မြန်မာအမျိုးသမီးများကို တရုတ်မယားလုပ်ရန် ရောင်းစားသော အမှု (၄) မှုမှ ပါဝင်သူများကို နှစ်ရှည် အလုပ်နှင့် ထောင်ဒဏ်ချမှတ်

191

ချယ်ရီ (NP News) - စက်တင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ဖြစ်ပွားခဲ့သော မြန်မာအမျိုးသမီး များ ကို တရုတ်မယားလုပ်ရန် ရောင်းစားသော အမှု (၄) မှုမှ ပါဝင်သူများကို နှစ်ရှည် အလုပ်နှင့် ထောင်ဒဏ်ချမှတ်လိုက်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ထံ သိရသည်။
ပထမ အမှုမှာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင်နေထိုင်သည့် အသက် (၂၇)နှစ်အရွယ်ရှိ မ--- သည် မူဆယ်မြို့ရှိ အစ်မဖြစ်သူထံ သွားရောက်နေထိုင်ပြီး အလုပ်အကိုင်ရှာဖွေခဲ့ရာ ဒေါ်မာလာနှင့်တွေ့ဆုံခင်မင်ခဲ့ပြီး ဒေါ်မာလာမှ တရုတ်ယောက်ျားယူလျှင် တရုတ်ယွမ် (၁၅,၀၀၀) ခန့်ရမည်ဟု စည်းရုံးပြောဆိုရာ သိန်းဇော်လတ် (ခ) ဆံရှည်၊ ရွှန်းပြည့်ဟိန်း (ခ) ကိုဟိန်း၊ စိုင်းအောင်သိန်း၊ နှင်းဝေဦးတို့နှင့် ပူးပေါင်း၍ ရွှေလီမြို့ရှိ ပွဲစား ဒေါ်ပခမ်းမှတစ်ဆင့် တရုတ်ယောက်ျားထံ ပို့ဆောင်ရောင်းစားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မူဆယ်မြို့မရဲစခန်းက (ပ) (၁၁၀/ ၂၀၂၅)၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ (၃၈) (က)/ (၄၄) ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး စက်တင်ဘာ (၁၀) ရက်တွင် မူဆယ်ခရိုင်တရားရုံးမှ ဖမ်းမိသူ သိန်းဇော်လတ် (ခ) ဆံရှည်၊ ရွှန်းပြည့်ဟိန်း (ခ) ကိုဟိန်းနှင့် စိုင်းအောင်သိန်းတို့ (၃)ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ (၃၈) (က) အရ အလုပ်နှင့် ထောင်ဒဏ် နှစ် (၂၀) စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ မာလာ၊ နှင်းဝေဦးနှင့် ဒေါ်ပခမ်းတို့ (၃)ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ (၈၇/ ၈၈) အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
ဒုတိယ အမှုမှာ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင်နေထိုင်သည့် အသက် (၂၂)နှစ်အရွယ်ရှိ မ ---- ကို အမည်မမှတ်မိသော Tik Tok အကောင့်တစ်ခုမှ တရုတ်ယောက်ျား By one လုပ်ရမည်၊ (၆) လမှ (၁) နှစ်ခန့် နေထိုင်ပေးရမည်၊ မြန်မာငွေကျပ် သိန်း (၆၀) ရရှိမည်၊ စရိတ်ငြိမ်းပို့ဆောင်ပေးမည်ဟု စည်းရုံးပြောဆိုပြီး မူဆယ်မြို့သို့ ပို့ဆောင်ခဲ့၍ မူဆယ်မြို့သို့ရောက်သောအခါ ဆိုင်ကယ်ကယ်ရီသမားတစ်ဦးက ထက်ထက်လှိုင် (ခ) မထက်ထံ ပို့ဆောင်ပေးခဲ့ပြီး ထက်ထက်လှိုင် (ခ) မထက်မှ စိုင်းအောင်သိန်း၊ သက်သက်ဇော် (ခ) အန်တီသက်နှင့် သက်သက်အေး (ခ) မသက်တို့နှင့် ပူးပေါင်း၍ ရွှေလီမြို့ရှိ ပွဲစား ဒေါ်ပခမ်းမှတစ်ဆင့် တရုတ်ယောက်ျားထံ ပို့ဆောင်ရောင်းစားခဲ့ကြောင်း သိရသည်။
ထို့နောက် တရုတ်ယောက်ျားနှင့် တစ်လခန့် ပေါင်းသင်းနေထိုင်ရပြီး ငွေကြေးတစ်စုံတစ်ရာရရှိခြင်းမရှိသဖြင့် ထွက်ပြေးခဲ့ကာ စိုင်းအောင်သိန်းထံ အကူအညီတောင်း၍ မြန်မာနိုင်ငံသို့ပြန်လာခဲ့ပြီးနောက် စိုင်းအောင်သိန်းက တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူခ ယွမ် (၁၃,၀၀၀) တောင်းရာ မပေးနိုင်သဖြင့် နေအိမ်တွင် ပိတ်လှောင်ထားပြီး မကြာမခဏရိုက်နှက်ခြင်း၊ အဓမ္မပြုကျင့်ခြင်းများ ပြုလုပ်ခဲ့ရာ ပတ်ဝန်းကျင်ရှိ လူများရောက်ရှိလာသဖြင့် လွတ်မြောက်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မူဆယ်မြို့မရဲစခန်း (ပ) (၁၀၉/ ၂၀၂၅) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ (၃၈(က)/ ၄၄) ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး စက်တင်ဘာ (၁၁) ရက်တွင် မူဆယ်ခရိုင်တရားရုံးမှ ဖမ်းမိသူ စိုင်းအောင်သိန်း၊ သက်သက်ဇော် (ခ) အန်တီသက်နှင့် သက်သက်အေး (ခ) မသက်တို့ (၃)ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ (၃၅) အရ အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ ထက်ထက်လှိုင် (ခ) မထက်နှင့် ပခမ်းတို့နှစ်ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ (၈၇/ ၈၈)ဖြင့် အတည်ပြု ထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
တတိယ အမှုမှာ ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့တွင်နေထိုင်သည့် မ ---- ကို မူဆယ်မြို့ရှိ အေးမြတ်မွန်မှ လူမှုကွန်ရက် Tik Tok Nam Mu Lay @nan.mu acc မှတစ်ဆင့် တရုတ်ဇနီးမယားအဖြစ်လုပ်ကိုင်ပါက ယွမ် (၁၀,၀၀၀) ရမည်၊ တရုတ်အမျိုးသားနှင့် တစ်နှစ်ပေါင်းသင်း ရမည်၊ လုပ်ကိုင်လိုပါက မန္တလေးမြို့သို့ လာရောက်ရန် စည်းရုံးပြောဆိုပြီး မန္တလေးမြို့သို့ ခေါ်ဆောင်ခဲ့ကာ မန္တလေးမြို့တွင် အေးမြတ်မွန် ချိတ်ဆက်ပေးထားသည့် ပွဲစား မအောင်မီး (ခ) ပီဆိုင်းအွန်က လာကြို၍ ၎င်းပေါင်းသင်းရမည့် တရုတ်ယောကျာ်းနှင့် တွေ့ဆုံရန် တရုတ်နိုင်ငံ ရွှေလီမြို့သို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ရွှေလီမြို့တွင် တရုတ်ယောက်ျားနှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံသို့ ပြန်ရောက်လာပြီး နိုင်ငံကူးလက်မှတ်နှင့် ဗီဇာပြုလုပ်ရန် စောင့်ဆိုင်းနေစဉ် တာဝန်ရှိသူများ၏ စစ်ဆေးမေးမြန်းခြင်းခံရမှုကြောင့် စစ်ဆေးပေါ်ပေါက်သဖြင့် အောင်မြေသာစံမြို့နယ်၊ အမှတ် (၅) မြို့မရဲစခန်း (ပ) (၃၁/ ၂၀၂၅) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ (၃၅/ ၄၄) ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး စက်တင်ဘာ (၁၂) ရက်တွင် အောင်မြေသာစံခရိုင်တရားရုံးမှ အေးမြတ်မွန်ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ (၃၅) အရ အလုပ်နှင့်ထောင်ဒဏ် (၁၀) နှစ်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ မအောင်မီး (ခ) ပီဆိုင်းအွန်ကို ဥပဒေပုဒ်မ (၈၇/ ၈၈) အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
စတုတ္ထအမှုမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်တွင် နေထိုင်သည့် မ ---- ကို တစ်ရွာတည်းနေထိုင်သည့် အစ်မဝမ်းကွဲဖြစ်သူ မအိဖြူစိုးမှ တရုတ်နိုင်ငံသားနှင့် လက်ထပ်ပါက ငွေကျပ် သိန်း (၄၀၀) ရမည်၊ ဝူဟန်မြို့တွင်နေထိုင်သည့် ၎င်းတို့အစ်မတစ်ဝမ်းကွဲ တော်စပ်သည့် မသင်းသင်းစိုးထံသို့ wechat မှတစ်ဆင့် ၎င်း၏ဓာတ်ပုံများ ပေးပို့ထားကြောင်း၊ မသင်းသင်းစိုးမှ ဝူဟန်မြို့မှ မန္တလေးမြို့သို့ လာရောက်၍ ၎င်းအားတရုတ်နိုင်ငံသို့ ခေါ်ဆောင်မည်ဟု စည်းရုံးပြောဆိုပြီး တရုတ်နိုင်ငံသို့ ခေါ်ဆောင်ရန်အတွက် နိုင်ငံကူးလက်မှတ်နှင့် ဗီဇာပြုလုပ်ပေးရန် စောင့်ဆိုင်းနေစဉ် တာဝန်ရှိသူများ၏ စစ်ဆေးမေးမြန်းခြင်းခံခဲ့ရကာ စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မဟာအောင်မြေမြို့နယ်၊ အမှတ် (၉) မြို့မရဲစခန်း (ပ) (၅၈/ ၂၀၂၅) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ (၃၅/ ၄၄) ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး စက်တင်ဘာ (၁၁) ရက်တွင် မဟာအောင်မြေခရိုင်တရားရုံးမှ တရားခံ သင်းသင်းစိုးနှင့် အိဖြူစိုးတို့နှစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ (၃၅) အရ အလုပ်နှင့်ထောင်ဒဏ် (၁၅) နှစ်စီချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။

Zawgyi Version:
ျမန္မာအမ်ိဳးသမီးမ်ားကို တ႐ုတ္မယားလုပ္ရန္ ေရာင္းစားေသာ အမႈ (၄) မႈမွ ပါဝင္သူမ်ားကို ႏွစ္ရွည္ အလုပ္ႏွင့္ ေထာင္ဒဏ္ခ်မွတ္
ခ်ယ္ရီ (NP News) - စက္တင္ဘာ ၁၅
ရန္ကုန္တိုင္းေဒသႀကီး၊ စစ္ကိုင္းတိုင္းေဒသႀကီးႏွင့္ ရွမ္းျပည္နယ္တို႔တြင္ ျဖစ္ပြားခဲ့ေသာ ျမန္မာအမ်ိဳးသမီး မ်ား ကို တ႐ုတ္မယားလုပ္ရန္ ေရာင္းစားေသာ အမႈ (၄) မႈမွ ပါဝင္သူမ်ားကို ႏွစ္ရွည္ အလုပ္ႏွင့္ ေထာင္ဒဏ္ခ်မွတ္လိုက္ေၾကာင္း ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ ထံ သိရသည္။
ပထမ အမႈမွာ ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕တြင္ေနထိုင္သည့္ အသက္ (၂၇)ႏွစ္အ႐ြယ္ရွိ မ--- သည္ မူဆယ္ၿမိဳ႕ရွိ အစ္မျဖစ္သူထံ သြားေရာက္ေနထိုင္ၿပီး အလုပ္အကိုင္ရွာေဖြခဲ့ရာ ေဒၚမာလာႏွင့္ေတြ႕ဆုံခင္မင္ခဲ့ၿပီး ေဒၚမာလာမွ တ႐ုတ္ေယာက္်ားယူလွ်င္ တ႐ုတ္ယြမ္ (၁၅,၀၀၀) ခန႔္ရမည္ဟု စည္း႐ုံးေျပာဆိုရာ သိန္းေဇာ္လတ္ (ခ) ဆံရွည္၊ ႐ႊန္းျပည့္ဟိန္း (ခ) ကိုဟိန္း၊ စိုင္းေအာင္သိန္း၊ ႏွင္းေဝဦးတို႔ႏွင့္ ပူးေပါင္း၍ ေ႐ႊလီၿမိဳ႕ရွိ ပြဲစား ေဒၚပခမ္းမွတစ္ဆင့္ တ႐ုတ္ေယာက္်ားထံ ပို႔ေဆာင္ေရာင္းစားခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ မူဆယ္ၿမိဳ႕မရဲစခန္းက (ပ) (၁၁၀/ ၂၀၂၅)၊ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးဥပေဒပုဒ္မ (၃၈) (က)/ (၄၄) ျဖင့္ အမႈေရးဖြင့္တရားစြဲတင္ခဲ့ၿပီး စက္တင္ဘာ (၁၀) ရက္တြင္ မူဆယ္ခ႐ိုင္တရား႐ုံးမွ ဖမ္းမိသူ သိန္းေဇာ္လတ္ (ခ) ဆံရွည္၊ ႐ႊန္းျပည့္ဟိန္း (ခ) ကိုဟိန္းႏွင့္ စိုင္းေအာင္သိန္းတို႔ (၃)ဦးကို လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးဥပေဒပုဒ္မ (၃၈) (က) အရ အလုပ္ႏွင့္ ေထာင္ဒဏ္ ႏွစ္ (၂၀) စီ က်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ၿပီး တိမ္းေရွာင္တရားခံ မာလာ၊ ႏွင္းေဝဦးႏွင့္ ေဒၚပခမ္းတို႔ (၃)ဦးကို ရာဇဝတ္က်င့္ထုံး ဥပေဒပုဒ္မ (၈၇/ ၈၈) အတည္ျပဳထုတ္ဆင့္ခဲ့ေၾကာင္း သိရသည္။
ဒုတိယ အမႈမွာ ရန္ကုန္တိုင္းေဒသႀကီး၊ ေ႐ႊျပည္သာၿမိဳ႕နယ္တြင္ေနထိုင္သည့္ အသက္ (၂၂)ႏွစ္အ႐ြယ္ရွိ မ ---- ကို အမည္မမွတ္မိေသာ Tik Tok အေကာင့္တစ္ခုမွ တ႐ုတ္ေယာက္်ား By one လုပ္ရမည္၊ (၆) လမွ (၁) ႏွစ္ခန႔္ ေနထိုင္ေပးရမည္၊ ျမန္မာေငြက်ပ္ သိန္း (၆၀) ရရွိမည္၊ စရိတ္ၿငိမ္းပို႔ေဆာင္ေပးမည္ဟု စည္း႐ုံးေျပာဆိုၿပီး မူဆယ္ၿမိဳ႕သို႔ ပို႔ေဆာင္ခဲ့၍ မူဆယ္ၿမိဳ႕သို႔ေရာက္ေသာအခါ ဆိုင္ကယ္ကယ္ရီသမားတစ္ဦးက ထက္ထက္လႈိင္ (ခ) မထက္ထံ ပို႔ေဆာင္ေပးခဲ့ၿပီး ထက္ထက္လႈိင္ (ခ) မထက္မွ စိုင္းေအာင္သိန္း၊ သက္သက္ေဇာ္ (ခ) အန္တီသက္ႏွင့္ သက္သက္ေအး (ခ) မသက္တို႔ႏွင့္ ပူးေပါင္း၍ ေ႐ႊလီၿမိဳ႕ရွိ ပြဲစား ေဒၚပခမ္းမွတစ္ဆင့္ တ႐ုတ္ေယာက္်ားထံ ပို႔ေဆာင္ေရာင္းစားခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ တ႐ုတ္ေယာက္်ားႏွင့္ တစ္လခန႔္ ေပါင္းသင္းေနထိုင္ရၿပီး ေငြေၾကးတစ္စုံတစ္ရာရရွိျခင္းမရွိသျဖင့္ ထြက္ေျပးခဲ့ကာ စိုင္းေအာင္သိန္းထံ အကူအညီေတာင္း၍ ျမန္မာႏိုင္ငံသို႔ျပန္လာခဲ့ၿပီးေနာက္ စိုင္းေအာင္သိန္းက တ႐ုတ္ႏိုင္ငံမွ ျမန္မာႏိုင္ငံသို႔ ျပန္လည္ေခၚယူခ ယြမ္ (၁၃,၀၀၀) ေတာင္းရာ မေပးႏိုင္သျဖင့္ ေနအိမ္တြင္ ပိတ္ေလွာင္ထားၿပီး မၾကာမခဏ႐ိုက္ႏွက္ျခင္း၊ အဓမၼျပဳက်င့္ျခင္းမ်ား ျပဳလုပ္ခဲ့ရာ ပတ္ဝန္းက်င္ရွိ လူမ်ားေရာက္ရွိလာသျဖင့္ လြတ္ေျမာက္ခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ မူဆယ္ၿမိဳ႕မရဲစခန္း (ပ) (၁၀၉/ ၂၀၂၅) လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးဥပေဒပုဒ္မ (၃၈(က)/ ၄၄) ျဖင့္ အမႈေရးဖြင့္တရားစြဲတင္ခဲ့ၿပီး စက္တင္ဘာ (၁၁) ရက္တြင္ မူဆယ္ခ႐ိုင္တရား႐ုံးမွ ဖမ္းမိသူ စိုင္းေအာင္သိန္း၊ သက္သက္ေဇာ္ (ခ) အန္တီသက္ႏွင့္ သက္သက္ေအး (ခ) မသက္တို႔ (၃)ဦးကို လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးဥပေဒပုဒ္မ (၃၅) အရ အလုပ္ႏွင့္ ေထာင္ဒဏ္ (၁၀) ႏွစ္ က်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ၿပီး တိမ္းေရွာင္တရားခံ ထက္ထက္လႈိင္ (ခ) မထက္ႏွင့္ ပခမ္းတို႔ႏွစ္ဦးကို ရာဇဝတ္က်င့္ထုံး ဥပေဒပုဒ္မ (၈၇/ ၈၈)ျဖင့္ အတည္ျပဳ ထုတ္ဆင့္ခဲ့ေၾကာင္း သိရသည္။
တတိယ အမႈမွာ ရွမ္းျပည္နယ္၊ ကြတ္ခိုင္ၿမိဳ႕တြင္ေနထိုင္သည့္ မ ---- ကို မူဆယ္ၿမိဳ႕ရွိ ေအးျမတ္မြန္မွ လူမႈကြန္ရက္ Tik Tok Nam Mu Lay @nan.mu acc မွတစ္ဆင့္ တ႐ုတ္ဇနီးမယားအျဖစ္လုပ္ကိုင္ပါက ယြမ္ (၁၀,၀၀၀) ရမည္၊ တ႐ုတ္အမ်ိဳးသားႏွင့္ တစ္ႏွစ္ေပါင္းသင္း ရမည္၊ လုပ္ကိုင္လိုပါက မႏၲေလးၿမိဳ႕သို႔ လာေရာက္ရန္ စည္း႐ုံးေျပာဆိုၿပီး မႏၲေလးၿမိဳ႕သို႔ ေခၚေဆာင္ခဲ့ကာ မႏၲေလးၿမိဳ႕တြင္ ေအးျမတ္မြန္ ခ်ိတ္ဆက္ေပးထားသည့္ ပြဲစား မေအာင္မီး (ခ) ပီဆိုင္းအြန္က လာႀကိဳ၍ ၎ေပါင္းသင္းရမည့္ တ႐ုတ္ေယာက်ာ္းႏွင့္ ေတြ႕ဆုံရန္ တ႐ုတ္ႏိုင္ငံ ေ႐ႊလီၿမိဳ႕သို႔ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။
ေ႐ႊလီၿမိဳ႕တြင္ တ႐ုတ္ေယာက္်ားႏွင့္ ေတြ႕ဆုံၿပီးေနာက္ ျမန္မာႏိုင္ငံသို႔ ျပန္ေရာက္လာၿပီး ႏိုင္ငံကူးလက္မွတ္ႏွင့္ ဗီဇာျပဳလုပ္ရန္ ေစာင့္ဆိုင္းေနစဥ္ တာဝန္ရွိသူမ်ား၏ စစ္ေဆးေမးျမန္းျခင္းခံရမႈေၾကာင့္ စစ္ေဆးေပၚေပါက္သျဖင့္ ေအာင္ေျမသာစံၿမိဳ႕နယ္၊ အမွတ္ (၅) ၿမိဳ႕မရဲစခန္း (ပ) (၃၁/ ၂၀၂၅) လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးဥပေဒပုဒ္မ (၃၅/ ၄၄) ျဖင့္ အမႈဖြင့္လွစ္ခဲ့ၿပီး စက္တင္ဘာ (၁၂) ရက္တြင္ ေအာင္ေျမသာစံခ႐ိုင္တရား႐ုံးမွ ေအးျမတ္မြန္ကို လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ဥပေဒပုဒ္မ (၃၅) အရ အလုပ္ႏွင့္ေထာင္ဒဏ္ (၁၀) ႏွစ္ခ်မွတ္ခဲ့ၿပီး တိမ္းေရွာင္တရားခံ မေအာင္မီး (ခ) ပီဆိုင္းအြန္ကို ဥပေဒပုဒ္မ (၈၇/ ၈၈) အတည္ျပဳထုတ္ဆင့္ခဲ့ေၾကာင္း သိရသည္။
စတုတၳအမႈမွာ စစ္ကိုင္းတိုင္းေဒသႀကီး၊ ထီးခ်ိဳင့္ၿမိဳ႕နယ္တြင္ ေနထိုင္သည့္ မ ---- ကို တစ္႐ြာတည္းေနထိုင္သည့္ အစ္မဝမ္းကြဲျဖစ္သူ မအိျဖဴစိုးမွ တ႐ုတ္ႏိုင္ငံသားႏွင့္ လက္ထပ္ပါက ေငြက်ပ္ သိန္း (၄၀၀) ရမည္၊ ဝူဟန္ၿမိဳ႕တြင္ေနထိုင္သည့္ ၎တို႔အစ္မတစ္ဝမ္းကြဲ ေတာ္စပ္သည့္ မသင္းသင္းစိုးထံသို႔ wechat မွတစ္ဆင့္ ၎၏ဓာတ္ပုံမ်ား ေပးပို႔ထားေၾကာင္း၊ မသင္းသင္းစိုးမွ ဝူဟန္ၿမိဳ႕မွ မႏၲေလးၿမိဳ႕သို႔ လာေရာက္၍ ၎အားတ႐ုတ္ႏိုင္ငံသို႔ ေခၚေဆာင္မည္ဟု စည္း႐ုံးေျပာဆိုၿပီး တ႐ုတ္ႏိုင္ငံသို႔ ေခၚေဆာင္ရန္အတြက္ ႏိုင္ငံကူးလက္မွတ္ႏွင့္ ဗီဇာျပဳလုပ္ေပးရန္ ေစာင့္ဆိုင္းေနစဥ္ တာဝန္ရွိသူမ်ား၏ စစ္ေဆးေမးျမန္းျခင္းခံခဲ့ရကာ စစ္ေဆးေပၚေပါက္ခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ မဟာေအာင္ေျမၿမိဳ႕နယ္၊ အမွတ္ (၉) ၿမိဳ႕မရဲစခန္း (ပ) (၅၈/ ၂၀၂၅) လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ဥပေဒပုဒ္မ (၃၅/ ၄၄) ျဖင့္ အမႈဖြင့္လွစ္ခဲ့ၿပီး စက္တင္ဘာ (၁၁) ရက္တြင္ မဟာေအာင္ေျမခ႐ိုင္တရား႐ုံးမွ တရားခံ သင္းသင္းစိုးႏွင့္ အိျဖဴစိုးတို႔ႏွစ္ဦးကို လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ဥပေဒပုဒ္မ (၃၅) အရ အလုပ္ႏွင့္ေထာင္ဒဏ္ (၁၅) ႏွစ္စီခ်မွတ္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ထံမွ သိရသည္။