ထိုင်းနိုင်ငံရဲ့ (၃၂) ဦးမြောက် ဝန်ကြီးချုပ်အသစ်က ဘယ်လိုလူစားမျိုးလဲ

160

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၇
ထိုင်းနိုင်ငံရေးဟာ လက်ရှိအချိန်မှာ အလှုပ်ခတ်များစွာဖြစ်လျက်ရှိနေပါတယ်။ ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးဟာ မကြာသေးမီက ထိုင်းနိုင်ငံရေးလောကမှာ ဩဇာကြီးမားတဲ့ မိသားစုအဖြစ် သတ် မှတ်ခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့သမီးဖြစ်သူ ပေထုံတန်ရှင်နာဝပ်ထရာကို ဝန်ကြီးချုပ် ရာထူးက ထုတ်ပယ်လိုက်ပါတယ်။
ပေထုံတန်ရှင်နာဝပ်ထရာကို ဝန်ကြီးချုပ်အဖြစ် ရာထူးကထုတ်ပယ်ခဲ့ပြီးနောက် ထိုင်းလွှတ်တော် အတွင်းဝန်ကြီးချုပ်အဖြစ် ထပ်မံရွေးချယ်ခဲ့ရာ ဘုမ်ကျိုင်ထိုင်းပါတီခေါင်းဆောင်ဖြစ်သူ အနုတင်ချန်ဝီရာ ကူးကို ဝန်ကြီးချုပ်အဖြစ် မဲပေးရွေးချယ်လိုက်ပါတယ်။ ထိုင်းဘုရင့်နန်းတော်ကလည်း အနုတင်ချန် ဝီရာ ကူးကို ဝန်ကြီးချုပ်အဖြစ်ခွင့်ပြုလိုက်ပြီးနောက် ၎င်းဟာ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးဖြစ်ပါ တယ်။ အနုတင်ကို (၁၉၆၆)ခုနှစ်မှာမွေးဖွားခဲ့ပြီး (၂၀၁၂) ခုနှစ်နောက်ပိုင်းတည်းက ဘုမ်ကျိုင်ထိုင်းပါတီ ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။ ゞင်းဟာ ထိုင်းပြည်ထဲရေးဝန်ကြီးဟောင်း ချာဗာရက် ရဲ့ သားဖြစ်ပြီး တရုတ်သွေးနှောတဲ့မိသားစုလည်းဖြစ်ပါတယ်။ ၎င်းဟာ ဘန်ကောက်မြို့ရှိ Assumption College နဲ့ အင်္ဂလန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ်ရှိ Worcester Academy တို့မှာ ကျောင်းတက် ရောက်ခဲ့သလို (၁၉၈၉) ခုနှစ်မှာ အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ Hofstra University တက္ကသိုလ် ကနေ အင်ဂျင်နီယာဘာသာရပ်နဲ့ ဘွဲ့ရရှိခဲ့သူဖြစ်ပါတယ်။
၎င်းဟာ ထိုင်းနိုင်ငံရှိ အဓိကဆောက်လုပ်ရေးလုပ်ငန်းရဲ့ ဦးစီးဦးဆောင်တစ်ဦးဖြစ်ပြီး ၎င်းရဲ့ မိသားစုပိုင် ကုမ္ပဏီဖြစ်တဲ့ Sino-Thai Engine- ering and Construction PCL, ဟာ ထိုင်းအစိုးရရဲ့ အကြီး မားစီမံကိန်းတွေအပြင် ဘန်ကောက်မြို့ရှိ လေဆိပ်တွေကို တာဝန်ယူတည်ဆောက်ခဲ့ပါတယ်။ အနုတင်တာဟာ အဲဒီဆောက်လုပ်ရေးလုပ်ငန်းစုရဲ့ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။ အနုတင်ဟာ (၁၉၉၆)ခုနှစ် မှာ ထိုင်းနိုင်ငံခြား ရေးဝန်ကြီး ပရာချက်ချိုင်ယာဆန်ရဲ့အကြံပေးအဖြစ် တာဝန်ယူမှုနဲ့အတူ ထိုင်းနိုင်ငံ ရေးလောကကို ဝင်ရောက်ခဲ့ပါတယ်။ ၎င်းဟာ ထိုင်းကျန်းမာရေးဝန်ကြီးဌာနမှာ ဒုတိယဝန်ကြီးအဖြစ် (၂၀ဝ၄)ခုနှစ်ကနေ (၂၀ဝ၅) ခုနှစ်အထိတာဝန်ယူဖူးသလို ထိုင်းကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ဒုတိယ ဝန်ကြီးတာဝန်တွေကိုလည်း ထမ်းဆောင်ခဲ့ဖူးပါတယ်။
(၂၀ဝ၆) ခုနှစ်က ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ဦးဆောင်တဲ့ ထိုင်း ရက်ထိုင်းပါတီ ဖျက် သိမ်းခံရချိန်အတွင်း အနုတင်ဟာ အဲဒီပါတီရဲ့ အုပ် ချုပ်ရေးအမှုဆောင်အဖွဲ့တွင်ပါဝင်ခဲ့ရာ နိုင်ငံရေး လုပ် ခွင့် (၅)နှစ်ကြာ ပိတ်ပင်ခံခဲ့ရသူဖြစ်ပါတယ်။ ၎င်းဟာ ထိုင်းနိုင်ငံရေးလောကမှာ ပါဝင်လှုပ်ရှားခွင့် (၅) နှစ်ကြာ ပိတ်ပင်ခံရပြီးနောက် အင်ဂျင်နီယာနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို ပြန်လည်လုပ်ကိုင်ခဲ့ပါ တယ်။ ၎င်းဟာ ထိုင်းလွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ယူဖူးသလို ထိုင်းကျန်းမာရေးဝန်ကြီး အဖြစ်လည်း တာဝန်ယူဖူးသူဖြစ်ပါတယ်။
အနုတင်ဟာ ထိုင်းနိုင်ငံရေးလောကနဲ့ ဆက်နွှယ်သူဖြစ်ပြီး သူရဲ့ဖခင်ဟာ ထိုင်းအစိုးရအဖွဲ့ဝန်ကြီး ဟောင်းတစ်ဦးဖြစ်ခဲ့သလို ထိုင်းနိုင်ငံရေးပါတီ ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်ရာ အနုတင်အတွက် နိုင်ငံ ရေးလောကကိုလျှောက်လှမ်းရာမှာ အခြားသူ တွေထက် ပိုမိုချောမွေ့ခဲ့တယ်လို့ဆိုနိုင်ပါတယ်။ ထိုင်း လို “ကြွက်”လို့အဓိပ္ပာယ်ရတဲ့ “နို”လို့ နာမည်ပြောင် ခေါ်ခံရသူ အနုတင်ဟာ ချမ်းသာပေမယ့် ထိုင်း လမ်း ဘေးအစားအစာကိုကြိုက်ကာ သာမန်လူတစ်ဦးလိုသာ ဝတ်ဆင်နေထိုင်တတ်သူဖြစ်တယ်လို့ဆိုကြပါ တယ်။ အနုတင်ဟာ ဘဝကို ရိုးရိုးရှင်းရှင်းဖြတ်သန်းရတာကို ကြိုက်နှစ်သက်သူတစ်ဦးဖြစ်တယ်လို့လည်း ဆိုကြပါတယ်။ အနုတင်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ တီရှပ်နဲ့ဘောင်းဘီတိုကိုဝတ်ဆင်ပြီး ခေါက်ဆွဲကြော် ပြတတ်သလို (၁၉၈၀)ပြည့်နှစ်များကရေပန်းစားတဲ့ ထိုင်းပေါ့ပ်သီချင်းတစ်ပုဒ်ကို ဆက်ဆိုဖုံးမှုတ်ပြ သို့မ ဟုတ် စန္ဒရားတီးပြတတ်သူလည်းဖြစ်ပါတယ်။ ၎င်းဟာ နိုင်ငံရေးကို အောက်သက်ကြေပြီး အားလပ်ချိန် တွေကို လေယာဉ်မောင်းသင်ဖို့ အသုံးချပြီး ကိုယ်ပိုင်လေယာဉ်ငယ်တွေကိုစုဆောင်းတတ်ကာ ဖျားနာသူ တွေကိုဆေးရုံပို့ဖို့နဲ့ လှူဒါန်းထားတဲ့ကိုယ်တွင်းအင်္ဂါတွေကို သယ်ယူပို့ဆောင်ပေးဖို့လုပ်ကိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ၎င်းဟာ သူရဲ့ဖခင်ဖြစ်သူ ဦးဆောင် တည်ထောင်ခဲ့တဲ့ ဘုမ်ကျိုင်ထိုင်းပါတီ ခေါင်းဆောင် အဖြစ် (၂၀၁၂)ခုနှစ်မှာ လွှဲပြောင်းတာဝန်ယူခဲ့ပြီး နောက် (၂၀၂၃) ခုနှစ်ရွေးကောက်ပွဲမှာ မဲ တတိယအ များဆုံးအနိုင်ရခဲ့တဲ့ ဗဟိုလက်ယာယိမ်း ဘုမ်ကျိုင် ထိုင်းပါတီရဲ့ခေါင်းဆောင်အဖြစ် ပြန်လည်ထွက်ပေါ် လာခဲ့သူဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ပတ်သက်ပြီး သဘော ထားတင်းမာမှုမရှိသူအဖြစ်သတ်မှတ်ခံရတဲ့ အနု တင်ဟာ ထိုင်းစစ်အစိုးရဦးဆောင်တဲ့ အစိုးရလက်ထက်မှာလည်း ကျန်းမာရေးဝန်ကြီးအဖြစ် တာဝန် ယူခဲ့ပြီး COVID-19 ကူးစက်ရောဂါကိုတုံ့ပြန်ရာမှာ နှာခေါင်းစည်းမတပ်သော နိုင်ငံခြားသားတွေကို အပြစ် တင်ပြောဆိုမှုနဲ့အတူ နိုင်ငံတကာ သတင်းစာမျက်နှာတွေမှာ ထင်ရှားကျော်ကြားလာခဲ့သူဖြစ်ပါတယ်။ ဘုမ်ကျိုင်ထိုင်းပါတီဟာ (၂၀၂၃) ခုနှစ်မှာ ထိုင်းဝန်ကြီး ချုပ်ဟောင်းသက်ဆင်ရဲ့ ဖြူထိုင်းပါတီနဲ့ မဟာ မိတ် ဖွဲ့ခဲ့ဖူးပြီး ထိုင်းနိုင်ငံရဲ့ ဘုရင်စနစ် ကာကွယ်ရေးဥပဒေတွေကိုဖြေလျှော့ပေးဖို့ဆန့်ကျင်တဲ့အတွက် ရှေးရိုးစွဲ ပါတီအဖြစ်ဝေဖန်မှုတွေရှိခဲ့ပါတယ်။ ゞင်းဟာ ထိုင်းနိုင် ငံရဲ့ ကျန်းမာရေးဝန်ကြီးအဖြစ် တာဝန် ယူချိန်မှာလည်း ဆေးခြောက်ကို ထိုင်းနိုင်ငံအတွင်း တရားဝင်အသုံးပြု ခွင့်ရအောင်ကြိုးပမ်းခဲ့ရာ နိုင်ငံ တကာ သတင်းခေါင်း ကြီးပိုင်းတွေမှာဖော်ပြခံရမှုနဲ့အတူ ထင်ရှားလာခဲ့ပါတယ်။ အနုတင်ဦးဆောင်တဲ့ ဘုမ်ကျိုင် ထိုင်းပါတီဟာ ပေထုံတန်ရှင်နာဝပ်ထရာဦးဆောင်တဲ့ ထိုင်းညွန့်ပေါင်းအစိုးရအဖွဲ့မှာ အစော ပိုင်းကပါဝင်ခဲ့ပေမယ့် ဇွန်လအတွင်း ကမ္ဘောဒီးယားခေါင်းဆောင်ဟောင်း ဟွန်ဆန်နဲ့ဝန်ကြီးချုပ်ဟောင်း ပေတုံတန်ရှင်နာဝပ် ထရာတို့ တယ်လီ ဖုန်းစကား ပြောဆိုမှုပေါက်ကြားလာအပြီးမှာတော့ ဘုမ်ကျိုင် ထိုင်း ပါတီဟာ ထိုင်းညွန့်ပေါင်းအဖွဲ့က နုတ်ထွက်ခဲ့ပါတယ်။ ၎င်းဟာ ဗုဒ္ဓဘာသာအဆောင် လက်ဖွဲ့တွေ ကိုစုဆောင်းရာမှာ ဝါသနာပါသူ တစ်ဦးဖြစ်သလို တရားထိုင်တာနဲ့ဆုတောင်းတာကို နှစ်သက်သူလည်း ဖြစ်ပါတယ်။ အနုတင်ဟာ အစားသောက်ချက်ပြုတ်ရာတာကို စိတ်ဝင် စားသူတစ်ဦးဖြစ်သလို Cir- rus လေယာဉ်အပါအဝင် လေယာဉ်လေးစင်းကို ပိုင်ဆိုင်ခဲ့ပြီး AC Aviation အမည်ရှိ စင်းလုံး ငှား လေယာဉ် လုပ်ငန်းကို စတင်ခဲ့သူဖြစ်ပါတယ်။ အနုတင်ဟာ Pak Chong ရှိ Khanong Phra သီးသန့် လေဆိပ်ကို လည်း ပိုင်ဆိုင်ပြီး မိသားစုနဲ့အတူ ဘန်ကောက်မြို့ အပြင်ဘက် အစွန်ဆုံးနေရာတွေဖြစ်တဲ့ Sukhothai ၊ Loei နဲ့ Buriram တို့မှာ သီးသန့်လေယာဉ်နဲ့ သွားရောက်သူလည်းဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်ပေမယ့် အနုတင်ဟာ လမ်းဘေးအစားစာတွေကို နှစ်သက်သူတစ်ဦးဖြစ်သလို အာရှအစား အစာမျိုးစုံကိုနှစ်သက်ကာ တစ်ယောက်တည်း စားသောက်တတ်သူဖြစ်ပါတယ်။ အနုတင်ဟာ မြင်းစီး ခြင်းကို ဝါသနာပါသူတစ်ဦးလည်းဖြစ်ပါတယ်။ ၎င်းဟာ ထိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်မယူခင် ထိုင်း ဝန်ကြီးချုပ်ဟောင်းတွေဖြစ်တဲ့ ဆာရက်သာတာ ဗီဆင်နဲ့ ပေထုံတန်ရှင်နာဝပ်ထရာတို့ ဦးဆောင်တဲ့ ထိုင်း ညွန့်ပေါင်းအစိုးရအဖွဲ့မှာ ကျန်းမာရေးဝန်ကြီးနဲ့ ထိုင်းဒုတိယန်ကြီးချုပ် တာဝန်ယူခဲ့ဖူးသူဖြစ်တာကြောင့် ထိုင်းနိုင်ငံရေးအသိုင်းဝိုင်းနဲ့ ရင်းနှီးသူဖြစ်ပါတယ်။
အနုတင်ဟာ စက်တင်ဘာ (၅)ရက်မှာ ထိုင်းနိုင်ငံရဲ့ (၃၂) ဦးမြောက်ဝန်ကြီးချုပ်အဖြစ် ကျမ်း သစ္စာ ကျိန်ဆိုခဲ့ပြီးနောက် ခက်ခဲရုန်းကန်နေရတဲ့ ထိုင်း စီးပွားရေးနဲ့ကမ္ဘောဒီးယားနိုင်ငံရဲ့ နယ်စပ်ဒေသ အငြင်းပွားမှုတွေကို တည်ငြိမ်ကောင်းမွန်အောင် ဖြေ ရှင်းသွားမယ်လို့ကတိပြုထားပါတယ်။ ဒါ့အပြင် အနုတင်က ၎င်းဦးဆောင်တဲ့ထိုင်းအစိုးရအဖွဲ့မှာပါဝင်မယ့်ဝန်ကြီးတွေကိုလည်း မိသားစုနဲ့အတူ အနားယူ ခွင့်မပေးဘဲ အလုပ်လုပ်ခိုင်းမယ်လို့ကတိပြုထားရာ လူစိတ်ဝင်စားမှုမြင့်တက်နေပါတယ်။
လက်ရှိအချိန်မှာ ထိုင်းနိုင်ငံ ရင်ဆိုင်နေရ တဲ့ အကြီးမားဆုံးအခက်အခဲပြဿနာတွေထဲမှာ ကမ္ဘောဒီးယားနိုင်ငံနဲ့ နယ်စပ်ဒေသ ပိုင်နက်အငြင်းပွားမှုပြဿနာဖြစ်နေပါတယ်။ နယ်စပ်ဒေသ ပိုင်နက် အငြင်းပွားမှုတွေနဲ့ဆက်နွှယ်ပြီး ထိုင်းနဲ့ကမ္ဘောဒီးယား စစ်တပ်တို့ဟာ မေလအတွင်း စစ်ပွဲဖြစ်ပွားခဲ့သလို ထိုင်းဝန်ကြီးချုပ်ဟောင်း ပေထုံတန်ရှင်နာဝပ်ထရာ ဟာလည်း ဝန်ကြီးချုပ်ရာထူးကထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယားစစ်တပ်တို့ဟာ စစ်ပွဲဖြစ်ပွားမှုကိုရပ်ဆိုင်းကာ အပစ်အခတ်ရပ်စဲရေး ရယူထားပေမယ့် နယ်စပ်ဒေသအငြင်းပွားမှုတွေကြောင့် အချိန်မရွေးစစ်ပွဲပြန်လည်ဖြစ်ပွားနိုင်ရာ ဝန် ကြီးချုပ်အသစ် အနုတင်ဟာ ကမ္ဘောဒီးယားနဲ့ဖြစ်ပွား နေတဲ့အငြင်းပွားမှုတွေကို အလုံးစုံ ဖြေရှင်းနိုင် မလားဆိုတာကို စိတ်ဝင်စားဖွယ်စောင့်ကြည့်ရဖွယ်ရှိနေပါတယ်။ ဒါ့အပြင် အနုတင်ဟာ ဝန်ကြီးချုပ် အဖြစ် တာဝန်ယူချိန်အတွင်း ထိုင်းနိုင်ငံရဲ့စီးပွားရးကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်မယ်လို့ ကတိပြု ထားရာ ဘယ်လောက်အထိ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးနိုင်မလဲဆိုတာ စိတ်ဝင်စားဖွယ်ကောင်းနေ ပါတယ်။

Zawgyi Version:
ထိုင္းႏိုင္ငံရဲ႕ (၃၂) ဦးေျမာက္ ဝန္ႀကီးခ်ဳပ္အသစ္က ဘယ္လိုလူစားမ်ိဳးလဲ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၇
ထိုင္းႏိုင္ငံေရးဟာ လက္ရွိအခ်ိန္မွာ အလႈပ္ခတ္မ်ားစြာျဖစ္လ်က္ရွိေနပါတယ္။ ထိုင္းဖြဲ႕စည္းပုံ အေျခခံဥပေဒခုံ႐ုံးဟာ မၾကာေသးမီက ထိုင္းႏိုင္ငံေရးေလာကမွာ ဩဇာႀကီးမားတဲ့ မိသားစုအျဖစ္ သတ္ မွတ္ခံထားရတဲ့ ဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ရဲ႕သမီးျဖစ္သူ ေပထုံတန္ရွင္နာဝပ္ထရာကို ဝန္ႀကီးခ်ဳပ္ ရာထူးက ထုတ္ပယ္လိုက္ပါတယ္။
ေပထုံတန္ရွင္နာဝပ္ထရာကို ဝန္ႀကီးခ်ဳပ္အျဖစ္ ရာထူးကထုတ္ပယ္ခဲ့ၿပီးေနာက္ ထိုင္းလႊတ္ေတာ္ အတြင္းဝန္ႀကီးခ်ဳပ္အျဖစ္ ထပ္မံေ႐ြးခ်ယ္ခဲ့ရာ ဘုမ္က်ိဳင္ထိုင္းပါတီေခါင္းေဆာင္ျဖစ္သူ အႏုတင္ခ်န္ဝီရာ ကူးကို ဝန္ႀကီးခ်ဳပ္အျဖစ္ မဲေပးေ႐ြးခ်ယ္လိုက္ပါတယ္။ ထိုင္းဘုရင့္နန္းေတာ္ကလည္း အႏုတင္ခ်န္ ဝီရာ ကူးကို ဝန္ႀကီးခ်ဳပ္အျဖစ္ခြင့္ျပဳလိုက္ၿပီးေနာက္ ၎ဟာ ဝန္ႀကီးခ်ဳပ္အျဖစ္ က်မ္းသစၥာက်ိန္ဆိုခဲ့ၿပီးျဖစ္ပါ တယ္။ အႏုတင္ကို (၁၉၆၆)ခုႏွစ္မွာေမြးဖြားခဲ့ၿပီး (၂၀၁၂) ခုႏွစ္ေနာက္ပိုင္းတည္းက ဘုမ္က်ိဳင္ထိုင္းပါတီ ေခါင္းေဆာင္အျဖစ္ တာဝန္ယူခဲ့သူျဖစ္ပါတယ္။ ゞင္းဟာ ထိုင္းျပည္ထဲေရးဝန္ႀကီးေဟာင္း ခ်ာဗာရက္ ရဲ႕ သားျဖစ္ၿပီး တ႐ုတ္ေသြးေႏွာတဲ့မိသားစုလည္းျဖစ္ပါတယ္။ ၎ဟာ ဘန္ေကာက္ၿမိဳ႕ရွိ Assumption College နဲ႔ အဂၤလန္ႏိုင္ငံ မက္ဆာခ်ဴးဆက္ျပည္နယ္ရွိ Worcester Academy တို႔မွာ ေက်ာင္းတက္ ေရာက္ခဲ့သလို (၁၉၈၉) ခုႏွစ္မွာ အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕ရွိ Hofstra University တကၠသိုလ္ ကေန အင္ဂ်င္နီယာဘာသာရပ္နဲ႔ ဘြဲ႕ရရွိခဲ့သူျဖစ္ပါတယ္။
၎ဟာ ထိုင္းႏိုင္ငံရွိ အဓိကေဆာက္လုပ္ေရးလုပ္ငန္းရဲ႕ ဦးစီးဦးေဆာင္တစ္ဦးျဖစ္ၿပီး ၎ရဲ႕ မိသားစုပိုင္ ကုမၸဏီျဖစ္တဲ့ Sino-Thai Engine- ering and Construction PCL, ဟာ ထိုင္းအစိုးရရဲ႕ အႀကီး မားစီမံကိန္းေတြအျပင္ ဘန္ေကာက္ၿမိဳ႕ရွိ ေလဆိပ္ေတြကို တာဝန္ယူတည္ေဆာက္ခဲ့ပါတယ္။ အႏုတင္တာဟာ အဲဒီေဆာက္လုပ္ေရးလုပ္ငန္းစုရဲ႕ဥကၠ႒လည္းျဖစ္ပါတယ္။ အႏုတင္ဟာ (၁၉၉၆)ခုႏွစ္ မွာ ထိုင္းႏိုင္ငံျခား ေရးဝန္ႀကီး ပရာခ်က္ခ်ိဳင္ယာဆန္ရဲ႕အႀကံေပးအျဖစ္ တာဝန္ယူမႈနဲ႔အတူ ထိုင္းႏိုင္ငံ ေရးေလာကကို ဝင္ေရာက္ခဲ့ပါတယ္။ ၎ဟာ ထိုင္းက်န္းမာေရးဝန္ႀကီးဌာနမွာ ဒုတိယဝန္ႀကီးအျဖစ္ (၂၀ဝ၄)ခုႏွစ္ကေန (၂၀ဝ၅) ခုႏွစ္အထိတာဝန္ယူဖူးသလို ထိုင္းကုန္သြယ္ေရးဝန္ႀကီးဌာနရဲ႕ဒုတိယ ဝန္ႀကီးတာဝန္ေတြကိုလည္း ထမ္းေဆာင္ခဲ့ဖူးပါတယ္။
(၂၀ဝ၆) ခုႏွစ္က ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ဦးေဆာင္တဲ့ ထိုင္း ရက္ထိုင္းပါတီ ဖ်က္ သိမ္းခံရခ်ိန္အတြင္း အႏုတင္ဟာ အဲဒီပါတီရဲ႕ အုပ္ ခ်ဳပ္ေရးအမႈေဆာင္အဖြဲ႕တြင္ပါဝင္ခဲ့ရာ ႏိုင္ငံေရး လုပ္ ခြင့္ (၅)ႏွစ္ၾကာ ပိတ္ပင္ခံခဲ့ရသူျဖစ္ပါတယ္။ ၎ဟာ ထိုင္းႏိုင္ငံေရးေလာကမွာ ပါဝင္လႈပ္ရွားခြင့္ (၅) ႏွစ္ၾကာ ပိတ္ပင္ခံရၿပီးေနာက္ အင္ဂ်င္နီယာနဲ႔ ေဆာက္လုပ္ေရးလုပ္ငန္းေတြကို ျပန္လည္လုပ္ကိုင္ခဲ့ပါ တယ္။ ၎ဟာ ထိုင္းလႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ တာဝန္ယူဖူးသလို ထိုင္းက်န္းမာေရးဝန္ႀကီး အျဖစ္လည္း တာဝန္ယူဖူးသူျဖစ္ပါတယ္။
အႏုတင္ဟာ ထိုင္းႏိုင္ငံေရးေလာကနဲ႔ ဆက္ႏႊယ္သူျဖစ္ၿပီး သူရဲ႕ဖခင္ဟာ ထိုင္းအစိုးရအဖြဲ႕ဝန္ႀကီး ေဟာင္းတစ္ဦးျဖစ္ခဲ့သလို ထိုင္းႏိုင္ငံေရးပါတီ ေခါင္းေဆာင္ေဟာင္းတစ္ဦးျဖစ္ရာ အႏုတင္အတြက္ ႏိုင္ငံ ေရးေလာကကိုေလွ်ာက္လွမ္းရာမွာ အျခားသူ ေတြထက္ ပိုမိုေခ်ာေမြ႕ခဲ့တယ္လို႔ဆိုႏိုင္ပါတယ္။ ထိုင္း လို “ႂကြက္”လို႔အဓိပၸာယ္ရတဲ့ “ႏို”လို႔ နာမည္ေျပာင္ ေခၚခံရသူ အႏုတင္ဟာ ခ်မ္းသာေပမယ့္ ထိုင္း လမ္း ေဘးအစားအစာကိုႀကိဳက္ကာ သာမန္လူတစ္ဦးလိုသာ ဝတ္ဆင္ေနထိုင္တတ္သူျဖစ္တယ္လို႔ဆိုၾကပါ တယ္။ အႏုတင္ဟာ ဘဝကို ႐ိုး႐ိုးရွင္းရွင္းျဖတ္သန္းရတာကို ႀကိဳက္ႏွစ္သက္သူတစ္ဦးျဖစ္တယ္လို႔လည္း ဆိုၾကပါတယ္။ အႏုတင္ဟာ ဆိုရွယ္မီဒီယာေပၚမွာ တီရွပ္နဲ႔ေဘာင္းဘီတိုကိုဝတ္ဆင္ၿပီး ေခါက္ဆြဲေၾကာ္ ျပတတ္သလို (၁၉၈၀)ျပည့္ႏွစ္မ်ားကေရပန္းစားတဲ့ ထိုင္းေပါ့ပ္သီခ်င္းတစ္ပုဒ္ကို ဆက္ဆိုဖုံးမႈတ္ျပ သို႔မ ဟုတ္ စႏၵရားတီးျပတတ္သူလည္းျဖစ္ပါတယ္။ ၎ဟာ ႏိုင္ငံေရးကို ေအာက္သက္ေၾကၿပီး အားလပ္ခ်ိန္ ေတြကို ေလယာဥ္ေမာင္းသင္ဖို႔ အသုံးခ်ၿပီး ကိုယ္ပိုင္ေလယာဥ္ငယ္ေတြကိုစုေဆာင္းတတ္ကာ ဖ်ားနာသူ ေတြကိုေဆး႐ုံပို႔ဖို႔နဲ႔ လႉဒါန္းထားတဲ့ကိုယ္တြင္းအဂၤါေတြကို သယ္ယူပို႔ေဆာင္ေပးဖို႔လုပ္ကိုင္ခဲ့သူလည္း ျဖစ္ပါတယ္။ ၎ဟာ သူရဲ႕ဖခင္ျဖစ္သူ ဦးေဆာင္ တည္ေထာင္ခဲ့တဲ့ ဘုမ္က်ိဳင္ထိုင္းပါတီ ေခါင္းေဆာင္ အျဖစ္ (၂၀၁၂)ခုႏွစ္မွာ လႊဲေျပာင္းတာဝန္ယူခဲ့ၿပီး ေနာက္ (၂၀၂၃) ခုႏွစ္ေ႐ြးေကာက္ပြဲမွာ မဲ တတိယအ မ်ားဆုံးအႏိုင္ရခဲ့တဲ့ ဗဟိုလက္ယာယိမ္း ဘုမ္က်ိဳင္ ထိုင္းပါတီရဲ႕ေခါင္းေဆာင္အျဖစ္ ျပန္လည္ထြက္ေပၚ လာခဲ့သူျဖစ္ပါတယ္။ ႏိုင္ငံေရးနဲ႔ပတ္သက္ၿပီး သေဘာ ထားတင္းမာမႈမရွိသူအျဖစ္သတ္မွတ္ခံရတဲ့ အႏု တင္ဟာ ထိုင္းစစ္အစိုးရဦးေဆာင္တဲ့ အစိုးရလက္ထက္မွာလည္း က်န္းမာေရးဝန္ႀကီးအျဖစ္ တာဝန္ ယူခဲ့ၿပီး COVID-19 ကူးစက္ေရာဂါကိုတုံ႔ျပန္ရာမွာ ႏွာေခါင္းစည္းမတပ္ေသာ ႏိုင္ငံျခားသားေတြကို အျပစ္ တင္ေျပာဆိုမႈနဲ႔အတူ ႏိုင္ငံတကာ သတင္းစာမ်က္ႏွာေတြမွာ ထင္ရွားေက်ာ္ၾကားလာခဲ့သူျဖစ္ပါတယ္။ ဘုမ္က်ိဳင္ထိုင္းပါတီဟာ (၂၀၂၃) ခုႏွစ္မွာ ထိုင္းဝန္ႀကီး ခ်ဳပ္ေဟာင္းသက္ဆင္ရဲ႕ ျဖဴထိုင္းပါတီနဲ႔ မဟာ မိတ္ ဖြဲ႕ခဲ့ဖူးၿပီး ထိုင္းႏိုင္ငံရဲ႕ ဘုရင္စနစ္ ကာကြယ္ေရးဥပေဒေတြကိုေျဖေလွ်ာ့ေပးဖို႔ဆန႔္က်င္တဲ့အတြက္ ေရွး႐ိုးစြဲ ပါတီအျဖစ္ေဝဖန္မႈေတြရွိခဲ့ပါတယ္။ ゞင္းဟာ ထိုင္းႏိုင္ ငံရဲ႕ က်န္းမာေရးဝန္ႀကီးအျဖစ္ တာဝန္ ယူခ်ိန္မွာလည္း ေဆးေျခာက္ကို ထိုင္းႏိုင္ငံအတြင္း တရားဝင္အသုံးျပဳ ခြင့္ရေအာင္ႀကိဳးပမ္းခဲ့ရာ ႏိုင္ငံ တကာ သတင္းေခါင္း ႀကီးပိုင္းေတြမွာေဖာ္ျပခံရမႈနဲ႔အတူ ထင္ရွားလာခဲ့ပါတယ္။ အႏုတင္ဦးေဆာင္တဲ့ ဘုမ္က်ိဳင္ ထိုင္းပါတီဟာ ေပထုံတန္ရွင္နာဝပ္ထရာဦးေဆာင္တဲ့ ထိုင္းၫြန႔္ေပါင္းအစိုးရအဖြဲ႕မွာ အေစာ ပိုင္းကပါဝင္ခဲ့ေပမယ့္ ဇြန္လအတြင္း ကေမာၻဒီးယားေခါင္းေဆာင္ေဟာင္း ဟြန္ဆန္နဲ႔ဝန္ႀကီးခ်ဳပ္ေဟာင္း ေပတုံတန္ရွင္နာဝပ္ ထရာတို႔ တယ္လီ ဖုန္းစကား ေျပာဆိုမႈေပါက္ၾကားလာအၿပီးမွာေတာ့ ဘုမ္က်ိဳင္ ထိုင္း ပါတီဟာ ထိုင္းၫြန႔္ေပါင္းအဖြဲ႕က ႏုတ္ထြက္ခဲ့ပါတယ္။ ၎ဟာ ဗုဒၶဘာသာအေဆာင္ လက္ဖြဲ႕ေတြ ကိုစုေဆာင္းရာမွာ ဝါသနာပါသူ တစ္ဦးျဖစ္သလို တရားထိုင္တာနဲ႔ဆုေတာင္းတာကို ႏွစ္သက္သူလည္း ျဖစ္ပါတယ္။ အႏုတင္ဟာ အစားေသာက္ခ်က္ျပဳတ္ရာတာကို စိတ္ဝင္ စားသူတစ္ဦးျဖစ္သလို Cir- rus ေလယာဥ္အပါအဝင္ ေလယာဥ္ေလးစင္းကို ပိုင္ဆိုင္ခဲ့ၿပီး AC Aviation အမည္ရွိ စင္းလုံး ငွား ေလယာဥ္ လုပ္ငန္းကို စတင္ခဲ့သူျဖစ္ပါတယ္။ အႏုတင္ဟာ Pak Chong ရွိ Khanong Phra သီးသန႔္ ေလဆိပ္ကို လည္း ပိုင္ဆိုင္ၿပီး မိသားစုနဲ႔အတူ ဘန္ေကာက္ၿမိဳ႕ အျပင္ဘက္ အစြန္ဆုံးေနရာေတြျဖစ္တဲ့ Sukhothai ၊ Loei နဲ႔ Buriram တို႔မွာ သီးသန႔္ေလယာဥ္နဲ႔ သြားေရာက္သူလည္းျဖစ္ပါတယ္။ စီးပြားေရး လုပ္ငန္းရွင္ တစ္ဦးျဖစ္ေပမယ့္ အႏုတင္ဟာ လမ္းေဘးအစားစာေတြကို ႏွစ္သက္သူတစ္ဦးျဖစ္သလို အာရွအစား အစာမ်ိဳးစုံကိုႏွစ္သက္ကာ တစ္ေယာက္တည္း စားေသာက္တတ္သူျဖစ္ပါတယ္။ အႏုတင္ဟာ ျမင္းစီး ျခင္းကို ဝါသနာပါသူတစ္ဦးလည္းျဖစ္ပါတယ္။ ၎ဟာ ထိုင္းဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္မယူခင္ ထိုင္း ဝန္ႀကီးခ်ဳပ္ေဟာင္းေတြျဖစ္တဲ့ ဆာရက္သာတာ ဗီဆင္နဲ႔ ေပထုံတန္ရွင္နာဝပ္ထရာတို႔ ဦးေဆာင္တဲ့ ထိုင္း ၫြန႔္ေပါင္းအစိုးရအဖြဲ႕မွာ က်န္းမာေရးဝန္ႀကီးနဲ႔ ထိုင္းဒုတိယန္ႀကီးခ်ဳပ္ တာဝန္ယူခဲ့ဖူးသူျဖစ္တာေၾကာင့္ ထိုင္းႏိုင္ငံေရးအသိုင္းဝိုင္းနဲ႔ ရင္းႏွီးသူျဖစ္ပါတယ္။
အႏုတင္ဟာ စက္တင္ဘာ (၅)ရက္မွာ ထိုင္းႏိုင္ငံရဲ႕ (၃၂) ဦးေျမာက္ဝန္ႀကီးခ်ဳပ္အျဖစ္ က်မ္း သစၥာ က်ိန္ဆိုခဲ့ၿပီးေနာက္ ခက္ခဲ႐ုန္းကန္ေနရတဲ့ ထိုင္း စီးပြားေရးနဲ႔ကေမာၻဒီးယားႏိုင္ငံရဲ႕ နယ္စပ္ေဒသ အျငင္းပြားမႈေတြကို တည္ၿငိမ္ေကာင္းမြန္ေအာင္ ေျဖ ရွင္းသြားမယ္လို႔ကတိျပဳထားပါတယ္။ ဒါ့အျပင္ အႏုတင္က ၎ဦးေဆာင္တဲ့ထိုင္းအစိုးရအဖြဲ႕မွာပါဝင္မယ့္ဝန္ႀကီးေတြကိုလည္း မိသားစုနဲ႔အတူ အနားယူ ခြင့္မေပးဘဲ အလုပ္လုပ္ခိုင္းမယ္လို႔ကတိျပဳထားရာ လူစိတ္ဝင္စားမႈျမင့္တက္ေနပါတယ္။
လက္ရွိအခ်ိန္မွာ ထိုင္းႏိုင္ငံ ရင္ဆိုင္ေနရ တဲ့ အႀကီးမားဆုံးအခက္အခဲျပႆနာေတြထဲမွာ ကေမာၻဒီးယားႏိုင္ငံနဲ႔ နယ္စပ္ေဒသ ပိုင္နက္အျငင္းပြားမႈျပႆနာျဖစ္ေနပါတယ္။ နယ္စပ္ေဒသ ပိုင္နက္ အျငင္းပြားမႈေတြနဲ႔ဆက္ႏႊယ္ၿပီး ထိုင္းနဲ႔ကေမာၻဒီးယား စစ္တပ္တို႔ဟာ ေမလအတြင္း စစ္ပြဲျဖစ္ပြားခဲ့သလို ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း ေပထုံတန္ရွင္နာဝပ္ထရာ ဟာလည္း ဝန္ႀကီးခ်ဳပ္ရာထူးကထုတ္ပယ္ခံခဲ့ရတာ ျဖစ္ပါတယ္။ ထိုင္းနဲ႔ ကေမာၻဒီးယားစစ္တပ္တို႔ဟာ စစ္ပြဲျဖစ္ပြားမႈကိုရပ္ဆိုင္းကာ အပစ္အခတ္ရပ္စဲေရး ရယူထားေပမယ့္ နယ္စပ္ေဒသအျငင္းပြားမႈေတြေၾကာင့္ အခ်ိန္မေ႐ြးစစ္ပြဲျပန္လည္ျဖစ္ပြားႏိုင္ရာ ဝန္ ႀကီးခ်ဳပ္အသစ္ အႏုတင္ဟာ ကေမာၻဒီးယားနဲ႔ျဖစ္ပြား ေနတဲ့အျငင္းပြားမႈေတြကို အလုံးစုံ ေျဖရွင္းႏိုင္ မလားဆိုတာကို စိတ္ဝင္စားဖြယ္ေစာင့္ၾကည့္ရဖြယ္ရွိေနပါတယ္။ ဒါ့အျပင္ အႏုတင္ဟာ ဝန္ႀကီးခ်ဳပ္ အျဖစ္ တာဝန္ယူခ်ိန္အတြင္း ထိုင္းႏိုင္ငံရဲ႕စီးပြားရးကို ပိုမိုေကာင္းမြန္ေအာင္လုပ္ေဆာင္မယ္လို႔ ကတိျပဳ ထားရာ ဘယ္ေလာက္အထိ ဖြံ႕ၿဖိဳးတိုးတက္ေအာင္လုပ္ေပးႏိုင္မလဲဆိုတာ စိတ္ဝင္စားဖြယ္ေကာင္းေန ပါတယ္။