ရေးမြို့တွင် ခင်ပွန်း၏ တိုင်ကြားမှုကြောင့် ငွေစက္ကူအတုထုတ်လုပ်သုံးစွဲနေသော ဇနီးဖြစ်သူကို ဖမ်းမိ

2351
Pearl (NP News) - စက်တင်ဘာ ၁၅
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာတွင် ခင်ပွန်းဖြစ်သူ၏ တိုင် ကြားမှုကြောင့် ငွေစက္ကူအတုထုတ်လုပ် သုံးစွဲနေသော ဇနီးဖြစ်သူဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်နေ့က ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာ ၅ ရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခင်ပွန်းဖြစ်သူက သက်ဆိုင်ရာသို့ တိုင် ကြားခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရှာဖွေရာ မမြူလင်းလင်းကို ငွေစက္ကူ ၁ သောင်းတန် သိန်း ၁၂၀ ကျော်ဖြင့် ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။
ဖမ်းဆီးခံရသူအမျိုးသမီးမှာ အသက် (၂၈ နှစ်) အရွယ် မမြူလင်းလင်း (ခ) သူဇာဆိုသူဖြစ်ပြီး နှစ်ကရင်ကျေးရွာရှိ ရဲစခန်းဟောင်းအနီးရှိ နေအိမ်အား ငှားရမ်းနေထိုင်ကာ အထည်ဆိုင်အား ဖွင့်လှစ်ထားကြောင်း သိရသည်။
Zawgyi Version:
ေရးၿမိဳ႕တြင္ ခင္ပြန္း၏ တိုင္ၾကားမႈေၾကာင့္ ေငြစကၠဴအတုထုတ္လုပ္သုံးစြဲေနေသာ ဇနီးျဖစ္သူကို ဖမ္းမိ
Pearl (NP News) - စက္တင္ဘာ ၁၅
မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္၊ ႏွစ္ကရင္ေက်း႐ြာတြင္ ခင္ပြန္းျဖစ္သူ၏ တိုင္ ၾကားမႈေၾကာင့္ ေငြစကၠဴအတုထုတ္လုပ္ သုံးစြဲေနေသာ ဇနီးျဖစ္သူဖမ္းဆီးခံခဲ့ရေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ စက္တင္ဘာလ ၁၁ ရက္ေန႔က ေရးၿမိဳ႕နယ္၊ ႏွစ္ကရင္ေက်း႐ြာ ၅ ရပ္ကြက္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ခင္ပြန္းျဖစ္သူက သက္ဆိုင္ရာသို႔ တိုင္ ၾကားျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ရဲတပ္ဖြဲ႕က ဝင္ေရာက္စီးနင္းရွာေဖြရာ မျမဴလင္းလင္းကို ေငြစကၠဴ ၁ ေသာင္းတန္ သိန္း ၁၂၀ ေက်ာ္ျဖင့္ ဖမ္းဆီးရရွိခဲ့ေၾကာင္း သိရွိရသည္။
ဖမ္းဆီးခံရသူအမ်ိဳးသမီးမွာ အသက္ (၂၈ ႏွစ္) အ႐ြယ္ မျမဴလင္းလင္း (ခ) သူဇာဆိုသူျဖစ္ၿပီး ႏွစ္ကရင္ေက်း႐ြာရွိ ရဲစခန္းေဟာင္းအနီးရွိ ေနအိမ္အား ငွားရမ္းေနထိုင္ကာ အထည္ဆိုင္အား ဖြင့္လွစ္ထားေၾကာင္း သိရသည္။