လှိုင်သာယာတွင် လားရာတူ ကားနှင့်စက်ဘီး တိုက်မိ၍ ကြိတ်မိရာမှ အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံး

962

ချယ်ရီ (NP News) - စက်တင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် လားရာတူလာကြသော ကားနှင့်စက်ဘီး တိုက်မိ၍ ကြိတ်မိရာမှ အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၁၆ ရက်)၊ နံနက်ပိုင်း (၉)နာရီ (၂၀)မိနစ်အချိန်ခန့်က လှိုင်သာယာမြို့နယ်၊ အနော်ရထာလမ်းမကြီးပေါ်၊ ရွှေရင်အေးကျောင်းလမ်း မှတ်တိုင်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လားရာ အတူတူသွားကြတယ်။ ကားကလည်း ဒီလမ်းအတိုင်းပဲ လာတယ်။ စက်ဘီးကလည်း ဒီလမ်းအတိုင်းပဲ နင်းလာရင်းနဲ့ သူကွေ့ချင်တဲ့အခါကျတော့ ရှေ့၊ နောက်မကြည့်ဘဲ မဆင်မခြင် ကွေ့ချလိုက်မှာပဲ။ ပြီးတော့ သူဆောင်းထားတဲ့ ဦးထုပ်ကြီးကို သေချာကြည့် အဝိုင်းအကြီးကြီးပဲ။ ဒါကတော့ ကျွန်တော်တို့ သုံးသပ်တာပါ။ ကားက အဲဒီအချိန်မှာ ရှောင်ချိန်မရလိုက်တော့ ရုတ်တရက်ဆိုတော့ ဘယ်လွယ်မလဲပေါ့။ အဲဒီလမ်းကြီးကတော့ အကျယ်ကြီးပါ” ဟု ၎င်းက ရှင်းပြသည်။
သေဆုံးသူအမျိုးသမီးမှာ အသက် (၃၀)နှစ်ကျော်အရွယ်ရှိပြီး ဦးခေါင်းကြေမွဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် ပွဲချင်းပြီး သေဆုံးသွားကာ ၎င်း၏ မိသားစုဝင်များနှင့်ဆက်သွယ်မှု ရရှိထားပြီဖြစ်ကြောင်း သိရသည်။
“သူက (၂)ဆင့်ဖိုက်ဘာထမင်းချိုင့်နဲ့ ထမင်းလည်းပါတယ်။ ပြီးတော့ အဲဒီအနားတစ်ကြောမှာ စက်ရုံတွေချည်းပဲလေ။ အလုပ်သမားလို့ပဲ ယူဆပါတယ်။ သူက ဦးနှောက်နဲ့ မျက်လုံးတွေ ထွက်နေတယ်။ ဦးခေါင်းပြားသွားတယ်။ အဓိကတော့ ဦးခေါင်းကြေမွနဲ့ပဲ သေသွားတာပေါ့နော်။ ခေါင်းကိုတောင်မှ တစ်ခေါင်းလုံးကြိတ်တာမဟုတ်ဘူး။ ကျွန်တော်တို့ ဦးနှောက်ပိုင်းလောက်ပဲ ဖြတ်ကြိတ်လိုက်တဲ့ ပုံစံဖြစ်နေတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ထို့နောက် သေဆုံးသူရုပ်အလောင်းကို လှိုင်သာယာပြည်သူ့ဆေးရုံကြီး၊ ရေခဲတိုက်သို့ ပို့ဆောင်ထားကြောင်း သိရသည်။
“စက်ဘီးစီးတဲ့သူတွေကလည်း ရှေ့ နောက် မကြည့်ဘူး။ ကားသမားတွေကလည်း မနက်ပိုင်းအလုပ်ချိန်ကျတော့ အသည်းအသန်တွေ မောင်းကြတော့ ကျွန်တော်တို့အနေနဲ့ ဘယ်သူ့ကို အပြစ်ပြောရမလဲ မသိဘူး။ ကားကတော့ ဖြစ်စဉ်မှာ တစ်ခါတည်းရှိတယ်။ YBS -79 ပါ” ဟု ၎င်းက အကြုံပြုပြောကြားထားသည်။

Zawgyi Version:
လႈိင္သာယာတြင္ လားရာတူ ကားႏွင့္စက္ဘီး တိုက္မိ၍ ႀကိတ္မိရာမွ အမ်ိဳးသမီးတစ္ဦး ပြဲခ်င္းၿပီးေသဆုံး
ခ်ယ္ရီ (NP News) - စက္တင္ဘာ ၁၆
ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္သာယာၿမိဳ႕နယ္တြင္ လားရာတူလာၾကေသာ ကားႏွင့္စက္ဘီး တိုက္မိ၍ ႀကိတ္မိရာမွ အမ်ိဳးသမီးတစ္ဦး ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း သိရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါျဖစ္စဥ္မွာ ယေန႔ (စက္တင္ဘာလ ၁၆ ရက္)၊ နံနက္ပိုင္း (၉)နာရီ (၂၀)မိနစ္အခ်ိန္ခန႔္က လႈိင္သာယာၿမိဳ႕နယ္၊ အေနာ္ရထာလမ္းမႀကီးေပၚ၊ ေ႐ႊရင္ေအးေက်ာင္းလမ္း မွတ္တိုင္အနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“လားရာ အတူတူသြားၾကတယ္။ ကားကလည္း ဒီလမ္းအတိုင္းပဲ လာတယ္။ စက္ဘီးကလည္း ဒီလမ္းအတိုင္းပဲ နင္းလာရင္းနဲ႔ သူေကြ႕ခ်င္တဲ့အခါက်ေတာ့ ေရွ႕၊ ေနာက္မၾကည့္ဘဲ မဆင္မျခင္ ေကြ႕ခ်လိုက္မွာပဲ။ ၿပီးေတာ့ သူေဆာင္းထားတဲ့ ဦးထုပ္ႀကီးကို ေသခ်ာၾကည့္ အဝိုင္းအႀကီးႀကီးပဲ။ ဒါကေတာ့ ကြၽန္ေတာ္တို႔ သုံးသပ္တာပါ။ ကားက အဲဒီအခ်ိန္မွာ ေရွာင္ခ်ိန္မရလိုက္ေတာ့ ႐ုတ္တရက္ဆိုေတာ့ ဘယ္လြယ္မလဲေပါ့။ အဲဒီလမ္းႀကီးကေတာ့ အက်ယ္ႀကီးပါ” ဟု ၎က ရွင္းျပသည္။
ေသဆုံးသူအမ်ိဳးသမီးမွာ အသက္ (၃၀)ႏွစ္ေက်ာ္အ႐ြယ္ရွိၿပီး ဦးေခါင္းေၾကမြဒဏ္ရာျဖင့္ အခင္းျဖစ္ေနရာတြင္ ပြဲခ်င္းၿပီး ေသဆုံးသြားကာ ၎၏ မိသားစုဝင္မ်ားႏွင့္ဆက္သြယ္မႈ ရရွိထားၿပီျဖစ္ေၾကာင္း သိရသည္။
“သူက (၂)ဆင့္ဖိုက္ဘာထမင္းခ်ိဳင့္နဲ႔ ထမင္းလည္းပါတယ္။ ၿပီးေတာ့ အဲဒီအနားတစ္ေၾကာမွာ စက္႐ုံေတြခ်ည္းပဲေလ။ အလုပ္သမားလို႔ပဲ ယူဆပါတယ္။ သူက ဦးေႏွာက္နဲ႔ မ်က္လုံးေတြ ထြက္ေနတယ္။ ဦးေခါင္းျပားသြားတယ္။ အဓိကေတာ့ ဦးေခါင္းေၾကမြနဲ႔ပဲ ေသသြားတာေပါ့ေနာ္။ ေခါင္းကိုေတာင္မွ တစ္ေခါင္းလုံးႀကိတ္တာမဟုတ္ဘူး။ ကြၽန္ေတာ္တို႔ ဦးေႏွာက္ပိုင္းေလာက္ပဲ ျဖတ္ႀကိတ္လိုက္တဲ့ ပုံစံျဖစ္ေနတယ္” ဟု ၎က ဆက္လက္ေျပာၾကားသည္။
ထို႔ေနာက္ ေသဆုံးသူ႐ုပ္အေလာင္းကို လႈိင္သာယာျပည္သူ႔ေဆး႐ုံႀကီး၊ ေရခဲတိုက္သို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။
“စက္ဘီးစီးတဲ့သူေတြကလည္း ေရွ႕ ေနာက္ မၾကည့္ဘူး။ ကားသမားေတြကလည္း မနက္ပိုင္းအလုပ္ခ်ိန္က်ေတာ့ အသည္းအသန္ေတြ ေမာင္းၾကေတာ့ ကြၽန္ေတာ္တို႔အေနနဲ႔ ဘယ္သူ႔ကို အျပစ္ေျပာရမလဲ မသိဘူး။ ကားကေတာ့ ျဖစ္စဥ္မွာ တစ္ခါတည္းရွိတယ္။ YBS -79 ပါ” ဟု ၎က အႀကဳံျပဳေျပာၾကားထားသည္။