ပြည်သူနှင့်ဆက်ဆံရာတွင် ပိုမိုအဆင်ပြေစေရန် ကျန်းမာရေးဝန်ကြီးဌာန ကြိုးပမ်းနေဟုဆို

134

သန့်ဇင် (NP News) - စက်တင်ဘာလ ၁၇
ပြည်သူနှင့် ဆက်ဆံရာတွင် ပိုမိုအဆင်ပြေ စေရန် ကျန်းမာရေးဝန်ကြီးဌာနကြိုးပမ်းနေကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီး ဌာနမှူး ဒေါက်တာသန်းနိုင်စိုးက NP News သို့ ပြောကြားချက်များအရ သိရသည်။
ပြည်သူအများစုအနေဖြင့် အစိုးရဆေးရုံ များကိုသာ အားကိုးအားထားပြုနေရသော်လည်း ပြည်သူ့ဆေးရုံများရှိ ကျန်းမာရေးဝန်ထမ်းအပါအဝင် သန့်ရှင်းရေးဝန်ထမ်း၊ လုံခြုံရေးဝန်ထမ်းအချို့၏ မချေမငံပြောဆိုဆက်ဆံမှုတို့ကြောင့် ဆေးကုသမှု လာရောက်ခံယူသည့် လူနာများ၊ လူနာရှင်မိသားစုဝင် များနှင့် ဝန်ထမ်းများကြား မပြေလည်မှုများရှိခဲ့ကြောင်း သိရသည်။
" ရန်ကုန်ဆေးရုံကြီးမှာဆိုရင် သန့်ရှင်းရေး ဝန်ထမ်းတွေ မျက်နှာတွေစူပုပ်ပြီး ပိုက်ဆံတောင်း တာ ရှိတယ်။ တချို့ဆိုလည်း ဆရာဝန်တွေ ငေါက်တာ ခံရတာရှိတယ်။ အဆင်မပြေတာတွေလည်း ရှိတယ် " ဟု ဆေးရုံဆေးခန်းများနှင့် နီးစပ်သူ တစ်ဦးက NP News သို့ ပြောသည်။
ကျန်းမာရေးဝန်ထမ်းများအနေဖြင့်လည်း ကျန်းမာရေးစောင့်ရှောက်မှုလာရောက်ခံယူသည့် လူနာများကို ဦးစားပေးအရ ဆောင်ရွက်ပေးရသည့် ဖြစ်စဉ်များရှိနေသည့်အတွက် ဝန်ထမ်းနှင့် လူနာများအကြား မပြေလည်မှုများ ဖြစ်ပေါ်ခြင်းဖြစ် ကြောင်း ဒေါက်တာသန်းနိုင်စိုးက ပြောသည်။
ထို့ကြောင့် ပြည်သူ့ဆေးရုံများရှိ ကျန်းမာ ရေးဝန်ထမ်းများနှင့် လူနာအကြား ဆက်ဆံရေး ပိုမိုအဆင်ပြေစေရန် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဆေးလူမှုဆက်ဆံရေးဌာန ထားရှိကာ ဖြေရှင်းဆောင် ရွက်ပေးနေပြီး ပြည်သူလူထု ပိုမိုအားကိုးရသည့် ဆေးရုံဆေးခန်းဖြစ်စေရန် ဆောင်ရွက်နေကြောင်း လည်း သိရသည်။
" ဆေးရုံ၊ ဆေးခန်း လုပ်ငန်းသဘာဝအရ တဖက်ကကျတော့လည်း သူရဲ့ ဦးစားပေးအရ လုပ်ရ တဲ့ ဟာတွေရှိတယ်။ အရေးကြီးတာကို ပိုဦးစားပေး လုပ်တာပေါ့။ ဒါပေမဲ့လည်း တစ်ဖက်က သူ့ကို မကြည့် ပေးဘူးလားပေါ့။ ဒါမျိုးကလည်း ဟိုးကတည်းက ရှိတာပေါ့။ အဲဒီ (၂) ခုမှာ မျှမျှတတနဲ့ ဦးစားပေး လုပ်ဆောင်ရတာတွေကို နားလည်အောင်ရှင်းပြဖို့ ပေါ့။ မိသားစုဘက်က ကြည့်တော့လည်း မှန်ပါတယ်။ ဒါမျိုးလေးတွေဖြစ်တဲ့အခါ ဆေးလူမှုဆက်ဆံရေးမှူး ဆိုပြီးတော့ ဆေးရုံကြီးရင် ကြီးသလိုထားတယ်။ လူ နာတွေရဲ့ အခက်အခဲ ကူညီဖြေရှင်းပေးတဲ့သဘောပေါ့ နော်။ ပြဿနာတစ်စုံတစ်ခုပေါ်လာရင် ကျန်းမာရေး ဝန်ထမ်းကိုယ်တိုင်က တိုက်ရိုက်ဖြေရှင်းတာထက် စာရင် ဆေးလူမှုဆက်ဆံရေးမှူးကို အကူအညီ တောင်းလိုက်တဲ့အခါကျရင် အကုန်ညှိနှိုင်းပြီး လုပ် ပေးရတာပေါ့နော်။ နောက်ပြီးတော့ ဃျေန အလိုက် ပေါ့နော်။ ဖြစ်ပွားလာနိုင်တဲ့ ဃျေန အလိုက် ပြန်သုံး သပ်ပြီးတော့ နောက် ဒါမျိုးမပေါ်ပေါက်စေရေးတွေ ကိုလည်း လုပ်နေပါတယ်။ တိုက်နယ်ဆေးရုံကအစ အကုန်လုံးမှာ ဆက်ဆံရေးကောင်းဖို့လုပ်နေတာပါ။ ကျန်းမာရေးဌာနအားလုံးမှာ ပြည်သူလူထုနဲ့ ကျန်းမာ ရေးဝန်ထမ်းနဲ့ ဆက်ဆံရေးကောင်းမွန်မှသာလျှင် ကျန်းမာရေးစောင့်ရှောက်မှုတွေက အပြန်အလှန် တိုးတက်ကောင်းမွန်မှာပါ။ ကျန်းမာရေးစောင့်ရှောက် မှုကို ပေးအပ်သူနဲ့ လက်ခံသူပေါ့နော်။ ကြားမှာ အဆင်ပြေမှ လုပ်ငန်းတွေလည်း အောင်မြင်မယ်။ ပြည်သူလူထုကလည်း ဆေးရုံတွေကို ပိုအားကိုးမယ်" ဟု ဒေါက်တာသန်းနိုင်စိုးက ပြောသည်။

Zawgyi Version:
ျပည္သူႏွင့္ ဆက္ဆံရာတြင္ ပိုမိုအဆင္ေျပေစရန္ က်န္းမာေရးဝန္ႀကီးဌာနႀကိဳးပမ္းေနဟုဆို
သန႔္ဇင္ (NP News) - စက္တင္ဘာလ ၁၇
ျပည္သူႏွင့္ ဆက္ဆံရာတြင္ ပိုမိုအဆင္ေျပ ေစရန္ က်န္းမာေရးဝန္ႀကီးဌာနႀကိဳးပမ္းေနေၾကာင္း တိုင္းေဒသႀကီး ျပည္သူ႔က်န္းမာေရး/ကုသေရးဦးစီး ဌာနမႉး ေဒါက္တာသန္းႏိုင္စိုးက NP News သို႔ ေျပာၾကားခ်က္မ်ားအရ သိရသည္။
ျပည္သူအမ်ားစုအေနျဖင့္ အစိုးရေဆး႐ုံ မ်ားကိုသာ အားကိုးအားထားျပဳေနရေသာ္လည္း ျပည္သူ႔ေဆး႐ုံမ်ားရွိ က်န္းမာေရးဝန္ထမ္းအပါအဝင္ သန႔္ရွင္းေရးဝန္ထမ္း၊ လုံၿခဳံေရးဝန္ထမ္းအခ်ိဳ႕၏ မေခ်မငံေျပာဆိုဆက္ဆံမႈတို႔ေၾကာင့္ ေဆးကုသမႈ လာေရာက္ခံယူသည့္ လူနာမ်ား၊ လူနာရွင္မိသားစုဝင္ မ်ားႏွင့္ ဝန္ထမ္းမ်ားၾကား မေျပလည္မႈမ်ားရွိခဲ့ေၾကာင္း သိရသည္။
" ရန္ကုန္ေဆး႐ုံႀကီးမွာဆိုရင္ သန႔္ရွင္းေရး ဝန္ထမ္းေတြ မ်က္ႏွာေတြစူပုပ္ၿပီး ပိုက္ဆံေတာင္း တာ ရွိတယ္။ တခ်ိဳ႕ဆိုလည္း ဆရာဝန္ေတြ ေငါက္တာ ခံရတာရွိတယ္။ အဆင္မေျပတာေတြလည္း ရွိတယ္ " ဟု ေဆး႐ုံေဆးခန္းမ်ားႏွင့္ နီးစပ္သူ တစ္ဦးက NP News သို႔ ေျပာသည္။
က်န္းမာေရးဝန္ထမ္းမ်ားအေနျဖင့္လည္း က်န္းမာေရးေစာင့္ေရွာက္မႈလာေရာက္ခံယူသည့္ လူနာမ်ားကို ဦးစားေပးအရ ေဆာင္႐ြက္ေပးရသည့္ ျဖစ္စဥ္မ်ားရွိေနသည့္အတြက္ ဝန္ထမ္းႏွင့္ လူနာမ်ားအၾကား မေျပလည္မႈမ်ား ျဖစ္ေပၚျခင္းျဖစ္ ေၾကာင္း ေဒါက္တာသန္းႏိုင္စိုးက ေျပာသည္။
ထို႔ေၾကာင့္ ျပည္သူ႔ေဆး႐ုံမ်ားရွိ က်န္းမာ ေရးဝန္ထမ္းမ်ားႏွင့္ လူနာအၾကား ဆက္ဆံေရး ပိုမိုအဆင္ေျပေစရန္ က်န္းမာေရးဝန္ႀကီးဌာနအေနျဖင့္ ေဆးလူမႈဆက္ဆံေရးဌာန ထားရွိကာ ေျဖရွင္းေဆာင္ ႐ြက္ေပးေနၿပီး ျပည္သူလူထု ပိုမိုအားကိုးရသည့္ ေဆး႐ုံေဆးခန္းျဖစ္ေစရန္ ေဆာင္႐ြက္ေနေၾကာင္း လည္း သိရသည္။
" ေဆး႐ုံ၊ ေဆးခန္း လုပ္ငန္းသဘာဝအရ တဖက္ကက်ေတာ့လည္း သူရဲ႕ ဦးစားေပးအရ လုပ္ရ တဲ့ ဟာေတြရွိတယ္။ အေရးႀကီးတာကို ပိုဦးစားေပး လုပ္တာေပါ့။ ဒါေပမဲ့လည္း တစ္ဖက္က သူ႔ကို မၾကည့္ ေပးဘူးလားေပါ့။ ဒါမ်ိဳးကလည္း ဟိုးကတည္းက ရွိတာေပါ့။ အဲဒီ (၂) ခုမွာ မွ်မွ်တတနဲ႔ ဦးစားေပး လုပ္ေဆာင္ရတာေတြကို နားလည္ေအာင္ရွင္းျပဖို႔ ေပါ့။ မိသားစုဘက္က ၾကည့္ေတာ့လည္း မွန္ပါတယ္။ ဒါမ်ိဳးေလးေတြျဖစ္တဲ့အခါ ေဆးလူမႈဆက္ဆံေရးမႉး ဆိုၿပီးေတာ့ ေဆး႐ုံႀကီးရင္ ႀကီးသလိုထားတယ္။ လူ နာေတြရဲ႕ အခက္အခဲ ကူညီေျဖရွင္းေပးတဲ့သေဘာေပါ့ ေနာ္။ ျပႆနာတစ္စုံတစ္ခုေပၚလာရင္ က်န္းမာေရး ဝန္ထမ္းကိုယ္တိုင္က တိုက္႐ိုက္ေျဖရွင္းတာထက္ စာရင္ ေဆးလူမႈဆက္ဆံေရးမႉးကို အကူအညီ ေတာင္းလိုက္တဲ့အခါက်ရင္ အကုန္ညႇိႏႈိင္းၿပီး လုပ္ ေပးရတာေပါ့ေနာ္။ ေနာက္ၿပီးေတာ့ ေဃ်န အလိုက္ ေပါ့ေနာ္။ ျဖစ္ပြားလာႏိုင္တဲ့ ေဃ်န အလိုက္ ျပန္သုံး သပ္ၿပီးေတာ့ ေနာက္ ဒါမ်ိဳးမေပၚေပါက္ေစေရးေတြ ကိုလည္း လုပ္ေနပါတယ္။ တိုက္နယ္ေဆး႐ုံကအစ အကုန္လုံးမွာ ဆက္ဆံေရးေကာင္းဖို႔လုပ္ေနတာပါ။ က်န္းမာေရးဌာနအားလုံးမွာ ျပည္သူလူထုနဲ႔ က်န္းမာ ေရးဝန္ထမ္းနဲ႔ ဆက္ဆံေရးေကာင္းမြန္မွသာလွ်င္ က်န္းမာေရးေစာင့္ေရွာက္မႈေတြက အျပန္အလွန္ တိုးတက္ေကာင္းမြန္မွာပါ။ က်န္းမာေရးေစာင့္ေရွာက္ မႈကို ေပးအပ္သူနဲ႔ လက္ခံသူေပါ့ေနာ္။ ၾကားမွာ အဆင္ေျပမွ လုပ္ငန္းေတြလည္း ေအာင္ျမင္မယ္။ ျပည္သူလူထုကလည္း ေဆး႐ုံေတြကို ပိုအားကိုးမယ္" ဟု ေဒါက္တာသန္းႏိုင္စိုးက ေျပာသည္။