသည် ရောင်စုံဘောလုံးများကိုကောက်ယူကာ ကိုက်ညီသော အရောင်ရှိသည့် ပုံးများထဲသို့ ထည့်ပြခဲ့ပြီးနောက် ကမ္ဘာ့ ဂင်းနစ်စံချိန်ကို ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Xiaogui ဆိုသည့် ကြက်တူရွေးသည် ရောင်စုံဘောလုံးများကို သက်ဆိုင်ရာအရောင်ရှိသည့် ပုံး များထဲသို့ထည့်ခြင်းကို အချိန် (၃၃ ဒသမ ၅) စက္ကန့် အတွင်း လုပ်ပြခဲ့ပြီးနောက် ကြက်တူရွေးတစ်ကောင် က အရောင် (၁၀) မျိုးကို အမြန်ဆုံးခွဲခြားသတ်မှတ်ပြနိုင်မှုအတွက် ကမ္ဘာ့ဂင်းနစ်စံချိန်ကို ရရှိခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
အဆိုပါ ကြက်တူရွေးလေးသည် အရောင်များကို ခွဲခြားသတ်မှတ်ပြချိန်အတွင်း အမှားတစ်ခုကို လုပ်မိနီးပါးဖြစ်သွားခဲ့သော်လည်း အချိန်မီပြန်လည် ပြင်ဆင်ပြောင်းလဲနိုင်ခဲ့ကြောင်းသိရသည်။ Xiaogui ဆိုသည့်ကြက်တူရွေးသည် ပန်းရောင်အရင့် ဘောလုံးတစ်လုံးကို ပန်းရောင်အဖျော့ပုံးထဲသို့ ထည့်ခါနီးဖြစ် သွားခဲ့သော်လည်း နောက်ပိုင်းတွင် ၎င်း၏အမှားကို အချိန်မီပြန်လည်ပြန်လည်ပြင်ဆင်နိုင်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
ကွင်ဖန်းသည် Xiaogui ဆိုသည့် ကြက်တူရွေးကို (၂၀၂၀) ပြည့်နှစ်တွင် စတင်‌မွေးစားခဲ့ခြင်း ဖြစ် ပြီး ၎င်းကရောင်စုံဘောလုံးများနှင့် ကစားရသည်ကိုကြိုက်နှစ်သက်ကြောင်းတွေ့ရှိခဲ့ပြီးနောက် အရောင် များခွဲခြားသတ်မှတ်ခြင်းကို လေ့ကျင့်ပေးရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကွင်ဖန်းက ထုတ်ဖော်ပြောကြားခဲ့သည်။

Zawgyi Version;
အေရာင္(၁၀)မ်ိဳးကို အျမန္ဆုံးခြဲျခားသတ္မွတ္ျပႏိုင္မႈအတြက္ ဂင္းနစ္စံခ်ိန္ရရွိခဲ့သည့္ တ႐ုတ္ႏိုင္ငံမွ ၾကက္တူေ႐ြး
Pika (NP News) - စက္တင္ဘာ ၁၅
တ႐ုတ္ႏိုင္ငံမွ အိမ္ေမြးၾကက္တူေ႐ြး တစ္ေကာင္သည္ အေရာင္ (၁၀) မ်ိဳးကို အျမန္ဆုံး ခြဲျခား သတ္မွတ္ျပခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ရရွိခဲ့ ေၾကာင္းသိရသည္။ ကြင္ဖန္းဆိုသည့္ အမ်ိဳးသား ပိုင္ ဆိုင္သည့္ Xiaogui ဆိုသည့္ၾကက္တူေ႐ြးသည္ ေရာင္စုံေဘာလုံးမ်ားကိုေကာက္ယူကာ ကိုက္ညီေသာ အေရာင္ရွိသည့္ ပုံးမ်ားထဲသို႔ ထည့္ျပခဲ့ၿပီးေနာက္ ကမာၻ႔ ဂင္းနစ္စံခ်ိန္ကို ရရွိခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
Xiaogui ဆိုသည့္ ၾကက္တူေ႐ြးသည္ ေရာင္စုံေဘာလုံးမ်ားကို သက္ဆိုင္ရာအေရာင္ရွိသည့္ ပုံး မ်ားထဲသို႔ထည့္ျခင္းကို အခ်ိန္ (၃၃ ဒသမ ၅) စကၠန႔္ အတြင္း လုပ္ျပခဲ့ၿပီးေနာက္ ၾကက္တူေ႐ြးတစ္ေကာင္ က အေရာင္ (၁၀) မ်ိဳးကို အျမန္ဆုံးခြဲျခားသတ္မွတ္ျပႏိုင္မႈအတြက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ကို ရရွိခဲ့ျခင္းျဖစ္ ေၾကာင္းသိရသည္။
အဆိုပါ ၾကက္တူေ႐ြးေလးသည္ အေရာင္မ်ားကို ခြဲျခားသတ္မွတ္ျပခ်ိန္အတြင္း အမွားတစ္ခုကို လုပ္မိနီးပါးျဖစ္သြားခဲ့ေသာ္လည္း အခ်ိန္မီျပန္လည္ ျပင္ဆင္ေျပာင္းလဲႏိုင္ခဲ့ေၾကာင္းသိရသည္။ Xiaogui ဆိုသည့္ၾကက္တူေ႐ြးသည္ ပန္းေရာင္အရင့္ ေဘာလုံးတစ္လုံးကို ပန္းေရာင္အေဖ်ာ့ပုံးထဲသို႔ ထည့္ခါနီးျဖစ္ သြားခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ ၎၏အမွားကို အခ်ိန္မီျပန္လည္ျပန္လည္ျပင္ဆင္ႏိုင္ခဲ့ျခင္းျဖစ္ ေၾကာင္းသိရသည္။
ကြင္ဖန္းသည္ Xiaogui ဆိုသည့္ ၾကက္တူေ႐ြးကို (၂၀၂၀) ျပည့္ႏွစ္တြင္ စတင္‌ေမြးစားခဲ့ျခင္း ျဖစ္ ၿပီး ၎ကေရာင္စုံေဘာလုံးမ်ားႏွင့္ ကစားရသည္ကိုႀကိဳက္ႏွစ္သက္ေၾကာင္းေတြ႕ရွိခဲ့ၿပီးေနာက္ အေရာင္ မ်ားခြဲျခားသတ္မွတ္ျခင္းကို ေလ့က်င့္ေပးရန္ဆုံးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း ကြင္ဖန္းက ထုတ္ေဖာ္ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.