ဒဂုံမြို့သစ်လေးမြို့နယ်တွင် အိမ်ခြံမြေဈေးကွက်အေးသော်လည်း ဈေးနှုန်းကျဆင်းခြင်းမရှိ

 204

ပြည့်ဖြိုး (NP News) - စက်တင်ဘာ ၁၆

ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း ရောင်းအားအကောင်းဆုံးဖြစ်သော ဒဂုံမြို့သစ်လေး မြို့နယ် သည် လက်ရှိတွင်အရောင်းအဝယ်အေးနေ သော်လည်းဈေးနှုန်း ကျဆင်းခြင်းမရှိကြောင်း အိမ်ခြံ မြေ အကျိုးဆောင်များထံမှသိရသည်။
ဝါတွင်းကာလရောက်ရှိနေခြင်းကြောင့် အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ် အေးလာ ကြောင်းနှင့် သိန်းတစ်ထောင်အောက် အိမ်ခြံမြေများမှာ ပုံမှန်အရောင်းအဝယ်ဖြစ်နေကြောင်း ရွှေမင်း သား အကျိုးဆောင်လုပ်ငန်းပိုင်ရှင်က NP News သို့ပြောကြားသည်။
“ရန်ကုန်တစ်မြို့လုံးမှာ အ‌ရောင်း/ အဝယ် အေးတာပါ၊ ဒါပေမဲ့ ဒဂုံမြို့သစ်လေးမြို့နယ်က အိမ်ခြံ မြေဈေးတွေက အကျမရှိဘူး အကုန်ဈေးတက်နေပါတယ်။ သိန်း ခြောက်ရာ၊ သိန်းရှစ်ရာ ဝန်းကျင် အိမ်ခြံ မြေတွေက တောင်ဒဂုံရော အရှေ့ဒဂုံဘက်မှာ အရောင်းအဝယ်ဖြစ်နေတယ်။ သိန်းသောင်းချီတဲ့ မြောက်ဒဂုံဘက်မှာတော့ အရောင်းအဝယ် အေးပါ တယ်” ဟု ရွှေမင်းသား အကျိုးဆောင်လုပ်ငန်းက ပြောသည်။ ထို့ပြင် ဘဏ်နှင့်ချိတ်ဆက်ကာ အိမ်ခြံမြေ ဝယ်ယူမှုများလည်း ရပ်နားသွားခြင်းကြောင့် ရန် ကုန်အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ် အေးလာခြင်းဖြစ်ကြောင်းသိရသည်။
“မြောက်ဒဂုံဘက်မှာဆိုရင် အရင်က ရှမ်းပြည်ကနေ ဆင်းလာတဲ့ “ဝ” နဲ့ ကိုးကန့်လို တိုင်းရင်း သားတွေက နေရာအကွက်အကွင်းကောင်းရင် ကောင်းသလိုဈေးပေးပြီးဝယ်ကြတာ။ အခုအချိန်မှာ တော် တော်လေး ဝယ်တဲ့သူရှားသွားပြီ၊ နိုင်ငံရေး စစ်ရေးအပြောင်းအလဲပေါ် လိုက်ပြီးတော့လည်း၊ ရန်ကုန် အိမ်ခြံမြေဈေးကွက်က အပြောင်းအလဲရှိနေပါတယ်”ဟု မြောက်ဒဂုံ အခြေစိုက် အိမ်ခြံမြေအကျိုးဆောင် တစ်ဦးကပြောသည်။
လာမည့်ပွင့်လင်းရာသီတွင် မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲလုပ်ရန်ပြင်ဆင်နေကြခြင်းကြောင့် နိုင်ငံ ရေးအပြောင်းအလဲ၊ စီးပွားရေး အပြောင်းအလဲ အခြေအနေများအပေါ်မူတည်ကာ အိမ်ခြံမြေ ဝယ်ရောင်း လုပ်ငန်းများက လုပ်ငန်းလုပ်ကိုင်နိုင်မှုကို စောင့်ကြည့်နေကြကြောင်းသိရသည်။
အိမ်ခြံမြေလုပ်ငန်းများတွင် အရောင်းအဝယ်အေးနေသော်လည်း အငှားဈေးကွက်မှာ ဆက်တိုက် မြင့်တက်နေဆဲဖြစ်ပြီး နိုင်ငံတစ်ဝန်းရှိစစ် ဘေးရှောင်သူများမှာ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ မြို့ကြီး များတွင် ငှားရမ်းနေထိုင်သောကြောင့်ဖြစ်သည်။ “ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့က ဈေးနှုန်း အရမ်းကြီးတက်တာကို မကြိုက်ပါဘူး။ ဒါက အများပြည်သူ လက်လှမ်းမမီနိုင်ဘူးလေ” လို့ ဝါရင့်အိမ်ခြံ မြေအကျိုးဆောင်တစ်ယောက်က ပြောကြားသည်။ သို့သော်လည်း ခေတ်စနစ်အခြေအနေ ငွေကြေး‌ ဖောင်းပွလာမှုအခြေအနေများကြောင့် ရန်ကုန်အိမ်ခြံမြေဈေးကွက်က လွန်စွာအေးစက်သွားတာမျိုး မရှိ နိုင်ကြောင်း အရောင်းအဝယ်များမှာ နေရာ ဒေသနှင့်ဝင်ငွေအလိုက် ပုံမှန်ဆက်ရှိနေဦးမည်ဟု အိမ်ခြံမြေ လောကသားများက သုံးသပ်ထားကြသည်။

Zawgyi Version:
ဒဂုံၿမိဳ႕သစ္ေလးၿမိဳ႕နယ္တြင္ အိမ္ၿခံေျမေဈးကြက္ေအးေသာ္လည္း ေဈးႏႈန္းက်ဆင္းျခင္းမရွိ
ျပည့္ၿဖိဳး (NP News) - စက္တင္ဘာ ၁၆
ရန္ကုန္အိမ္ၿခံေျမေဈးကြက္အတြင္း ေရာင္းအားအေကာင္းဆုံးျဖစ္ေသာ ဒဂုံၿမိဳ႕သစ္ေလး ၿမိဳ႕နယ္ သည္ လက္ရွိတြင္အေရာင္းအဝယ္ေအးေန ေသာ္လည္းေဈးႏႈန္း က်ဆင္းျခင္းမရွိေၾကာင္း အိမ္ၿခံ ေျမ အက်ိဳးေဆာင္မ်ားထံမွသိရသည္။
ဝါတြင္းကာလေရာက္ရွိေနျခင္းေၾကာင့္ အိမ္ၿခံေျမေဈးကြက္အတြင္း အေရာင္းအဝယ္ ေအးလာ ေၾကာင္းႏွင့္ သိန္းတစ္ေထာင္ေအာက္ အိမ္ၿခံေျမမ်ားမွာ ပုံမွန္အေရာင္းအဝယ္ျဖစ္ေနေၾကာင္း ေ႐ႊမင္း သား အက်ိဳးေဆာင္လုပ္ငန္းပိုင္ရွင္က NP News သို႔ေျပာၾကားသည္။
“ရန္ကုန္တစ္ၿမိဳ႕လုံးမွာ အ‌ေရာင္း/ အဝယ္ ေအးတာပါ၊ ဒါေပမဲ့ ဒဂုံၿမိဳ႕သစ္ေလးၿမိဳ႕နယ္က အိမ္ၿခံ ေျမေဈးေတြက အက်မရွိဘူး အကုန္ေဈးတက္ေနပါတယ္။ သိန္း ေျခာက္ရာ၊ သိန္းရွစ္ရာ ဝန္းက်င္ အိမ္ၿခံ ေျမေတြက ေတာင္ဒဂုံေရာ အေရွ႕ဒဂုံဘက္မွာ အေရာင္းအဝယ္ျဖစ္ေနတယ္။ သိန္းေသာင္းခ်ီတဲ့ ေျမာက္ဒဂုံဘက္မွာေတာ့ အေရာင္းအဝယ္ ေအးပါ တယ္” ဟု ေ႐ႊမင္းသား အက်ိဳးေဆာင္လုပ္ငန္းက ေျပာသည္။ ထို႔ျပင္ ဘဏ္ႏွင့္ခ်ိတ္ဆက္ကာ အိမ္ၿခံေျမ ဝယ္ယူမႈမ်ားလည္း ရပ္နားသြားျခင္းေၾကာင့္ ရန္ ကုန္အိမ္ၿခံေျမေဈးကြက္အတြင္း အေရာင္းအဝယ္ ေအးလာျခင္းျဖစ္ေၾကာင္းသိရသည္။
“ေျမာက္ဒဂုံဘက္မွာဆိုရင္ အရင္က ရွမ္းျပည္ကေန ဆင္းလာတဲ့ “ဝ” နဲ႔ ကိုးကန႔္လို တိုင္းရင္း သားေတြက ေနရာအကြက္အကြင္းေကာင္းရင္ ေကာင္းသလိုေဈးေပးၿပီးဝယ္ၾကတာ။ အခုအခ်ိန္မွာ ေတာ္ ေတာ္ေလး ဝယ္တဲ့သူရွားသြားၿပီ၊ ႏိုင္ငံေရး စစ္ေရးအေျပာင္းအလဲေပၚ လိုက္ၿပီးေတာ့လည္း၊ ရန္ကုန္ အိမ္ၿခံေျမေဈးကြက္က အေျပာင္းအလဲရွိေနပါတယ္”ဟု ေျမာက္ဒဂုံ အေျခစိုက္ အိမ္ၿခံေျမအက်ိဳးေဆာင္ တစ္ဦးကေျပာသည္။
လာမည့္ပြင့္လင္းရာသီတြင္ ျမန္မာႏိုင္ငံ၌ ေ႐ြးေကာက္ပြဲလုပ္ရန္ျပင္ဆင္ေနၾကျခင္းေၾကာင့္ ႏိုင္ငံ ေရးအေျပာင္းအလဲ၊ စီးပြားေရး အေျပာင္းအလဲ အေျခအေနမ်ားအေပၚမူတည္ကာ အိမ္ၿခံေျမ ဝယ္ေရာင္း လုပ္ငန္းမ်ားက လုပ္ငန္းလုပ္ကိုင္ႏိုင္မႈကို ေစာင့္ၾကည့္ေနၾကေၾကာင္းသိရသည္။
အိမ္ၿခံေျမလုပ္ငန္းမ်ားတြင္ အေရာင္းအဝယ္ေအးေနေသာ္လည္း အငွားေဈးကြက္မွာ ဆက္တိုက္ ျမင့္တက္ေနဆဲျဖစ္ၿပီး ႏိုင္ငံတစ္ဝန္းရွိစစ္ ေဘးေရွာင္သူမ်ားမွာ တိုင္းႏွင့္ျပည္နယ္အသီးသီးရွိ ၿမိဳ႕ႀကီး မ်ားတြင္ ငွားရမ္းေနထိုင္ေသာေၾကာင့္ျဖစ္သည္။ “ပြင့္ပြင့္လင္းလင္းေျပာရရင္ ကြၽန္ေတာ္တို႔က ေဈးႏႈန္း အရမ္းႀကီးတက္တာကို မႀကိဳက္ပါဘူး။ ဒါက အမ်ားျပည္သူ လက္လွမ္းမမီႏိုင္ဘူးေလ” လို႔ ဝါရင့္အိမ္ၿခံ ေျမအက်ိဳးေဆာင္တစ္ေယာက္က ေျပာၾကားသည္။ သို႔ေသာ္လည္း ေခတ္စနစ္အေျခအေန ေငြေၾကး‌ ေဖာင္းပြလာမႈအေျခအေနမ်ားေၾကာင့္ ရန္ကုန္အိမ္ၿခံေျမေဈးကြက္က လြန္စြာေအးစက္သြားတာမ်ိဳး မရွိ ႏိုင္ေၾကာင္း အေရာင္းအဝယ္မ်ားမွာ ေနရာ ေဒသႏွင့္ဝင္ေငြအလိုက္ ပုံမွန္ဆက္ရွိေနဦးမည္ဟု အိမ္ၿခံေျမ ေလာကသားမ်ားက သုံးသပ္ထားၾကသည္။

Related news

© 2021. All rights reserved.