မက္ကဆီကိုနိုင်ငံ၊ ယုကန်တန်ကျွန်းဆွယ်မှာ ယာဉ်မတော်တဆမှုကြောင့် လူ ၁၅ ဦး သေဆုံး

 80

ရောင်နီ (NP News) - စက်တင်ဘာ ၁၅
မက္ကဆီကိုနိုင်ငံ ယူကာတန်ကျွန်းဆွယ်မှာ စနေနေ့ (စက်တင်ဘာ ၁၃ ရက်) က ပြင်းထန်တဲ့ ယာဉ် မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပြီး လူ ၁၅ ဦး သေဆုံးခဲ့တယ်လို့ ပြည်နယ်ပြည်သူ့လုံခြုံရေး အတွင်းရေးမှူးက ပြော ကြားပါတယ်။
မတော်တဆမှုဟာ မယ်ရီဒါ နဲ့ ကမ်ပီချီကြား အဝေးပြေးလမ်းမပေါ်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး နောက်တွဲ ယာဉ်၊ ကားနဲ့ တက္ကစီတစ်စီး ဆင့်တိုက်ခဲ့တာဖြစ်ကာ ကားပေါ်ပါ ခရီးသည်တွေ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ယာဉ်တိုက်မှုဖြစ်ရတဲ့အဓိကအကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ ယုကန်တန်အုပ်ချုပ်ရေးမှူး ဂျိုချင်ဒိုင်ယာမီ နာကတော့ မတော်တဆမှုကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ မိသားစုတွေကို ပံ့ပိုးကူညီပေးသွားမယ်လို့ ဆိုပါတယ်။
မတော်တဆမှုသတင်း စရရှိကတည်းက အရေးပေါ်လုံခြုံရေးနဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ ချက်ချင်း အကူအညီပေးဖို့ ပြင်ဆင်ခဲ့တယ်လို့ ၎င်းက ပြောကြားခဲ့ပါတယ်။

Zawgyi Version:
မကၠဆီကိုႏိုင္ငံ၊ ယုကန္တန္ကြၽန္းဆြယ္မွာ ယာဥ္မေတာ္တဆမႈေၾကာင့္ လူ ၁၅ ဦး ေသဆုံး
ေရာင္နီ (NP News) - စက္တင္ဘာ ၁၅
မကၠဆီကိုႏိုင္ငံ ယူကာတန္ကြၽန္းဆြယ္မွာ စေနေန႔ (စက္တင္ဘာ ၁၃ ရက္) က ျပင္းထန္တဲ့ ယာဥ္ မေတာ္တဆမႈတစ္ခုျဖစ္ပြားခဲ့ၿပီး လူ ၁၅ ဦး ေသဆုံးခဲ့တယ္လို႔ ျပည္နယ္ျပည္သူ႔လုံၿခဳံေရး အတြင္းေရးမႉးက ေျပာ ၾကားပါတယ္။
မေတာ္တဆမႈဟာ မယ္ရီဒါ နဲ႔ ကမ္ပီခ်ီၾကား အေဝးေျပးလမ္းမေပၚမွာျဖစ္ပြားခဲ့တာျဖစ္ၿပီး ေနာက္တြဲ ယာဥ္၊ ကားနဲ႔ တကၠစီတစ္စီး ဆင့္တိုက္ခဲ့တာျဖစ္ကာ ကားေပၚပါ ခရီးသည္ေတြ ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။ ယာဥ္တိုက္မႈျဖစ္ရတဲ့အဓိကအေၾကာင္းရင္းကိုေတာ့ မသိရေသးပါဘူး။ ယုကန္တန္အုပ္ခ်ဳပ္ေရးမႉး ဂ်ိဳခ်င္ဒိုင္ယာမီ နာကေတာ့ မေတာ္တဆမႈေၾကာင့္ ထိခိုက္ခံစားခဲ့ရတဲ့ မိသားစုေတြကို ပံ့ပိုးကူညီေပးသြားမယ္လို႔ ဆိုပါတယ္။
မေတာ္တဆမႈသတင္း စရရွိကတည္းက အေရးေပၚလုံၿခဳံေရးနဲ႔ က်န္းမာေရးဝန္ေဆာင္မႈေတြ ခ်က္ခ်င္း အကူအညီေပးဖို႔ ျပင္ဆင္ခဲ့တယ္လို႔ ၎က ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.