တရုတ်နိုင်ငံတွင် မြန်မာ့ကျောက်မျက်ရတနာဈေးကွက်မြှင့်တင်ရေး ဆောင်ရွက်မည်

109

သန့်ဇင် (NP News) - စက်တင်ဘာ ၁၇
တရုတ်နိုင်ငံတွင် မြန်မာ့ကျောက်မျက်ရတနာဈေးကွက်မြှင့်တင်ရေး ဆောင်ရွက်ရန် နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ထံမှ သိရသည်။
မြန်မာ - တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး တွေ့ဆုံဆွေးနွေးပွဲ - The Soul Treasure of Myanmar ကို ယမန်နေ့ (စက်တင်ဘာ ၁၆ရက်)၊ နံနက် ၁၀ နာရီက တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့ရှိ နန်နင်းကုန်သွယ်ရေးကိုယ်စားလှယ်ရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
မြန်မာ့ကျောက်စိမ်းသည် တရုတ်နိုင်ငံတွင် လူသိများထင်ရှား၍ ဈေးကွက်ရရှိပြီးဖြစ်သည့် ထုတ်ကုန်တစ်ခုဖြစ်ပြီး မြန်မာ့အရည်အသွေးမြင့် ကျောက်မျက်ရတနာများဖြစ်သည့် ပတ္တမြားနှင့် နီလာတို့ကိုလည်း တရုတ်နိုင်ငံ ဈေးကွက်ထိုးဖောက်ဝင် ရောက်နိုင်ရန် ရည်ရွယ်၍ ယနေ့အခမ်းအနားကို ကျင်းပရခြင်းဖြစ်ပါကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေကဆိုသည်။
ကမ္ဘာတွင် ထင်ရှား ကျော်ကြားသည့် မြန်မာ့ပတ္တမြားသည် မြန်မာနိုင်ငံ မိုးကုတ်ဒေသမှ အဓိကထွက်ရှိပြီး မိုးကုတ်ပတ္တမြားကို ရှေးမြန်မာဘုရင်များလက်ထက်ကတည်းက တော်ဝင်နန်းသုံးရတနာအဖြစ် တန်ဖိုးထားအသုံးပြုခဲ့ကြပါကြောင်းနှင့် သီရိလင်္ကာ၊ ဩစတြေးလျ၊ ကက်ရှ်မီးယား၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် အမေရိကန်နိုင်ငံတို့တွင် နီလာကို ထွက်ရှိပြီး မြန်မာ့နီလာသည် ကမ္ဘာပေါ်တွင် ဒုတိယမြောက် အရည်အသွေးအကောင်းဆုံးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ယနေ့အခမ်းအနားကို တရုတ်နိုင်ငံ ကွမ်ရှီး၊ ကွမ်တုံ၊ ဟူနန်၊ ယူနန်၊ ဟိုင်နန်၊ ဟောင်ကောင်၊ မကာအိုနှင့် အခြားဈေးကွက်အလား အလာရှိသော ဒေသများမှ ကုန်သည်လုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြသည့်အတွက် မြန်မာ့ပတ္တမြားနှင့် နီလာကုန်သည်လုပ်ငန်းရှင်များနှင့် ဈေးကွက်ချိတ်ဆက်နိုင်မည်ဟု မျှော်လင့်ပါ ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ထို့နောက် ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (ရန်ကုန်)နှင့် မြန်မာကုန်သွယ်ရေးစင်တာ (ဟိုင်နန်) တို့အကြား တရုတ်နိုင်ငံတွင် မြန်မာ့ကျောက်မျက်ရတနာဈေးကွက်မြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်စာလွှာကို လဲလှယ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံလက်ဖက်အသင်းမှ လုပ်ငန်းရှင်များလည်း တက်ရောက်ခဲ့ကြပြီး မြန်မာ့လက်ဖက်နှင့်လက်ဖက် ခြောက်များကို ခင်းကျင်းပြသသည့်အစီအစဉ်ကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
တ႐ုတ္ႏိုင္ငံတြင္ ျမန္မာ့ေက်ာက္မ်က္ရတနာေဈးကြက္ျမႇင့္တင္ေရး ေဆာင္႐ြက္မည္
သန႔္ဇင္ (NP News) - စက္တင္ဘာ ၁၇
တ႐ုတ္ႏိုင္ငံတြင္ ျမန္မာ့ေက်ာက္မ်က္ရတနာေဈးကြက္ျမႇင့္တင္ေရး ေဆာင္႐ြက္ရန္ နာရီတြင္ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန၊ ျမန္မာကုန္သြယ္မႈျမႇင့္တင္ေရးအဖြဲ႕ထံမွ သိရသည္။
ျမန္မာ - တ႐ုတ္ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈျမႇင့္တင္ေရး ေတြ႕ဆုံေဆြးေႏြးပြဲ - The Soul Treasure of Myanmar ကို ယမန္ေန႔ (စက္တင္ဘာ ၁၆ရက္)၊ နံနက္ ၁၀ နာရီက တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ နန္နင္းၿမိဳ႕ရွိ နန္နင္းကုန္သြယ္ေရးကိုယ္စားလွယ္႐ုံး၌ က်င္းပခဲ့ေၾကာင္း သိရသည္။
ျမန္မာ့ေက်ာက္စိမ္းသည္ တ႐ုတ္ႏိုင္ငံတြင္ လူသိမ်ားထင္ရွား၍ ေဈးကြက္ရရွိၿပီးျဖစ္သည့္ ထုတ္ကုန္တစ္ခုျဖစ္ၿပီး ျမန္မာ့အရည္အေသြးျမင့္ ေက်ာက္မ်က္ရတနာမ်ားျဖစ္သည့္ ပတၱျမားႏွင့္ နီလာတို႔ကိုလည္း တ႐ုတ္ႏိုင္ငံ ေဈးကြက္ထိုးေဖာက္ဝင္ ေရာက္ႏိုင္ရန္ ရည္႐ြယ္၍ ယေန႔အခမ္းအနားကို က်င္းပရျခင္းျဖစ္ပါေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးခ်စ္ေဆြကဆိုသည္။
ကမာၻတြင္ ထင္ရွား ေက်ာ္ၾကားသည့္ ျမန္မာ့ပတၱျမားသည္ ျမန္မာႏိုင္ငံ မိုးကုတ္ေဒသမွ အဓိကထြက္ရွိၿပီး မိုးကုတ္ပတၱျမားကို ေရွးျမန္မာဘုရင္မ်ားလက္ထက္ကတည္းက ေတာ္ဝင္နန္းသုံးရတနာအျဖစ္ တန္ဖိုးထားအသုံးျပဳခဲ့ၾကပါေၾကာင္းႏွင့္ သီရိလကၤာ၊ ဩစေၾတးလ်၊ ကက္ရွ္မီးယား၊ ျမန္မာ၊ ထိုင္း၊ ကေမာၻဒီးယားႏွင့္ အေမရိကန္ႏိုင္ငံတို႔တြင္ နီလာကို ထြက္ရွိၿပီး ျမန္မာ့နီလာသည္ ကမာၻေပၚတြင္ ဒုတိယေျမာက္ အရည္အေသြးအေကာင္းဆုံးျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ယေန႔အခမ္းအနားကို တ႐ုတ္ႏိုင္ငံ ကြမ္ရွီး၊ ကြမ္တုံ၊ ဟူနန္၊ ယူနန္၊ ဟိုင္နန္၊ ေဟာင္ေကာင္၊ မကာအိုႏွင့္ အျခားေဈးကြက္အလား အလာရွိေသာ ေဒသမ်ားမွ ကုန္သည္လုပ္ငန္းရွင္မ်ားႏွင့္ အသင္းအဖြဲ႕ကိုယ္စားလွယ္မ်ား ပါဝင္တက္ေရာက္ၾကသည့္အတြက္ ျမန္မာ့ပတၱျမားႏွင့္ နီလာကုန္သည္လုပ္ငန္းရွင္မ်ားႏွင့္ ေဈးကြက္ခ်ိတ္ဆက္ႏိုင္မည္ဟု ေမွ်ာ္လင့္ပါ ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ထို႔ေနာက္ ေက်ာက္မ်က္ရတနာလုပ္ငန္းရွင္မ်ားအသင္း (ရန္ကုန္)ႏွင့္ ျမန္မာကုန္သြယ္ေရးစင္တာ (ဟိုင္နန္) တို႔အၾကား တ႐ုတ္ႏိုင္ငံတြင္ ျမန္မာ့ေက်ာက္မ်က္ရတနာေဈးကြက္ျမႇင့္တင္ေရး ပူးေပါင္းေဆာင္႐ြက္မႈဆိုင္ရာ သေဘာတူညီခ်က္စာလႊာကို လဲလွယ္ခဲ့ေၾကာင္း သိရသည္။
အဆိုပါအခမ္းအနားသို႔ ျမန္မာႏိုင္ငံလက္ဖက္အသင္းမွ လုပ္ငန္းရွင္မ်ားလည္း တက္ေရာက္ခဲ့ၾကၿပီး ျမန္မာ့လက္ဖက္ႏွင့္လက္ဖက္ ေျခာက္မ်ားကို ခင္းက်င္းျပသသည့္အစီအစဥ္ကိုလည္း ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။