SKD ၊ CKDလောင်စာဆီသုံး ကားသစ်ဈေးများ စက်ရုံထုတ်မူရင်းဈေးထက် နှစ်ဆခန့် မြင့်တက်နေ

459

ပြည့်ဖြိုး (NP News)-စက်တင်ဘာ ၁၅
ပြည်တွင်း၌ အရောင်းအဝယ်ကောင်းသည့် SKD,CKD လောင်စာဆီသုံးကားသစ်ဈေးများသည် တစ်ဆင့်ခံပြန်လည်ရောင်းချသည့်ဈေးကွက်အတွင်း စက်ရုံထုတ်ဈေးထက် နှစ်ဆနီးပါးခန့် ဈေးနှုန်းများ မြင့်တက်နေကြောင်း ကားဈေးကွက်အတွင်းမှသိရသည်။
SKD,CKD လောင်စာဆီသုံးကားသစ်များသည်နိုင်ငံတော်မှ နှစ်စဉ်ခွဲတမ်းဖြင့် အစီးရေ အကန့် အသတ်ဖြင့်ရောင်းချခြင်းဖြစ်ရာ ဈေးကွက်အတွင်းဝယ်လိုအားမြင့်တက်နေကြောင်းသိရသည်။
“SKD, CKD လောင်စာဆီသုံးကားသစ်တွေက ခွဲတမ်းအလိုက်ရောင်းပေးတာဆိုတော့ ကားအရောင်း ပြခန်းတွေကိုခွဲပေးတာနဲ့တင် စက်ရုံထုတ်ထားတဲ့ ကားအရေအတွက်ကကုန်သွားတယ်။ ဈေးကွက်ထဲမှာ ကားအစီးရေအကန့်အသတ်နဲ့ရောင်း ချပေး နေသလိုဖြစ်နေတော့ တစ်ဆင့်ပြန်ရောင်းတဲ့သူတွေ ဆီမှာပဲ ကားဝယ်လို့ရတာပေါ့။ ကားဈေးကလည်း ဆွဲ တင်သလိုဖြစ်ပြီးဈေးတက်နေတာပါ”ဟု သိမ်ဖြူ ကား ရောင်းဝယ်ရေးအသင်းမှ ကိုထွန်းထွန်းက ပြောသည်။
ဈေးကွက်အတွင်း ဆူဇူကီး၊ KIA ၊ တိုယိုတာ စသော SKD,CKD လောင်စာဆီသုံးကားသစ် များ သည် လူကြိုက်များသော ကားအမှတ်တံဆိပ်များဖြစ်ကြပြီး ကားမော်ဒယ်နှင့် အမျိုးအစားအလိုက် ဈေးကွက်အတွင်း ဈေးနှုန်းနှစ်ဆနီးပါး ဈေးမြင့်တက်နေခြင်းဖြစ်သည်။
“ဟိုတစ်လောက စက်ရုံထုတ်တဲ့ ဆူဇူကီး အာတီကာ ဟိုက်ဘရစ်ဆိုရင် စက်ရုံထုတ်ဈေးက သိန်း(၁၀၅၀)ပဲရှိတယ်။ ကားဈေးကွက်ထဲမှာ တစ် ဆင့်ပြန်ရောင်းနေတဲ့ဈေးက လိုင်စင်ပါအပြီးအစီး သိန်း(၁၉၅၀) အထိ ခေါ်ဈေးတွေဖြစ်နေတာ၊ ကားဝယ်စီးချင်သူတွေက စက်ရုံကရောင်းပေးတဲ့ဈေးနဲ့ တိုက်ရိုက်အပြင်မှာဝယ်ချင်ပေမယ့် အရောင်းပြခန်းတွေက လက်ကျန်ကားမရှိတော့ဘူးဆိုပြီး အကြောင်း ပြတယ်၊ SKD,CKD ကားတွေက ဈေးကွက်ထဲမှာ ဈေးအမြင့်ဆုံးပဲ”ဟု ဝါရင့်ကားဝယ် ရောင်းလုပ်ငန်း ရှင်တစ်ဦးကပြောသည်။
SKD,CKD ကားများသည် ပြည်တွင်း ဈေးကွက်အတွင်းသို့ ကားအစီးရေနည်းပါးစွာ ဝင်ရောက်နေ ခြင်းဖြစ်ပြီး အရောင်းပြခန်း Show room တစ်ခုလျှင် ခြောက်လခန့်နှင့်သုံးလခန့်ကြာမှသာ တစ်စီးသို့ မဟုတ် နှစ်စီးခန့်သာ ဈေးကွက်အတွင်း ဝင်ရောက်ကြောင်းသိရသည်။
ပြည်တွင်းကားဈေးကွက်အတွင်း SKD, CKD ကားများအပြင် EV လျှပ်စစ်ကားများ၊ ဂျပန် တစ် ပတ်ရစ်ကားများ ဈေးကွက်အပြိုင်အဆိုင်ဖြစ်နေပြီး ကားဈေးများလည်းမြင့်တက်နေကြောင်းသိရသည်။

Zawgyi Version:
SKD ၊ CKDေလာင္စာဆီသုံး ကားသစ္ေဈးမ်ား စက္႐ုံထုတ္မူရင္းေဈးထက္ ႏွစ္ဆခန႔္ ျမင့္တက္ေန
ျပည့္ၿဖိဳး (NP News)-စက္တင္ဘာ ၁၅
ျပည္တြင္း၌ အေရာင္းအဝယ္ေကာင္းသည့္ SKD,CKD ေလာင္စာဆီသုံးကားသစ္ေဈးမ်ားသည္ တစ္ဆင့္ခံျပန္လည္ေရာင္းခ်သည့္ေဈးကြက္အတြင္း စက္႐ုံထုတ္ေဈးထက္ ႏွစ္ဆနီးပါးခန႔္ ေဈးႏႈန္းမ်ား ျမင့္တက္ေနေၾကာင္း ကားေဈးကြက္အတြင္းမွသိရသည္။
SKD,CKD ေလာင္စာဆီသုံးကားသစ္မ်ားသည္ႏိုင္ငံေတာ္မွ ႏွစ္စဥ္ခြဲတမ္းျဖင့္ အစီးေရ အကန႔္ အသတ္ျဖင့္ေရာင္းခ်ျခင္းျဖစ္ရာ ေဈးကြက္အတြင္းဝယ္လိုအားျမင့္တက္ေနေၾကာင္းသိရသည္။
“SKD, CKD ေလာင္စာဆီသုံးကားသစ္ေတြက ခြဲတမ္းအလိုက္ေရာင္းေပးတာဆိုေတာ့ ကားအေရာင္း ျပခန္းေတြကိုခြဲေပးတာနဲ႔တင္ စက္႐ုံထုတ္ထားတဲ့ ကားအေရအတြက္ကကုန္သြားတယ္။ ေဈးကြက္ထဲမွာ ကားအစီးေရအကန႔္အသတ္နဲ႔ေရာင္း ခ်ေပး ေနသလိုျဖစ္ေနေတာ့ တစ္ဆင့္ျပန္ေရာင္းတဲ့သူေတြ ဆီမွာပဲ ကားဝယ္လို႔ရတာေပါ့။ ကားေဈးကလည္း ဆြဲ တင္သလိုျဖစ္ၿပီးေဈးတက္ေနတာပါ”ဟု သိမ္ျဖဴ ကား ေရာင္းဝယ္ေရးအသင္းမွ ကိုထြန္းထြန္းက ေျပာသည္။
ေဈးကြက္အတြင္း ဆူဇူကီး၊ KIA ၊ တိုယိုတာ စေသာ SKD,CKD ေလာင္စာဆီသုံးကားသစ္ မ်ား သည္ လူႀကိဳက္မ်ားေသာ ကားအမွတ္တံဆိပ္မ်ားျဖစ္ၾကၿပီး ကားေမာ္ဒယ္ႏွင့္ အမ်ိဳးအစားအလိုက္ ေဈးကြက္အတြင္း ေဈးႏႈန္းႏွစ္ဆနီးပါး ေဈးျမင့္တက္ေနျခင္းျဖစ္သည္။
“ဟိုတစ္ေလာက စက္႐ုံထုတ္တဲ့ ဆူဇူကီး အာတီကာ ဟိုက္ဘရစ္ဆိုရင္ စက္႐ုံထုတ္ေဈးက သိန္း(၁၀၅၀)ပဲရွိတယ္။ ကားေဈးကြက္ထဲမွာ တစ္ ဆင့္ျပန္ေရာင္းေနတဲ့ေဈးက လိုင္စင္ပါအၿပီးအစီး သိန္း(၁၉၅၀) အထိ ေခၚေဈးေတြျဖစ္ေနတာ၊ ကားဝယ္စီးခ်င္သူေတြက စက္႐ုံကေရာင္းေပးတဲ့ေဈးနဲ႔ တိုက္႐ိုက္အျပင္မွာဝယ္ခ်င္ေပမယ့္ အေရာင္းျပခန္းေတြက လက္က်န္ကားမရွိေတာ့ဘူးဆိုၿပီး အေၾကာင္း ျပတယ္၊ SKD,CKD ကားေတြက ေဈးကြက္ထဲမွာ ေဈးအျမင့္ဆုံးပဲ”ဟု ဝါရင့္ကားဝယ္ ေရာင္းလုပ္ငန္း ရွင္တစ္ဦးကေျပာသည္။
SKD,CKD ကားမ်ားသည္ ျပည္တြင္း ေဈးကြက္အတြင္းသို႔ ကားအစီးေရနည္းပါးစြာ ဝင္ေရာက္ေန ျခင္းျဖစ္ၿပီး အေရာင္းျပခန္း Show room တစ္ခုလွ်င္ ေျခာက္လခန႔္ႏွင့္သုံးလခန႔္ၾကာမွသာ တစ္စီးသို႔ မဟုတ္ ႏွစ္စီးခန႔္သာ ေဈးကြက္အတြင္း ဝင္ေရာက္ေၾကာင္းသိရသည္။
ျပည္တြင္းကားေဈးကြက္အတြင္း SKD, CKD ကားမ်ားအျပင္ EV လွ်ပ္စစ္ကားမ်ား၊ ဂ်ပန္ တစ္ ပတ္ရစ္ကားမ်ား ေဈးကြက္အၿပိဳင္အဆိုင္ျဖစ္ေနၿပီး ကားေဈးမ်ားလည္းျမင့္တက္ေနေၾကာင္းသိရသည္။