ရန်ကုန်မြို့တော်ခန်းမအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်

 1397

သန့်ဇင် (NP News) - စက်တင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ မြို့တော်ခန်းမအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ယနေ့ (စက်တင်ဘာ ၁၆ ရက်) နံနက် ၆ နာရီ ၅ဝ မိနစ်အချိန်ခန့်က ကျောက်တံတားမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဆူးလေဘုရားလမ်း၊ မြိုတော်ခန်းမအပြင်ဘက်၊ ဘယ်ရီဂိတ်အောက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ လူနှင့် ပစ္စည်းများ ထိခိုက်ဆုံးရှုံးမှုမရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာအား အသွားအလာကန့်သတ်ထားပြီး ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး စုံစမ်းစစ်ဆေးမှုများဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ရန္ကုန္ၿမိဳ႕ေတာ္ခန္းမအနီးတြင္ ဗုံးေပါက္ကြဲမႈျဖစ္
သန႔္ဇင္ (NP News) - စက္တင္ဘာ ၁၆
ရန္ကုန္တိုင္းေဒသႀကီး၊ ေက်ာက္တံတားၿမိဳ႕နယ္၊ ၿမိဳ႕ေတာ္ခန္းမအနီးတြင္ ဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။
ယေန႔ (စက္တင္ဘာ ၁၆ ရက္) နံနက္ ၆ နာရီ ၅ဝ မိနစ္အခ်ိန္ခန႔္က ေက်ာက္တံတားၿမိဳ႕နယ္၊ အမွတ္(၁)ရပ္ကြက္၊ ဆူးေလဘုရားလမ္း၊ ၿမိဳေတာ္ခန္းမအျပင္ဘက္၊ ဘယ္ရီဂိတ္ေအာက္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ဗုံးေပါက္ကြဲမႈႏွင့္ပတ္သက္၍ တာဝန္ရွိသူမ်ားက သြားေရာက္စစ္ေဆးခဲ့ရာ လူႏွင့္ ပစၥည္းမ်ား ထိခိုက္ဆုံးရႈံးမႈမရွိခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့သည့္ ေနရာအား အသြားအလာကန႔္သတ္ထားၿပီး က်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး အေရးယူႏိုင္ေရး စုံစမ္းစစ္ေဆးမႈမ်ားဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.