ဥရောပတိုက်တွင် အပူချိန်မြင့်မားမှုများကြောင့် လူပေါင်း အနည်းဆုံး ၁၆၅၀၀ ကျော် သေဆုံးခဲ့ဟုဆို

 64

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၈

ဥရောပတိုက်၏ နွေရာသီကာလအတွင်း ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် အနည်းဆုံးလပေါင်း ၁၆၅၀၀ ကျော် သေဆုံးခဲ့ကြောင်း သိပ္ပံပညာရှင်များက သုံးသပ်ပြောဆိုခဲ့သည်။
အပူချိန်မြင့်တက်မှု နှင့် အပူလိုင်းဖြတ်သန်းမှုများကြောင့် သေဆုံးသူအရေအတွက်မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ဗြိတိန်အခြေစိုက်သုတေသီအဖွဲ့က ပြောသည်။

ဗြိတိန်အခြေစိုက်သုတေသီအဖွဲ့က ဇွန်လမှ သြဂုတ်လအတွင်း ဥရောပတဝှမ်းရှိ မြို့ပေါင်း ၈၅၄ မြို့၏ အပူချိန်သည် ယခင်ထက် ပိုမိုမြင့်တက်လာခဲ့ကြောင်း ပြောသည်။ ကမ္ဘာတဝှမ်းတွင်လည်း အပူချိန်မြင့်တက်ခြင်းများရှိခဲ့သလို ဥရောပတိုက်ရှိမြို့များတွင်လည်း နွေရာသီကာလအတွင်း အပူချိန်မြင့်တက်ခြင်းများကြောင့် လူသေဆုံးမှုများမြင့်တက်လာခြင်းဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှုများကြောင့် လူသားများ၏ ရုပ်ကြွင်းလောင်ကျွမ်းမှုဖြစ်စဉ်များကို ပိုမိုဖြစ်လာစေခဲ့ကြောင်း ဗြိတိန်အခြေစိုက်သုတေသီအဖွဲ့က ပြောသည်။

Zawgyi Version:



Related news

© 2021. All rights reserved.