" ပါတီဝင်တွေ မစိုးရိမ်ရဘဲ၊ မဲထည့်ရမယ့်လူတွေက ပိုစိုးရိမ်နေရတာကို ကျွန်မတွေ့နေရတယ်"

 154

သန့်ဇင် (NP News) - စက်တင်ဘာလ ၁၇

ကရင်ပြည်သူ့ပါတီသည် ပြီးခဲ့သည့် (၂၀၂၃)ခုနှစ် မေလ (၂၂)ရက်တွင် နိုင်ငံရေးပါတီအဖြစ် မှတ် ပုံတင်ခွင့်ရရှိခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့တွင်အခြေစိုက်ထားသော တိုင်းရင်းသားပါတီတစ်ခုဖြစ်ကာ လာမည့်ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ကရင်ပြည်သူ့ပါတီနှင့်ပတ်သက်၍ ပါတီမူဝါဒ၊ အနာဂတ်ရည်မှန်းချက်များကို ကရင်ပြည်သူ့ပါတီဥက္ကဋ္ဌ ဒေါ်နန့်ခင်အေးဦးထံ ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး - ပထမဆုံးအနေနဲ့ အန်တီတို့ပါတီရဲ့ မူဝါဒကို ပြောပြပေးပါခင်ဗျ။
ဖြေ - အန်တီတို့ပါတီရဲ့မူဝါဒကတော့ ဒီလိုအခြေ အနေတွေမဖြစ်ခင်ကတည်းက ကရင်တိုင်းရင်းသား အပေါင်း ပြည်သူတွေပါဝင်တဲ့ ပါတီဖြစ်တယ်။ တိုင်းပြည်ရဲ့ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေး အဲဒါ ကို ဦးတည်ပါတယ်။ နောက်ပြီး အန်တီတို့ ကရင်တိုင်း ရင်းသားတွေက ရိုးသားကြတယ်၊ ဖြောင့်မတ်ကြ တယ်။ ရိုးသားဖြောင့်မတ်လွန်းအားကြီးတော့လည်း နုံတဲ့အပိုင်းကိုရောက်တာပေါ့။ အဲဒီလိုဟာမျိုးတွေရှိ တော့ ဒီတိုင်းရင်းသားတွေ တောင်ယာလယ်အလုပ်ကို လုပ်ကိုင်နေတဲ့တိုင်းရင်းသားတွေကို ဖွံ့ဖြိုးတိုးတက် ရေး၊ ပညာရေး၊ ကျန်းမာရေး အောက်ခြေလူထုရဲ့ဖွံ့ဖြိုးတိုးတက်ရေး၊ ကရင်လူထုရဲ့ဖွံ့ဖြိုးတိုးတက်ရေး နောက်တစ်ခု ပြည်ထောင်စုရဲ့ဖွံ့ဖြိုးတိုးတက်ရေးပေါ့။ နံပါတ် (၁) အချက်က တော့ တိုင်းပြည်ငြိမ်းချမ်းရေးကို ဦးတည်တယ်။ နံပါတ်(၂) အချက်ကတော့ ဖွံ့ဖြိုးတိုး တက်ရေးကို ဦးတည်တယ်။ နံပါတ်(၃)အချက်က တော့ လူငယ်တွေနဲ့ပတ်သက်ပြီးတော့ ဒီ Next Generation ဆိုတာ အရမ်းအရေးကြီးတယ်။ New Generation ပေါ့နော်။ ဒီ News Generation တွေအတွက် ကျွန်မတို့က တတ်နိုင်သလောက်ပေါ့နော် တိုင်းပြည်အတွက် အရေးကြီးတဲ့အခန်းကဏ္ဍတွေမှာ တစ်ချိန်မှာခေါင်းဆောင်တွေဖြစ်လာမယ့်လူငယ်တွေ အတွက်Training လေးတွေပေးမယ်။ ပညာမရှိရင် လည်း သူတို့ရဲ့ကိုယ်ပိုင်အလုပ်အကိုင်အခွင့်အလမ်း လေးတွေပေးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ စတင်ဖွဲ့ စည်းခဲ့တာဖြစ်ပါတယ်။

မေး - ရွေးကောက်ပွဲရဲ့တရားမျှတမှု၊ မှန်ကန်မှုနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲအပေါ် အန်တီတို့ပါတီ အနေနဲ့ ဘယ်လိုသဘောထားရှိပါသလဲ။
ဖြေ - ကျွန်မတို့တိုင်းရင်သားပါတီတွေ၊ ပါတီငယ်တွေ ကတော့ ရွေးကောက်ပွဲပြန်လုပ်တာကိုကြိုဆိုကြတာပေါ့။ ဘာလို့ကြိုဆိုကြလဲဆိုတော့ ဒီအတိုင်း စစ်အုပ် ချုပ်ရေးနဲ့တစ်သက်လုံးနေသွားလို့မရဘူးလေ။ အဲဒါကြောင့် ရွေးကောက်ပွဲသည် ကျွန်မတို့တိုင်းသူ ပြည်သားတွေအတွက် မီဒီယာတွေမှာတော့ အမျိုးမျိုး ပြောနေတာပေါ့။ ဒါပေမဲ့ နှစ်တွေလည်းဒီအတိုင်းကြာ လာတဲ့အခါ တိုင်းသူပြည်သားတွေအတွက်ထွက် ပေါက်သည် ရွေးကောက်ပွဲနဲ့ အရပ်သားအစိုးရဖြစ်တယ်။ ပြန်လည်ပြီးတော့ ပြောင်းလဲနိုင်မယ်လို့လည်း ယူဆတယ်။ နောက်ပြီး တရားမျှတမှုပိုင်းဆိုတာက တော့ မတရားဘူး တရားမျှတမှုမရှိလို့ အာဏာကိုထိန်း ထားပါတယ်လို့ ပြောထားတဲ့ အစိုးရအနေနဲ့တော့ မတရားမှုတွေမလုပ်လောက် ဘူးလို့တော့မျှော်လင့်ပါ တယ်။ အဲဒါကြောင့်မို့လည်း လုပ်တဲ့ကိုင်တဲ့အခါမှာ တကယ်တမ်းရွေးကောက်ပွဲဝင်တဲ့အခါကျတော့ အလုပ်တွေအရမ်းရှုပ်တယ်။ မတရားဘူး တရားတယ် ဆိုတာ စောင့်ကြည့်နေချင်တဲ့လူတွေလည်း လူအင် အားအရမ်းလိုတယ်။ အဲဒီတော့ ကျွန်မတို့ပါတီ ငယ်လေးတွေက အဲဒီလိုစောင့်ကြည့်နေဖို့အချိန်မရှိဘူး။ လိုက်ပြီး ကြည့်ပေးမယ့် လူအင်အားလည်းမရှိဘူး။ ဘုရားမှာ ဆုတောင်းရတာ တစ်ခုကတော့ သက်ဆိုင် ရာအစိုးရတွေကနေပြီးတော့ ကောင်းကောင်းမွန်မွန်မှန်မှန်ကန်ကန်ဖြောင့်ဖြောင့်မတ်မတ် လုပ်ပေးဖို့ လည်း ဆုတောင်းရတယ်။ ထို့အတူ အစိုးရတစ်ရပ်တည်းနဲ့လည်းမပြီးဘူး။ အဆင့်ဆင့်တာဝန်ပေးထားတဲ့ကော်မရှင်တွေရှိပါတယ်။ ရွေး ကောက်ပွဲကော်မရှင် တွေကလည်း လူသားတွေပဲဖြစ်တဲ့အခါကျတော့ သူလိုချင်တဲ့အခြေအနေမျိုးတွေကို ဖန်တီးယူတာမျိုး မဖြစ်ဖို့အရေးကြီးတယ်။ သူတို့စည်းမျဉ်းစည်းကမ်း တွေကတော့ ထုတ်ထားပြီးသားပါ။ သို့သော်လည်း ကျွန်မတို့နိုင်ငံမှာ တစ်နိုင်ငံလုံးခြုံပြီးအဲဒီစည်းမျဉ်း စည်းကမ်းကိုလိုက်နာတဲ့အနေအထားက ရာနှုန်းပြည့် မရှိပါဘူး။ စည်းမျဉ်းစည်းကမ်းကို ကိုယ့်ကိုအရမ်း ကြပ်တယ်လို့ထင်ပြီးတော့ အရမ်းလွတ်လပ်ချင်ကြ တယ်။ ဒီမိုကရေစီကိုလည်း လွတ်လပ်မှ ဒီမိုကရေစီလို့ ထင်ကြတယ်။ တကယ်တော့ ဒီမိုကရေစီဆိုတာ ပိုပြီးစည်းကမ်းကြီးပါတယ်။ အဲဒါကိုနားလည်ဖို့လို တယ်။ အဲဒါကိုနားမလည်တဲ့လူထုကများပါတယ်။ လူထုဆိုတာ ကျွန်မကအားလုံးကိုပြောချင်တာပါ။ အောက်ခြေလူထုတင်မဟုတ်ပါဘူး။ တော်တော်များ များက စည်းမျဉ်းစည်းကမ်းကို လိုက်နာဖို့ အရမ်းအ ရေးကြီးပါတယ်။ အဲဒီတော့ စည်းမျဉ်းစည်းကမ်း အတိုင်းသာလုပ်သွားရင် ဘာပြဿနာမှမဖြစ် နိုင်ပါဘူး။ စည်းမျဉ်းစည်းကမ်းအတိုင်း အပြည့်အဝ လုပ်ဖို့ဆိုတာကလည်း သိတဲ့အတိုင်းပဲ နိုင်ငံတကာ မှာလည်း Complain တွေကတော့ ရှိ တယ်။ အဲဒီ တော့ အနည်းနဲ့အများမှာ အများစုကို ကောင်းကောင်း မွန်မွန်လေးဖြစ်သွားနိုင်ပါစေလို့ မျှော်လင့်ရတာပဲ။ ကျွန်မတို့ကတော့ အဲဒီလို အကောင်းဘက်ကို တွေးတယ်။ Negative နဲ့ Positive နဲ့တွေးတော့ စပြီးပြန်ဝင်မယ်ဆိုကတည်းက ဘာကြောင့်ပြန်ဝင် မယ်ဆိုတာ ကျွန်မတို့က ကရင်ပြည်သူ့ပါတီဆိုတာ အရင်တည်းက တိုင်းနဲ့ပြည်နယ် (၆)ခုမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ပါတီကြီးတစ်ခုဖြစ်တယ်။ ဒီပါတီသည် ကရင်လူမျိုးတွေအတွက် ကိုယ်စားပြုတယ်။ ကရင် ပြည်နယ်ပြင်ပမှာရှိတဲ့ ကရင်လူမျိုးတွေအတွက် ကိုယ်စားပြုတယ်။ အဲဒီလိုကိုယ်စားပြုတဲ့အတွက် ဒီပါတီတစ်ခုကိုမပျောက်စေချင်ဘူး။ ပြီးတော့ ရွေး ကောက်ပွဲလုပ်မယ်လို့တော့ ပြောတယ်။ ရှိ မယ်မရှိဘူး လို့တော့ ကျွန်မတို့ခေါင်းထဲမှာ သိပ်ပြီးမထားဘူး။ အရေးကြီးတာက ပါတီတစ်ခုသည် ကိုယ့်လူမျိုးအ တွက် ကိုယ်စားပြုပြီးပြောပေးနိုင်တယ်လို့ အယူအ ဆနဲ့ စပြီးလုပ်ခဲ့တယ်။ အခုရွေးကောက်ပွဲ တကယ် ဖြစ်တော့မယ်ဆိုတော့လည်း ဝမ်းသာတာပေါ့နော်။ ရွေးကောက်ပွဲတကယ်ဖြစ်လာရင် အရပ်သားအစိုးရ၊ ဒီစစ်အစိုးရမဟုတ်ဘဲနဲ့ စစ်အစိုးရဆိုတာထက် အာ ဏာထိန်းတဲ့အစိုးရမဟုတ်ဘဲနဲ့ ဒီလူထုလိုချင်တဲ့ အရပ်သားအစိုးရဘက်ကို ရောက်လာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျွန်မတို့ဝင်တာပါ။ ကြိုလည်းကြိုဆို ပါတယ်။ ဖြစ်လည်းဖြစ်စေချင်ပါတယ်။ ဒီလိုချည်းပဲတစ်သက်လုံးသွားနေလို့မရဘူးလေ။ ဒီလိုချည်းပဲ သွားနေမယ် တိုက်ခိုက်နေမယ်ဆိုရင် သိတဲ့အတိုင်းပဲ ကြားခံဖြစ်တဲ့ပြည်သူတွေရဲ့ ဒုက္ခတွေ၊ အသက်အိုး အိမ်တွေ လူငယ်တွေရဲ့အသက်တွေ နှစ်ဖက်လုံးမှာ နှစ်ဖက်လုံးတောင်မကပါဘူး ရှိသမျှ ဘက်ပေါင်းစုံက လူငယ်တွေရဲ့အသက်တွေဆုံးရှုံး နေတာမျိုးတွေမလို ချင်ဘူး။ အရင်ကတည်းက လူဦးရေက သန်း (၆၀)သာပြောပြီး တကယ်တမ်းကျ သန်း(၅၀) ကျော်ပဲရှိတဲ့ အခါမှာ ရှင်နည်းရာအဂ္ဂလူထွက်ဆိုသလို မဖြစ်စေ ချင်ဘူး။ အခုလည်း တခြားနိုင်ငံတွေရောက်သွားတဲ့ လူငယ်တွေအများကြီးပဲ။ ဒါတွေအားလုံးပြန်လည်ပြီး တော့ တည်တည်ငြိမ်ငြိမ်ဖြစ်နိုင်လာနိုင်တဲ့ အခြေအ နေတစ်ရပ်ကိုမျှော်လင့်တာပေါ့။

မေး - ဟုတ်ကဲ့။ ကရင်ပြည်သူ့ပါတီက ဘယ်မဲဆန္ဒ နယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်မှာပါလဲခင်ဗျ။
ဖြေ - အခုဟာက ဧရာဝတီတိုင်းမှာပဲ။ အခုထိတော့ ယတိတော့မပြတ်သေးဘူး။ ကြိုးစားနေကြတုန်းပဲ။ အခုရွေးကောက်ပွဲပုံစံက FPTP နဲ့ PR ဆိုတော့ အဲဒီဆိုတော့ ကျွန်မတို့က ၤဏွှဏ အတွက်လည်း လူရှာရတယ်။ PR အတွက်လည်း လူရှာရတယ်။ အဲဒီ လိုဆိုတော့ လူတွေကလည်း ခရိုင်တွေမှာ ပျံ့နှံ့နေ တာဆိုတော့ လူရှာဖို့တော်တော်ခက်ပါတယ်။ အဲဒီ တော့ အင်အားကြီးတဲ့ခရိုင်တွေကို ဦးစားပေးပြီးတော့ နဂိုတည်းက နာမည်ကရှိထားပြီးသားပေါ့နော်။ လူဦး ရေများတဲ့ခရိုင်တွေကိုဦးစားပေးပြီး ရွေးချယ်ထား တာပေါ့။ ဒါပေမဲ့ အခုမဲဆန္ဒနယ် (၁)၊ (၂)၊ (၃)၊ (၄) တွေ အမျိုးသားလွှတ်တော်အတွက် တွဲတာတွေက အင်အားများတာနဲ့နည်းတာနဲ့ အဲဒီလိုတွေ မမျှဘူး ပြောလိုက်တဲ့အခါကျတော့ လူရှာရဖို့တော်တော်ခက် တယ်။ ကျွန်မတို့က (၆)ခရိုင်တောင်မဝင်လောက် ဘူးထင်တယ်။ (၄) ခရိုင်လောက်ပဲဝင်နိုင်မယ်။ (၄)ခရိုင်လောက်ကိုပဲ အဓိကထားဝင်မယ်။ အစက တည်းက ကျွန်မတို့က ဒီတိုင်းတစ်တိုင်းတည်းနဲ့ ဆို တော့ အစိုးရဖြစ်နိုင်မယ့်အခြေအနေမရှိဘူး။ သို့သော် လည်း ကရင်လူမျိုးအများစုအတွက် ဧရာဝတီတိုင်း မှာတော့ ကျွန်မတို့က ဘာပြောပြော ကိုယ့်လူမျိုး အတွက်ကို ဦးဆောင်နိုင်မယ့်အမတ်တွေလိုချင်တယ် လေ။ အဲဒီတော့ ဖြစ်လာမယ့်အစိုးရအဖွဲ့အစည်းထဲမှာ ပါဝင်နိုင်ဖို့ဦးစားပေး နံပါတ်(၁)လုပ်သွားမှာပါ။ ဘာ ကြောင့်လဲဆိုတော့ ကျွန်မတို့ဧရာဝတီတိုင်းပဲ ကရင် လူဦးရေအများဆုံး။ ကျန်တဲ့ကရင်ပြည်နယ် တောင် ဧရာဝတီတိုင်းလောက် ကရင်လူဦးရေမရှိပါဘူး။ ကရင်ပြည်နယ်က မွန်၊ ပအို့နဲ့ ကရင် ရောနေတာပါ။ ကျွန်မတို့ဧရာဝတီတိုင်းက ကရင်လူမျိုး သန်းနဲ့ချီပြီး ရှိတာပါ။ ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေက သန်းနဲ့ မချီဘူး သိန်းနဲ့ပဲရှိတာ။ အဲဒီလိုဆိုတော့ ကျွန်မတို့က အစိုးရအဖွဲ့ထဲမှာပါဝင်ပြီးတော့ တိုင်းပြည်ကောင်း ကျိုး၊ ကိုယ့်အမျိုးသားကောင်းကျိုး ကျန်တဲ့ ရိုးရာယဉ် ကျေးမှုတွေကိုပြုလုပ်နိုင်တဲ့ ပါတီတစ်ခုအဖြစ် ပေါ့နော်။ ရိုးရာဆိုတာက ကရင်ရိုးရာတွေပေါ့နော်။ စာပေယဉ်ကျေးမှုတွေကိုပြုလုပ်နိုင်ဖို့ ဗမာဆိုရင် လည်း ဗမာစာပေယဉ်ကျေးမှုတွေကို ပြုလုပ်နိုင်ဖို့ တိုင်းရင်းသားတွေဆိုလည်း ကျွန်မတို့တိုင်းမှာတော့ ရခိုင်တွေရှိမယ်၊ ကရင်ရှိမယ်။ မွန်က ရှိပေမယ့် လူမျိုး စုတစ်ခုအနေနဲ့မကျန်တော့ဘူး။ နည်းတာပေါ့နော်။ လူ (၅၀ဝဝဝ)ပြည့်မှ ရေးရာဝန်ကြီး တစ်ပါးရမှာကိုး။ အဲဒီလိုဆိုတော့ ကျွန်မတို့ကတော့ ရေးရာဝန်ကြီးတော့ ဝင်မယ်။ လှုပ်ရှားပြီးလုပ်ကိုင် ဆောင်ရွက်နေတဲ့ဝန် ကြီးတွေရှိတဲ့အတွက် အဲဒါကိုတော့ဝင်မယ်။ ကျန်တာ တော့ အများစုက တိုင်းအမတ်တွေ လွှတ်တော်ကိုဝင်ဖို့ များပါတယ်။

မေး - မဲဆန္ဒနယ်တွေမှာ PR နဲ့ FPTP ရောထားတဲ့ စနစ်အပေါ်ဘယ်လိုသဘောထားပါသလဲ။ ဘယ် လိုမြင်ပါသလဲ။
ဖြေ - အဲဒါကတော့ လုပ်ထားပြီးပြီဆိုတော့ ကျွန်မတို့ လည်းဘာပြောလို့ရမလဲ။ တကယ်တမ်းတော့ အရင် ပုံစံအတိုင်းဆိုရင်တော့ နည်းနည်းအားရှိတာပေါ့။ အခုလိုဖြန့်လိုက်တဲ့အခါကျတော့ တော်တော်လေး တော့အားလျော့သွားတာပေါ့။ လူရွေးရတာလည်းခက် သွားတယ်။ အရင်တုန်းက အမျိုးသားလွှတ်တော်ဆိုရင် (၃) မြို့နယ်။ အနည်းဆုံးက တစ်မြို့နယ်။ မြောင်းမြဆို အရင်တုန်းက တစ်မြို့နယ် တစ်ခါစီစဉ်တာရှိတယ်။ နောက်တစ်ခါ (၂)မြို့နယ်ပေါင်းတာရှိတယ်။ ကျွန်မ (၂၀၁၅) တုန်းက ဝင်တာဆိုလို့ရှိရင် ဓနုဖြူနဲ့ ပန်းတ နော် ကျွန်မဝင်တယ်။ အဲဒီမှာ အမျိုးသားလွှတ်တော် ကို ကျွန်မဝင်တယ်။ ကျွန်မတို့က နည်းနည်း ပညာ တတ်လေးတွေဆိုတော့ ဝင်စေချင်လို့ဝင်လိုက်တယ်။ ဒါလည်းမရပါဘူး။ အခုကျတော့ ဘယ်လိုဖြစ်သွား လဲဆိုတော့ အမျိုးသားလွှတ်တော်ဆိုရင် (၁၂) မြို့ နယ်တောင်ပါတယ်။ (၁၂) မြို့နယ်ဆိုတော့ မသွား နိုင်တော့ဘူးလေ ကျွန်မတို့ပါတီငယ်တွေက။ လူဦး ရေရွေးချယ်တာမှာလည်း ပါတီဝင်ကလည်း ဒီလောက်မရဘူး။ အခုလူတွေကလည်း ဘာဖြစ် လဲဆိုတော့ ကြောက်ကြတယ်။ မဲထည့်ဖို့တောင်မှပဲ သူတို့ကအနိုင်နိုင်။ အစိုးရကလည်း ဥပဒေနဲ့ကာ ကွယ်ပေးထားလို့သာ နည်းနည်းလေးလုပ်ရဲရင် လုပ်ရဲမယ်။ အများစုမဲတောင်မထည့်ရဲဘူးဆိုတဲ့အ ခြေအနေရှိတယ် အစတုန်းက။ အဲဒီလိုဆိုတော့ အခု နလိုပါတီဝင်ရွေးရတာ။ အခု ပါတီဝင်နဲ့ရွေးရတာ အခက်ခဲဆုံးပဲပြဿနာက။ ပါတီဝင်နဲ့ဆိုတော့ အရမ်းရှားပါးပါတယ်။ ကိုယ့်မြို့နယ်နဲ့ကိုယ်လောက်ပဲ များကြတယ်။ အမျိုးသားလွှတ်တော် (၁၂) မြို့နယ် ဆိုတော့ စဉ်းစားကြည့် သေရောပေါ့။ ဘယ်လိုမှမဖြစ် နိုင်တော့ဘူးလေ။ အဲဒီလိုဟာမျိုးတွေ။ တစ်နိုင်ငံလုံးပါတီကြီးတွေအတွက်ကတော့ လူရှိရင်လည်းရှိမှာ ပေါ့လေ။ အမှန် ကျွန်မသိသလောက်တော့ သူတို့ လည်း ချာလပတ်လည်နေကြတယ်ကြားတယ်။

မေး - စက်တင်ဘာ(၇)ရက်မှာ သတ်မှတ်ပါတီဝင် ဦးရေနဲ့ ရုံးခန်းအရေအတွက်ကိုတင်ခဲ့ရတယ်။ အဆင်ပြေခဲ့လား။ ဘယ်လိုအခက်အခဲတွေရှိခဲ့လဲ။
ဖြေ - တင်တော့တင်တယ်။ (၂၆)ရက် အစည်း အဝေးမသွားခင်ကတည်းက သူတို့တင်တယ်လို့တော့ ပြောတယ်။ နေပြည်တော်မှာ အစည်းအဝေးမသွားခင် ကတည်းကတင်တယ်။ ညောင်တုန်းရယ်၊ ကျုံပျော်ရယ်နဲ့ အိမ်မဲရယ်ပေါ့။ ဒါပေမဲ့ ခက်တာကလေ ကျွန်မတို့က လူဦးရေအရ (၁၅) ယောက် သို့မဟုတ် (၁၇) ယောက်ပေါ့နော်။ ရပေမယ့် သူတို့ရဲ့ကိုယ်ရေး ရာဇဝင်တွေတောင်းပေမယ့် တချို့ကကျေးရွာက လူတွေဖြစ်တဲ့အတွက် အဲဒါလေးတွေမှာကြာတာ ပေါ့နော်။ ပြဿနာမရှိပါဘူး။ ကျွန်မတို့က လူဦးရေ လည်းတိုးတယ်။ ရုံးလည်းတိုးတယ်။

မေး - ရွေးကောက်ပွဲပြီးလို့ ကရင်ပြည်သူ့ပါတီ ကိုယ် စားလှယ်တွေ လွှတ်တော်ထဲရောက်သွားရင် ဘာတွေ အရင်ဆုံးလုပ်ချင်လဲ။
ဖြေ - ကျွန်မတို့ကတော့ ဒါကလေ ညှိနှိုင်းပြီးလုပ်ကြ ရမှာ။ ကျွန်မတစ်ဦးတည်းလည်း မဟုတ်ဘူးပေါ့လေ။ ကျွန်မတို့က နဂိုကတည်းကအစိုးရ အဖွဲ့ထဲမှာပါ လာမှာဖြစ်တဲ့အတွက် ကိုယ်ဖြစ်ချင်တာတွေ ကိုယ် လုပ်ချင်တာတွေပဲလုပ်မယ်ဆိုတာမျိုးတော့ မရဘူး ပေါ့လေ။ ဒါပေမဲ့ ကျွန်မတို့ရဲ့ရည်ရွယ်ချက်က အစက တည်းက ကျွန်မတို့ပြောထားတဲ့တိုင်း ငြိမ်းချမ်းရေးအ တွက်သွားပြီးတော့ အားပေးထောက်ခံချင်တယ်။ နောက်ကျွန်မတို့လူထုက တောင်သူလယ်သမားစိုက် ပျိုးရေးသမားတွေ၊ ဆရာ၊ ဆရာမတွေ ဒီလူတန်းစား တွေအတွက် ကျွန်မတို့က အဆင်ပြေအောင်လုပ်ပေး ချင်တယ်။ နောက် စာပေယဉ်ကျေးမှုနဲ့ပတ်သက် လာရင် Language သင်တဲ့ဆရာ၊ ဆရာမလေးတွေ အတွက် သူတို့ရနိုင်မယ့် Training တွေပေါ့။ ဥပမာ ကျွန်မတို့ပင်စင်စားတောင်မှ (၃၀ဝဝဝ) စီရတာ နှစ်ခါရှိပြီ။ သူတို့ကမရဘူး။ သူတို့က ပုဒ်ပြတ်သမား တွေဖြစ်တယ်ဆိုပြီး မရကြဘူး။ ပြီးတော့ သူတို့တွေက တစ်ပတ်မှာ ဘယ်နှချိန်ဆိုပြီး သတ်မှတ်ထားသော် လည်း CDM တွေလုပ်တော့ ဆရာမတွေလျော့နည်း တဲ့အတွက် သူတို့က အကုန်အိမ်ဖြည့်ဝင်ရတယ်။ တစ်ပတ်မှတစ်ကြိမ်ဝင်ရတာ မဟုတ်ဘူး။ တစ်ရက်မှာ တစ်ကြိမ်ဝင်ရတယ်။ အဲဒီတော့သူတို့က သင်လည်း သင်ရတယ်။ အစိုးရထောက်ပံ့ကြေးလည်းမရဘူး။ ဒါတွေက ပိုပြီးလုပ်ချင်ပါတယ်။ ဘာသာရပ်ဆရာ၊ ဆရာမတွေအတွက် သူတို့ရဲ့Life လို့ခေါ်ရမှာပေါ့။ အဲဒါတွေလုပ်ပေးချင်တယ်။ နောက်တစ်ခုက နိုင်ငံ တော်က ပေါ်လစီတွေချမှတ်လိုက်တဲ့အခါမှာ အောက်ခြေမှာ နားမလည်တာရှိတယ်။ နားမလည် တော့ တချို့က သူတို့ရဲ့ကျောင်းတွေက ကျောင်းအုပ် တွေနဲ့အဆင်မပြေတာ နောက် ကိုယ့်အချင်းချင်း မြေ ပြင်မှဖြစ်တတ်တဲ့သဘာဝပေါ့။ ဘာဖြစ်လဲဆိုရင် အချိန်ပေးတာပေါ့။ ဆရာ၊ ဆရာမလေးတွေကို သူတို့ က ဘာသာရပ်သင်တာ ငါတို့လိုမဟုတ်ဘူးဆိုပြီး အထင်သေးပြီးတော့ အချင်းချင်းနှိမ်တာမျိုးတွေ ရှိတယ်။ နောက်ပြီး ကျောင်းအုပ် ဆရာ၊ ဆရာမတွေ ကိုယ်တိုင်ကလည်း နားမလည်တော့ ဒီ ဆရာ၊ ဆရာ မလေးတွေကို အထင်သေးတတ်တယ်။ ဒါတွေက လည်းရှိတတ်တယ်။ အတွေ့အကြုံ တွေအရရှိတယ်။ အဲဒီလိုဆိုတော့ တစ်ခါတလေ နိုင်ငံတော်က ချမှတ် တဲ့ပေါ်လစီတွေကို အောက်ခြေအထိ ရှင်းရှင်းလင်းလင်းနားလည်ဖို့လိုတယ်။ ကျွန်မတို့အလုပ်လုပ် လာရင်း သိလာတဲ့အတွေ့အကြုံအရ ဒါ ပညာရေး နော်။ ပညာရေးမဟုတ်ဘဲ တခြားဌာနတွေမှာလည်း အများကြီးရှိတယ်။ ဒါကြောင့်ပေါ်လစီလို့ သတ်မှတ် ပြီးရင် အဲဒီပေါ်လစီကို အကောင်အထည်ဖော်တဲ့လူ တွေရဲ့ ကျွမ်းကျင်မှုကအများကြီးလိုပါတယ်။ ကျွမ်း ကျင်မှုမရှိဘဲ By The Book ဆိုပြီး စာအုပ်ကြီးအ တိုင်းလုပ်တာမျိုး သက်ဆိုင်ရာဒေသရဲ့အခြေအနေ တွေကိုကြည့်ပြီး လုပ်သွားတတ်တဲ့ လူတွေက အောင် မြင်မယ်။ မလုပ်တတ်တဲ့လူတွေက မအောင်မြင်ကြ ဘူး။ ဒါကြောင့်မို့ သူတို့တွေပေါ်လစီကိုအကောင်အထည်ဖော်တဲ့အခါမှာ အဲဒီအခက်အခဲ တွေအများကြီး တွေ့တယ်။ လူတွေရဲ့အားနည်းချက်ကြောင့် တချို့ ပေါ်လစီတွေဟာ အကောင်အထည်ဖော်ရတာ အရမ်းခက်ခဲတယ်။ အဲဒါလေးကိုလည်း ကျွန်မတို့အစိုးရအဖွဲ့အစည်းဖြစ်လာတဲ့အခါမှာ နားလည်ဖို့လို တယ်။ ဒါကြောင့်ဖြစ်ပေါ်လာမယ့် အမတ်တွေပဲ ဖြစ်ဖြစ် ဝန်ကြီးတွေပဲဖြစ်ဖြစ် ဝန်လေးတွေပဲဖြစ်ဖြစ် တိုင်းပြည်မှာရှိနေတဲ့အခြေအနေ တိုင်းရင်းသားတွေ နဲ့ ဖွဲ့စည်းထားတဲ့ပြည်ထောင်စုဆိုတာကိုလည်း နား လည်ပြီးတော့ အကောင်အထည်ဖော်တဲ့ အခါမှာ လည်း နားလည်မှုရှိရှိနဲ့ အကောင်အထည်ဖော်နိုင်ဖို့ အဲဒါတွေကအရမ်းအရေးကြီးပါတယ်။ ဒါတွေက ညှိနှိုင်းရေးလုပ်ရမယ့်အရာတွေပါ။

မေး - ကရင်လူမျိုးတွေကကော ကရင်ပြည်သူ့ပါတီနဲ့ ရွေးကောက်ပွဲအပေါ် ဘယ်လိုသဘောထားပါလဲ။
ဖြေ - အခုအခြေအနေကတော့ ကောင်းတယ်။ ဝင် ပြိုင်ပါပေါ့။ သူတို့မဲထည့်ချင်တယ်ပေါ့။ အခု အခြေ အနေပဲပြောမယ်။ အရင်ကအခြေအနေတော့ မပြော တော့ပါဘူး။ ကျွန်မတို့လူမျိုးတွေက ရိုးသားတယ်။ ဖြောင့်မတ်တယ်။ အတယ်ပေါ့နော်။ အတဲ့ အခါကျ တော့ လှည့်စားမှုတွေခံရတယ်။ သူများတွေလာ ပြောတဲ့အခါကျတော့ ပါသွားတယ်။ မရှိကြတာ လည်းများတော့ ပိုက်ဆံပေးတော့ ပါတာလည်းပါ တယ်။ ပိုက်ဆံပေးပြီးပါကြတာပေါ့။ ဒါကတော့ကျွန်မတို့လူမျိုးလို့ပြောပေမယ့် တခြားလူမျိုးတွေလည်း အောက်ခြေမှာ အဲဒီလိုရှိတာပေါ့နော်။ ဒါကတော့ မဖြစ်သင့်ဘူးပေါ့နော်။ အခုအခြေအနေကတော့ တောင်းဆိုကြတာရှိတယ်။ သူတို့ဒေသတွေမှာလာ ဝင်ပြိုင်ပေးပါဆိုတော့။ ခက်တာ ပါတီဝင်မရှိတာက ပြဿနာ။ အရမ်းရှားပါးတယ်။ အရင်တုန်းကအခြေ အနေကတော့ တို့လူမျိုးတွေက တော်တော်ဆိုးဆိုး ရွားရွားပဲ။ အရင်တုန်းကတော့ ဟိုဘက်ကခေါ်လည်း ပါသွား။ ဒီဘက်ကခေါ်လည်းပါသွား။ ဟိုဘက်က (၅၀ဝဝ)လောက်ပေးလိုက်။ ဒီဘက်က (၁၀ဝဝဝ)လောက်ပေးလိုက်နဲ့ ပြီးခဲ့တဲ့အစိုးရတုန်းကတော့ (၂၀ဝဝဝ)လောက်ပေးတော့လည်း ဟိုဘက်ကိုပါသွား ပြန်ရော။ (၅၀ဝဝ)လောက်ပေးတော့လည်း ပါသွားပြန်ရော။ ကရင်ပါတီကတော့မပေးနိုင်ဘူး။ ကိုယ့်ပါတီကိုယ်တောင် (၂) ခါရှိပြီရတယ် မနည်းထူထောင်ရတာ။

မေး - ရွေးကောက်ပွဲကာလမှာ ပါတီတွေရင်ဆိုင်ရ မယ့်အခက်အခဲတွေ၊ စိန်ခေါ်မှုတွေက ဘာတွေဖြစ် လာမလဲလို့ ထင်ပါသလဲ။
ဖြေ - ပါတီတွေရဲ့အခက်အခဲကတော့ ပညာရေးကို သတ်မှတ်လိုက်တဲ့အခါမှာတော့ နံပါတ်(၁)အခက် အခဲပေါ့။ နံပါတ်(၂)ကတော့ ငွေရေးကြေးရေးပေါ့။ ငွေရေးကြေးရေးကလည်း အရင်က (၃)သိန်းကနေ အခု (၅)သိန်းဖြစ်သွားတယ်။ အဲဒီလိုဖြစ်သွားတော့ အရင်က (၃)သိန်းကတော့ ဘာပဲဖြစ်ဖြစ်ကြိုးစားပြီး လုပ်ကြတာ။ အခု (၅)သိန်းကျတော့လည်း ပါတီက လည်း စိုက်ရတော့မှာပေါ့။ ဒီတစ်ခုပဲ မဟုတ်ဘူး။ အင်္ကျီတွေ ထုတ်ရမယ်။ Logo တွေထုတ်ရမယ်။ ဗီနိုင်းတွေ ထုတ်ရမယ်။ ဒါတွေက အနည်းဆုံးတော့ သိန်း (၁၀ဝဝ)လောက် ကုန်မှာပဲ။ နောက်တစ်ခုက တော့ financial ပေါ့။ နယ်မြေဒေသကတော့ တချို့ကလည်း အခုထိကြောက်နေတုန်းပေါ့။ နယ်မြေဒေသကိုဆင်းဖို့ အခုက (၂)လကိုတော့ မရောက်သေးဘူးပေါ့။ အခုကတော့ ပါတီရဲ့ဖွံ့ဖြိုးရေး Organize လုပ်နေတုန်းဆိုတော့ ခြိမ်းခြောက်တာ တွေဘာတွေကတော့ ပြောနေတာတော့ရှိတယ်။ ပါတီတစ်ခုချင်းကိုပြောနေတာမျိုးမရှိတော့ အဲဒီလိုမျိုး တော့ ပြောနေတာတွေတော့မရှိပါဘူး။

မေး - လက်ရှိအခြေအနေအရ ပါတီဝင်အတွက် လုံခြုံ ရေးပိုင်းဆိုင်ရာကို ဘယ်လိုပြင်ဆင်ထားလဲ။
ဖြေ - ပါတီအနေနဲ့ကတော့ သိပ်မလုပ်နိုင်ဘူး။ သူတို့ အနေနဲ့ပဲ ဂရုစိုက်ကြတာရှိတယ်။ ပြောတာဆိုတာ တွေတော့ရှိတာပေါ့နော်။ သူတို့ကို တိုက်ရိုက်လာ ခြိမ်းခြောက်တာမရှိဘူးပေါ့နော်။ ဒီအတိုင်းခြုံပြီးပြောတာ။ ကျွန်မတို့ပါတီဝင်တွေကတော့ တက်တက် ကြွကြွပဲ။

မေး - ကရင်လက်နက်ကိုင်အဖွဲ့တွေနဲ့ သူတို့ကို အားပေးတဲ့လူတွေက ရွေးကောက်ပွဲကို ကန့်ကွက်နေ တဲ့အပေါ် ဘာပြောချင်ပါသလဲ။
ဖြေ - သူတို့ကတော့ ဖျက်မယ်။ နောက်တစ်ခုကတော့ တပ်မဟာ(၆)ကကြေညာတာတစ်ခုကတော့ သူ့နယ်ပယ်ထဲမှာ လုပ်ဆောင်ပေးတဲ့လူတွေကို ဥပဒေအရအရေးယူမယ်ဘာညာတော့ပြောတာပေါ့။ ကျွန်မတို့ ကတော့ ကရင်ပြည်နယ်ပြင်ပမှာဖြစ်နေတော့ ကျွန်မတို့နဲ့တော့ တိုက်ရိုက်မသက်ဆိုင်ဘူး။ အဲဒီအတွက်တော့ အရမ်းကြီးမစိုးရိမ်ဘူးပေါ့လေ။ ဒီဘက်မှာလည်း မလိုလားတဲ့အဖွဲ့တွေ ရှိနေဦးမှာပဲ လေ။ KNUတစ်ခုတည်း မဟုတ်ပါဘူး။ ကျန်တဲ့ PDF တို့ နားလည်မှုလွဲမှားနေတဲ့ လူတွေလည်း ရှိရင်ရှိနေမှာပေါ့။ အန္တရာယ်ကတော့ ရှိနိုင်တာပဲ။ ဒါပေမဲ့ သတိထားပေါ့။ ကျွန်မကတော့ သူတို့တစ် ဦးချင်းကို ကိုယ့်ဘာသာကိုယ်သတိထားဖို့ သူတို့ လည်း နယ်တွေမှာကျတော့ သူ့ရွာနဲ့သူဟာ ဆက်စပ် နေတဲ့အခါကျတော့ နည်းနည်းလေးတော့ သတိထား လို့ရနိုင်တယ်ပေါ့။ သတိထားလို့မရဘဲ အမှတ်တမဲ့ ဖြစ်သွားနိုင်တာလည်းရှိကောင်းရှိသွားနိုင်တာပဲ။ အဲဒီ အတွက်ကတော့ တအားကြီးစိုးရိမ်နေတာတော့ မရှိ ပါဘူး။ အခုဟာက ပါတီဝင်တွေ မစိုးရိမ်ရဘဲနဲ့ မဲ ထည့်ရမယ့်လူတွေက ပိုစိုးရိမ်နေရတာကိုကျွန်မတွေ့ နေရတယ်။ ပြီးတော့ ဧရာဝတီတိုင်းကလည်း သိတဲ့ အတိုင်းပဲ ဟိုဘက်အခြေအနေတွေက ရခိုင်နဲ့နည်း နည်းနီးတာပေါ့လေ။ သို့သော်လည်း ဧရာဝတီတိုင်းက သူ့ဟာနဲ့သူကတော့ လည်ပတ်နေတာပေါ့။

မေး - ကရင်ပြည်သူ့ပါတီက ဧရာဝတီမှာပြိုင်မယ့်ပါတီ ဆိုတော့ အထက်ပိုင်းဧရာဝတီ-ရခိုင်နယ်စပ်မှာ AA ရဲ့တိုက်ပွဲဖော်ဆောင်မှုတွေကြောင့် ရွေးကောက်ပွဲ ကာလ ပါတီတွေအနေနဲ့ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရနိုင်လဲ။
ဖြေ - ကျွန်မတို့ကတော့ လူဦးရေနည်းပါးတဲ့နေရာ တွေကိုမဝင်တော့ဘူးပေါ့နော်။ စောစောကပြောသလို ခရိုင်(၆)ခရိုင် (၇) ခရိုင်ရှိတဲ့ အထဲမှာ ရွေးချယ်ထား တာက (၄) ခရိုင်အများဆုံးမှာပဲရွေးချယ်ခံမယ်ဆို တော့ အန္တရာယ်ရှိတဲ့နေရာတွေကိုမသွားတော့ဘူး။ မသွားဘူးဆိုပေမယ့် ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာကိုတော့ ဝင်ပြိုင်မယ်ဆိုတော့ အဲဒီဘက် တွေကိုတော့ အဲဒီဒေသဘက်မှာ ရှိတဲ့လူတွေနဲ့ပဲ စည်းရုံးထားလိုက်တာပေါ့။ ကျွန်မတို့ဒီဘက်က အ များကြီးသွားဆင်းစရာမလိုတော့ဘူး။ ကိုယ်ပြိုင်မယ့် ခရိုင်တွေမှာပဲ အားစိုက်ထားမယ်။ အဲဒီအတွက် ဆိုတော့ ကျွန်မတို့က အဲဒီဘက်တွေကတော့ သိပ်မ သွားဖြစ်ဘူးလို့ထင်တယ်။ ပြီးတော့ လုပ်မယ့်နေရာ တွေမှာလည်း အစိုးရကလည်း သူတို့လုံခြုံရေးအတွက် ကော်မရှင်လုံခြုံရေးအတွက်ရော မဲရုံတွေလုံခြုံရေး အတွက်ရော လုပ်ပေးမယ်ဆိုတာမျိုးတော့ ရှိမယ် ဆိုတော့ အဲဒီလောက်ပဲရှိမယ်ထင်တယ်လေ။ ကျွန်မ တို့ကတော့ ကိုယ့်မှာစစ်သားမှမရှိတာကိုး။ဟိုခေတ်က လိုလုံခြုံရေးရဲတွေ ဘာတွေထားပေးဦးမလားပေါ့ လေ။ အဲဒါတော့မသိဘူးပေါ့လေ။ ဥပဒေတွေက ထုတ်ထားတယ်ဆိုတော့ လုံခြုံရေး အ တွက်တော့ သူတို့ကိုပဲအားကိုးရမှာပေါ့။ အုပ်ချုပ်တဲ့ အစိုးရဘက် က လုံခြုံရေးလည်းရှိမယ်။ ကျွန်မတို့ဘက် ကတော့ လက်ညှိုးပဲရှိတာကိုး။ ပါတီတွေကတော့ ကိုယ့်အ ချင်းချင်း သတိပေးတာလောက်ပဲရမယ်လို့ ထင်တယ်။

မေး - ဒါကတော့နောက်ဆုံးမေးခွန်းပေါ့နော်။ UEC က လာမယ့်ရွေးကောက်ပွဲမှာ အီလက်ထရွန်နစ် မဲပေးစက် (MEVM) တွေကို သုံးမှာဆိုတော့ ဒီမဲ ပေးစက်နဲ့ပတ်သက်ပြီး ဘာများပြောချင်တာရှိလဲ ခင်ဗျ။
ဖြေ - အဲဒါကတော့ ကျွန်မတို့ကတော့ အလုပ်တစ်ခုကိုလုပ်လိုက်မှပဲပြီးသွားမှာပဲ။ မပြီးမချင်းကတော့ ပြောနေမှာပဲ။ တစ်ဖက်ကလည်း မဲခိုးလို့ရတယ်လို့ ပြောနေတယ်။ ကျွန်မတို့ ဟိုနေ့က ပန်းတနော်မှာ အစည်းအဝေးလုပ်တော့ ပြောနေကြတာပဲ။ ပြောတဲ့ လူတွေကိုလည်း ပါတီဝင်တွေက ပြောနေတာပဲ။ ပြောတယ်ဆိုတော့ ဒီဟာက ကျွန်မတို့လည်းမတတ် နိုင်ဘူး။ အစိုးရကဦးစီးပြီးလုပ်တဲ့ အလုပ်မှာ ကိုယ်ပါ ဝင်တယ်။ တတ်နိုင်သလောက်ပဲဝင်လုပ်တယ်။ အဲဒီမှာ မဲခိုးတယ်၊ မဲလိမ်တယ်ဆိုတဲ့ဟာမျိုးဖြစ်လာရင်တော့ သူများကိုပြောထားခဲ့တာလေ။ သူများကို ပြောထားပြီး ကိုယ့်အလှည့်မှာအဲဒီလို လုပ်မယ် ဆိုရင်တော့ နိုင်ငံတကာနဲ့ယှဉ်ရင် ဂုဏ်သိက္ခာမရှိရာ ရောက်မယ်လေ။ အဲဒီလိုကြီးတော့လည်း မဖြစ် လောက်ဘူးထင်တာပဲလေ။ လုပ်နေတဲ့ ကြားထဲက အမှားအယွင်းတွေတော့ ရှိနိုင်တယ်။ Human Error အမြဲတမ်းရှိတယ်။ ဒီလိုနှိပ်တဲ့ဟာမျိုးက ကျွန်မတို့လူမျိုးက တစ်ခါမှမကြုံဖူးဘူး။ အသက် (၅၀) မှာ တုန်တုန်ချိချိဖြစ်နေတဲ့ လူတွေလည်း ရှိကောင်းရှိနိုင်တယ်။ သူတို့ကတော့ လာထည့်ချင်မှ ထည့်မှာလေ။ မှားနှိပ်တာမျိုးတွေ လည်းဖြစ်ကောင်း ဖြစ်နိုင်တာပေါ့။ ဒီလို Error တွေကတော့ရှိမယ်။ တကူးတကကြီးခိုးတာတို့ဆိုတာ ပြောနေကြတာပေါ့ လေ။ ကြားတာပေါ့။ အဲဒီလိုမျိုးလုပ်ရင်တော့ ဂုဏ်သိက္ခာမရှိတဲ့ ရွေး ကောက်ပွဲဖြစ်သွားမှာပေါ့လေ။ အဲဒါနဲ့ပတ်သက်ပြီး မပြောချင်တော့ဘူးလေ။ ကျွန်မက ဗုဒ္ဓဘာသာပဲ ကံ ကံ၏ အကျိုးပဲ။ တစ်ချိန် မဟုတ်တစ်ချိန်ပြန်ခံရမှာပဲ။ အဲဒီအတွက် ကျွန်မက ယုံကြည်ပေးလိုက်တယ်။ အဲဒီအပေါ်မှာလည်း ပြောချင်ရာပြောတဲ့ဟာတွေအပေါ်မှာလည်း လိုက်ပြီး တော့စဉ်းစားမနေနိုင်ဘူးပေါ့။ သို့သော်လည်း သိတဲ့ အတိုင်း ပွတ်တိုက်မှုတွေကလည်း ရှိတဲ့အခါကျတော့ ကျွန်မက ဆရာမလုပ်ခဲ့တာ ရိုးရိုးပဲစဉ်းစားတယ်။ ဒါမ လုပ်နဲ့ ပြောရင်လုပ်လည်း မလုပ်ခဲ့ဘူးပေါ့လေ။ ကျွန်မဆို ကျူရှင်တောင် မပြခဲ့ဘူး။ ကိုယ့်ဟာကိုယ်နေခဲ့ကြတယ်ဆိုတော့ရှည် ရှည်ဝေးဝေးလည်း မပြော တော့ဘူး။ အဲဒီတော့ လုပ် မယ်ဆိုတဲ့အလုပ်ကိုပဲ လုပ်တော့မယ်။ ကြောက်နေတယ်ဆိုရင်တော့ အစက တည်းကမလုပ်ဘူးပေါ့နော်။ လုပ်မယ်လို့စဉ်းစားပြီးရင် လုပ်မယ်။ ဟိုလိုဖြစ်နိုင်တယ် ဒီလိုဖြစ်နိုင်တယ် အခု အမျိုးမျိုး ပြောတာပေါ့နော်။ မယုံကြပါဘူး။ ပါတီ တွေကကိုပြောသေးတယ်။ ဘယ်ခလုတ်က ဘယ် လိုလုပ်ရင်ဘာဖြစ်နိုင်တယ်။ အမျိုးမျိုးပြောကြတာ ပေါ့နော်။ ကျွန်မတော့ စဉ်းစားကြည့်မိတယ် လူတွေက တစ်ယောက်နဲ့ တစ်ယောက်ကို ယုံကြည်မှု မရှိကြတော့ဘူးပေါ့နော်။ ဒီလူတွေအရင်ကလို လည်းမဟုတ်ဘူး။ အချိန်တွေက ပြောင်းသွားတဲ့အခါ တခါတလေတော့ စိတ်ပျက်တယ်။ ဖြစ်ပေါ်လာတဲ့ အခြေအနေကြီးပေါ့လေ။ ဒါကလည်း တစ်ကမ္ဘာလုံး ဖြစ်တာပါ။ ယုံကြည်မှုတွေမရှိကြတော့ပါဘူး။ တိုင်းပြည်တစ်ပြည်နဲ့တစ်ပြည် ဒီလိုပဲ။ ဖြစ်ချိန် တန်ရင်တော့ဖြစ်သွားမယ်။ ကျွန်မက ဘာသာတ ရားနဲ့ပြန်စဉ်းစားတယ်။ ဖြစ်ချိန်တန်ရင် ဖြစ်သွားမယ်။ အကောင်းဆုံးဖြစ်အောင် ကိုယ်ကြိုးစားတယ်။ အဲဒီ မှာမှ ဖြစ်မလာနိုင်ရင်တော့လည်း မတတ်နိုင်ဘူး။ အဲဒါကိုပဲ စဉ်းစားနေမယ် တွေးခေါ်နေမယ်ဆိုရင် အဲဒီဇာတ်လမ်း ဘယ်တော့မှမပြီးတော့ဘူး။ လုပ်ချင် တဲ့လူလည်းလုပ် မတတ်နိုင်ဘူး။ ကျွန်မတစ်ခု ဘာတွေ့လဲဆိုတော့ တစ်တိုင်းပြည်လုံးအတွက် လုပ် နေတာ ကျွန်မတို့ကိုယ့်လူမျိုးအတွက်လုပ်နေတာ တောင်မှ အခက်အခဲတွေအများကြီး တွေ့တယ်။ လူတွေရဲ့အတွေးအခေါ်တွေဟာ တစ် ယောက်နဲ့တစ် ယောက် ဘယ်လိုမှမတူညီကြဘူး။ အဲဒီတော့ ကိုယ်ကဘယ်လောက်ပဲစေတနာသန့်သန့်နဲ့လုပ်လုပ် တွေးခေါ်မှုနဲ့အပေါက်တွေရှာပြီး လုပ်နေတဲ့လူတွေက မျိုးစုံရှိတယ်။ ဖြစ်လာနိုင်ရင်လည်းဖြစ်လာနိုင်တယ်။ လူတွေရဲ့ မသိနားမလည်မှုအပေါ်မှာ ဒီလိုလုပ်သွား တာတွေလည်း အများကြီးရှိတာကိုး။ အများကြီး ရှိတာဆိုတော့ ဖြစ်ရင်လည်းဖြစ်လာနိုင်တယ်။ ဖြစ် လာရင်လည်း တိုင်းပြည်အတွက် ကံကြမ္မာပဲ။ မတတ်နိုင်ဘူး။ အစိုးရအတွက်ကံကြမ္မာပဲ။ သူတို့မဟုတ်တာလုပ်ရင် သူတို့ခံရမှာပဲ။ ကျွန်မက တော့ အဲဒီလိုပဲတွက်တယ်။

အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

Zawgyi Version:
" ပါတီဝင္ေတြ မစိုးရိမ္ရဘဲ၊ မဲထည့္ရမယ့္လူေတြက ပိုစိုးရိမ္ေနရတာကို ကြၽန္မေတြ႕ေနရတယ္"
သန႔္ဇင္ (NP News) - စက္တင္ဘာလ ၁၇

ကရင္ျပည္သူ႔ပါတီသည္ ၿပီးခဲ့သည့္ (၂၀၂၃)ခုႏွစ္ ေမလ (၂၂)ရက္တြင္ ႏိုင္ငံေရးပါတီအျဖစ္ မွတ္ ပုံတင္ခြင့္ရရွိခဲ့သည့္ ဧရာဝတီတိုင္းေဒသႀကီး ေျမာင္းျမၿမိဳ႕တြင္အေျခစိုက္ထားေသာ တိုင္းရင္းသားပါတီတစ္ခုျဖစ္ကာ လာမည့္ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲႀကီးတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္သည္။ ကရင္ျပည္သူ႔ပါတီႏွင့္ပတ္သက္၍ ပါတီမူဝါဒ၊ အနာဂတ္ရည္မွန္းခ်က္မ်ားကို ကရင္ျပည္သူ႔ပါတီဥကၠ႒ ေဒၚနန႔္ခင္ေအးဦးထံ ဆက္သြယ္ေမးျမန္းထားသည္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။

ေမး - ပထမဆုံးအေနနဲ႔ အန္တီတို႔ပါတီရဲ႕ မူဝါဒကို ေျပာျပေပးပါခင္ဗ်။
ေျဖ - အန္တီတို႔ပါတီရဲ႕မူဝါဒကေတာ့ ဒီလိုအေျခ အေနေတြမျဖစ္ခင္ကတည္းက ကရင္တိုင္းရင္းသား အေပါင္း ျပည္သူေတြပါဝင္တဲ့ ပါတီျဖစ္တယ္။ တိုင္းျပည္ရဲ႕ၿငိမ္းခ်မ္းေရး၊ စည္းလုံးညီၫြတ္ေရး အဲဒါ ကို ဦးတည္ပါတယ္။ ေနာက္ၿပီး အန္တီတို႔ ကရင္တိုင္း ရင္းသားေတြက ႐ိုးသားၾကတယ္၊ ေျဖာင့္မတ္ၾက တယ္။ ႐ိုးသားေျဖာင့္မတ္လြန္းအားႀကီးေတာ့လည္း ႏုံတဲ့အပိုင္းကိုေရာက္တာေပါ့။ အဲဒီလိုဟာမ်ိဳးေတြရွိ ေတာ့ ဒီတိုင္းရင္းသားေတြ ေတာင္ယာလယ္အလုပ္ကို လုပ္ကိုင္ေနတဲ့တိုင္းရင္းသားေတြကို ဖြံ႕ၿဖိဳးတိုးတက္ ေရး၊ ပညာေရး၊ က်န္းမာေရး ေအာက္ေျခလူထုရဲ႕ဖြံ႕ၿဖိဳးတိုးတက္ေရး၊ ကရင္လူထုရဲ႕ဖြံ႕ၿဖိဳးတိုးတက္ေရး ေနာက္တစ္ခု ျပည္ေထာင္စုရဲ႕ဖြံ႕ၿဖိဳးတိုးတက္ေရးေပါ့။ နံပါတ္ (၁) အခ်က္က ေတာ့ တိုင္းျပည္ၿငိမ္းခ်မ္းေရးကို ဦးတည္တယ္။ နံပါတ္(၂) အခ်က္ကေတာ့ ဖြံ႕ၿဖိဳးတိုး တက္ေရးကို ဦးတည္တယ္။ နံပါတ္(၃)အခ်က္က ေတာ့ လူငယ္ေတြနဲ႔ပတ္သက္ၿပီးေတာ့ ဒီ Next Generation ဆိုတာ အရမ္းအေရးႀကီးတယ္။ New Generation ေပါ့ေနာ္။ ဒီ News Generation ေတြအတြက္ ကြၽန္မတို႔က တတ္ႏိုင္သေလာက္ေပါ့ေနာ္ တိုင္းျပည္အတြက္ အေရးႀကီးတဲ့အခန္းက႑ေတြမွာ တစ္ခ်ိန္မွာေခါင္းေဆာင္ေတြျဖစ္လာမယ့္လူငယ္ေတြ အတြက္Training ေလးေတြေပးမယ္။ ပညာမရွိရင္ လည္း သူတို႔ရဲ႕ကိုယ္ပိုင္အလုပ္အကိုင္အခြင့္အလမ္း ေလးေတြေပးမယ္ဆိုတဲ့ရည္႐ြယ္ခ်က္နဲ႔ စတင္ဖြဲ႕ စည္းခဲ့တာျဖစ္ပါတယ္။

ေမး - ေ႐ြးေကာက္ပြဲရဲ႕တရားမွ်တမႈ၊ မွန္ကန္မႈနဲ႔ ပတ္သက္လို႔ ေ႐ြးေကာက္ပြဲအေပၚ အန္တီတို႔ပါတီ အေနနဲ႔ ဘယ္လိုသေဘာထားရွိပါသလဲ။
ေျဖ - ကြၽန္မတို႔တိုင္းရင္သားပါတီေတြ၊ ပါတီငယ္ေတြ ကေတာ့ ေ႐ြးေကာက္ပြဲျပန္လုပ္တာကိုႀကိဳဆိုၾကတာေပါ့။ ဘာလို႔ႀကိဳဆိုၾကလဲဆိုေတာ့ ဒီအတိုင္း စစ္အုပ္ ခ်ဳပ္ေရးနဲ႔တစ္သက္လုံးေနသြားလို႔မရဘူးေလ။ အဲဒါေၾကာင့္ ေ႐ြးေကာက္ပြဲသည္ ကြၽန္မတို႔တိုင္းသူ ျပည္သားေတြအတြက္ မီဒီယာေတြမွာေတာ့ အမ်ိဳးမ်ိဳး ေျပာေနတာေပါ့။ ဒါေပမဲ့ ႏွစ္ေတြလည္းဒီအတိုင္းၾကာ လာတဲ့အခါ တိုင္းသူျပည္သားေတြအတြက္ထြက္ ေပါက္သည္ ေ႐ြးေကာက္ပြဲနဲ႔ အရပ္သားအစိုးရျဖစ္တယ္။ ျပန္လည္ၿပီးေတာ့ ေျပာင္းလဲႏိုင္မယ္လို႔လည္း ယူဆတယ္။ ေနာက္ၿပီး တရားမွ်တမႈပိုင္းဆိုတာက ေတာ့ မတရားဘူး တရားမွ်တမႈမရွိလို႔ အာဏာကိုထိန္း ထားပါတယ္လို႔ ေျပာထားတဲ့ အစိုးရအေနနဲ႔ေတာ့ မတရားမႈေတြမလုပ္ေလာက္ ဘူးလို႔ေတာ့ေမွ်ာ္လင့္ပါ တယ္။ အဲဒါေၾကာင့္မို႔လည္း လုပ္တဲ့ကိုင္တဲ့အခါမွာ တကယ္တမ္းေ႐ြးေကာက္ပြဲဝင္တဲ့အခါက်ေတာ့ အလုပ္ေတြအရမ္းရႈပ္တယ္။ မတရားဘူး တရားတယ္ ဆိုတာ ေစာင့္ၾကည့္ေနခ်င္တဲ့လူေတြလည္း လူအင္ အားအရမ္းလိုတယ္။ အဲဒီေတာ့ ကြၽန္မတို႔ပါတီ ငယ္ေလးေတြက အဲဒီလိုေစာင့္ၾကည့္ေနဖို႔အခ်ိန္မရွိဘူး။ လိုက္ၿပီး ၾကည့္ေပးမယ့္ လူအင္အားလည္းမရွိဘူး။ ဘုရားမွာ ဆုေတာင္းရတာ တစ္ခုကေတာ့ သက္ဆိုင္ ရာအစိုးရေတြကေနၿပီးေတာ့ ေကာင္းေကာင္းမြန္မြန္မွန္မွန္ကန္ကန္ေျဖာင့္ေျဖာင့္မတ္မတ္ လုပ္ေပးဖို႔ လည္း ဆုေတာင္းရတယ္။ ထို႔အတူ အစိုးရတစ္ရပ္တည္းနဲ႔လည္းမၿပီးဘူး။ အဆင့္ဆင့္တာဝန္ေပးထားတဲ့ေကာ္မရွင္ေတြရွိပါတယ္။ ေ႐ြး ေကာက္ပြဲေကာ္မရွင္ ေတြကလည္း လူသားေတြပဲျဖစ္တဲ့အခါက်ေတာ့ သူလိုခ်င္တဲ့အေျခအေနမ်ိဳးေတြကို ဖန္တီးယူတာမ်ိဳး မျဖစ္ဖို႔အေရးႀကီးတယ္။ သူတို႔စည္းမ်ဥ္းစည္းကမ္း ေတြကေတာ့ ထုတ္ထားၿပီးသားပါ။ သို႔ေသာ္လည္း ကြၽန္မတို႔ႏိုင္ငံမွာ တစ္ႏိုင္ငံလုံးၿခဳံၿပီးအဲဒီစည္းမ်ဥ္း စည္းကမ္းကိုလိုက္နာတဲ့အေနအထားက ရာႏႈန္းျပည့္ မရွိပါဘူး။ စည္းမ်ဥ္းစည္းကမ္းကို ကိုယ့္ကိုအရမ္း ၾကပ္တယ္လို႔ထင္ၿပီးေတာ့ အရမ္းလြတ္လပ္ခ်င္ၾက တယ္။ ဒီမိုကေရစီကိုလည္း လြတ္လပ္မွ ဒီမိုကေရစီလို႔ ထင္ၾကတယ္။ တကယ္ေတာ့ ဒီမိုကေရစီဆိုတာ ပိုၿပီးစည္းကမ္းႀကီးပါတယ္။ အဲဒါကိုနားလည္ဖို႔လို တယ္။ အဲဒါကိုနားမလည္တဲ့လူထုကမ်ားပါတယ္။ လူထုဆိုတာ ကြၽန္မကအားလုံးကိုေျပာခ်င္တာပါ။ ေအာက္ေျခလူထုတင္မဟုတ္ပါဘူး။ ေတာ္ေတာ္မ်ား မ်ားက စည္းမ်ဥ္းစည္းကမ္းကို လိုက္နာဖို႔ အရမ္းအ ေရးႀကီးပါတယ္။ အဲဒီေတာ့ စည္းမ်ဥ္းစည္းကမ္း အတိုင္းသာလုပ္သြားရင္ ဘာျပႆနာမွမျဖစ္ ႏိုင္ပါဘူး။ စည္းမ်ဥ္းစည္းကမ္းအတိုင္း အျပည့္အဝ လုပ္ဖို႔ဆိုတာကလည္း သိတဲ့အတိုင္းပဲ ႏိုင္ငံတကာ မွာလည္း Complain ေတြကေတာ့ ရွိ တယ္။ အဲဒီ ေတာ့ အနည္းနဲ႔အမ်ားမွာ အမ်ားစုကို ေကာင္းေကာင္း မြန္မြန္ေလးျဖစ္သြားႏိုင္ပါေစလို႔ ေမွ်ာ္လင့္ရတာပဲ။ ကြၽန္မတို႔ကေတာ့ အဲဒီလို အေကာင္းဘက္ကို ေတြးတယ္။ Negative နဲ႔ Positive နဲ႔ေတြးေတာ့ စၿပီးျပန္ဝင္မယ္ဆိုကတည္းက ဘာေၾကာင့္ျပန္ဝင္ မယ္ဆိုတာ ကြၽန္မတို႔က ကရင္ျပည္သူ႔ပါတီဆိုတာ အရင္တည္းက တိုင္းနဲ႔ျပည္နယ္ (၆)ခုမွာ ဝင္ေရာက္ ယွဥ္ၿပိဳင္ခဲ့တဲ့ ပါတီႀကီးတစ္ခုျဖစ္တယ္။ ဒီပါတီသည္ ကရင္လူမ်ိဳးေတြအတြက္ ကိုယ္စားျပဳတယ္။ ကရင္ ျပည္နယ္ျပင္ပမွာရွိတဲ့ ကရင္လူမ်ိဳးေတြအတြက္ ကိုယ္စားျပဳတယ္။ အဲဒီလိုကိုယ္စားျပဳတဲ့အတြက္ ဒီပါတီတစ္ခုကိုမေပ်ာက္ေစခ်င္ဘူး။ ၿပီးေတာ့ ေ႐ြး ေကာက္ပြဲလုပ္မယ္လို႔ေတာ့ ေျပာတယ္။ ရွိ မယ္မရွိဘူး လို႔ေတာ့ ကြၽန္မတို႔ေခါင္းထဲမွာ သိပ္ၿပီးမထားဘူး။ အေရးႀကီးတာက ပါတီတစ္ခုသည္ ကိုယ့္လူမ်ိဳးအ တြက္ ကိုယ္စားျပဳၿပီးေျပာေပးႏိုင္တယ္လို႔ အယူအ ဆနဲ႔ စၿပီးလုပ္ခဲ့တယ္။ အခုေ႐ြးေကာက္ပြဲ တကယ္ ျဖစ္ေတာ့မယ္ဆိုေတာ့လည္း ဝမ္းသာတာေပါ့ေနာ္။ ေ႐ြးေကာက္ပြဲတကယ္ျဖစ္လာရင္ အရပ္သားအစိုးရ၊ ဒီစစ္အစိုးရမဟုတ္ဘဲနဲ႔ စစ္အစိုးရဆိုတာထက္ အာ ဏာထိန္းတဲ့အစိုးရမဟုတ္ဘဲနဲ႔ ဒီလူထုလိုခ်င္တဲ့ အရပ္သားအစိုးရဘက္ကို ေရာက္လာႏိုင္တယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ ကြၽန္မတို႔ဝင္တာပါ။ ႀကိဳလည္းႀကိဳဆို ပါတယ္။ ျဖစ္လည္းျဖစ္ေစခ်င္ပါတယ္။ ဒီလိုခ်ည္းပဲတစ္သက္လုံးသြားေနလို႔မရဘူးေလ။ ဒီလိုခ်ည္းပဲ သြားေနမယ္ တိုက္ခိုက္ေနမယ္ဆိုရင္ သိတဲ့အတိုင္းပဲ ၾကားခံျဖစ္တဲ့ျပည္သူေတြရဲ႕ ဒုကၡေတြ၊ အသက္အိုး အိမ္ေတြ လူငယ္ေတြရဲ႕အသက္ေတြ ႏွစ္ဖက္လုံးမွာ ႏွစ္ဖက္လုံးေတာင္မကပါဘူး ရွိသမွ် ဘက္ေပါင္းစုံက လူငယ္ေတြရဲ႕အသက္ေတြဆုံးရႈံး ေနတာမ်ိဳးေတြမလို ခ်င္ဘူး။ အရင္ကတည္းက လူဦးေရက သန္း (၆၀)သာေျပာၿပီး တကယ္တမ္းက် သန္း(၅၀) ေက်ာ္ပဲရွိတဲ့ အခါမွာ ရွင္နည္းရာအဂၢလူထြက္ဆိုသလို မျဖစ္ေစ ခ်င္ဘူး။ အခုလည္း တျခားႏိုင္ငံေတြေရာက္သြားတဲ့ လူငယ္ေတြအမ်ားႀကီးပဲ။ ဒါေတြအားလုံးျပန္လည္ၿပီး ေတာ့ တည္တည္ၿငိမ္ၿငိမ္ျဖစ္ႏိုင္လာႏိုင္တဲ့ အေျခအ ေနတစ္ရပ္ကိုေမွ်ာ္လင့္တာေပါ့။

ေမး - ဟုတ္ကဲ့။ ကရင္ျပည္သူ႔ပါတီက ဘယ္မဲဆႏၵ နယ္ေတြမွာ ဝင္ေရာက္ယွဥ္ၿပိဳင္မွာပါလဲခင္ဗ်။
ေျဖ - အခုဟာက ဧရာဝတီတိုင္းမွာပဲ။ အခုထိေတာ့ ယတိေတာ့မျပတ္ေသးဘူး။ ႀကိဳးစားေနၾကတုန္းပဲ။ အခုေ႐ြးေကာက္ပြဲပုံစံက FPTP နဲ႔ PR ဆိုေတာ့ အဲဒီဆိုေတာ့ ကြၽန္မတို႔က ဏၤႊဏ အတြက္လည္း လူရွာရတယ္။ PR အတြက္လည္း လူရွာရတယ္။ အဲဒီ လိုဆိုေတာ့ လူေတြကလည္း ခ႐ိုင္ေတြမွာ ပ်ံ႕ႏွံ႔ေန တာဆိုေတာ့ လူရွာဖို႔ေတာ္ေတာ္ခက္ပါတယ္။ အဲဒီ ေတာ့ အင္အားႀကီးတဲ့ခ႐ိုင္ေတြကို ဦးစားေပးၿပီးေတာ့ နဂိုတည္းက နာမည္ကရွိထားၿပီးသားေပါ့ေနာ္။ လူဦး ေရမ်ားတဲ့ခ႐ိုင္ေတြကိုဦးစားေပးၿပီး ေ႐ြးခ်ယ္ထား တာေပါ့။ ဒါေပမဲ့ အခုမဲဆႏၵနယ္ (၁)၊ (၂)၊ (၃)၊ (၄) ေတြ အမ်ိဳးသားလႊတ္ေတာ္အတြက္ တြဲတာေတြက အင္အားမ်ားတာနဲ႔နည္းတာနဲ႔ အဲဒီလိုေတြ မမွ်ဘူး ေျပာလိုက္တဲ့အခါက်ေတာ့ လူရွာရဖို႔ေတာ္ေတာ္ခက္ တယ္။ ကြၽန္မတို႔က (၆)ခ႐ိုင္ေတာင္မဝင္ေလာက္ ဘူးထင္တယ္။ (၄) ခ႐ိုင္ေလာက္ပဲဝင္ႏိုင္မယ္။ (၄)ခ႐ိုင္ေလာက္ကိုပဲ အဓိကထားဝင္မယ္။ အစက တည္းက ကြၽန္မတို႔က ဒီတိုင္းတစ္တိုင္းတည္းနဲ႔ ဆို ေတာ့ အစိုးရျဖစ္ႏိုင္မယ့္အေျခအေနမရွိဘူး။ သို႔ေသာ္ လည္း ကရင္လူမ်ိဳးအမ်ားစုအတြက္ ဧရာဝတီတိုင္း မွာေတာ့ ကြၽန္မတို႔က ဘာေျပာေျပာ ကိုယ့္လူမ်ိဳး အတြက္ကို ဦးေဆာင္ႏိုင္မယ့္အမတ္ေတြလိုခ်င္တယ္ ေလ။ အဲဒီေတာ့ ျဖစ္လာမယ့္အစိုးရအဖြဲ႕အစည္းထဲမွာ ပါဝင္ႏိုင္ဖို႔ဦးစားေပး နံပါတ္(၁)လုပ္သြားမွာပါ။ ဘာ ေၾကာင့္လဲဆိုေတာ့ ကြၽန္မတို႔ဧရာဝတီတိုင္းပဲ ကရင္ လူဦးေရအမ်ားဆုံး။ က်န္တဲ့ကရင္ျပည္နယ္ ေတာင္ ဧရာဝတီတိုင္းေလာက္ ကရင္လူဦးေရမရွိပါဘူး။ ကရင္ျပည္နယ္က မြန္၊ ပအို႔နဲ႔ ကရင္ ေရာေနတာပါ။ ကြၽန္မတို႔ဧရာဝတီတိုင္းက ကရင္လူမ်ိဳး သန္းနဲ႔ခ်ီၿပီး ရွိတာပါ။ က်န္တဲ့တိုင္းနဲ႔ျပည္နယ္ေတြက သန္းနဲ႔ မခ်ီဘူး သိန္းနဲ႔ပဲရွိတာ။ အဲဒီလိုဆိုေတာ့ ကြၽန္မတို႔က အစိုးရအဖြဲ႕ထဲမွာပါဝင္ၿပီးေတာ့ တိုင္းျပည္ေကာင္း က်ိဳး၊ ကိုယ့္အမ်ိဳးသားေကာင္းက်ိဳး က်န္တဲ့ ႐ိုးရာယဥ္ ေက်းမႈေတြကိုျပဳလုပ္ႏိုင္တဲ့ ပါတီတစ္ခုအျဖစ္ ေပါ့ေနာ္။ ႐ိုးရာဆိုတာက ကရင္႐ိုးရာေတြေပါ့ေနာ္။ စာေပယဥ္ေက်းမႈေတြကိုျပဳလုပ္ႏိုင္ဖို႔ ဗမာဆိုရင္ လည္း ဗမာစာေပယဥ္ေက်းမႈေတြကို ျပဳလုပ္ႏိုင္ဖို႔ တိုင္းရင္းသားေတြဆိုလည္း ကြၽန္မတို႔တိုင္းမွာေတာ့ ရခိုင္ေတြရွိမယ္၊ ကရင္ရွိမယ္။ မြန္က ရွိေပမယ့္ လူမ်ိဳး စုတစ္ခုအေနနဲ႔မက်န္ေတာ့ဘူး။ နည္းတာေပါ့ေနာ္။ လူ (၅၀ဝဝဝ)ျပည့္မွ ေရးရာဝန္ႀကီး တစ္ပါးရမွာကိုး။ အဲဒီလိုဆိုေတာ့ ကြၽန္မတို႔ကေတာ့ ေရးရာဝန္ႀကီးေတာ့ ဝင္မယ္။ လႈပ္ရွားၿပီးလုပ္ကိုင္ ေဆာင္႐ြက္ေနတဲ့ဝန္ ႀကီးေတြရွိတဲ့အတြက္ အဲဒါကိုေတာ့ဝင္မယ္။ က်န္တာ ေတာ့ အမ်ားစုက တိုင္းအမတ္ေတြ လႊတ္ေတာ္ကိုဝင္ဖို႔ မ်ားပါတယ္။

ေမး - မဲဆႏၵနယ္ေတြမွာ PR နဲ႔ FPTP ေရာထားတဲ့ စနစ္အေပၚဘယ္လိုသေဘာထားပါသလဲ။ ဘယ္ လိုျမင္ပါသလဲ။
ေျဖ - အဲဒါကေတာ့ လုပ္ထားၿပီးၿပီဆိုေတာ့ ကြၽန္မတို႔ လည္းဘာေျပာလို႔ရမလဲ။ တကယ္တမ္းေတာ့ အရင္ ပုံစံအတိုင္းဆိုရင္ေတာ့ နည္းနည္းအားရွိတာေပါ့။ အခုလိုျဖန႔္လိုက္တဲ့အခါက်ေတာ့ ေတာ္ေတာ္ေလး ေတာ့အားေလ်ာ့သြားတာေပါ့။ လူေ႐ြးရတာလည္းခက္ သြားတယ္။ အရင္တုန္းက အမ်ိဳးသားလႊတ္ေတာ္ဆိုရင္ (၃) ၿမိဳ႕နယ္။ အနည္းဆုံးက တစ္ၿမိဳ႕နယ္။ ေျမာင္းျမဆို အရင္တုန္းက တစ္ၿမိဳ႕နယ္ တစ္ခါစီစဥ္တာရွိတယ္။ ေနာက္တစ္ခါ (၂)ၿမိဳ႕နယ္ေပါင္းတာရွိတယ္။ ကြၽန္မ (၂၀၁၅) တုန္းက ဝင္တာဆိုလို႔ရွိရင္ ဓႏုျဖဴနဲ႔ ပန္းတ ေနာ္ ကြၽန္မဝင္တယ္။ အဲဒီမွာ အမ်ိဳးသားလႊတ္ေတာ္ ကို ကြၽန္မဝင္တယ္။ ကြၽန္မတို႔က နည္းနည္း ပညာ တတ္ေလးေတြဆိုေတာ့ ဝင္ေစခ်င္လို႔ဝင္လိုက္တယ္။ ဒါလည္းမရပါဘူး။ အခုက်ေတာ့ ဘယ္လိုျဖစ္သြား လဲဆိုေတာ့ အမ်ိဳးသားလႊတ္ေတာ္ဆိုရင္ (၁၂) ၿမိဳ႕ နယ္ေတာင္ပါတယ္။ (၁၂) ၿမိဳ႕နယ္ဆိုေတာ့ မသြား ႏိုင္ေတာ့ဘူးေလ ကြၽန္မတို႔ပါတီငယ္ေတြက။ လူဦး ေရေ႐ြးခ်ယ္တာမွာလည္း ပါတီဝင္ကလည္း ဒီေလာက္မရဘူး။ အခုလူေတြကလည္း ဘာျဖစ္ လဲဆိုေတာ့ ေၾကာက္ၾကတယ္။ မဲထည့္ဖို႔ေတာင္မွပဲ သူတို႔ကအႏိုင္ႏိုင္။ အစိုးရကလည္း ဥပေဒနဲ႔ကာ ကြယ္ေပးထားလို႔သာ နည္းနည္းေလးလုပ္ရဲရင္ လုပ္ရဲမယ္။ အမ်ားစုမဲေတာင္မထည့္ရဲဘူးဆိုတဲ့အ ေျခအေနရွိတယ္ အစတုန္းက။ အဲဒီလိုဆိုေတာ့ အခု နလိုပါတီဝင္ေ႐ြးရတာ။ အခု ပါတီဝင္နဲ႔ေ႐ြးရတာ အခက္ခဲဆုံးပဲျပႆနာက။ ပါတီဝင္နဲ႔ဆိုေတာ့ အရမ္းရွားပါးပါတယ္။ ကိုယ့္ၿမိဳ႕နယ္နဲ႔ကိုယ္ေလာက္ပဲ မ်ားၾကတယ္။ အမ်ိဳးသားလႊတ္ေတာ္ (၁၂) ၿမိဳ႕နယ္ ဆိုေတာ့ စဥ္းစားၾကည့္ ေသေရာေပါ့။ ဘယ္လိုမွမျဖစ္ ႏိုင္ေတာ့ဘူးေလ။ အဲဒီလိုဟာမ်ိဳးေတြ။ တစ္ႏိုင္ငံလုံးပါတီႀကီးေတြအတြက္ကေတာ့ လူရွိရင္လည္းရွိမွာ ေပါ့ေလ။ အမွန္ ကြၽန္မသိသေလာက္ေတာ့ သူတို႔ လည္း ခ်ာလပတ္လည္ေနၾကတယ္ၾကားတယ္။

ေမး - စက္တင္ဘာ(၇)ရက္မွာ သတ္မွတ္ပါတီဝင္ ဦးေရနဲ႔ ႐ုံးခန္းအေရအတြက္ကိုတင္ခဲ့ရတယ္။ အဆင္ေျပခဲ့လား။ ဘယ္လိုအခက္အခဲေတြရွိခဲ့လဲ။
ေျဖ - တင္ေတာ့တင္တယ္။ (၂၆)ရက္ အစည္း အေဝးမသြားခင္ကတည္းက သူတို႔တင္တယ္လို႔ေတာ့ ေျပာတယ္။ ေနျပည္ေတာ္မွာ အစည္းအေဝးမသြားခင္ ကတည္းကတင္တယ္။ ေညာင္တုန္းရယ္၊ က်ဳံေပ်ာ္ရယ္နဲ႔ အိမ္မဲရယ္ေပါ့။ ဒါေပမဲ့ ခက္တာကေလ ကြၽန္မတို႔က လူဦးေရအရ (၁၅) ေယာက္ သို႔မဟုတ္ (၁၇) ေယာက္ေပါ့ေနာ္။ ရေပမယ့္ သူတို႔ရဲ႕ကိုယ္ေရး ရာဇဝင္ေတြေတာင္းေပမယ့္ တခ်ိဳ႕ကေက်း႐ြာက လူေတြျဖစ္တဲ့အတြက္ အဲဒါေလးေတြမွာၾကာတာ ေပါ့ေနာ္။ ျပႆနာမရွိပါဘူး။ ကြၽန္မတို႔က လူဦးေရ လည္းတိုးတယ္။ ႐ုံးလည္းတိုးတယ္။

ေမး - ေ႐ြးေကာက္ပြဲၿပီးလို႔ ကရင္ျပည္သူ႔ပါတီ ကိုယ္ စားလွယ္ေတြ လႊတ္ေတာ္ထဲေရာက္သြားရင္ ဘာေတြ အရင္ဆုံးလုပ္ခ်င္လဲ။
ေျဖ - ကြၽန္မတို႔ကေတာ့ ဒါကေလ ညႇိႏႈိင္းၿပီးလုပ္ၾက ရမွာ။ ကြၽန္မတစ္ဦးတည္းလည္း မဟုတ္ဘူးေပါ့ေလ။ ကြၽန္မတို႔က နဂိုကတည္းကအစိုးရ အဖြဲ႕ထဲမွာပါ လာမွာျဖစ္တဲ့အတြက္ ကိုယ္ျဖစ္ခ်င္တာေတြ ကိုယ္ လုပ္ခ်င္တာေတြပဲလုပ္မယ္ဆိုတာမ်ိဳးေတာ့ မရဘူး ေပါ့ေလ။ ဒါေပမဲ့ ကြၽန္မတို႔ရဲ႕ရည္႐ြယ္ခ်က္က အစက တည္းက ကြၽန္မတို႔ေျပာထားတဲ့တိုင္း ၿငိမ္းခ်မ္းေရးအ တြက္သြားၿပီးေတာ့ အားေပးေထာက္ခံခ်င္တယ္။ ေနာက္ကြၽန္မတို႔လူထုက ေတာင္သူလယ္သမားစိုက္ ပ်ိဳးေရးသမားေတြ၊ ဆရာ၊ ဆရာမေတြ ဒီလူတန္းစား ေတြအတြက္ ကြၽန္မတို႔က အဆင္ေျပေအာင္လုပ္ေပး ခ်င္တယ္။ ေနာက္ စာေပယဥ္ေက်းမႈနဲ႔ပတ္သက္ လာရင္ Language သင္တဲ့ဆရာ၊ ဆရာမေလးေတြ အတြက္ သူတို႔ရႏိုင္မယ့္ Training ေတြေပါ့။ ဥပမာ ကြၽန္မတို႔ပင္စင္စားေတာင္မွ (၃၀ဝဝဝ) စီရတာ ႏွစ္ခါရွိၿပီ။ သူတို႔ကမရဘူး။ သူတို႔က ပုဒ္ျပတ္သမား ေတြျဖစ္တယ္ဆိုၿပီး မရၾကဘူး။ ၿပီးေတာ့ သူတို႔ေတြက တစ္ပတ္မွာ ဘယ္ႏွခ်ိန္ဆိုၿပီး သတ္မွတ္ထားေသာ္ လည္း CDM ေတြလုပ္ေတာ့ ဆရာမေတြေလ်ာ့နည္း တဲ့အတြက္ သူတို႔က အကုန္အိမ္ျဖည့္ဝင္ရတယ္။ တစ္ပတ္မွတစ္ႀကိမ္ဝင္ရတာ မဟုတ္ဘူး။ တစ္ရက္မွာ တစ္ႀကိမ္ဝင္ရတယ္။ အဲဒီေတာ့သူတို႔က သင္လည္း သင္ရတယ္။ အစိုးရေထာက္ပံ့ေၾကးလည္းမရဘူး။ ဒါေတြက ပိုၿပီးလုပ္ခ်င္ပါတယ္။ ဘာသာရပ္ဆရာ၊ ဆရာမေတြအတြက္ သူတို႔ရဲ႕Life လို႔ေခၚရမွာေပါ့။ အဲဒါေတြလုပ္ေပးခ်င္တယ္။ ေနာက္တစ္ခုက ႏိုင္ငံ ေတာ္က ေပၚလစီေတြခ်မွတ္လိုက္တဲ့အခါမွာ ေအာက္ေျခမွာ နားမလည္တာရွိတယ္။ နားမလည္ ေတာ့ တခ်ိဳ႕က သူတို႔ရဲ႕ေက်ာင္းေတြက ေက်ာင္းအုပ္ ေတြနဲ႔အဆင္မေျပတာ ေနာက္ ကိုယ့္အခ်င္းခ်င္း ေျမ ျပင္မွျဖစ္တတ္တဲ့သဘာဝေပါ့။ ဘာျဖစ္လဲဆိုရင္ အခ်ိန္ေပးတာေပါ့။ ဆရာ၊ ဆရာမေလးေတြကို သူတို႔ က ဘာသာရပ္သင္တာ ငါတို႔လိုမဟုတ္ဘူးဆိုၿပီး အထင္ေသးၿပီးေတာ့ အခ်င္းခ်င္းႏွိမ္တာမ်ိဳးေတြ ရွိတယ္။ ေနာက္ၿပီး ေက်ာင္းအုပ္ ဆရာ၊ ဆရာမေတြ ကိုယ္တိုင္ကလည္း နားမလည္ေတာ့ ဒီ ဆရာ၊ ဆရာ မေလးေတြကို အထင္ေသးတတ္တယ္။ ဒါေတြက လည္းရွိတတ္တယ္။ အေတြ႕အႀကဳံ ေတြအရရွိတယ္။ အဲဒီလိုဆိုေတာ့ တစ္ခါတေလ ႏိုင္ငံေတာ္က ခ်မွတ္ တဲ့ေပၚလစီေတြကို ေအာက္ေျခအထိ ရွင္းရွင္းလင္းလင္းနားလည္ဖို႔လိုတယ္။ ကြၽန္မတို႔အလုပ္လုပ္ လာရင္း သိလာတဲ့အေတြ႕အႀကဳံအရ ဒါ ပညာေရး ေနာ္။ ပညာေရးမဟုတ္ဘဲ တျခားဌာနေတြမွာလည္း အမ်ားႀကီးရွိတယ္။ ဒါေၾကာင့္ေပၚလစီလို႔ သတ္မွတ္ ၿပီးရင္ အဲဒီေပၚလစီကို အေကာင္အထည္ေဖာ္တဲ့လူ ေတြရဲ႕ ကြၽမ္းက်င္မႈကအမ်ားႀကီးလိုပါတယ္။ ကြၽမ္း က်င္မႈမရွိဘဲ By The Book ဆိုၿပီး စာအုပ္ႀကီးအ တိုင္းလုပ္တာမ်ိဳး သက္ဆိုင္ရာေဒသရဲ႕အေျခအေန ေတြကိုၾကည့္ၿပီး လုပ္သြားတတ္တဲ့ လူေတြက ေအာင္ ျမင္မယ္။ မလုပ္တတ္တဲ့လူေတြက မေအာင္ျမင္ၾက ဘူး။ ဒါေၾကာင့္မို႔ သူတို႔ေတြေပၚလစီကိုအေကာင္အထည္ေဖာ္တဲ့အခါမွာ အဲဒီအခက္အခဲ ေတြအမ်ားႀကီး ေတြ႕တယ္။ လူေတြရဲ႕အားနည္းခ်က္ေၾကာင့္ တခ်ိဳ႕ ေပၚလစီေတြဟာ အေကာင္အထည္ေဖာ္ရတာ အရမ္းခက္ခဲတယ္။ အဲဒါေလးကိုလည္း ကြၽန္မတို႔အစိုးရအဖြဲ႕အစည္းျဖစ္လာတဲ့အခါမွာ နားလည္ဖို႔လို တယ္။ ဒါေၾကာင့္ျဖစ္ေပၚလာမယ့္ အမတ္ေတြပဲ ျဖစ္ျဖစ္ ဝန္ႀကီးေတြပဲျဖစ္ျဖစ္ ဝန္ေလးေတြပဲျဖစ္ျဖစ္ တိုင္းျပည္မွာရွိေနတဲ့အေျခအေန တိုင္းရင္းသားေတြ နဲ႔ ဖြဲ႕စည္းထားတဲ့ျပည္ေထာင္စုဆိုတာကိုလည္း နား လည္ၿပီးေတာ့ အေကာင္အထည္ေဖာ္တဲ့ အခါမွာ လည္း နားလည္မႈရွိရွိနဲ႔ အေကာင္အထည္ေဖာ္ႏိုင္ဖို႔ အဲဒါေတြကအရမ္းအေရးႀကီးပါတယ္။ ဒါေတြက ညႇိႏႈိင္းေရးလုပ္ရမယ့္အရာေတြပါ။

ေမး - ကရင္လူမ်ိဳးေတြကေကာ ကရင္ျပည္သူ႔ပါတီနဲ႔ ေ႐ြးေကာက္ပြဲအေပၚ ဘယ္လိုသေဘာထားပါလဲ။
ေျဖ - အခုအေျခအေနကေတာ့ ေကာင္းတယ္။ ဝင္ ၿပိဳင္ပါေပါ့။ သူတို႔မဲထည့္ခ်င္တယ္ေပါ့။ အခု အေျခ အေနပဲေျပာမယ္။ အရင္ကအေျခအေနေတာ့ မေျပာ ေတာ့ပါဘူး။ ကြၽန္မတို႔လူမ်ိဳးေတြက ႐ိုးသားတယ္။ ေျဖာင့္မတ္တယ္။ အတယ္ေပါ့ေနာ္။ အတဲ့ အခါက် ေတာ့ လွည့္စားမႈေတြခံရတယ္။ သူမ်ားေတြလာ ေျပာတဲ့အခါက်ေတာ့ ပါသြားတယ္။ မရွိၾကတာ လည္းမ်ားေတာ့ ပိုက္ဆံေပးေတာ့ ပါတာလည္းပါ တယ္။ ပိုက္ဆံေပးၿပီးပါၾကတာေပါ့။ ဒါကေတာ့ကြၽန္မတို႔လူမ်ိဳးလို႔ေျပာေပမယ့္ တျခားလူမ်ိဳးေတြလည္း ေအာက္ေျခမွာ အဲဒီလိုရွိတာေပါ့ေနာ္။ ဒါကေတာ့ မျဖစ္သင့္ဘူးေပါ့ေနာ္။ အခုအေျခအေနကေတာ့ ေတာင္းဆိုၾကတာရွိတယ္။ သူတို႔ေဒသေတြမွာလာ ဝင္ၿပိဳင္ေပးပါဆိုေတာ့။ ခက္တာ ပါတီဝင္မရွိတာက ျပႆနာ။ အရမ္းရွားပါးတယ္။ အရင္တုန္းကအေျခ အေနကေတာ့ တို႔လူမ်ိဳးေတြက ေတာ္ေတာ္ဆိုးဆိုး ႐ြား႐ြားပဲ။ အရင္တုန္းကေတာ့ ဟိုဘက္ကေခၚလည္း ပါသြား။ ဒီဘက္ကေခၚလည္းပါသြား။ ဟိုဘက္က (၅၀ဝဝ)ေလာက္ေပးလိုက္။ ဒီဘက္က (၁၀ဝဝဝ)ေလာက္ေပးလိုက္နဲ႔ ၿပီးခဲ့တဲ့အစိုးရတုန္းကေတာ့ (၂၀ဝဝဝ)ေလာက္ေပးေတာ့လည္း ဟိုဘက္ကိုပါသြား ျပန္ေရာ။ (၅၀ဝဝ)ေလာက္ေပးေတာ့လည္း ပါသြားျပန္ေရာ။ ကရင္ပါတီကေတာ့မေပးႏိုင္ဘူး။ ကိုယ့္ပါတီကိုယ္ေတာင္ (၂) ခါရွိၿပီရတယ္ မနည္းထူေထာင္ရတာ။

ေမး - ေ႐ြးေကာက္ပြဲကာလမွာ ပါတီေတြရင္ဆိုင္ရ မယ့္အခက္အခဲေတြ၊ စိန္ေခၚမႈေတြက ဘာေတြျဖစ္ လာမလဲလို႔ ထင္ပါသလဲ။
ေျဖ - ပါတီေတြရဲ႕အခက္အခဲကေတာ့ ပညာေရးကို သတ္မွတ္လိုက္တဲ့အခါမွာေတာ့ နံပါတ္(၁)အခက္ အခဲေပါ့။ နံပါတ္(၂)ကေတာ့ ေငြေရးေၾကးေရးေပါ့။ ေငြေရးေၾကးေရးကလည္း အရင္က (၃)သိန္းကေန အခု (၅)သိန္းျဖစ္သြားတယ္။ အဲဒီလိုျဖစ္သြားေတာ့ အရင္က (၃)သိန္းကေတာ့ ဘာပဲျဖစ္ျဖစ္ႀကိဳးစားၿပီး လုပ္ၾကတာ။ အခု (၅)သိန္းက်ေတာ့လည္း ပါတီက လည္း စိုက္ရေတာ့မွာေပါ့။ ဒီတစ္ခုပဲ မဟုတ္ဘူး။ အက်ႌေတြ ထုတ္ရမယ္။ Logo ေတြထုတ္ရမယ္။ ဗီႏိုင္းေတြ ထုတ္ရမယ္။ ဒါေတြက အနည္းဆုံးေတာ့ သိန္း (၁၀ဝဝ)ေလာက္ ကုန္မွာပဲ။ ေနာက္တစ္ခုက ေတာ့ financial ေပါ့။ နယ္ေျမေဒသကေတာ့ တခ်ိဳ႕ကလည္း အခုထိေၾကာက္ေနတုန္းေပါ့။ နယ္ေျမေဒသကိုဆင္းဖို႔ အခုက (၂)လကိုေတာ့ မေရာက္ေသးဘူးေပါ့။ အခုကေတာ့ ပါတီရဲ႕ဖြံ႕ၿဖိဳးေရး Organize လုပ္ေနတုန္းဆိုေတာ့ ၿခိမ္းေျခာက္တာ ေတြဘာေတြကေတာ့ ေျပာေနတာေတာ့ရွိတယ္။ ပါတီတစ္ခုခ်င္းကိုေျပာေနတာမ်ိဳးမရွိေတာ့ အဲဒီလိုမ်ိဳး ေတာ့ ေျပာေနတာေတြေတာ့မရွိပါဘူး။

ေမး - လက္ရွိအေျခအေနအရ ပါတီဝင္အတြက္ လုံၿခဳံ ေရးပိုင္းဆိုင္ရာကို ဘယ္လိုျပင္ဆင္ထားလဲ။
ေျဖ - ပါတီအေနနဲ႔ကေတာ့ သိပ္မလုပ္ႏိုင္ဘူး။ သူတို႔ အေနနဲ႔ပဲ ဂ႐ုစိုက္ၾကတာရွိတယ္။ ေျပာတာဆိုတာ ေတြေတာ့ရွိတာေပါ့ေနာ္။ သူတို႔ကို တိုက္႐ိုက္လာ ၿခိမ္းေျခာက္တာမရွိဘူးေပါ့ေနာ္။ ဒီအတိုင္းၿခဳံၿပီးေျပာတာ။ ကြၽန္မတို႔ပါတီဝင္ေတြကေတာ့ တက္တက္ ႂကြႂကြပဲ။

ေမး - ကရင္လက္နက္ကိုင္အဖြဲ႕ေတြနဲ႔ သူတို႔ကို အားေပးတဲ့လူေတြက ေ႐ြးေကာက္ပြဲကို ကန႔္ကြက္ေန တဲ့အေပၚ ဘာေျပာခ်င္ပါသလဲ။
ေျဖ - သူတို႔ကေတာ့ ဖ်က္မယ္။ ေနာက္တစ္ခုကေတာ့ တပ္မဟာ(၆)ကေၾကညာတာတစ္ခုကေတာ့ သူ႔နယ္ပယ္ထဲမွာ လုပ္ေဆာင္ေပးတဲ့လူေတြကို ဥပေဒအရအေရးယူမယ္ဘာညာေတာ့ေျပာတာေပါ့။ ကြၽန္မတို႔ ကေတာ့ ကရင္ျပည္နယ္ျပင္ပမွာျဖစ္ေနေတာ့ ကြၽန္မတို႔နဲ႔ေတာ့ တိုက္႐ိုက္မသက္ဆိုင္ဘူး။ အဲဒီအတြက္ေတာ့ အရမ္းႀကီးမစိုးရိမ္ဘူးေပါ့ေလ။ ဒီဘက္မွာလည္း မလိုလားတဲ့အဖြဲ႕ေတြ ရွိေနဦးမွာပဲ ေလ။ KNUတစ္ခုတည္း မဟုတ္ပါဘူး။ က်န္တဲ့ PDF တို႔ နားလည္မႈလြဲမွားေနတဲ့ လူေတြလည္း ရွိရင္ရွိေနမွာေပါ့။ အႏၲရာယ္ကေတာ့ ရွိႏိုင္တာပဲ။ ဒါေပမဲ့ သတိထားေပါ့။ ကြၽန္မကေတာ့ သူတို႔တစ္ ဦးခ်င္းကို ကိုယ့္ဘာသာကိုယ္သတိထားဖို႔ သူတို႔ လည္း နယ္ေတြမွာက်ေတာ့ သူ႔႐ြာနဲ႔သူဟာ ဆက္စပ္ ေနတဲ့အခါက်ေတာ့ နည္းနည္းေလးေတာ့ သတိထား လို႔ရႏိုင္တယ္ေပါ့။ သတိထားလို႔မရဘဲ အမွတ္တမဲ့ ျဖစ္သြားႏိုင္တာလည္းရွိေကာင္းရွိသြားႏိုင္တာပဲ။ အဲဒီ အတြက္ကေတာ့ တအားႀကီးစိုးရိမ္ေနတာေတာ့ မရွိ ပါဘူး။ အခုဟာက ပါတီဝင္ေတြ မစိုးရိမ္ရဘဲနဲ႔ မဲ ထည့္ရမယ့္လူေတြက ပိုစိုးရိမ္ေနရတာကိုကြၽန္မေတြ႕ ေနရတယ္။ ၿပီးေတာ့ ဧရာဝတီတိုင္းကလည္း သိတဲ့ အတိုင္းပဲ ဟိုဘက္အေျခအေနေတြက ရခိုင္နဲ႔နည္း နည္းနီးတာေပါ့ေလ။ သို႔ေသာ္လည္း ဧရာဝတီတိုင္းက သူ႔ဟာနဲ႔သူကေတာ့ လည္ပတ္ေနတာေပါ့။

ေမး - ကရင္ျပည္သူ႔ပါတီက ဧရာဝတီမွာၿပိဳင္မယ့္ပါတီ ဆိုေတာ့ အထက္ပိုင္းဧရာဝတီ-ရခိုင္နယ္စပ္မွာ AA ရဲ႕တိုက္ပြဲေဖာ္ေဆာင္မႈေတြေၾကာင့္ ေ႐ြးေကာက္ပြဲ ကာလ ပါတီေတြအေနနဲ႔ ဘယ္လိုအခက္အခဲေတြ ရင္ဆိုင္ရႏိုင္လဲ။
ေျဖ - ကြၽန္မတို႔ကေတာ့ လူဦးေရနည္းပါးတဲ့ေနရာ ေတြကိုမဝင္ေတာ့ဘူးေပါ့ေနာ္။ ေစာေစာကေျပာသလို ခ႐ိုင္(၆)ခ႐ိုင္ (၇) ခ႐ိုင္ရွိတဲ့ အထဲမွာ ေ႐ြးခ်ယ္ထား တာက (၄) ခ႐ိုင္အမ်ားဆုံးမွာပဲေ႐ြးခ်ယ္ခံမယ္ဆို ေတာ့ အႏၲရာယ္ရွိတဲ့ေနရာေတြကိုမသြားေတာ့ဘူး။ မသြားဘူးဆိုေပမယ့္ ကရင္တိုင္းရင္းသားေရးရာ ဝန္ႀကီးေနရာကိုေတာ့ ဝင္ၿပိဳင္မယ္ဆိုေတာ့ အဲဒီဘက္ ေတြကိုေတာ့ အဲဒီေဒသဘက္မွာ ရွိတဲ့လူေတြနဲ႔ပဲ စည္း႐ုံးထားလိုက္တာေပါ့။ ကြၽန္မတို႔ဒီဘက္က အ မ်ားႀကီးသြားဆင္းစရာမလိုေတာ့ဘူး။ ကိုယ္ၿပိဳင္မယ့္ ခ႐ိုင္ေတြမွာပဲ အားစိုက္ထားမယ္။ အဲဒီအတြက္ ဆိုေတာ့ ကြၽန္မတို႔က အဲဒီဘက္ေတြကေတာ့ သိပ္မ သြားျဖစ္ဘူးလို႔ထင္တယ္။ ၿပီးေတာ့ လုပ္မယ့္ေနရာ ေတြမွာလည္း အစိုးရကလည္း သူတို႔လုံၿခဳံေရးအတြက္ ေကာ္မရွင္လုံၿခဳံေရးအတြက္ေရာ မဲ႐ုံေတြလုံၿခဳံေရး အတြက္ေရာ လုပ္ေပးမယ္ဆိုတာမ်ိဳးေတာ့ ရွိမယ္ ဆိုေတာ့ အဲဒီေလာက္ပဲရွိမယ္ထင္တယ္ေလ။ ကြၽန္မ တို႔ကေတာ့ ကိုယ့္မွာစစ္သားမွမရွိတာကိုး။ဟိုေခတ္က လိုလုံၿခဳံေရးရဲေတြ ဘာေတြထားေပးဦးမလားေပါ့ ေလ။ အဲဒါေတာ့မသိဘူးေပါ့ေလ။ ဥပေဒေတြက ထုတ္ထားတယ္ဆိုေတာ့ လုံၿခဳံေရး အ တြက္ေတာ့ သူတို႔ကိုပဲအားကိုးရမွာေပါ့။ အုပ္ခ်ဳပ္တဲ့ အစိုးရဘက္ က လုံၿခဳံေရးလည္းရွိမယ္။ ကြၽန္မတို႔ဘက္ ကေတာ့ လက္ညႇိဳးပဲရွိတာကိုး။ ပါတီေတြကေတာ့ ကိုယ့္အ ခ်င္းခ်င္း သတိေပးတာေလာက္ပဲရမယ္လို႔ ထင္တယ္။

ေမး - ဒါကေတာ့ေနာက္ဆုံးေမးခြန္းေပါ့ေနာ္။ UEC က လာမယ့္ေ႐ြးေကာက္ပြဲမွာ အီလက္ထ႐ြန္နစ္ မဲေပးစက္ (MEVM) ေတြကို သုံးမွာဆိုေတာ့ ဒီမဲ ေပးစက္နဲ႔ပတ္သက္ၿပီး ဘာမ်ားေျပာခ်င္တာရွိလဲ ခင္ဗ်။
ေျဖ - အဲဒါကေတာ့ ကြၽန္မတို႔ကေတာ့ အလုပ္တစ္ခုကိုလုပ္လိုက္မွပဲၿပီးသြားမွာပဲ။ မၿပီးမခ်င္းကေတာ့ ေျပာေနမွာပဲ။ တစ္ဖက္ကလည္း မဲခိုးလို႔ရတယ္လို႔ ေျပာေနတယ္။ ကြၽန္မတို႔ ဟိုေန႔က ပန္းတေနာ္မွာ အစည္းအေဝးလုပ္ေတာ့ ေျပာေနၾကတာပဲ။ ေျပာတဲ့ လူေတြကိုလည္း ပါတီဝင္ေတြက ေျပာေနတာပဲ။ ေျပာတယ္ဆိုေတာ့ ဒီဟာက ကြၽန္မတို႔လည္းမတတ္ ႏိုင္ဘူး။ အစိုးရကဦးစီးၿပီးလုပ္တဲ့ အလုပ္မွာ ကိုယ္ပါ ဝင္တယ္။ တတ္ႏိုင္သေလာက္ပဲဝင္လုပ္တယ္။ အဲဒီမွာ မဲခိုးတယ္၊ မဲလိမ္တယ္ဆိုတဲ့ဟာမ်ိဳးျဖစ္လာရင္ေတာ့ သူမ်ားကိုေျပာထားခဲ့တာေလ။ သူမ်ားကို ေျပာထားၿပီး ကိုယ့္အလွည့္မွာအဲဒီလို လုပ္မယ္ ဆိုရင္ေတာ့ ႏိုင္ငံတကာနဲ႔ယွဥ္ရင္ ဂုဏ္သိကၡာမရွိရာ ေရာက္မယ္ေလ။ အဲဒီလိုႀကီးေတာ့လည္း မျဖစ္ ေလာက္ဘူးထင္တာပဲေလ။ လုပ္ေနတဲ့ ၾကားထဲက အမွားအယြင္းေတြေတာ့ ရွိႏိုင္တယ္။ Human Error အၿမဲတမ္းရွိတယ္။ ဒီလိုႏွိပ္တဲ့ဟာမ်ိဳးက ကြၽန္မတို႔လူမ်ိဳးက တစ္ခါမွမႀကဳံဖူးဘူး။ အသက္ (၅၀) မွာ တုန္တုန္ခ်ိခ်ိျဖစ္ေနတဲ့ လူေတြလည္း ရွိေကာင္းရွိႏိုင္တယ္။ သူတို႔ကေတာ့ လာထည့္ခ်င္မွ ထည့္မွာေလ။ မွားႏွိပ္တာမ်ိဳးေတြ လည္းျဖစ္ေကာင္း ျဖစ္ႏိုင္တာေပါ့။ ဒီလို Error ေတြကေတာ့ရွိမယ္။ တကူးတကႀကီးခိုးတာတို႔ဆိုတာ ေျပာေနၾကတာေပါ့ ေလ။ ၾကားတာေပါ့။ အဲဒီလိုမ်ိဳးလုပ္ရင္ေတာ့ ဂုဏ္သိကၡာမရွိတဲ့ ေ႐ြး ေကာက္ပြဲျဖစ္သြားမွာေပါ့ေလ။ အဲဒါနဲ႔ပတ္သက္ၿပီး မေျပာခ်င္ေတာ့ဘူးေလ။ ကြၽန္မက ဗုဒၶဘာသာပဲ ကံ ကံ၏ အက်ိဳးပဲ။ တစ္ခ်ိန္ မဟုတ္တစ္ခ်ိန္ျပန္ခံရမွာပဲ။ အဲဒီအတြက္ ကြၽန္မက ယုံၾကည္ေပးလိုက္တယ္။ အဲဒီအေပၚမွာလည္း ေျပာခ်င္ရာေျပာတဲ့ဟာေတြအေပၚမွာလည္း လိုက္ၿပီး ေတာ့စဥ္းစားမေနႏိုင္ဘူးေပါ့။ သို႔ေသာ္လည္း သိတဲ့ အတိုင္း ပြတ္တိုက္မႈေတြကလည္း ရွိတဲ့အခါက်ေတာ့ ကြၽန္မက ဆရာမလုပ္ခဲ့တာ ႐ိုး႐ိုးပဲစဥ္းစားတယ္။ ဒါမ လုပ္နဲ႔ ေျပာရင္လုပ္လည္း မလုပ္ခဲ့ဘူးေပါ့ေလ။ ကြၽန္မဆို က်ဴရွင္ေတာင္ မျပခဲ့ဘူး။ ကိုယ့္ဟာကိုယ္ေနခဲ့ၾကတယ္ဆိုေတာ့ရွည္ ရွည္ေဝးေဝးလည္း မေျပာ ေတာ့ဘူး။ အဲဒီေတာ့ လုပ္ မယ္ဆိုတဲ့အလုပ္ကိုပဲ လုပ္ေတာ့မယ္။ ေၾကာက္ေနတယ္ဆိုရင္ေတာ့ အစက တည္းကမလုပ္ဘူးေပါ့ေနာ္။ လုပ္မယ္လို႔စဥ္းစားၿပီးရင္ လုပ္မယ္။ ဟိုလိုျဖစ္ႏိုင္တယ္ ဒီလိုျဖစ္ႏိုင္တယ္ အခု အမ်ိဳးမ်ိဳး ေျပာတာေပါ့ေနာ္။ မယုံၾကပါဘူး။ ပါတီ ေတြကကိုေျပာေသးတယ္။ ဘယ္ခလုတ္က ဘယ္ လိုလုပ္ရင္ဘာျဖစ္ႏိုင္တယ္။ အမ်ိဳးမ်ိဳးေျပာၾကတာ ေပါ့ေနာ္။ ကြၽန္မေတာ့ စဥ္းစားၾကည့္မိတယ္ လူေတြက တစ္ေယာက္နဲ႔ တစ္ေယာက္ကို ယုံၾကည္မႈ မရွိၾကေတာ့ဘူးေပါ့ေနာ္။ ဒီလူေတြအရင္ကလို လည္းမဟုတ္ဘူး။ အခ်ိန္ေတြက ေျပာင္းသြားတဲ့အခါ တခါတေလေတာ့ စိတ္ပ်က္တယ္။ ျဖစ္ေပၚလာတဲ့ အေျခအေနႀကီးေပါ့ေလ။ ဒါကလည္း တစ္ကမာၻလုံး ျဖစ္တာပါ။ ယုံၾကည္မႈေတြမရွိၾကေတာ့ပါဘူး။ တိုင္းျပည္တစ္ျပည္နဲ႔တစ္ျပည္ ဒီလိုပဲ။ ျဖစ္ခ်ိန္ တန္ရင္ေတာ့ျဖစ္သြားမယ္။ ကြၽန္မက ဘာသာတ ရားနဲ႔ျပန္စဥ္းစားတယ္။ ျဖစ္ခ်ိန္တန္ရင္ ျဖစ္သြားမယ္။ အေကာင္းဆုံးျဖစ္ေအာင္ ကိုယ္ႀကိဳးစားတယ္။ အဲဒီ မွာမွ ျဖစ္မလာႏိုင္ရင္ေတာ့လည္း မတတ္ႏိုင္ဘူး။ အဲဒါကိုပဲ စဥ္းစားေနမယ္ ေတြးေခၚေနမယ္ဆိုရင္ အဲဒီဇာတ္လမ္း ဘယ္ေတာ့မွမၿပီးေတာ့ဘူး။ လုပ္ခ်င္ တဲ့လူလည္းလုပ္ မတတ္ႏိုင္ဘူး။ ကြၽန္မတစ္ခု ဘာေတြ႕လဲဆိုေတာ့ တစ္တိုင္းျပည္လုံးအတြက္ လုပ္ ေနတာ ကြၽန္မတို႔ကိုယ့္လူမ်ိဳးအတြက္လုပ္ေနတာ ေတာင္မွ အခက္အခဲေတြအမ်ားႀကီး ေတြ႕တယ္။ လူေတြရဲ႕အေတြးအေခၚေတြဟာ တစ္ ေယာက္နဲ႔တစ္ ေယာက္ ဘယ္လိုမွမတူညီၾကဘူး။ အဲဒီေတာ့ ကိုယ္ကဘယ္ေလာက္ပဲေစတနာသန႔္သန႔္နဲ႔လုပ္လုပ္ ေတြးေခၚမႈနဲ႔အေပါက္ေတြရွာၿပီး လုပ္ေနတဲ့လူေတြက မ်ိဳးစုံရွိတယ္။ ျဖစ္လာႏိုင္ရင္လည္းျဖစ္လာႏိုင္တယ္။ လူေတြရဲ႕ မသိနားမလည္မႈအေပၚမွာ ဒီလိုလုပ္သြား တာေတြလည္း အမ်ားႀကီးရွိတာကိုး။ အမ်ားႀကီး ရွိတာဆိုေတာ့ ျဖစ္ရင္လည္းျဖစ္လာႏိုင္တယ္။ ျဖစ္ လာရင္လည္း တိုင္းျပည္အတြက္ ကံၾကမၼာပဲ။ မတတ္ႏိုင္ဘူး။ အစိုးရအတြက္ကံၾကမၼာပဲ။ သူတို႔မဟုတ္တာလုပ္ရင္ သူတို႔ခံရမွာပဲ။ ကြၽန္မက ေတာ့ အဲဒီလိုပဲတြက္တယ္။

အခုလိုေျဖၾကားေပးတာ ေက်းဇူးတင္ပါတယ္။

Related news

© 2021. All rights reserved.