ဂုတ်ထိပ်တံတားမှ ပျက်စီးသွားသောအစိတ်အပိုင်းများကို ရှေးမူရင်းလက်ရာ ဒီဇိုင်းပုံစံအတိုင်း ပြန်လည်ပြင်ဆင်တည်ဆောက်နေ

248

ပီယ (NP News) - စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် TNLA တို့ ၏ ဖျက်ဆီးမှုကြောင့် ဂုတ်ထိပ်တံတားမှ ပျက်စီးသွားသောအစိတ်အပိုင်းများကို ရှေးမူရင်းလက်ရာ ဒီဇိုင်းပုံစံအတိုင်း ပြန်လည်ပြင်ဆင် တည်ဆောက်နေကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော အချက် အလက်များအရ သိရသည်။
အဆိုပါတံတားသို့ ယမန်နေ့ (စက်တင်ဘာလ ၁၆ ရက်) က ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးက နောင်ချိုမြို့နယ် နောင်ချိုဘူတာမှတစ်ဆင့် သံလမ်းပြေးယာဉ်ဖြင့် ဂုတ်ထိပ်တံတားကို ကြည့်ရှုစစ်ဆေးရာ မြန်မာ့မီးရထားမှ တာဝန်ရှိသူများက အကြမ်းဖက်သောင်းကျန်းသူများ၏ ဖောက်ခွဲဖျက်ဆီးခံရမှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဂုတ်ထိပ်တံတား လားရှိုးဘက်ခြမ်းကမ်းကပ်ခုံနှင့် တံတားတိုင်အမှတ် ၁၆ အကြား တံတားသံပေါင်များ အမြန်ဆုံးပြန်လည် ပြင်ဆင်နိုင်ရေးအတွက် လိုအပ်သည့် တံတားပစ္စည်းများ သယ်ယူစုဆောင်းပြီးစီးမှု၊ ယာယီ ဒေါက်တိုင်ဖြင့် ယာယီသံပေါင် တပ်ဆင်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှုနှင့်ပျက်စီးသွားသည့် တံတားအစိတ်အပိုင်းများဖယ်ရှားပြီး တံတားသံပေါင်အသစ်များ အစားထိုးတပ်ဆင်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြကြကြောင်း သိရသည်။
သမိုင်းအမွေအနှစ်တံတားဖြစ်သဖြင့် မူလလက်ရာဒီဇိုင်းအတိုင်း ပြန်လည်တည်ဆောက်နိုင်ရေး၊ စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်အချိန်ဇယားအတိုင်း အချိန်မီပြီးစီးရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး လိုအပ်ချက်များကို ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့ပြီး တံတားကြီးနှင့် ကပ်လျက်ပေ ၃၅၀ အရှည်ရှိ ဥမင်လိုဏ်ခေါင်းအတွင်း အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးထားသည့် ရထားသံလမ်းများ၊ ကွန်ကရစ်ဇလီဖားတုံးများ၊ မိုင်းဖောက်ခွဲရန်စီစဉ်ထားခဲ့ သည့်နေရာများကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းခွင်မှ ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဂုတ်ထိပ်ဘူတာရုံ၌ သီးသန့်ထိန်းသိမ်းပြသထားသည့် ဂုတ်ထိပ်တံတား စတင်တည်ဆောက်ခဲ့စဉ်က ရှားပါးမှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုလေ့လာကာ ဘူတာဝန်ထမ်းများ နှင့် တံတားမွမ်းမံပြင်ဆင်ရေး တာဝန်ထမ်းဆောင်နေကြသည့် အင်ဂျင်နီယာဝန်ထမ်းများ၊ နောင်ချိုမြို့၌ တာဝန်ထမ်းဆောင်နေကြသည့် ဌာနအဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့် သီးခြားစီတွေ့ဆုံပြီး စားသောက်ဖွယ်ရာများ ပေးအပ်ကြောင်း သိရသည်။
ဂုတ်ထိပ်တံတားသည် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နှင့် ကျောက်မဲမြို့အကြား မန္တလေး-လားရှိုးရထားလမ်းကြောင်းပေါ်၌ ပေ ၂၂၀၀ ကျော် ရှည်လျား၍ ပေ ၅၀၀ ခန့်နက်သည့် လျှိုချောက်ကြီး၏ တစ်ဖက်တစ်ချက်ရှိ တောင်နံရံနှစ်ခုကို ဖြတ်သန်းဆက်သွယ်ဖောက်လုပ်ထားခြင်းဖြစ်ပြီး တံတားကြီးကို လန်ဒန်မြို့ ရှိ Sir A.M.R Rendel & Co., က ဒီဇိုင်းရေးဆွဲ၍ အမေရိကန်ပြည်ထောင်စုမှ Pennsylvania & Maryland Bridge and Constru-ction Co., က ၁၈၉၉ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ရာ ၁၉၀၀ ပြည့်နှစ်တွင် ပြီးစီးခဲ့သဖြင့် ၁၉၀၃ ခုနှစ်တွင် စတင်အသုံးပြုခဲ့ရာ ယခုအခါ သက်တမ်းနှစ်ပေါင်း ၁၂၀ ကျော်ခဲ့ပြီဖြစ်သည်။ တံတားအရှည်ပေ ၂၂၆၀ ခန့်၊ တံတား သံမဏိတိုင်အမြင့်ပေ ၃၂၀ အပါအဝင် လျှိုကြမ်းပြင်မှ ရထား သံလမ်းမျက်နှာပြင်အထိ အမြင့် ၈၂၅ ပေခန့်မြင့်မားသောကြောင့် ၎င်းကာလက ကမ္ဘာ့အမြင့်ဆုံး သံမဏိတံတားအဖြစ် မှတ်တမ်းဝင်ခဲ့ကာ သံနှင့်သံမဏိတန်ချိန် ၄၃၁၁ တန်၊ သံမှိုတစ်သန်းခန့်သုံးစွဲထားပြီး မတ်စောက်သည့် တောင်စောင်းများအကြား ခက်ခဲစွာတည်ဆောက်ထားခြင်းဖြစ်သောကြောင့် မီးရထားဖြင့် လိုက်ပါစီးနင်းလျှင် တွေ့မြင်ရသည့် သံမဏိတံတားနှင့် ပတ်ဝန်းကျင်ရှုခင်းအလှအပမှာ လွန်စွာကျော်ကြားပြီး မြန်မာနိုင်ငံအနေဖြင့် ဂုဏ်ယူဖွယ်ရာ အံ့မခန်းထင်ရှားသည့်တံတားတစ်စင်းဖြစ်သည်။
အဆိုပါတံတားကို ဩဂုတ် ၂၄ ရက်က အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ (TNLA)က မိုက်မဲစွာ မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခြင်းခံခဲ့ရသည်ကို နိုင်ငံပိုင်သတင်းမီဒီယာများတွင် ဖော်ပြအသိပေးခဲ့ပြီး ယခုအခါ မြန်မာ့မီးရထားမှ အင်ဂျင်နီယာဝန်ထမ်းများက ပျက်စီးသွားသည့် အစိတ်အပိုင်းများကို ရှေးမူရင်းလက်ရာ ဒီဇိုင်းပုံစံအတိုင်း ပြန်လည်ပြင်ဆင်တည်ဆောက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ဂုတ္ထိပ္တံတားမွ ပ်က္စီးသြားေသာအစိတ္အပိုင္းမ်ားကို ေရွးမူရင္းလက္ရာ ဒီဇိုင္းပုံစံအတိုင္း ျပန္လည္ျပင္ဆင္တည္ေဆာက္ေန
ပီယ (NP News) - စက္တင္ဘာ ၁၆
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေနာင္ခ်ိဳၿမိဳ႕နယ္တြင္ TNLA တို႔ ၏ ဖ်က္ဆီးမႈေၾကာင့္ ဂုတ္ထိပ္တံတားမွ ပ်က္စီးသြားေသာအစိတ္အပိုင္းမ်ားကို ေရွးမူရင္းလက္ရာ ဒီဇိုင္းပုံစံအတိုင္း ျပန္လည္ျပင္ဆင္ တည္ေဆာက္ေနေၾကာင္း ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားေသာ အခ်က္ အလက္မ်ားအရ သိရသည္။
အဆိုပါတံတားသို႔ ယမန္ေန႔ (စက္တင္ဘာလ ၁၆ ရက္) က ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးျမထြန္းဦးက ကြင္းဆင္းၾကည့္ရႈ စစ္ေဆးခဲ့ေၾကာင္း သိရသည္။
ျပည္ေထာင္စုဝန္ႀကီးက ေနာင္ခ်ိဳၿမိဳ႕နယ္ ေနာင္ခ်ိဳဘူတာမွတစ္ဆင့္ သံလမ္းေျပးယာဥ္ျဖင့္ ဂုတ္ထိပ္တံတားကို ၾကည့္ရႈစစ္ေဆးရာ ျမန္မာ့မီးရထားမွ တာဝန္ရွိသူမ်ားက အၾကမ္းဖက္ေသာင္းက်န္းသူမ်ား၏ ေဖာက္ခြဲဖ်က္ဆီးခံရမႈေၾကာင့္ ထိခိုက္ပ်က္စီးမႈမ်ားျဖစ္ေပၚခဲ့သည့္ ဂုတ္ထိပ္တံတား လားရႈိးဘက္ျခမ္းကမ္းကပ္ခုံႏွင့္ တံတားတိုင္အမွတ္ ၁၆ အၾကား တံတားသံေပါင္မ်ား အျမန္ဆုံးျပန္လည္ ျပင္ဆင္ႏိုင္ေရးအတြက္ လိုအပ္သည့္ တံတားပစၥည္းမ်ား သယ္ယူစုေဆာင္းၿပီးစီးမႈ၊ ယာယီ ေဒါက္တိုင္ျဖင့္ ယာယီသံေပါင္ တပ္ဆင္ႏိုင္ေရး စီစဥ္ေဆာင္႐ြက္ေနမႈႏွင့္ပ်က္စီးသြားသည့္ တံတားအစိတ္အပိုင္းမ်ားဖယ္ရွားၿပီး တံတားသံေပါင္အသစ္မ်ား အစားထိုးတပ္ဆင္မည့္အစီအစဥ္မ်ားကို ရွင္းလင္းတင္ျပၾကေၾကာင္း သိရသည္။
သမိုင္းအေမြအႏွစ္တံတားျဖစ္သျဖင့္ မူလလက္ရာဒီဇိုင္းအတိုင္း ျပန္လည္တည္ေဆာက္ႏိုင္ေရး၊ စံခ်ိန္စံၫႊန္းျပည့္မီစြာျဖင့္ သတ္မွတ္အခ်ိန္ဇယားအတိုင္း အခ်ိန္မီၿပီးစီးေရး၊ လုပ္ငန္းခြင္ေဘးအႏၲရာယ္ကင္းရွင္းေရး လိုအပ္ခ်က္မ်ားကို ျပည္ေထာင္စုဝန္ႀကီးက မွာၾကားခဲ့ၿပီး တံတားႀကီးႏွင့္ ကပ္လ်က္ေပ ၃၅၀ အရွည္ရွိ ဥမင္လိုဏ္ေခါင္းအတြင္း အၾကမ္းဖက္ေသာင္းက်န္းသူမ်ား ဖ်က္ဆီးထားသည့္ ရထားသံလမ္းမ်ား၊ ကြန္ကရစ္ဇလီဖားတုံးမ်ား၊ မိုင္းေဖာက္ခြဲရန္စီစဥ္ထားခဲ့ သည့္ေနရာမ်ားကို ၾကည့္ရႈစစ္ေဆးကာ လုပ္ငန္းခြင္မွ ဝန္ထမ္းမ်ားႏွင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအတြက္ ဂုဏ္ျပဳဆုေငြမ်ားေပးအပ္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ဂုတ္ထိပ္ဘူတာ႐ုံ၌ သီးသန႔္ထိန္းသိမ္းျပသထားသည့္ ဂုတ္ထိပ္တံတား စတင္တည္ေဆာက္ခဲ့စဥ္က ရွားပါးမွတ္တမ္းဓာတ္ပုံမ်ားကို ၾကည့္ရႈေလ့လာကာ ဘူတာဝန္ထမ္းမ်ား ႏွင့္ တံတားမြမ္းမံျပင္ဆင္ေရး တာဝန္ထမ္းေဆာင္ေနၾကသည့္ အင္ဂ်င္နီယာဝန္ထမ္းမ်ား၊ ေနာင္ခ်ိဳၿမိဳ႕၌ တာဝန္ထမ္းေဆာင္ေနၾကသည့္ ဌာနအဖြဲ႕အစည္းမ်ားမွ ဝန္ထမ္းမ်ားႏွင့္ သီးျခားစီေတြ႕ဆုံၿပီး စားေသာက္ဖြယ္ရာမ်ား ေပးအပ္ေၾကာင္း သိရသည္။
ဂုတ္ထိပ္တံတားသည္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေနာင္ခ်ိဳၿမိဳ႕ႏွင့္ ေက်ာက္မဲၿမိဳ႕အၾကား မႏၲေလး-လားရႈိးရထားလမ္းေၾကာင္းေပၚ၌ ေပ ၂၂၀၀ ေက်ာ္ ရွည္လ်ား၍ ေပ ၅၀၀ ခန႔္နက္သည့္ လွ်ိဳေခ်ာက္ႀကီး၏ တစ္ဖက္တစ္ခ်က္ရွိ ေတာင္နံရံႏွစ္ခုကို ျဖတ္သန္းဆက္သြယ္ေဖာက္လုပ္ထားျခင္းျဖစ္ၿပီး တံတားႀကီးကို လန္ဒန္ၿမိဳ႕ ရွိ Sir A.M.R Rendel & Co., က ဒီဇိုင္းေရးဆြဲ၍ အေမရိကန္ျပည္ေထာင္စုမွ Pennsylvania & Maryland Bridge and Constru-ction Co., က ၁၈၉၉ ခုႏွစ္တြင္ စတင္တည္ေဆာက္ခဲ့ရာ ၁၉၀၀ ျပည့္ႏွစ္တြင္ ၿပီးစီးခဲ့သျဖင့္ ၁၉၀၃ ခုႏွစ္တြင္ စတင္အသုံးျပဳခဲ့ရာ ယခုအခါ သက္တမ္းႏွစ္ေပါင္း ၁၂၀ ေက်ာ္ခဲ့ၿပီျဖစ္သည္။ တံတားအရွည္ေပ ၂၂၆၀ ခန႔္၊ တံတား သံမဏိတိုင္အျမင့္ေပ ၃၂၀ အပါအဝင္ လွ်ိဳၾကမ္းျပင္မွ ရထား သံလမ္းမ်က္ႏွာျပင္အထိ အျမင့္ ၈၂၅ ေပခန႔္ျမင့္မားေသာေၾကာင့္ ၎ကာလက ကမာၻ႔အျမင့္ဆုံး သံမဏိတံတားအျဖစ္ မွတ္တမ္းဝင္ခဲ့ကာ သံႏွင့္သံမဏိတန္ခ်ိန္ ၄၃၁၁ တန္၊ သံမႈိတစ္သန္းခန႔္သုံးစြဲထားၿပီး မတ္ေစာက္သည့္ ေတာင္ေစာင္းမ်ားအၾကား ခက္ခဲစြာတည္ေဆာက္ထားျခင္းျဖစ္ေသာေၾကာင့္ မီးရထားျဖင့္ လိုက္ပါစီးနင္းလွ်င္ ေတြ႕ျမင္ရသည့္ သံမဏိတံတားႏွင့္ ပတ္ဝန္းက်င္ရႈခင္းအလွအပမွာ လြန္စြာေက်ာ္ၾကားၿပီး ျမန္မာႏိုင္ငံအေနျဖင့္ ဂုဏ္ယူဖြယ္ရာ အံ့မခန္းထင္ရွားသည့္တံတားတစ္စင္းျဖစ္သည္။
အဆိုပါတံတားကို ဩဂုတ္ ၂၄ ရက္က အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕ (TNLA)က မိုက္မဲစြာ မိုင္းျဖင့္ ေဖာက္ခြဲဖ်က္ဆီးျခင္းခံခဲ့ရသည္ကို ႏိုင္ငံပိုင္သတင္းမီဒီယာမ်ားတြင္ ေဖာ္ျပအသိေပးခဲ့ၿပီး ယခုအခါ ျမန္မာ့မီးရထားမွ အင္ဂ်င္နီယာဝန္ထမ္းမ်ားက ပ်က္စီးသြားသည့္ အစိတ္အပိုင္းမ်ားကို ေရွးမူရင္းလက္ရာ ဒီဇိုင္းပုံစံအတိုင္း ျပန္လည္ျပင္ဆင္တည္ေဆာက္လ်က္ရွိေၾကာင္း သိရသည္။