PDF တို့ စတင်ကင်းစင်လာသော ကန့်ဘလူက မြေပြင်အသံ

 115

သုတကျော် (NP News) - စက်တင်ဘာ ၁၇

ကန့်ဘလူမြို့သည် တစ်ချိန်က PDF တို့၏ ငါနှင့်မတူ၊ ငါ့ရန်သူ လုပ်ရပ်များကြောင့် စိုးရိမ်ဖွယ် အနေအထားဖြစ်ခဲ့သော်လည်း ယခုအခါ တပ်မတော်က အသာစီးစတင်ရနေပြီဖြစ်သည်။ ယင်းသို့ အခြေ အနေတွင် ယခင်က ပြည်သူတို့ကြုံခဲ့ရသည့် အခက်အခဲနှင့် လက်ရှိမြေပြင်မှ ဖြစ်စဉ်များကို NP News ၏ စာဖတ်ပရိသတ်များသိစေရန်အတွက် ဒေသခံတစ်ဦးထံမေးမြန်းကာ ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး - လက်ရှိ ကန့်ဘလူမှာ တပ်မတော်ဘက်က အသာစီးရထားတဲ့အနေအထားလို့ သိရပါတယ်။ ပထမ ဆုံးမေးချင်တာက ကန့်ဘလူမှာ ဘယ်အချိန်က စလို့ လက်နက်ကိုင်တွေ စဝင်လာခဲ့တာလဲ။
ဖြေ - အကြမ်းဖက်တွေက စကတည်းက မဲမသမာမှုကို သူတို့ကတော့ တရားမျှတစွာ ရွေးကောက်တယ် ပေါ့။ အဲဒီကနေ လက်နက်စကိုင်တယ်။ ကိုင်တဲ့အချိန်မှာ နိုင်ငံတော်ကနေပြီး ဆန္ဒထုတ်ဖော်ခွင့် ခွင့်ပြု ထားတာပေါ့။ ရဲစခန်းတွေကို နီးစပ်ရာ စခန်းကြီးတွေကိုပြန်တွဲပြီး ရုပ်သိမ်းလိုက်ချိန်မှာ အကြမ်းဖက် တွေက လက်နက်တွေကို မှောင်ခိုသယ်တယ်။ နဂိုကတည်းကလည်း လက်နက်တွေက မှောင်ခို သယ် ထားတာလည်းရှိတာကိုး။ ရှိတော့ စခန်းငယ်တွေကို ပြန်ရုပ်သိမ်းတဲ့အချိန်မှာ သူတို့က အင်အားကြီးပြီး စိုးမိုးသွားတာပေါ့။
မေး - ကန့်ဘလူက နိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲတွေမတိုင်ခင်မှာ ဘယ်စီးပွားရေးကို အဓိကထားလုပ် ကြပါသလဲ။ အခြေအနေက ဘယ်လိုရှိပါသလဲဗျ။
ဖြေ - ပြောရမယ်ဆိုရင် ဒီနယ်ဘက်က စပါးရယ်၊ ပဲစင်းငုံ၊ မြေပဲ၊ ပဲတီစိမ်း၊ နှမ်း ဒါတွေကို ဦးစားပေး လုပ် ကြပါတယ်ဗျ။
မေး-တိုက်ပွဲတွေမတိုင်ခင်က စီးပွားရေးတွေလုပ်လို့ ကိုင်လို့ကောင်းခဲ့သလား။ အဲဒီတုန်းက ဘယ်လိုအ ခက်အခဲတွေရှိခဲ့ကြသေးလဲခင်ဗျ။
ဖြေ-အဲဒီတုန်းကတော့တိုက်ပွဲတွေမဖြစ်ခင်တုန်းက ကန့်ဘလူမြို့နယ်မှာ တော်တော်သာယာတယ်ဗျ။ အကုန်းလုံး လူတိုင်းလူတိုင်းစားဝတ်နေရေးတွေ အဆင်ပြေတယ်။ သွားရေးလာရေးတွေ အကုန်လုံး အဆင်ပြေတယ်။ လုပ်ရကိုင်ရတာလည်း တော်‌ တော်လေးအဆင်ပြေကြပါတယ်ခင်ဗျ။ အခုတိုက်ပွဲတွေ ဖြစ်သွားပြီးနောက်ပိုင်းမှာ ဒါတော်တော်လေး ပျက်စီးခဲ့တယ်ပေါ့ဗျာ။ အကြမ်းဖက်‌တွေကြောင့်လေ။
မေး - နောက်ပိုင်းမှာ ပြည်သူတွေက ဘယ်လောက်အထိ စိုးရိမ်ထိတ်လန့်ခဲ့ကြရလဲ။
ဖြေ-ဘယ်လောက်ထိစိုးရိမ်သွားခဲ့ရလဲဆိုရင် နယ်တွေမှာစတင်ပြီး ဒီအကြမ်းဖက်‌တွေက တပ်ထောက်ခံ တို့၊ တပ်မိသားစုတို့၊ နိုင်ငံ့ဝန်ထမ်းတွေ၊ ပညာရေး ဝန်ထမ်းတွေပေါ့နော်။ နောက် ပြည်ခိုင်ဖြိုးအသင်းဝင် တွေ ဒါတွေကို လိုက်သတ်ကြတာပေါ့။ သတ်ပြီးမှ ကန့်ဘလူမြို့ကိုသိမ်းမယ်ပေါ့ဗျာ။ မြို့သိမ်း ဘာညာဆို ပြီး စတင်ပြီးသေနတ်တွေဖောက်တယ်။ မိုင်းတွေကိုနေရာတိုင်းမှာခွဲတာတော့ပြုလုပ်ပါတယ်။
မေး - အဲဒီတုန်းက မြို့မှာဘယ်လောက် ချောက်ချားခဲ့ရလဲဗျ။
ဖြေ - တော်တော်တော့ခြောက်ခြားခဲ့ရတယ်ဗျ။ နေအိမ်ထဲကနေပြီးတော့ အပြင်ဘက်ကို မထွက်ရဲ အောင်ဖြစ်ခဲ့ကြရတယ်ဗျ။
မေး - အဲဒီကာလ အပိုင်းအခြားက ဘယ်လောက်ကြာခဲ့ပါသလဲ။
ဖြေ - (၈)လလောက်တော့ကြာတယ်။ အဲဒီလို အဖြစ်ဆိုးလေးကြုံခဲ့ရတာ။
မေး - ဆိုတော့ ရွာတွေမှာလည်း ဒါမျိုးကြုံရတယ်ပေါ့လေ။ ရွာက လူတွေကော ဘယ်ဘက်တွေ ပြေး ကြရလဲ။
ဖြေ - ရွာပိုင်းမှာတော့အခက်အခဲတွေအများကြီး ကြုံရတယ်ဗျ။ တချို့ဆိုရင် ရွာထဲနေတယ်ဆိုရင် မနေဖို့ ရွာအပြင်ကိုထွက်ခိုင်းတယ် ဒီ အကြမ်း ဖက်တွေက။ သူတို့နဲ့အကြမ်းဖက် PDF အဖွဲ့ တွေကိုဝင်ရမယ်ဆို တဲ့ ခြိမ်းခြောက်မှုတွေပြုလုပ်ပါတယ်ဗျ။ ရွာသားတွေက ရွာထဲမှာ မနေရဲဘဲနဲ့ မိမိပိုင်တဲ့လယ်ယာမြေ တွေထဲမှာသွားပြီးတော့ တဲတန်းလေးတွေထိုးပြီး တဲလေးတွေဆောက်ပြီးတော့နေကြတယ်။ လူတိုင်း လူတိုင်းပါပဲ တောင်သူတိုင်း။
မေး - မဝင်မနေရလုပ်တယ်ဆိုတာ ဒေသခံပဲလား။ တခြားနယ်ကလာတဲ့သူတွေလား။
ဖြေ-ပထမကကတော့ ဒီ‌ဒေသခံ PDF တွေက NLD က လွှတ်တော်အမတ်‌တွေ အမတ်အပြုတ် တွေပေါ့ဗျာ။ ရှင်းရှင်းပြောမယ်ဆိုရင် လွှတ်တော်ကိုယ် စားလှယ်လောင်းတွေ ဒါတွေကစပြီးတော့ လုပ် တယ်။ လုပ်ပီးတော့ သူတို့ကပဲ KIA ကိုသူတို့ကသွားခေါ်ခဲ့တာ။ သွားခေါ်ပြီးမှ ဒီဟာတွေကိုပဲ သင်တန်းပြ ခိုင်းတယ်။ ပြီးတော့မှ အခုကျေးရွာတွေကိုသူတို့ကတဖြည်းဖြည်းလူသတ်ပြတယ်။ သတ်ပြ ပြီးမှ ကျေးရွာ တွေကို စိုးမိုးလိုက်တယ်ပေါ့။
မေး - PDF အောက်က ရွာတွေ အခြေအနေက ဘယ်လိုဖြစ်သွားလဲ။
ဖြေ - PDF လက်အောက်မှာနေတဲ့ကျေးရွာတွေက သူတို့ခမြာ မြို့ကိုသွားပြန်တော့လည်း မြို့ကိုသွားလို့ ထိပ်တုံးတွေခတ်တယ်။ ကြိမ်ဒဏ်တွေပေးခံရတာ ဖြစ်တဲ့အတွက် သူတို့မြို့ကိုလည်းမသွားရဲ၊ ဆေးကုဖို့ လည်းမသွားရဲ နောက် ကိုယ့်သားသမီးကျောင်းထား ရင်လဲ ကျောင်းထားလို့ဆိုပြီး သူတို့ကိုခေါ်ရိုက်ခံရ တယ်။ တချို့မိသားစုတွေဆိုရင်လည်း ကလေးတွေကို ချက်ချင်းပြန်ခေါ်ရတယ် အဲဒီလိုမျိုးတော်တော်ကို ကြောက်လှန့်ခံရတဲ့အနေအထားဖြစ်ခဲ့ရတယ်ခင်ဗျ။
မေး - တစ်ဆက်တည်းပေါ့လေ။ ကျေးရွာတွေမှာ အခုလိုဖြစ်နေတုန်း မြို့ပေါ်မှာ ဘယ်လိုအခက်အခဲ ဖြစ်နေလဲ။ အဲဒီတုန်းကပေါ့။
ဖြေ - မြို့ပေါ်မှာလည်းမြို့လုံခြုံရေးအတွက် တပ် မတော်က စီစဉ်ပြီးပြည်သူ့စစ်တွေ စတင် ဖွဲ့ခဲ့တယ်ဗျ။
မေး - ဆိုတော့ PDF က ရွာတွေမှာ စစိုးမိုးတုန်းမှာ ပြည်သူ့စစ်တွေလည်း တစ်ခါတည်း မြို့ဘက်မှာ ဖွဲ့ နေတာပေါ့။
ဖြေ - ဟုတ်တယ်ဗျ။ (၂၀၂၁)ခုနှစ် (၈)လပိုင်းကုန် (၉)လပိုင်းမှာ စတင်ဖွဲ့နိုင်ခဲ့ပါတယ်ဗျ။
မေး - ပြည်ပရောက် မီဒီယာတွေဟာ အဲဒီတုန်းက ကန့်ဘလူကို မလုံခြုံတဲ့မြို့တစ်မြို့အဖြစ် ပုံဖော်ခဲ့ တယ်ပေါ့နော်။ တကယ်ပဲ မလုံခြုံခဲ့ဘူးလား။
ဖြေ - ဖြစ်ခဲ့သေးတယ်ဗျ။ အသတ်ခံရတဲ့ ဝန်ထမ်းတွေလည်း မြို့ပေါ်မှာကို လေးငါးဦးလောက်ရှိခဲ့ပါ တယ်ဗျ။
မေး - PDF တွေ လုပ်ကြံတာပေါ့။
ဖြေ - ဟုတ်တယ်ဗျ PDFတွေတက်လာပြီး လုပ်ကြံ တာ။ အဲဒါပြီးတော့ ဒီဟာတွေလုပ်ကြံတော့ တချို့မြို့ ပေါ်နေ ဝန်ထမ်းတွေကတစ်ဆင့်သူတို့ဆက်စပ်ရာ ဆက်စပ်ရာနဲ့ ပြည်သူ့စစ်ကလေးတွေ ၊ နောက် ပြည် ခိုင်ဖြိုးပါတီဝင်ကနေမှ အသင်းဝင်လေးတွေကလည်း သူတို့ဖွဲ့မယ်ဆိုပြီးတော့မြို့ကို လုံခြုံ‌အောင်ထိန်း ရင်း ကာကွယ်ရင်းကနေ ကန့်ဘလူက တဖြည်းဖြည်းနဲ့ တပ်မတော်ရဲ့စိုးမိုးမှုအောက်မှာ‌ရောက်ရှိသွား တာပါဗျ။
မေး - လုံခြုံရေးမတိုးတက်ခင်က မြို့ကို စွန့်ခွာ တိမ်းရှောင်သွားတဲ့သူတွေ ရှိလားခင်ဗျ။
ဖြေ - ရှိပါတယ်။ အရေအတွက်အားဖြင့် အနည်းဆုံး ပြောရမယ်ဆိုရင် သုံးပုံ ပုံရင်တစ်ပုံလောက်ကတော့ ထွက်သွားကြတာပဲ။ လူချမ်းသာများတာပါခင်ဗျ။ သူတို့ကတော့မြို့မှာနေနိုင်တယ်လေ။ ပြင်ဦးလွင်ထွက် တယ်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် ဒါတွေကို ထွက်သွားကြတာ။
မေး - ကန့်ဘလူမြို့ဟာ အရင်က PDF တွေရဲ့ ဝိုင်းဝန်းပိတ်ဆို့တာပေါ့လေ။ မသိမ်းသော်လည်းပဲ ပိတ်ဆို့ ခံရဖူးတဲ့ အနေအထားရောက်ခဲ့တယ်လို့ နားလည်ရမလား။
ဖြေ - ဟုတ်ပါတယ်ဗျ။ ကန့်ဘလူမြို့ကိုဒီကောင် တွေက ကျွန်တော်တို့လမ်းကျောထားပါတော့ နောက် ဆက်သွယ်ရေးတွေ၊‌ စားဝတ်နေရေး၊ ပညာ ရေးအကုန်လုံးကို ဖြတ်တောက်ကြတာဗျ။
မေး - အဲဒီတုန်းက ဘယ်လိုလုပ်ခဲ့ကြရလဲ။
ဖြေ - ကျွန်တော်တို့မှာ ပြည်သူ့စစ်တွေဖွဲ့နိုင်တယ်။ ကျေးရွာလေးတွေအားကောင်းလာတာပေါ့။ ကန့် ဘလူနဲ့ တန့်ဆည် မူးမြစ်ကြားပေါ့။ မူးမြစ်ကြားမှာ ပြည်သူစစ်ကလေးတွေလှိုင်လှိုင်ဖွဲ့ နောက်ပြီးမှ နိုင်ငံ တော်က လက်နက်ကလေးတွေ တပ်ဆင်ပြီးတော့ အဲဒါလေးတွေ ကြီးထွားလာပြီး ရိက္ခာဖြတ်တောက်တဲ့ အချိန်မှာ ကန့်ဘလူက ပြည်သူ့စစ်တွေစုပြီး ရိက္ခာကို သယ်ယူပို့ဆောင်တယ်။ မသွားနိုင်တဲ့ နေရာကို ပြည်သူ့စစ်တွေက လမ်းရှင်းလုပ်တယ်။ ကားနဲ့ ရိက္ခာကို သွားပို့တယ် ဒီလို ရင်ဆိုင်ခဲ့ရတာပါ။
မေး - ကန့်ဘလူရဲ့ နယ်မြေစိုးမိုးမှု အားကောင်းဖို့ အတွက်မှာ ပြည်သူ့စစ်တွေက အရေးပါတဲ့ အခန်း ကဏ္ဍက ပါခဲ့တာပေါ့။
ဖြေ - ဟုတ်တယ်ဗျ။ ပြည်သူ့စစ်ရယ်၊ ကျွန်တော်တို့ (၅၅၀) ဆရာတော် ဦးဝါသဝရဲ့ စည်းရုံးမှုလေးတွေ ကောင်းခဲ့လို့လည်း ကျွန်တော်တို့ကန့်ဘလူက ထွန်းပေါက်ခဲ့တာပေါလေ။
မေး - ကန့်ဘလူက ဘယ်အချိန်လောက်မှာ အခြေ အနေ ပြန်ကောင်းတာလဲ။
ဖြေ - ကျွန်တော်တို့ ကန့်ဘလူမြို့ကို (၂၀၂၂) ဇွန်လ နောက်ပိုင်းမှာ ပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်နိုင်ခဲ့ပြီးမှ အင်အားကြီးထွားပြီး မပျက်စီးအောင် ထိန်းသိမ်းကာ ကွယ်စောင့်ရှောက်နိုင်ခဲ့တာပါ။
မေး - ကန့်ဘလူမြို့နယ်ထဲက ရွာတွေမှာကော အခြေအနေက ဘယ်လိုရှိပါသလဲ။
ဖြေ - အင်း။ လက်ရှိဆိုရင် ကန့်လလူ မြို့နယ်မှာ ပြည်သူ့စစ် အင်အားကလည်း သောင်းကျော်ပြီလေ။ ဒီကန့်ဘလူမြို့ရဲ့ အနောက်ခြမ်းဝန်းကျင်မှာတော့ တော်တော်ထိန်းချုပ်နိုင်ခဲ့ပါပြီဗျ။ အခု ထပ်ပြီးထိန်း ချုပ်နိုင်တာကတော့ ကျွန်တော်တို့ ရွှေဘို-ကန့် ဘလူလမ်းပေါ့ဗျာ။ အဲဒီလမ်းကိုလည်း တပ်မတော်က ထိန်းချုပ်ပြီးပါပြီဗျ။
မေး - အဲဒီက PDF တွေကကော ဘယ်ကိုရောက်သွားလဲဗျ။
ဖြေ-တချို့ကျတော့ ဒီနိုင်ငံတော်ကနေပြီးတော့ လေယာဉ်နဲ့ကျဲတယ်။ ဒီကောင်တွေစုဖွဲ့နေတဲ့နေရာတွေ ကိုလိုက်ကြဲတယ်။ တချို့ PDF တွေဆို စုစုစည်းစည်း မနေရဲတော့ဘူးဗျာ။ မနေရဲတော့ဘဲနဲ့ ဘာလုပ်လဲ ဆိုတော့ ဓားပြဆန်ဆန်ပေါ့။ ကားလမ်းတွေမှာ ကားတွေကိုပြန်ပေးဆွဲချင် ဆွဲတယ်။ ထွက်ပြီးတော့ မိုင်း ထောင်ရင်ထောင်တယ်။ အဲဒီလိုတော့ ကြိုကြား ကြိုကြားရှိတယ်။ ပြီးတော့ ကန့်ဘလူရဲ့ အရှေ့ မဟာဗျူဟာလမ်းရဲ့ အရှေ့ဘက်မှာတော့ ဧရာဝတီမြစ်နဲ့ ဗျူဟာလမ်းကြားမှာတော့ စုဖွဲ့မှုများ နေပါ တယ်။
မေး - တပ်၊ ပြည်သူ့စစ်အပါအဝင် လုံခြုံရေး တပ်ဖွဲ့ တွေက တိုက်ထုတ်လိုက်သူတွေလား။
ဖြေ - ဟုတ်တယ်။ တောရွာတွေကိုစိုးမိုးပြီး သူတို့ လက်အောက်မှာ သူတိုရဲ့ပကဖ၊ ပလဖ၊ ပလဖဆိုတဲ့ ပသုံးလုံး စီမံချက်နဲ့ အုပ်ချုပ်နေကြပါတယ်။
မေး - ဆိုတော့ အဲဒီ သူတို့ရှိတဲ့အပိုင်းမှာ ဘယ်လို ရှိပါသလဲ။
ဖြေ - လက်ရှိအခြေအနေမှာ ကျေးရွာသူကျေးရွာသားတွေက လက်နက်ကိုင် PDF ဘယ်နားမှာ ရှိတယ် ဆိုရင် တောင်မှာရှိတယ်ဆိုရင် မြောက်ကို အထုပ်ကလေးတွေနဲ့ လှည်းလေးတွေနဲ့ ဆန်လေးတွေ တင်ပြီး တော့ မောင်းပြီးတိမ်းနေကြတဲ့အခြေအနေမျိုးမှာရှိတယ်ဗျ။
မေး - ပြည်သူတွေဘက်က သတင်းပေးတဲ့ အခြေ အနေကော ဘယ်လိုရှိပါသလဲ။
ဖြေ - သူတို့နဲ့ပတ်သက်ရင်အကြမ်းဖက်တွေကို တော်တော်များများက ရွံမုန်းလာကြပြီဗျ။ ရွံမုန်းလာ တော့ ပြည်သူတွေကလည်းဖြစ်တဲ့နည်းပေါ့။ ဖုန်းအ ဆက်အသွယ်မရကြဘူးလေ။ ဖုန်းလမ်းတွေကဖြတ် ထားတယ်။ နောက်အကြမ်းဖက်တွေက Starlink တွေ ထောင်တယ်။ အဲဒီကနေမှ သူတို့ဆီကိုတစ်နာရီ ကို နှစ်ထောင်ပေးသုံးတယ်။ နှစ်ထောင်ပေးသုံးရင်းနဲ့ အဲဒီကြားထဲကနေ အသက်ကိုပမာနမထားဘဲ တပ်မတော်ကို သတင်းပို့နေတဲ့သူတွေလည်း အများ ကြီး ရှိပါတယ်ခင်ဗျ။
မေး - ပြည်သူတွေက သတင်းပေးတာဟာ နောက် ပိုင်းမှာ တိုးလာတယ်လို့ ထင်ပါသလား။
ဖြေ - တိုးပါတယ်ဗျ။ ပထမပိုင်းလေးက ပြည်သူ့ စစ်တွေနဲ့ တပ်မတော်၊ရဲတပ်ဖွဲ့ကို သိပ်သတင်း မပေးရဲ ကြဘူး။ ပထမပိုင်းပေါ့ဗျာ။ ပေးရင် သတ်တော့ ကြောက်စိတ်တွေဝင်ကြတာပေါ့။ အခုနောက်ပိုင်း တပ်မ တော်က တော်တော်များများကို စစ်ကြောင်းတွေ ထိုးစစ်ဆင်တဲ့အနေအထားပေါ့။ ထိုးစစ်ဆင်နေတဲ့ အနေအထားလုပ်နေပြီဆိုတော့ ပြည်သူတွေကမ ကြောက်မရွံ့ပေးတဲ့အပြင် ဒီကောင်တွေကို ရွံမုန်း တယ်ဆိုတာ အကြမ်းဖက်တွေ ရဲ့ ဖိနှိပ်ချုပ်ခြယ်မှုတွေ၊ ခေါင်းပုံဖြတ်မှုတွေ၊ နောက် တစ်လကိုတစ်ခါ အိမ်တိုင်းကို လစဉ်ကြေး သုံးသောင်းစီ ကောက်နေတာဆို တော့လေ ဒီဟာနဲ့ ပတ်သက်ပြီးတော်တော် ရွံမုန်းလာကြပြီး သူတို့အသက်ကိုပမာနမထားဘဲ သတင်း ပေးမှုတွေကတော်တော်များပြားလားတယ်ဗျ။ အဲဒီလို ဖြစ်လာတယ်။
မေး - အရင်က PDF နဲ့ပတ်သက်လို့ ကြိုဟောကိန်းထုတ်ခဲ့ကြဖူးတယ်ပေါ့လေ။ PDF က ဓားပြ ဖြစ်သွား မယ်ဆိုပြီး ပြောခဲ့ကြတယ်။ ဒါဟာ အစ်ကိုတို့ ဒေသအတွက် မှန်နေသလား။
ဖြေ - တွေ့တယ်။ တွေ့တယ်။ တစ်မြန်နေ့က ဆယ့် နှစ်ဘီးကားပေါ့။ မန္တလေးက ပြောတယ်။ ဘာတွေ တင်လာလဲဆိုတော့ ဆိုလာပြားတွေအပြည့် တင် လာတယ်။ ဘယ်ကိုပို့မှာလဲဆိုတော့ မြစ်ကြီးနားကို ပို့မှာ။ မြစ်ကြီးနားကိုပို့မှာကို သူတို့က အဆင့်ဆင့် ထောက်ခံချက်ယူခဲ့ကြတာ။ နိုင်ငံတော်က အဆင့်ဆင့် ထောက်ခံချက်ယူပြီး ဖြတ်ချိန် ကန့်ဘလူမြို့နယ်ထဲက လွှဲဆိပ်ကျေးရွာရောက်တော့ သူတို့က ဘာလုပ်လဲ ဆိုတော့ အဲဒီထောက်ခံချက်ပါလို့ဆိုပြီးဖမ်းတယ်။ ကားကိုသိမ်းတာရှိပါတယ်။
မေး - အစိုးရ ထောက်ခံချက်ပါလို့ ဖမ်းတယ်ပေါ့။
ဖြေ - ဟုတ်တယ်။ ဒါလည်း ဓားပြတိုက်တာပဲလေ။
မေး-အစိုးရထောက်ခံချက်ပါလို့ဖမ်းတယ်။
ဖြေ-ဟုတ်တယ်၊ ဟုတ်တယ်။ အဲဒါကလည်း ဓားပြ တိုက်တာပြလေ။
မေး - ဖြစ်စဉ် အားလုံးထဲက တစ်ခုလို့ ပြောနိုင်မလား။
ဖြေ - ဖြစ်စဉ်တွေကတော့ အများကြီးရှိတာပေါ့။ ပြန်ပေးဆွဲတယ်။ ကုန်ကားတွေ ကန့်ဘလူဝင်တဲ့ ကား တွေကို ပြန်ပေးဆွဲတယ်။ သိမ်းသွားတာတွေရှိ တယ်။ နောက် တပ်မိသားစုဆိုပြီးသိမ်းသွားတာတွေ ရှိ တယ်။ ကျန်းမာရေးဝန်းထမ်းတွေကိုသတ်ပြီး သိမ်းသွားတာရှိတယ်။ အမျိုးမျိုးထဲမှာမှ လတ်တလော လေးဖြစ်သွားတဲ့အနေအထားကို ကျွန်တော်ပြောပြတာဖြစ်ပါတယ်။
အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် ခင်ဗျာ။

Zawgyi Version:
PDF တို႔ စတင္ကင္းစင္လာေသာ ကန႔္ဘလူက ေျမျပင္အသံ

သုတေက်ာ္ (NP News) - စက္တင္ဘာ ၁၇

ကန႔္ဘလူၿမိဳ႕သည္ တစ္ခ်ိန္က PDF တို႔၏ ငါႏွင့္မတူ၊ ငါ့ရန္သူ လုပ္ရပ္မ်ားေၾကာင့္ စိုးရိမ္ဖြယ္ အေနအထားျဖစ္ခဲ့ေသာ္လည္း ယခုအခါ တပ္မေတာ္က အသာစီးစတင္ရေနၿပီျဖစ္သည္။ ယင္းသို႔ အေျခ အေနတြင္ ယခင္က ျပည္သူတို႔ႀကဳံခဲ့ရသည့္ အခက္အခဲႏွင့္ လက္ရွိေျမျပင္မွ ျဖစ္စဥ္မ်ားကို NP News ၏ စာဖတ္ပရိသတ္မ်ားသိေစရန္အတြက္ ေဒသခံတစ္ဦးထံေမးျမန္းကာ ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။



ေမး - လက္ရွိ ကန႔္ဘလူမွာ တပ္မေတာ္ဘက္က အသာစီးရထားတဲ့အေနအထားလို႔ သိရပါတယ္။ ပထမ ဆုံးေမးခ်င္တာက ကန႔္ဘလူမွာ ဘယ္အခ်ိန္က စလို႔ လက္နက္ကိုင္ေတြ စဝင္လာခဲ့တာလဲ။

ေျဖ - အၾကမ္းဖက္ေတြက စကတည္းက မဲမသမာမႈကို သူတို႔ကေတာ့ တရားမွ်တစြာ ေ႐ြးေကာက္တယ္ ေပါ့။ အဲဒီကေန လက္နက္စကိုင္တယ္။ ကိုင္တဲ့အခ်ိန္မွာ ႏိုင္ငံေတာ္ကေနၿပီး ဆႏၵထုတ္ေဖာ္ခြင့္ ခြင့္ျပဳ ထားတာေပါ့။ ရဲစခန္းေတြကို နီးစပ္ရာ စခန္းႀကီးေတြကိုျပန္တြဲၿပီး ႐ုပ္သိမ္းလိုက္ခ်ိန္မွာ အၾကမ္းဖက္ ေတြက လက္နက္ေတြကို ေမွာင္ခိုသယ္တယ္။ နဂိုကတည္းကလည္း လက္နက္ေတြက ေမွာင္ခို သယ္ ထားတာလည္းရွိတာကိုး။ ရွိေတာ့ စခန္းငယ္ေတြကို ျပန္႐ုပ္သိမ္းတဲ့အခ်ိန္မွာ သူတို႔က အင္အားႀကီးၿပီး စိုးမိုးသြားတာေပါ့။

ေမး - ကန႔္ဘလူက ႏိုင္ငံေရးျဖစ္စဥ္အေျပာင္းအလဲေတြမတိုင္ခင္မွာ ဘယ္စီးပြားေရးကို အဓိကထားလုပ္ ၾကပါသလဲ။ အေျခအေနက ဘယ္လိုရွိပါသလဲဗ်။

ေျဖ - ေျပာရမယ္ဆိုရင္ ဒီနယ္ဘက္က စပါးရယ္၊ ပဲစင္းငုံ၊ ေျမပဲ၊ ပဲတီစိမ္း၊ ႏွမ္း ဒါေတြကို ဦးစားေပး လုပ္ ၾကပါတယ္ဗ်။

ေမး-တိုက္ပြဲေတြမတိုင္ခင္က စီးပြားေရးေတြလုပ္လို႔ ကိုင္လို႔ေကာင္းခဲ့သလား။ အဲဒီတုန္းက ဘယ္လိုအ ခက္အခဲေတြရွိခဲ့ၾကေသးလဲခင္ဗ်။

ေျဖ-အဲဒီတုန္းကေတာ့တိုက္ပြဲေတြမျဖစ္ခင္တုန္းက ကန႔္ဘလူၿမိဳ႕နယ္မွာ ေတာ္ေတာ္သာယာတယ္ဗ်။ အကုန္းလုံး လူတိုင္းလူတိုင္းစားဝတ္ေနေရးေတြ အဆင္ေျပတယ္။ သြားေရးလာေရးေတြ အကုန္လုံး အဆင္ေျပတယ္။ လုပ္ရကိုင္ရတာလည္း ေတာ္‌ ေတာ္ေလးအဆင္ေျပၾကပါတယ္ခင္ဗ်။ အခုတိုက္ပြဲေတြ ျဖစ္သြားၿပီးေနာက္ပိုင္းမွာ ဒါေတာ္ေတာ္ေလး ပ်က္စီးခဲ့တယ္ေပါ့ဗ်ာ။ အၾကမ္းဖက္‌ေတြေၾကာင့္ေလ။

ေမး - ေနာက္ပိုင္းမွာ ျပည္သူေတြက ဘယ္ေလာက္အထိ စိုးရိမ္ထိတ္လန႔္ခဲ့ၾကရလဲ။

ေျဖ-ဘယ္ေလာက္ထိစိုးရိမ္သြားခဲ့ရလဲဆိုရင္ နယ္ေတြမွာစတင္ၿပီး ဒီအၾကမ္းဖက္‌ေတြက တပ္ေထာက္ခံ တို႔၊ တပ္မိသားစုတို႔၊ ႏိုင္ငံ့ဝန္ထမ္းေတြ၊ ပညာေရး ဝန္ထမ္းေတြေပါ့ေနာ္။ ေနာက္ ျပည္ခိုင္ၿဖိဳးအသင္းဝင္ ေတြ ဒါေတြကို လိုက္သတ္ၾကတာေပါ့။ သတ္ၿပီးမွ ကန႔္ဘလူၿမိဳ႕ကိုသိမ္းမယ္ေပါ့ဗ်ာ။ ၿမိဳ႕သိမ္း ဘာညာဆို ၿပီး စတင္ၿပီးေသနတ္ေတြေဖာက္တယ္။ မိုင္းေတြကိုေနရာတိုင္းမွာခြဲတာေတာ့ျပဳလုပ္ပါတယ္။

ေမး - အဲဒီတုန္းက ၿမိဳ႕မွာဘယ္ေလာက္ ေခ်ာက္ခ်ားခဲ့ရလဲဗ်။

ေျဖ - ေတာ္ေတာ္ေတာ့ေျခာက္ျခားခဲ့ရတယ္ဗ်။ ေနအိမ္ထဲကေနၿပီးေတာ့ အျပင္ဘက္ကို မထြက္ရဲ ေအာင္ျဖစ္ခဲ့ၾကရတယ္ဗ်။

ေမး - အဲဒီကာလ အပိုင္းအျခားက ဘယ္ေလာက္ၾကာခဲ့ပါသလဲ။

ေျဖ - (၈)လေလာက္ေတာ့ၾကာတယ္။ အဲဒီလို အျဖစ္ဆိုးေလးႀကဳံခဲ့ရတာ။

ေမး - ဆိုေတာ့ ႐ြာေတြမွာလည္း ဒါမ်ိဳးႀကဳံရတယ္ေပါ့ေလ။ ႐ြာက လူေတြေကာ ဘယ္ဘက္ေတြ ေျပး ၾကရလဲ။

ေျဖ - ႐ြာပိုင္းမွာေတာ့အခက္အခဲေတြအမ်ားႀကီး ႀကဳံရတယ္ဗ်။ တခ်ိဳ႕ဆိုရင္ ႐ြာထဲေနတယ္ဆိုရင္ မေနဖို႔ ႐ြာအျပင္ကိုထြက္ခိုင္းတယ္ ဒီ အၾကမ္း ဖက္ေတြက။ သူတို႔နဲ႔အၾကမ္းဖက္ PDF အဖြဲ႕ ေတြကိုဝင္ရမယ္ဆို တဲ့ ၿခိမ္းေျခာက္မႈေတြျပဳလုပ္ပါတယ္ဗ်။ ႐ြာသားေတြက ႐ြာထဲမွာ မေနရဲဘဲနဲ႔ မိမိပိုင္တဲ့လယ္ယာေျမ ေတြထဲမွာသြားၿပီးေတာ့ တဲတန္းေလးေတြထိုးၿပီး တဲေလးေတြေဆာက္ၿပီးေတာ့ေနၾကတယ္။ လူတိုင္း လူတိုင္းပါပဲ ေတာင္သူတိုင္း။

ေမး - မဝင္မေနရလုပ္တယ္ဆိုတာ ေဒသခံပဲလား။ တျခားနယ္ကလာတဲ့သူေတြလား။

ေျဖ-ပထမကကေတာ့ ဒီ‌ေဒသခံ PDF ေတြက NLD က လႊတ္ေတာ္အမတ္‌ေတြ အမတ္အျပဳတ္ ေတြေပါ့ဗ်ာ။ ရွင္းရွင္းေျပာမယ္ဆိုရင္ လႊတ္ေတာ္ကိုယ္ စားလွယ္ေလာင္းေတြ ဒါေတြကစၿပီးေတာ့ လုပ္ တယ္။ လုပ္ပီးေတာ့ သူတို႔ကပဲ KIA ကိုသူတို႔ကသြားေခၚခဲ့တာ။ သြားေခၚၿပီးမွ ဒီဟာေတြကိုပဲ သင္တန္းျပ ခိုင္းတယ္။ ၿပီးေတာ့မွ အခုေက်း႐ြာေတြကိုသူတို႔ကတျဖည္းျဖည္းလူသတ္ျပတယ္။ သတ္ျပ ၿပီးမွ ေက်း႐ြာ ေတြကို စိုးမိုးလိုက္တယ္ေပါ့။

ေမး - PDF ေအာက္က ႐ြာေတြ အေျခအေနက ဘယ္လိုျဖစ္သြားလဲ။

ေျဖ - PDF လက္ေအာက္မွာေနတဲ့ေက်း႐ြာေတြက သူတို႔ချမာ ၿမိဳ႕ကိုသြားျပန္ေတာ့လည္း ၿမိဳ႕ကိုသြားလို႔ ထိပ္တုံးေတြခတ္တယ္။ ႀကိမ္ဒဏ္ေတြေပးခံရတာ ျဖစ္တဲ့အတြက္ သူတို႔ၿမိဳ႕ကိုလည္းမသြားရဲ၊ ေဆးကုဖို႔ လည္းမသြားရဲ ေနာက္ ကိုယ့္သားသမီးေက်ာင္းထား ရင္လဲ ေက်ာင္းထားလို႔ဆိုၿပီး သူတို႔ကိုေခၚ႐ိုက္ခံရ တယ္။ တခ်ိဳ႕မိသားစုေတြဆိုရင္လည္း ကေလးေတြကို ခ်က္ခ်င္းျပန္ေခၚရတယ္ အဲဒီလိုမ်ိဳးေတာ္ေတာ္ကို ေၾကာက္လွန႔္ခံရတဲ့အေနအထားျဖစ္ခဲ့ရတယ္ခင္ဗ်။

ေမး - တစ္ဆက္တည္းေပါ့ေလ။ ေက်း႐ြာေတြမွာ အခုလိုျဖစ္ေနတုန္း ၿမိဳ႕ေပၚမွာ ဘယ္လိုအခက္အခဲ ျဖစ္ေနလဲ။ အဲဒီတုန္းကေပါ့။

ေျဖ - ၿမိဳ႕ေပၚမွာလည္းၿမိဳ႕လုံၿခဳံေရးအတြက္ တပ္ မေတာ္က စီစဥ္ၿပီးျပည္သူ႔စစ္ေတြ စတင္ ဖြဲ႕ခဲ့တယ္ဗ်။

ေမး - ဆိုေတာ့ PDF က ႐ြာေတြမွာ စစိုးမိုးတုန္းမွာ ျပည္သူ႔စစ္ေတြလည္း တစ္ခါတည္း ၿမိဳ႕ဘက္မွာ ဖြဲ႕ ေနတာေပါ့။

ေျဖ - ဟုတ္တယ္ဗ်။ (၂၀၂၁)ခုႏွစ္ (၈)လပိုင္းကုန္ (၉)လပိုင္းမွာ စတင္ဖြဲ႕ႏိုင္ခဲ့ပါတယ္ဗ်။

ေမး - ျပည္ပေရာက္ မီဒီယာေတြဟာ အဲဒီတုန္းက ကန႔္ဘလူကို မလုံၿခဳံတဲ့ၿမိဳ႕တစ္ၿမိဳ႕အျဖစ္ ပုံေဖာ္ခဲ့ တယ္ေပါ့ေနာ္။ တကယ္ပဲ မလုံၿခဳံခဲ့ဘူးလား။

ေျဖ - ျဖစ္ခဲ့ေသးတယ္ဗ်။ အသတ္ခံရတဲ့ ဝန္ထမ္းေတြလည္း ၿမိဳ႕ေပၚမွာကို ေလးငါးဦးေလာက္ရွိခဲ့ပါ တယ္ဗ်။

ေမး - PDF ေတြ လုပ္ႀကံတာေပါ့။

ေျဖ - ဟုတ္တယ္ဗ် PDFေတြတက္လာၿပီး လုပ္ႀကံ တာ။ အဲဒါၿပီးေတာ့ ဒီဟာေတြလုပ္ႀကံေတာ့ တခ်ိဳ႕ၿမိဳ႕ ေပၚေန ဝန္ထမ္းေတြကတစ္ဆင့္သူတို႔ဆက္စပ္ရာ ဆက္စပ္ရာနဲ႔ ျပည္သူ႔စစ္ကေလးေတြ ၊ ေနာက္ ျပည္ ခိုင္ၿဖိဳးပါတီဝင္ကေနမွ အသင္းဝင္ေလးေတြကလည္း သူတို႔ဖြဲ႕မယ္ဆိုၿပီးေတာ့ၿမိဳ႕ကို လုံၿခဳံ‌ေအာင္ထိန္း ရင္း ကာကြယ္ရင္းကေန ကန႔္ဘလူက တျဖည္းျဖည္းနဲ႔ တပ္မေတာ္ရဲ႕စိုးမိုးမႈေအာက္မွာ‌ေရာက္ရွိသြား တာပါဗ်။

ေမး - လုံၿခဳံေရးမတိုးတက္ခင္က ၿမိဳ႕ကို စြန႔္ခြာ တိမ္းေရွာင္သြားတဲ့သူေတြ ရွိလားခင္ဗ်။

ေျဖ - ရွိပါတယ္။ အေရအတြက္အားျဖင့္ အနည္းဆုံး ေျပာရမယ္ဆိုရင္ သုံးပုံ ပုံရင္တစ္ပုံေလာက္ကေတာ့ ထြက္သြားၾကတာပဲ။ လူခ်မ္းသာမ်ားတာပါခင္ဗ်။ သူတို႔ကေတာ့ၿမိဳ႕မွာေနႏိုင္တယ္ေလ။ ျပင္ဦးလြင္ထြက္ တယ္။ ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္ ဒါေတြကို ထြက္သြားၾကတာ။

ေမး - ကန႔္ဘလူၿမိဳ႕ဟာ အရင္က PDF ေတြရဲ႕ ဝိုင္းဝန္းပိတ္ဆို႔တာေပါ့ေလ။ မသိမ္းေသာ္လည္းပဲ ပိတ္ဆို႔ ခံရဖူးတဲ့ အေနအထားေရာက္ခဲ့တယ္လို႔ နားလည္ရမလား။

ေျဖ - ဟုတ္ပါတယ္ဗ်။ ကန႔္ဘလူၿမိဳ႕ကိုဒီေကာင္ ေတြက ကြၽန္ေတာ္တို႔လမ္းေက်ာထားပါေတာ့ ေနာက္ ဆက္သြယ္ေရးေတြ၊‌ စားဝတ္ေနေရး၊ ပညာ ေရးအကုန္လုံးကို ျဖတ္ေတာက္ၾကတာဗ်။

ေမး - အဲဒီတုန္းက ဘယ္လိုလုပ္ခဲ့ၾကရလဲ။

ေျဖ - ကြၽန္ေတာ္တို႔မွာ ျပည္သူ႔စစ္ေတြဖြဲ႕ႏိုင္တယ္။ ေက်း႐ြာေလးေတြအားေကာင္းလာတာေပါ့။ ကန႔္ ဘလူနဲ႔ တန႔္ဆည္ မူးျမစ္ၾကားေပါ့။ မူးျမစ္ၾကားမွာ ျပည္သူစစ္ကေလးေတြလႈိင္လႈိင္ဖြဲ႕ ေနာက္ၿပီးမွ ႏိုင္ငံ ေတာ္က လက္နက္ကေလးေတြ တပ္ဆင္ၿပီးေတာ့ အဲဒါေလးေတြ ႀကီးထြားလာၿပီး ရိကၡာျဖတ္ေတာက္တဲ့ အခ်ိန္မွာ ကန႔္ဘလူက ျပည္သူ႔စစ္ေတြစုၿပီး ရိကၡာကို သယ္ယူပို႔ေဆာင္တယ္။ မသြားႏိုင္တဲ့ ေနရာကို ျပည္သူ႔စစ္ေတြက လမ္းရွင္းလုပ္တယ္။ ကားနဲ႔ ရိကၡာကို သြားပို႔တယ္ ဒီလို ရင္ဆိုင္ခဲ့ရတာပါ။

ေမး - ကန႔္ဘလူရဲ႕ နယ္ေျမစိုးမိုးမႈ အားေကာင္းဖို႔ အတြက္မွာ ျပည္သူ႔စစ္ေတြက အေရးပါတဲ့ အခန္း က႑က ပါခဲ့တာေပါ့။

ေျဖ - ဟုတ္တယ္ဗ်။ ျပည္သူ႔စစ္ရယ္၊ ကြၽန္ေတာ္တို႔ (၅၅၀) ဆရာေတာ္ ဦးဝါသဝရဲ႕ စည္း႐ုံးမႈေလးေတြ ေကာင္းခဲ့လို႔လည္း ကြၽန္ေတာ္တို႔ကန႔္ဘလူက ထြန္းေပါက္ခဲ့တာေပါေလ။

ေမး - ကန႔္ဘလူက ဘယ္အခ်ိန္ေလာက္မွာ အေျခ အေန ျပန္ေကာင္းတာလဲ။

ေျဖ - ကြၽန္ေတာ္တို႔ ကန႔္ဘလူၿမိဳ႕ကို (၂၀၂၂) ဇြန္လ ေနာက္ပိုင္းမွာ ပိုင္ပိုင္ႏိုင္ႏိုင္ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီးမွ အင္အားႀကီးထြားၿပီး မပ်က္စီးေအာင္ ထိန္းသိမ္းကာ ကြယ္ေစာင့္ေရွာက္ႏိုင္ခဲ့တာပါ။

ေမး - ကန႔္ဘလူၿမိဳ႕နယ္ထဲက ႐ြာေတြမွာေကာ အေျခအေနက ဘယ္လိုရွိပါသလဲ။

ေျဖ - အင္း။ လက္ရွိဆိုရင္ ကန႔္လလူ ၿမိဳ႕နယ္မွာ ျပည္သူ႔စစ္ အင္အားကလည္း ေသာင္းေက်ာ္ၿပီေလ။ ဒီကန႔္ဘလူၿမိဳ႕ရဲ႕ အေနာက္ျခမ္းဝန္းက်င္မွာေတာ့ ေတာ္ေတာ္ထိန္းခ်ဳပ္ႏိုင္ခဲ့ပါၿပီဗ်။ အခု ထပ္ၿပီးထိန္း ခ်ဳပ္ႏိုင္တာကေတာ့ ကြၽန္ေတာ္တို႔ ေ႐ႊဘို-ကန႔္ ဘလူလမ္းေပါ့ဗ်ာ။ အဲဒီလမ္းကိုလည္း တပ္မေတာ္က ထိန္းခ်ဳပ္ၿပီးပါၿပီဗ်။

ေမး - အဲဒီက PDF ေတြကေကာ ဘယ္ကိုေရာက္သြားလဲဗ်။

ေျဖ-တခ်ိဳ႕က်ေတာ့ ဒီႏိုင္ငံေတာ္ကေနၿပီးေတာ့ ေလယာဥ္နဲ႔က်ဲတယ္။ ဒီေကာင္ေတြစုဖြဲ႕ေနတဲ့ေနရာေတြ ကိုလိုက္ႀကဲတယ္။ တခ်ိဳ႕ PDF ေတြဆို စုစုစည္းစည္း မေနရဲေတာ့ဘူးဗ်ာ။ မေနရဲေတာ့ဘဲနဲ႔ ဘာလုပ္လဲ ဆိုေတာ့ ဓားျပဆန္ဆန္ေပါ့။ ကားလမ္းေတြမွာ ကားေတြကိုျပန္ေပးဆြဲခ်င္ ဆြဲတယ္။ ထြက္ၿပီးေတာ့ မိုင္း ေထာင္ရင္ေထာင္တယ္။ အဲဒီလိုေတာ့ ႀကိဳၾကား ႀကိဳၾကားရွိတယ္။ ၿပီးေတာ့ ကန႔္ဘလူရဲ႕ အေရွ႕ မဟာဗ်ဴဟာလမ္းရဲ႕ အေရွ႕ဘက္မွာေတာ့ ဧရာဝတီျမစ္နဲ႔ ဗ်ဴဟာလမ္းၾကားမွာေတာ့ စုဖြဲ႕မႈမ်ား ေနပါ တယ္။

ေမး - တပ္၊ ျပည္သူ႔စစ္အပါအဝင္ လုံၿခဳံေရး တပ္ဖြဲ႕ ေတြက တိုက္ထုတ္လိုက္သူေတြလား။

ေျဖ - ဟုတ္တယ္။ ေတာ႐ြာေတြကိုစိုးမိုးၿပီး သူတို႔ လက္ေအာက္မွာ သူတိုရဲ႕ပကဖ၊ ပလဖ၊ ပလဖဆိုတဲ့ ပသုံးလုံး စီမံခ်က္နဲ႔ အုပ္ခ်ဳပ္ေနၾကပါတယ္။

ေမး - ဆိုေတာ့ အဲဒီ သူတို႔ရွိတဲ့အပိုင္းမွာ ဘယ္လို ရွိပါသလဲ။

ေျဖ - လက္ရွိအေျခအေနမွာ ေက်း႐ြာသူေက်း႐ြာသားေတြက လက္နက္ကိုင္ PDF ဘယ္နားမွာ ရွိတယ္ ဆိုရင္ ေတာင္မွာရွိတယ္ဆိုရင္ ေျမာက္ကို အထုပ္ကေလးေတြနဲ႔ လွည္းေလးေတြနဲ႔ ဆန္ေလးေတြ တင္ၿပီး ေတာ့ ေမာင္းၿပီးတိမ္းေနၾကတဲ့အေျခအေနမ်ိဳးမွာရွိတယ္ဗ်။

ေမး - ျပည္သူေတြဘက္က သတင္းေပးတဲ့ အေျခ အေနေကာ ဘယ္လိုရွိပါသလဲ။

ေျဖ - သူတို႔နဲ႔ပတ္သက္ရင္အၾကမ္းဖက္ေတြကို ေတာ္ေတာ္မ်ားမ်ားက ႐ြံမုန္းလာၾကၿပီဗ်။ ႐ြံမုန္းလာ ေတာ့ ျပည္သူေတြကလည္းျဖစ္တဲ့နည္းေပါ့။ ဖုန္းအ ဆက္အသြယ္မရၾကဘူးေလ။ ဖုန္းလမ္းေတြကျဖတ္ ထားတယ္။ ေနာက္အၾကမ္းဖက္ေတြက Starlink ေတြ ေထာင္တယ္။ အဲဒီကေနမွ သူတို႔ဆီကိုတစ္နာရီ ကို ႏွစ္ေထာင္ေပးသုံးတယ္။ ႏွစ္ေထာင္ေပးသုံးရင္းနဲ႔ အဲဒီၾကားထဲကေန အသက္ကိုပမာနမထားဘဲ တပ္မေတာ္ကို သတင္းပို႔ေနတဲ့သူေတြလည္း အမ်ား ႀကီး ရွိပါတယ္ခင္ဗ်။

ေမး - ျပည္သူေတြက သတင္းေပးတာဟာ ေနာက္ ပိုင္းမွာ တိုးလာတယ္လို႔ ထင္ပါသလား။

ေျဖ - တိုးပါတယ္ဗ်။ ပထမပိုင္းေလးက ျပည္သူ႔ စစ္ေတြနဲ႔ တပ္မေတာ္၊ရဲတပ္ဖြဲ႕ကို သိပ္သတင္း မေပးရဲ ၾကဘူး။ ပထမပိုင္းေပါ့ဗ်ာ။ ေပးရင္ သတ္ေတာ့ ေၾကာက္စိတ္ေတြဝင္ၾကတာေပါ့။ အခုေနာက္ပိုင္း တပ္မ ေတာ္က ေတာ္ေတာ္မ်ားမ်ားကို စစ္ေၾကာင္းေတြ ထိုးစစ္ဆင္တဲ့အေနအထားေပါ့။ ထိုးစစ္ဆင္ေနတဲ့ အေနအထားလုပ္ေနၿပီဆိုေတာ့ ျပည္သူေတြကမ ေၾကာက္မ႐ြံ႕ေပးတဲ့အျပင္ ဒီေကာင္ေတြကို ႐ြံမုန္း တယ္ဆိုတာ အၾကမ္းဖက္ေတြ ရဲ႕ ဖိႏွိပ္ခ်ဳပ္ျခယ္မႈေတြ၊ ေခါင္းပုံျဖတ္မႈေတြ၊ ေနာက္ တစ္လကိုတစ္ခါ အိမ္တိုင္းကို လစဥ္ေၾကး သုံးေသာင္းစီ ေကာက္ေနတာဆို ေတာ့ေလ ဒီဟာနဲ႔ ပတ္သက္ၿပီးေတာ္ေတာ္ ႐ြံမုန္းလာၾကၿပီး သူတို႔အသက္ကိုပမာနမထားဘဲ သတင္း ေပးမႈေတြကေတာ္ေတာ္မ်ားျပားလားတယ္ဗ်။ အဲဒီလို ျဖစ္လာတယ္။

ေမး - အရင္က PDF နဲ႔ပတ္သက္လို႔ ႀကိဳေဟာကိန္းထုတ္ခဲ့ၾကဖူးတယ္ေပါ့ေလ။ PDF က ဓားျပ ျဖစ္သြား မယ္ဆိုၿပီး ေျပာခဲ့ၾကတယ္။ ဒါဟာ အစ္ကိုတို႔ ေဒသအတြက္ မွန္ေနသလား။

ေျဖ - ေတြ႕တယ္။ ေတြ႕တယ္။ တစ္ျမန္ေန႔က ဆယ့္ ႏွစ္ဘီးကားေပါ့။ မႏၲေလးက ေျပာတယ္။ ဘာေတြ တင္လာလဲဆိုေတာ့ ဆိုလာျပားေတြအျပည့္ တင္ လာတယ္။ ဘယ္ကိုပို႔မွာလဲဆိုေတာ့ ျမစ္ႀကီးနားကို ပို႔မွာ။ ျမစ္ႀကီးနားကိုပို႔မွာကို သူတို႔က အဆင့္ဆင့္ ေထာက္ခံခ်က္ယူခဲ့ၾကတာ။ ႏိုင္ငံေတာ္က အဆင့္ဆင့္ ေထာက္ခံခ်က္ယူၿပီး ျဖတ္ခ်ိန္ ကန႔္ဘလူၿမိဳ႕နယ္ထဲက လႊဲဆိပ္ေက်း႐ြာေရာက္ေတာ့ သူတို႔က ဘာလုပ္လဲ ဆိုေတာ့ အဲဒီေထာက္ခံခ်က္ပါလို႔ဆိုၿပီးဖမ္းတယ္။ ကားကိုသိမ္းတာရွိပါတယ္။

ေမး - အစိုးရ ေထာက္ခံခ်က္ပါလို႔ ဖမ္းတယ္ေပါ့။

ေျဖ - ဟုတ္တယ္။ ဒါလည္း ဓားျပတိုက္တာပဲေလ။

ေမး-အစိုးရေထာက္ခံခ်က္ပါလို႔ဖမ္းတယ္။

ေျဖ-ဟုတ္တယ္၊ ဟုတ္တယ္။ အဲဒါကလည္း ဓားျပ တိုက္တာျပေလ။

ေမး - ျဖစ္စဥ္ အားလုံးထဲက တစ္ခုလို႔ ေျပာႏိုင္မလား။

ေျဖ - ျဖစ္စဥ္ေတြကေတာ့ အမ်ားႀကီးရွိတာေပါ့။ ျပန္ေပးဆြဲတယ္။ ကုန္ကားေတြ ကန႔္ဘလူဝင္တဲ့ ကား ေတြကို ျပန္ေပးဆြဲတယ္။ သိမ္းသြားတာေတြရွိ တယ္။ ေနာက္ တပ္မိသားစုဆိုၿပီးသိမ္းသြားတာေတြ ရွိ တယ္။ က်န္းမာေရးဝန္းထမ္းေတြကိုသတ္ၿပီး သိမ္းသြားတာရွိတယ္။ အမ်ိဳးမ်ိဳးထဲမွာမွ လတ္တေလာ ေလးျဖစ္သြားတဲ့အေနအထားကို ကြၽန္ေတာ္ေျပာျပတာျဖစ္ပါတယ္။


အခုလို ေျဖၾကားေပးတာ ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။

Related news

© 2021. All rights reserved.