စစ်ပွဲ၊ နည်းပညာနဲ့ ကြေးစားစီးပွားရေးတိုက်ပွဲ

 70

Htay Oung (NP News) - စက်တင်ဘာလ ၁၈

" ဘလက်ဝါးတား" အမည်ရှိ အငြင်းပွားဖွယ် ပုဂ္ဂလိကစစ်ဘက်ဆိုင်ရာကုမ္ပဏီ တည်ထောင်သူ]အဲ ရစ်ပရင့်စ်}ဟာ အခုတစ်ဖန် ယူကရိန်းရဲ့ ကြီးထွားလာ နေတဲ့ဒရုန်းလုပ်ငန်းမှာ ဝင်ရောက်ဖို့ကြိုးစားနေပြန်ပြီ လို့“Guardian” (7 September 2025) က ရေးပါ တယ်။
(၂၀ဝ၇) ခုနှစ် အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့မှာ သူ ရဲ့ကြေးစားစစ်သားတွေက အပြစ်မဲ့အရပ်သား (၁၇) ဦးကိုသတ်ဖြတ်ခဲ့ပြီးနောက် ပရင့်စ်တစ်ယောက် တရားခွင်တွေ၊ ထောင်ဒဏ်ချမှတ်မှုတွေ၊ ကုမ္ပဏီ ပြို ကွဲမှုတွေနဲ့အတူ နာမည်ဆိုးနဲ့ကျော်ကြားသူတစ် ယောက်ဖြစ်လာခဲ့ပါတယ်။ နာမည်ပျက်သွားပေမယ့် ကိယက်ဗ်မြို့ကိုအလည်အပတ်ရောက်ရှိနေတဲ့ ပရင့်စ်ဟာ ယူကရိန်းဒရုန်းကုမ္ပဏီတွေကို ဝယ်ယူ ဖို့ကြိုးစားနေကြောင်း သတင်းရင်းမြစ်တွေကပြောပါ တယ်။
Private Military Contractor (PMC) “ပုဂ္ဂ လိကစစ်ဘက်ဆိုင်ရာ ကန်ထရိုက်လုပ်ငန်း” ဆိုတာ ပုဂ္ဂလိကပိုင် သီးခြားကုမ္ပဏီ သို့မဟုတ် စီးပွားရေးလုပ် ငန်းတစ်ခုဖြစ်ပြီး တရားဝင်အစိုးရတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းကြီးတွေအတွက် အခငွေကြေးရယူပြီး စစ်ရေးနည်းဗျူဟာနဲ့ ထောက်ပံ့ ရေးဝန်ဆောင်မှုပေးတဲ့အဖွဲ့အစည်းတွေဖြစ်ပါတယ်။ သူတို့ဟာ-
- လုံခြုံရေးဝန်ဆောင်မှု (ဥပမာ ပုဂ္ဂလိကနဲ့ အစိုး ရပိုင်အဆောက်အအုံတွေကို ကာကွယ်ပေးခြင်း)
- စစ်ဘက်ဆိုင်ရာ လေ့ကျင့်သင်တန်းပေးခြင်း (ဥပမာ တပ်ရင်း တပ်ဖွဲ့တွေကို နည်းပညာနဲ့ မဟာ ဗျူဟာဆိုင်ရာ သင်ကြားပေးခြင်း)
- ထောက်ပံ့ရေးဝန်ဆောင်မှု (ဥပမာ လက်နက်၊ ယာဉ်နဲ့စက်ပစ္စည်းတွေကို အလိုရှိရာနေရာအရောက် ပို့ဆောင်သယ်ယူပေးခြင်း)
- နိုင်ငံတကာစီးပွားရေးလုပ်ငန်းတွေမှာ တိုက်ပွဲအ တွေ့အကြုံရှိသူစစ်သားဟောင်းတွေက လုံခြုံရေးဆိုင် ရာတာဝန်ယူပေးမှုတွေကို လုပ်ဆောင်ပါတယ်။
PMC တွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ တရားဝင်စစ် တပ်မဟုတ်ပါဘူး။ အထက်ဖော်ပြပါအဖွဲ့အစည်းတွေ အတွက် ဘယ်အလုပ်မှာ ပိုက်ဆံဘယ်လောက်လို့ နှစ်ဦးနှစ်ဖက်ညှိနှိုင်းပြီး ကန်ထရိုက်သဘော အချိန် ပိုင်း စစ်သားငှားစားတဲ့ စီးပွားရေးလုပ်ငန်းဖြစ်ပါတယ်။ ဝင်ငွေရဖို့သက်သက်ဦးတည်နေတဲ့ PMC တွေဟာ သမားရိုးကျစစ်တပ်မျိုးလို နိုင်ငံတကာဥပဒေတွေကို တိုက်ရိုက်မလိုက်နာရဘဲ၊ သူတို့ကုမ္ပဏီစည်းမျဉ်းတွေ နဲ့သာလုပ်ကိုင်ကြပါတယ်။
အမေရိကန်လို နိုင်ငံကြီးတွေသော်မှ အလွန် အန္တရာယ်များတဲ့ လုံခြုံရေးဆိုင်ရာကိစ္စတွေမှာ ကြေး စားစစ်သားတွေကို ငှားရမ်းအသုံးပြုနေပါတယ်။ တရားဝင် စစ်မှုထမ်းမဟုတ်တဲ့အတွက် သေဆုံး/ ဒဏ်ရာရရှိရင်လည်း လျော်ကြေးပေးလိုက်ရုံသာရှိပြီး သက်ဆိုင်ရာဆွေမျိုးမိဘတွေက ဖိအားပေးလာမှာကို စိုးရိမ်စရာမရှိတော့ပါဘူး၊ PMC တွေဟာ (၁၉၉၀) ပြည့်လွန်နှစ်တွေမှာ စတင်ပေါ်ပေါက်လာပြီး၊ အထူး သဖြင့် အမေရိကန်ရဲ့ အီရတ်နဲ့အာဖဂန်စစ်ပွဲကာလ တွေမှာ ပိုမိုအားကောင်းလာပါတယ်။
အစိုးရတွေအတွက် သူတို့ရဲ့လုပ်ဆောင်ချက် တွေက နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်ရေးအပေါ် အကျိုး သက်ရောက်မှုကြီးမားပါတယ်။ ဒါပေမဲ့ စစ်စရိတ် ဘတ်ဂျက်သက်သာခြင်း၊ မြန်ဆန်တဲ့ စစ်ရေးအခြေ အနေ တုံ့ပြန်မှုရရှိနိုင်တာကြောင့် တွက်ခြေကိုက်ပါ တယ်။ တခြားတစ်ဖက်မှာလည်း တာဝန်ခံမှုနည်းပါး တာ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ပေါ်တတ် ပါတယ်။
ဘလက်ဝါးတား (ယခု အကယ်ဒမီ) “Acad- emy” ဟာ အမေရိကန်ရဲ့ အီရတ်စစ်ပွဲမှာလူသိအများ ဆုံးကြေးစားစစ်သားအုပ်စုဖြစ်ပြီး၊ ရုရှားနဲ့ဆက်စပ်နေ တဲ့Wagner Group “ဝဂ္ဂနာအဖွဲ့” အပြင် နိုင်ငံတ ကာမှာ လုံခြုံရေးဝန်ဆောင်မှုပေးတဲ့ G4S ဗြိတိသျှ နိုင်ငံစုံ ကြေးစားစစ်သားလုပ်ငန်း၊ ဒိုင်ကော့ပ် Dyn­Corp အမေရိကန်ကြေးစားစစ်သားငှားရမ်းတဲ့ ကုမ္ပဏီကြီးတွေလည်းရှိနေပါသေးတယ်။
အခုအခါ အသက် (၅၆)နှစ်ရှိပြီဖြစ်တဲ့ “အဲရစ်စ် ဒင်းပရင့်စ်”ဟာ မီချီဂန်ပြည်နယ်မှာဖွားမြင်သူ အမေ ရိကန်လူမျိုး စီးပွားရေးသမား၊ ရင်းနှီးမြှုပ်နှံသူ၊ စာရေး ဆရာဖြစ်ပြီး ယခင်အမေရိကန် ရေတပ် အထူးတိုက် ခိုက်ရေး “နေဗီဆီးလ်” အရာရှိတစ်ဦးဖြစ်ပါတယ်။ စီးပွားရေးဘာသာရပ်နဲ့ တက္ကသိုလ်ဘွဲ့ရရှိခဲ့ပြီးနောက် (၁၉၉၂)ခုနှစ်မှစတင်ကာ အမေရိကန်ရေတပ် အထူး တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်အဖြစ် ဟေတီ၊ အရှေ့အ လယ်ပိုင်းနဲ့ ဘောလ်ကန်ဒေသစစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့ပါတယ်။
(၁၉၉၇)ခုနှစ်မှာ သူ့ဖခင်ဆုံးပါးပြီးနောက် ရေ တပ်မှထွက်ခွာပြီး ဘလက်ဝါးတား ယူအက်အေ (နောက်ပိုင်း အကယ်ဒမီအဖြစ်အမည်ပြောင်း)ကို တည်ထောင်ခဲ့ပါတယ်။ အီရတ်စစ်ပွဲအတွင်း အမေရိ ကန်အစိုးရထံမှ လုံခြုံရေးလုပ်ငန်း ကန်ထရိုက်ရရှိခဲ့ တဲ့ ဘလက်ဝါးတားဟာ (၂၀ဝ၇) ခုနှစ် အီရတ်နိုင်ငံ နီစွာရ်ရင်ပြင် အရပ်သား (၁၇)ဦးကိုသတ်ဖြတ်မှု ကြောင့် နိုင်ငံတကာအငြင်းပွားမှုတွေဖြစ်ပွားခဲ့ပါတယ်။ ပရင့်စ်ဟာ (၂၀ဝ၉) ခုနှစ်မှာ ဘလက်ဝါးတား CEO အဖြစ်မှနုတ်ထွက်ခဲ့ပြီး (၂၀၁၀) ပြည့်နှစ်မှာ ကုမ္ပဏီ ကိုရောင်းချခဲ့ပါတယ်။ အဲဒီနောက် “ဖရန်တီးယား ဆားဗစ် ဂရု” (FSG) ကဲ့သို့ တခြားလုံခြုံရေးနဲ့ ရင်းနှီး မြှုပ်နှံမှုဆိုင်ရာလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင် ခဲ့ပါတယ်။ FSG ဟာ ဟောင်ကောင်မှာအခြေစိုက်ပြီး အာဖရိကနဲ့အာရှတိုက်လို အန္တရာယ်များတဲ့ဒေသတွေ မှာ လုံခြုံရေးနဲ့ထောက်ပံ့ရေးဝန်ဆောင်မှုတွေကို တာ ဝန်ယူပေးခဲ့ပါတယ်။ မြန်မာနိုင်ငံ(မြစ်ဆုံဆည် တ ရုတ်ပညာရှင်များလုံခြုံရေး)အပါအဝင် နိုင်ငံအတော် များများမှာ လုပ်ငန်းလိုင်စင်ရယူပြီး လုပ်ကိုင်ခဲ့ကြောင်း သတင်းတွေလည်းထွက်ပေါ်ခဲ့ပါတယ်။
ဘလက်ဝါးတားဟာ လက်နက်ခိုးသွင်းမှုတွေ ကြောင့် (၂၀၁၂)ခုနှစ်မှာ ဒေါ်လာ (၄၉ ဒသမ ၅)သန်း လျော်ကြေးပေးခဲ့ရပြီး ပရင့်စ်ကိုယ်တိုင်လည်း လစ်ဗီးယားနိုင်ငံကို လက်နက်ခိုးသွင်းမှုနဲ့(၂၀၂၀) ပြည့်နှစ်မှာ FBI ရဲ့ စုံစမ်းစစ်ဆေးမှုနဲ့ရင်ဆိုင်ခဲ့ရပါ တယ်။ ပရင်စ်ရဲ့လုံခြုံရေးကုမ္ပဏီသစ် “ဗက်တပ်စ် ဂလိုဘယ်”ကိုယ်တိုင် ဒါမှမဟုတ် တခြားဆက်စပ် ကုမ္ပဏီတွေကတစ်ဆင့် ဟေတီနဲ့ အီကွေဒေါနိုင်ငံတွေ မှာ လုံခြုံရေးလုပ်ငန်းတွေလုပ်ကိုင်ခဲ့ပါတယ်။
(၂၀၂၅) ခုနှစ် ဩဂုတ်လမှာ ဗက်တပ်စ် ဂလို ဘယ်ကုမ္ပဏီဟာ ဟေတီအစိုးရနဲ့ တစ်နှစ်စာ လုံခြုံ ရေးကန်ထရိုက်စာချုပ်ကိုချုပ်ဆိုခဲ့ပြီး ဒီစာချုပ်ရဲ့ ရည်ရွယ်ချက်က ဟေတီပြည်တွင်း ရာဇဝတ်ဂိုဏ်း အုပ်စုတွေကြောင့် ပြင်းထန်တဲ့အကြမ်းဖက်မှုတွေကို ထိန်းချုပ်ဖို့နဲ့ အစိုးရအာဏာပြန်လည်ရရှိရေးအတွက် ကူညီဖို့ဖြစ်ပါတယ်။ ဗက်တပ်စ် ဂလိုဘယ်ဟာ အမေ ရိကန်၊ ဥရောပနဲ့ အခြားဒေသများမှ လူမျိုးစုံအပါအ ဝင် လူပေါင်း (၂၀ဝ)ခန့်ကို ဟေတီကို စေလွှတ်ပြီး၊ ဟေတီရဲ့ အမျိုးသားရဲတပ်ဖွဲ့နဲ့ ကင်ညာနိုင်ငံရဲတွေ ဦးဆောင်တဲ့ ကုလသမဂ္ဂထောက်ခံစစ်ဆင်ရေးတို့ကို အကြံပေးတာ၊ ပံ့ပိုးကူညီတာတွေ ပြုလုပ်ဖို့ဖြစ်ပါ တယ်။ အဲဒီအထဲမှာ အကြမ်းဖက်ဂိုဏ်းတွေကို ပစ် မှတ်ထားရှာဖွေမှုနဲ့ “ဖောက်ခွဲရေးပစ္စည်းတင် ဒရုန်း တွေ” အသုံးပြုတာတို့လည်းပါဝင်ပါတယ်။ ကုလ သမဂ္ဂရဲ့အဆိုအရ အဲဒီဒရုန်းတွေဟာ (၂၀၂၅) ခုနှစ် ဧပြီလမှမေလအတွင်း ဂိုဏ်းသား (၂၃၃)ဦးနဲ့ အရပ် သား (၃)ဦးအပါအဝင် လူပေါင်း (၂၃၆) ဦးကို သတ် ဖြတ်ခဲ့တယ်လို့ဆိုပါတယ်။ ဝန်ဆောင်မှုအတွက် ဟေ တီအစိုးရက ငွေပေးချေတယ်လို့ဆိုသော်လည်း တိကျ တဲ့ပမာဏကို ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ ပရင့်စ်ရဲ့နည်းဗျူဟာတွေဟာ ဥပဒေစိုးမိုးရေးဆိုင်ရာ စိုးရိမ်မှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။
အမေရိကန်အခြေစိုက် ပုဂ္ဂလိကစစ်တပ်ကုမ္ပဏီ တစ်ခုအနေနဲ့ ဟေတီမှာလုပ်ကိုင်ဖို့ အမေရိကန်အစိုး ရရဲ့ခွင့်ပြုချက်လိုအပ်နိုင်ပါတယ်။ ဒါပေမဲ့ စာချုပ်နဲ့ ပတ်သက်ပြီး မည်သည့်ငွေကြေးထောက်ပံ့မှုမျှ မပေး ထား၊ မည်သည့် ကြီးကြပ်မှုမျှလည်းမရှိကြောင်း အမေရိကန်အစိုးရကငြင်းဆိုပါတယ်။ သက်ဆိုင်ရာ တိုင်းပြည်ရဲ့ဥပဒေတွေနဲ့ပြည်သူတွေရဲ့ဂုဏ်သိက္ခာ ပိုင်းဆိုင်ရာအပေါ် ခံစားမှုမရှိတဲ့ နိုင်ငံခြားသားတွေက အခုလိုလုပ်ဆောင်ချက်တွေဟာ အခြေအနေကို ပိုမို ဆိုးရွားစေနိုင်ကြောင်း ဝေဖန်သူတွေက သတိပေးခဲ့ ကြပါတယ်။ ပရင့်စ်ဟာ (၂၀၂၅)ခုနှစ် အီကွေဒေါနိုင်ငံ မူးယစ်ဆေးဆက်နွှယ်တဲ့ အကြမ်းဖက်မှုတွေနဲ့ တရား မဝင်ငါးဖမ်းလုပ်ငန်းတိုက်ဖျက်ရေး နည်းဗျူဟာမဟာ မိတ်အဖွဲ့မှာလည်း ပါဝင်ပတ်သက်နေပါတယ်။ ကုမ္ပ ဏီဟာ အီကွေဒေါနိုင်ငံ တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့ကို လေ့ကျင့်သင်ကြားပေးမှုနဲ့ ပစ္စည်းကိရိယာထောက်ပံ့ပေးမှုတွေကိုပြုလုပ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ပရင့်စ်နဲ့ အီကွေဒေါနိုင်ငံတို့ စာချုပ်ချုပ်ဆိုမှုမှာ ဝါရှင်တန်နဲ့ ဆက်ဆံရေးကောင်းမွန်စေဖို့၊ အမေရိကန်ရင်းနှီးမြှုပ် နှံမှုတွေဆွဲဆောင်နိုင်စေဖို့ တောင်အမေရိကနိုင်ငံရဲ့ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းလည်း ဖြစ်နိုင်ပါတယ်။ အိမ်ဖြူတော်ကငြင်းဆိုပေမယ့် ဒီဖြစ်ရပ်တွေဟာ အမေရိကန်ပုဂ္ဂလိက ကြေးစားစစ်တပ်တွေအနေနဲ့ နိုင်ငံတကာလုံခြုံရေးစိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ ဝင်ရောက်စွက်ဖက် လာကြောင်းဖော်ပြနေပါတယ်။ ရှုတ်ချဝေဖန်မှုတွေ၊ နိုင်ငံတကာတရားဥပဒေနဲ့ လူ့အခွင့်အရေးဆိုင်ရာ မေးခွန်းထုတ်မှုတွေကိုလည်း ရင်ဆိုင်နေရဆဲဖြစ်ပါ တယ်။ ပရင့်စ်ဟာ လက်ရှိ ယူအေအီးနိုင်ငံ အဘူဒါဘီ မြို့မှာနေထိုင်ပြီး လုံခြုံရေးနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တွေကို ကမ္ဘာအနှံ့ ဆက်လက်လုပ်ကိုင်လျက်ရှိပါ တယ်။ သူ့ကိုယ်သူ လစ်ဘရယ်ဝါဒီတစ်ဦးအဖြစ် ပြော လေ့ရှိတဲ့ပရင့်စ်ဟာ လက်ရှိ တစ်ကျော့ပြန်သမ္မတ ဒေါ်နယ်ထရမ့်ကို ထောက်ခံသူဖြစ်ပါတယ်။ ထရမ့်နဲ့ အိမ်ဖြူတော်အုပ်စုက ရုရှားနဲ့ယူကရိန်းအကြား ဖြစ် နိုင်ခြေရှိတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ရှာဖွေနေချိန် ပရင့်စ်ကတော့ ယူကရိန်းမှာ သူ့ရဲ့ လက်ငုပ်လက်ရင်း ကြေးစားစစ်သားအလုပ်ကို ပြန်လည်အသက်သွင်းဖို့ခြေလှမ်းပြင်နေပါတယ်။ အတိ အကျလို့မဆိုနိုင်သေးပေမယ့် စစ်ပွဲကာလ ရုရှားတို့ သေဆုံးမှုရဲ့ (၈၀)ရာခိုင်နှုန်းခန့်အတွက် အရေးပါအ ရာရောက်တဲ့ဒရုန်းတွေကို အထိရောက်ဆုံး လက်နက် အဖြစ်ဖန်တီးပေးခဲ့ပါတယ်။ စစ်နှောင်းကာလ ယူက ရိန်းရဲ့စစ်မြေပြင်ဆိုင်ရာအချက်အလက်တွေနဲ့ လျင် မြန်စွာဖွံ့ဖြိုးနေတဲ့ဒရုန်းနည်းပညာကိုအရယူဖို့ အကြီး အကျယ်မျှော်လင့်နေကြတဲ့ အနောက်နိုင်ငံ ရင်းနှီး မြှုပ်နှံသူတွေနဲ့ ကာကွယ်ရေးကုမ္ပဏီတွေကိုဆွဲဆောင် ခဲ့ပါတယ်။ ပရင့်စ်ကိုယ်တိုင်ကလည်း အဲဒီလုပ်ငန်းကို မျှဝေပေးလိုကြောင်း သတင်းတွေထွက်ပေါ်နေပါ တယ်။
ပုဂ္ဂလိကစစ်ဘက်ဆိုင်ရာကန်ထရိုက်တာ (PMC) လို့ အမည်လှလှလေးပေးထားတဲ့ ကြေးစား စစ်သားတွေအတွက် ဒရုန်းတွေဟာ မရှိမဖြစ်လိုအပ် လာတယ်လို့ ကျွမ်းကျင်သူတွေကဆိုပါတယ်။ စစ် သားဟောင်းတွေကို အစောင့်တွေအဖြစ် ရိုးရှင်းစွာငှား ရမ်းကြတဲ့နေ့ရက်တွေကုန်ဆုံးသွားပါပြီ။ ခုတော့ ကြေးစားစစ်သားတွေဟာ ဒရုန်းတွေနဲ့ အီလက်ထရွန် နစ်စစ်ပွဲတွေကို အဓိကပံ့ပိုးပေးလိမ့်မယ်လို့ မျှော်လင့် ရပါတယ်။ ပရင့်စ်ဟာ အခုနှစ် ဟေတီနိုင်ငံတို့လို တခြားနေရာတွေမှာစမ်းသပ်ခဲ့ပြီး၊ အငြင်းပွားဖွယ် ဒရုန်းအသုံးပြု လုပ်ကြံသတ်ဖြတ်ခြင်းအစီအစဉ်အ တွက်အကြံပေးခဲ့ပါတယ်။ ပရင့်စ်ဟာ ကုမ္ပဏီသစ်ဖြစ် တဲ့ “ဗက်တပ်စ် ဂလိုဘယ်”Vectus Global အဖွဲ့ ဝင် ကြေးစားတိုက်ခိုက်ရေးသမား ရာနဲ့ချီစေလွှတ်ရာ မှာ တာဝန်ရှိသူဖြစ်တယ်လို့စွပ်စွဲခံထားရပါတယ်။ တစ်ချိန်က သူဟာ အာဖဂန်နစ္စတန်ရှိ သတ္တုတွင်းတွေ အတွက် သူရဲ့ကြေးစားစစ်သားတွေကို အသုံးပြုဖို့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။
ကာကွယ်ရေးနယ်ပယ်မှ တချို့ကတော့ ပရင့်စ် ရဲ့ နောက်ကြောင်းရာဇဝင်တွေဟာ သူ့ကိုထိခိုက်နိုင် လောက်အောင်မရှိဘူးလို့ဆိုကြပါတယ်။ သူဟာ အ ကျင့်ပျက်ခြစားသူတွေ၊ အာဏာရှင်ခေါင်းဆောင်တွေ နဲ့ နီးစပ်လွန်းသူအဖြစ် ရှုမြင်ခံရပြီး တရုတ်စစ်တပ်မှ စစ်သားဟောင်းတွေကိုခန့်အပ်ထားတဲ့ တရုတ်လုံခြုံ ရေးကုမ္ပဏီတွေနဲ့လည်း ယခင် အလုပ်အတူ လုပ် ဆောင်ခဲ့ဖူးတဲ့အတွက် အလုပ်အပ်နှံသူတွေမှာ လုံခြုံ ရေးအန္တရာယ်ဖြစ်နိုင်ေဲခရှိပါတယ်။ နာမည်ကြီး ယူက ရိန်းကုမ္ပဏီက ပရင့်စ်ကို လုပ်ငန်းရောင်းချမှာမဟုတ် ကြောင်း ဒရုန်းလုပ်ငန်းအမှုဆောင်အရာရှိတစ်ဦးက ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ အမေရိကန် ပင်တာဂွန် စစ် ဌာနချုပ်ဟာ ဒရုန်းထုတ်လုပ်မှုကိုချဲ့ထွင်မယ့် အဓိက အစီအစဉ်သစ်တစ်ရပ်ကိုကြေညာခဲ့ပြီး အနာဂတ် စစ် ပွဲနည်းပညာဖွံ့ဖြိုးတိုးတက်ရေးမှာ ကြေးစားစစ်သား တွေကို ငှားရမ်းအသုံးပြု/ပူးပေါင်းလုပ်ဆောင်ဖို့ ဆန္ဒ ရှိနေပါတယ်။ ဒရုန်းတွေဟာ မျိုးဆက်တစ်ခုရဲ့ အကြီး မားဆုံး စစ်မြေပြင်ဆိုင်ရာပြောင်းလဲမှုလို့ အမေရိကန် စစ်တပ်အကြီးအကဲတွေကဆိုကြပါတယ်။ ဂူဂဲလ်ကုမ္ပ ဏီအမှုဆောင်အရာရှိချုပ်ဟောင်း “အဲရစ်ရှမစ်”နဲ့ CIA ထောက်လှမ်းရေးညွှန်ကြားရေးမှူးဟောင်း “ဒေးဗစ် ပက်တားရပ်စ်”တို့လို တခြား အင်အားကြီး ပုဂ္ဂိုလ်တွေဟာ စစ်နှောင်းပိုင်း ယူကရိန်းရဲ့ဒရုန်းကဏ္ဍ အတွင်း အလျင်အမြန်ချင်းနင်းဝင်ရောက်နေပါပြီ။
အခုသတင်းတွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေး ဖို့ မေတ္တာရပ်ခံချက်တွေကို ပရင့်စ်က တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိပါဘူး၊ ဒါပေမဲ့ ပရင့်စ်ရဲ့လုပ်ရပ်တွေဟာ ဒရုန်းစစ်ပွဲရဲ့ နောင်အနာဂတ်ကို ထိန်းချုပ်ဖို့ယှဉ်ပြိုင် နေကြတဲ့ကြေးစားစစ်သားတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေ အတွက် စစ်ပွဲဆိုတာ လူအချင်းချင်း တစ်ဖက်နဲ့တစ် ဖက် လက်နက်ကိုင်အသက်လုတိုက်ခိုက်ကြခြင်း သက်သက်မဟုတ်တော့ဘဲ စီးပွားရေး အခွင့်အလမ်း တစ်ခုလည်းဖြစ်လာကြောင်း ပြသနေပါတယ်။

Zawgyi Version:
စစ္ပြဲ၊ နည္းပညာနဲ႔ ေၾကးစားစီးပြားေရးတိုက္ပြဲ
Htay Oung (NP News) - စက္တင္ဘာလ ၁၈
" ဘလက္ဝါးတား" အမည္ရွိ အျငင္းပြားဖြယ္ ပုဂၢလိကစစ္ဘက္ဆိုင္ရာကုမၸဏီ တည္ေထာင္သူ]အဲ ရစ္ပရင့္စ္}ဟာ အခုတစ္ဖန္ ယူကရိန္းရဲ႕ ႀကီးထြားလာ ေနတဲ့ဒ႐ုန္းလုပ္ငန္းမွာ ဝင္ေရာက္ဖို႔ႀကိဳးစားေနျပန္ၿပီ လို႔“Guardian” (7 September 2025) က ေရးပါ တယ္။
(၂၀ဝ၇) ခုႏွစ္ အီရတ္ႏိုင္ငံ ဘဂၢဒက္ၿမိဳ႕မွာ သူ ရဲ႕ေၾကးစားစစ္သားေတြက အျပစ္မဲ့အရပ္သား (၁၇) ဦးကိုသတ္ျဖတ္ခဲ့ၿပီးေနာက္ ပရင့္စ္တစ္ေယာက္ တရားခြင္ေတြ၊ ေထာင္ဒဏ္ခ်မွတ္မႈေတြ၊ ကုမၸဏီ ၿပိဳ ကြဲမႈေတြနဲ႔အတူ နာမည္ဆိုးနဲ႔ေက်ာ္ၾကားသူတစ္ ေယာက္ျဖစ္လာခဲ့ပါတယ္။ နာမည္ပ်က္သြားေပမယ့္ ကိယက္ဗ္ၿမိဳ႕ကိုအလည္အပတ္ေရာက္ရွိေနတဲ့ ပရင့္စ္ဟာ ယူကရိန္းဒ႐ုန္းကုမၸဏီေတြကို ဝယ္ယူ ဖို႔ႀကိဳးစားေနေၾကာင္း သတင္းရင္းျမစ္ေတြကေျပာပါ တယ္။
Private Military Contractor (PMC) “ပုဂၢ လိကစစ္ဘက္ဆိုင္ရာ ကန္ထ႐ိုက္လုပ္ငန္း” ဆိုတာ ပုဂၢလိကပိုင္ သီးျခားကုမၸဏီ သို႔မဟုတ္ စီးပြားေရးလုပ္ ငန္းတစ္ခုျဖစ္ၿပီး တရားဝင္အစိုးရေတြ၊ ႏိုင္ငံတကာ အဖြဲ႕အစည္းေတြ၊ စီးပြားေရးလုပ္ငန္းႀကီးေတြအတြက္ အခေငြေၾကးရယူၿပီး စစ္ေရးနည္းဗ်ဴဟာနဲ႔ ေထာက္ပံ့ ေရးဝန္ေဆာင္မႈေပးတဲ့အဖြဲ႕အစည္းေတြျဖစ္ပါတယ္။ သူတို႔ဟာ-
- လုံၿခဳံေရးဝန္ေဆာင္မႈ (ဥပမာ ပုဂၢလိကနဲ႔ အစိုး ရပိုင္အေဆာက္အအုံေတြကို ကာကြယ္ေပးျခင္း)
- စစ္ဘက္ဆိုင္ရာ ေလ့က်င့္သင္တန္းေပးျခင္း (ဥပမာ တပ္ရင္း တပ္ဖြဲ႕ေတြကို နည္းပညာနဲ႔ မဟာ ဗ်ဴဟာဆိုင္ရာ သင္ၾကားေပးျခင္း)
- ေထာက္ပံ့ေရးဝန္ေဆာင္မႈ (ဥပမာ လက္နက္၊ ယာဥ္နဲ႔စက္ပစၥည္းေတြကို အလိုရွိရာေနရာအေရာက္ ပို႔ေဆာင္သယ္ယူေပးျခင္း)
- ႏိုင္ငံတကာစီးပြားေရးလုပ္ငန္းေတြမွာ တိုက္ပြဲအ ေတြ႕အႀကဳံရွိသူစစ္သားေဟာင္းေတြက လုံၿခဳံေရးဆိုင္ ရာတာဝန္ယူေပးမႈေတြကို လုပ္ေဆာင္ပါတယ္။
PMC ေတြဟာ ႏိုင္ငံတစ္ႏိုင္ငံရဲ႕ တရားဝင္စစ္ တပ္မဟုတ္ပါဘူး။ အထက္ေဖာ္ျပပါအဖြဲ႕အစည္းေတြ အတြက္ ဘယ္အလုပ္မွာ ပိုက္ဆံဘယ္ေလာက္လို႔ ႏွစ္ဦးႏွစ္ဖက္ညႇိႏႈိင္းၿပီး ကန္ထ႐ိုက္သေဘာ အခ်ိန္ ပိုင္း စစ္သားငွားစားတဲ့ စီးပြားေရးလုပ္ငန္းျဖစ္ပါတယ္။ ဝင္ေငြရဖို႔သက္သက္ဦးတည္ေနတဲ့ PMC ေတြဟာ သမား႐ိုးက်စစ္တပ္မ်ိဳးလို ႏိုင္ငံတကာဥပေဒေတြကို တိုက္႐ိုက္မလိုက္နာရဘဲ၊ သူတို႔ကုမၸဏီစည္းမ်ဥ္းေတြ နဲ႔သာလုပ္ကိုင္ၾကပါတယ္။
အေမရိကန္လို ႏိုင္ငံႀကီးေတြေသာ္မွ အလြန္ အႏၲရာယ္မ်ားတဲ့ လုံၿခဳံေရးဆိုင္ရာကိစၥေတြမွာ ေၾကး စားစစ္သားေတြကို ငွားရမ္းအသုံးျပဳေနပါတယ္။ တရားဝင္ စစ္မႈထမ္းမဟုတ္တဲ့အတြက္ ေသဆုံး/ ဒဏ္ရာရရွိရင္လည္း ေလ်ာ္ေၾကးေပးလိုက္႐ုံသာရွိၿပီး သက္ဆိုင္ရာေဆြမ်ိဳးမိဘေတြက ဖိအားေပးလာမွာကို စိုးရိမ္စရာမရွိေတာ့ပါဘူး၊ PMC ေတြဟာ (၁၉၉၀) ျပည့္လြန္ႏွစ္ေတြမွာ စတင္ေပၚေပါက္လာၿပီး၊ အထူး သျဖင့္ အေမရိကန္ရဲ႕ အီရတ္နဲ႔အာဖဂန္စစ္ပြဲကာလ ေတြမွာ ပိုမိုအားေကာင္းလာပါတယ္။
အစိုးရေတြအတြက္ သူတို႔ရဲ႕လုပ္ေဆာင္ခ်က္ ေတြက ႏိုင္ငံေရး၊ စီးပြားေရးနဲ႔ စစ္ေရးအေပၚ အက်ိဳး သက္ေရာက္မႈႀကီးမားပါတယ္။ ဒါေပမဲ့ စစ္စရိတ္ ဘတ္ဂ်က္သက္သာျခင္း၊ ျမန္ဆန္တဲ့ စစ္ေရးအေျခ အေန တုံ႔ျပန္မႈရရွိႏိုင္တာေၾကာင့္ တြက္ေျခကိုက္ပါ တယ္။ တျခားတစ္ဖက္မွာလည္း တာဝန္ခံမႈနည္းပါး တာ၊ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ ျဖစ္ေပၚတတ္ ပါတယ္။
ဘလက္ဝါးတား (ယခု အကယ္ဒမီ) “Acad- emy” ဟာ အေမရိကန္ရဲ႕ အီရတ္စစ္ပြဲမွာလူသိအမ်ား ဆုံးေၾကးစားစစ္သားအုပ္စုျဖစ္ၿပီး၊ ႐ုရွားနဲ႔ဆက္စပ္ေန တဲ့Wagner Group “ဝဂၢနာအဖြဲ႕” အျပင္ ႏိုင္ငံတ ကာမွာ လုံၿခဳံေရးဝန္ေဆာင္မႈေပးတဲ့ G4S ၿဗိတိသွ် ႏိုင္ငံစုံ ေၾကးစားစစ္သားလုပ္ငန္း၊ ဒိုင္ေကာ့ပ္ Dyn­Corp အေမရိကန္ေၾကးစားစစ္သားငွားရမ္းတဲ့ ကုမၸဏီႀကီးေတြလည္းရွိေနပါေသးတယ္။
အခုအခါ အသက္ (၅၆)ႏွစ္ရွိၿပီျဖစ္တဲ့ “အဲရစ္စ္ ဒင္းပရင့္စ္”ဟာ မီခ်ီဂန္ျပည္နယ္မွာဖြားျမင္သူ အေမ ရိကန္လူမ်ိဳး စီးပြားေရးသမား၊ ရင္းႏွီးျမႇဳပ္ႏွံသူ၊ စာေရး ဆရာျဖစ္ၿပီး ယခင္အေမရိကန္ ေရတပ္ အထူးတိုက္ ခိုက္ေရး “ေနဗီဆီးလ္” အရာရွိတစ္ဦးျဖစ္ပါတယ္။ စီးပြားေရးဘာသာရပ္နဲ႔ တကၠသိုလ္ဘြဲ႕ရရွိခဲ့ၿပီးေနာက္ (၁၉၉၂)ခုႏွစ္မွစတင္ကာ အေမရိကန္ေရတပ္ အထူး တိုက္ခိုက္ေရးတပ္ဖြဲ႕ဝင္အျဖစ္ ေဟတီ၊ အေရွ႕အ လယ္ပိုင္းနဲ႔ ေဘာလ္ကန္ေဒသစစ္ဆင္ေရးေတြမွာ ပါဝင္ခဲ့ပါတယ္။
(၁၉၉၇)ခုႏွစ္မွာ သူ႔ဖခင္ဆုံးပါးၿပီးေနာက္ ေရ တပ္မွထြက္ခြာၿပီး ဘလက္ဝါးတား ယူအက္ေအ (ေနာက္ပိုင္း အကယ္ဒမီအျဖစ္အမည္ေျပာင္း)ကို တည္ေထာင္ခဲ့ပါတယ္။ အီရတ္စစ္ပြဲအတြင္း အေမရိ ကန္အစိုးရထံမွ လုံၿခဳံေရးလုပ္ငန္း ကန္ထ႐ိုက္ရရွိခဲ့ တဲ့ ဘလက္ဝါးတားဟာ (၂၀ဝ၇) ခုႏွစ္ အီရတ္ႏိုင္ငံ နီစြာရ္ရင္ျပင္ အရပ္သား (၁၇)ဦးကိုသတ္ျဖတ္မႈ ေၾကာင့္ ႏိုင္ငံတကာအျငင္းပြားမႈေတြျဖစ္ပြားခဲ့ပါတယ္။ ပရင့္စ္ဟာ (၂၀ဝ၉) ခုႏွစ္မွာ ဘလက္ဝါးတား CEO အျဖစ္မွႏုတ္ထြက္ခဲ့ၿပီး (၂၀၁၀) ျပည့္ႏွစ္မွာ ကုမၸဏီ ကိုေရာင္းခ်ခဲ့ပါတယ္။ အဲဒီေနာက္ “ဖရန္တီးယား ဆားဗစ္ ဂ႐ု” (FSG) ကဲ့သို႔ တျခားလုံၿခဳံေရးနဲ႔ ရင္းႏွီး ျမႇဳပ္ႏွံမႈဆိုင္ရာလုပ္ငန္းေတြကို ဆက္လက္လုပ္ကိုင္ ခဲ့ပါတယ္။ FSG ဟာ ေဟာင္ေကာင္မွာအေျခစိုက္ၿပီး အာဖရိကနဲ႔အာရွတိုက္လို အႏၲရာယ္မ်ားတဲ့ေဒသေတြ မွာ လုံၿခဳံေရးနဲ႔ေထာက္ပံ့ေရးဝန္ေဆာင္မႈေတြကို တာ ဝန္ယူေပးခဲ့ပါတယ္။ ျမန္မာႏိုင္ငံ(ျမစ္ဆုံဆည္ တ ႐ုတ္ပညာရွင္မ်ားလုံၿခဳံေရး)အပါအဝင္ ႏိုင္ငံအေတာ္ မ်ားမ်ားမွာ လုပ္ငန္းလိုင္စင္ရယူၿပီး လုပ္ကိုင္ခဲ့ေၾကာင္း သတင္းေတြလည္းထြက္ေပၚခဲ့ပါတယ္။
ဘလက္ဝါးတားဟာ လက္နက္ခိုးသြင္းမႈေတြ ေၾကာင့္ (၂၀၁၂)ခုႏွစ္မွာ ေဒၚလာ (၄၉ ဒသမ ၅)သန္း ေလ်ာ္ေၾကးေပးခဲ့ရၿပီး ပရင့္စ္ကိုယ္တိုင္လည္း လစ္ဗီးယားႏိုင္ငံကို လက္နက္ခိုးသြင္းမႈနဲ႔(၂၀၂၀) ျပည့္ႏွစ္မွာ FBI ရဲ႕ စုံစမ္းစစ္ေဆးမႈနဲ႔ရင္ဆိုင္ခဲ့ရပါ တယ္။ ပရင္စ္ရဲ႕လုံၿခဳံေရးကုမၸဏီသစ္ “ဗက္တပ္စ္ ဂလိုဘယ္”ကိုယ္တိုင္ ဒါမွမဟုတ္ တျခားဆက္စပ္ ကုမၸဏီေတြကတစ္ဆင့္ ေဟတီနဲ႔ အီေကြေဒါႏိုင္ငံေတြ မွာ လုံၿခဳံေရးလုပ္ငန္းေတြလုပ္ကိုင္ခဲ့ပါတယ္။
(၂၀၂၅) ခုႏွစ္ ဩဂုတ္လမွာ ဗက္တပ္စ္ ဂလို ဘယ္ကုမၸဏီဟာ ေဟတီအစိုးရနဲ႔ တစ္ႏွစ္စာ လုံၿခဳံ ေရးကန္ထ႐ိုက္စာခ်ဳပ္ကိုခ်ဳပ္ဆိုခဲ့ၿပီး ဒီစာခ်ဳပ္ရဲ႕ ရည္႐ြယ္ခ်က္က ေဟတီျပည္တြင္း ရာဇဝတ္ဂိုဏ္း အုပ္စုေတြေၾကာင့္ ျပင္းထန္တဲ့အၾကမ္းဖက္မႈေတြကို ထိန္းခ်ဳပ္ဖို႔နဲ႔ အစိုးရအာဏာျပန္လည္ရရွိေရးအတြက္ ကူညီဖို႔ျဖစ္ပါတယ္။ ဗက္တပ္စ္ ဂလိုဘယ္ဟာ အေမ ရိကန္၊ ဥေရာပနဲ႔ အျခားေဒသမ်ားမွ လူမ်ိဳးစုံအပါအ ဝင္ လူေပါင္း (၂၀ဝ)ခန႔္ကို ေဟတီကို ေစလႊတ္ၿပီး၊ ေဟတီရဲ႕ အမ်ိဳးသားရဲတပ္ဖြဲ႕နဲ႔ ကင္ညာႏိုင္ငံရဲေတြ ဦးေဆာင္တဲ့ ကုလသမဂၢေထာက္ခံစစ္ဆင္ေရးတို႔ကို အႀကံေပးတာ၊ ပံ့ပိုးကူညီတာေတြ ျပဳလုပ္ဖို႔ျဖစ္ပါ တယ္။ အဲဒီအထဲမွာ အၾကမ္းဖက္ဂိုဏ္းေတြကို ပစ္ မွတ္ထားရွာေဖြမႈနဲ႔ “ေဖာက္ခြဲေရးပစၥည္းတင္ ဒ႐ုန္း ေတြ” အသုံးျပဳတာတို႔လည္းပါဝင္ပါတယ္။ ကုလ သမဂၢရဲ႕အဆိုအရ အဲဒီဒ႐ုန္းေတြဟာ (၂၀၂၅) ခုႏွစ္ ဧၿပီလမွေမလအတြင္း ဂိုဏ္းသား (၂၃၃)ဦးနဲ႔ အရပ္ သား (၃)ဦးအပါအဝင္ လူေပါင္း (၂၃၆) ဦးကို သတ္ ျဖတ္ခဲ့တယ္လို႔ဆိုပါတယ္။ ဝန္ေဆာင္မႈအတြက္ ေဟ တီအစိုးရက ေငြေပးေခ်တယ္လို႔ဆိုေသာ္လည္း တိက် တဲ့ပမာဏကို ထုတ္ျပန္ထားျခင္းမရွိေသးပါဘူး။ ပရင့္စ္ရဲ႕နည္းဗ်ဴဟာေတြဟာ ဥပေဒစိုးမိုးေရးဆိုင္ရာ စိုးရိမ္မႈေတြကို ျဖစ္ေပၚေစခဲ့ပါတယ္။
အေမရိကန္အေျခစိုက္ ပုဂၢလိကစစ္တပ္ကုမၸဏီ တစ္ခုအေနနဲ႔ ေဟတီမွာလုပ္ကိုင္ဖို႔ အေမရိကန္အစိုး ရရဲ႕ခြင့္ျပဳခ်က္လိုအပ္ႏိုင္ပါတယ္။ ဒါေပမဲ့ စာခ်ဳပ္နဲ႔ ပတ္သက္ၿပီး မည္သည့္ေငြေၾကးေထာက္ပံ့မႈမွ် မေပး ထား၊ မည္သည့္ ႀကီးၾကပ္မႈမွ်လည္းမရွိေၾကာင္း အေမရိကန္အစိုးရကျငင္းဆိုပါတယ္။ သက္ဆိုင္ရာ တိုင္းျပည္ရဲ႕ဥပေဒေတြနဲ႔ျပည္သူေတြရဲ႕ဂုဏ္သိကၡာ ပိုင္းဆိုင္ရာအေပၚ ခံစားမႈမရွိတဲ့ ႏိုင္ငံျခားသားေတြက အခုလိုလုပ္ေဆာင္ခ်က္ေတြဟာ အေျခအေနကို ပိုမို ဆိုး႐ြားေစႏိုင္ေၾကာင္း ေဝဖန္သူေတြက သတိေပးခဲ့ ၾကပါတယ္။ ပရင့္စ္ဟာ (၂၀၂၅)ခုႏွစ္ အီေကြေဒါႏိုင္ငံ မူးယစ္ေဆးဆက္ႏႊယ္တဲ့ အၾကမ္းဖက္မႈေတြနဲ႔ တရား မဝင္ငါးဖမ္းလုပ္ငန္းတိုက္ဖ်က္ေရး နည္းဗ်ဴဟာမဟာ မိတ္အဖြဲ႕မွာလည္း ပါဝင္ပတ္သက္ေနပါတယ္။ ကုမၸ ဏီဟာ အီေကြေဒါႏိုင္ငံ တပ္မေတာ္နဲ႔ ရဲတပ္ဖြဲ႕တို႔ကို ေလ့က်င့္သင္ၾကားေပးမႈနဲ႔ ပစၥည္းကိရိယာေထာက္ပံ့ေပးမႈေတြကိုျပဳလုပ္ႏိုင္ပါလိမ့္မယ္။ ဒါေပမဲ့ ပရင့္စ္နဲ႔ အီေကြေဒါႏိုင္ငံတို႔ စာခ်ဳပ္ခ်ဳပ္ဆိုမႈမွာ ဝါရွင္တန္နဲ႔ ဆက္ဆံေရးေကာင္းမြန္ေစဖို႔၊ အေမရိကန္ရင္းႏွီးျမႇဳပ္ ႏွံမႈေတြဆြဲေဆာင္ႏိုင္ေစဖို႔ ေတာင္အေမရိကႏိုင္ငံရဲ႕ ႀကိဳးပမ္းမႈတစ္စိတ္တစ္ပိုင္းလည္း ျဖစ္ႏိုင္ပါတယ္။ အိမ္ျဖဴေတာ္ကျငင္းဆိုေပမယ့္ ဒီျဖစ္ရပ္ေတြဟာ အေမရိကန္ပုဂၢလိက ေၾကးစားစစ္တပ္ေတြအေနနဲ႔ ႏိုင္ငံတကာလုံၿခဳံေရးစိန္ေခၚမႈေတြကို ကိုင္တြယ္ေျဖရွင္းဖို႔ဆိုတဲ့အေၾကာင္းျပခ်က္နဲ႔ ဝင္ေရာက္စြက္ဖက္ လာေၾကာင္းေဖာ္ျပေနပါတယ္။ ရႈတ္ခ်ေဝဖန္မႈေတြ၊ ႏိုင္ငံတကာတရားဥပေဒနဲ႔ လူ႔အခြင့္အေရးဆိုင္ရာ ေမးခြန္းထုတ္မႈေတြကိုလည္း ရင္ဆိုင္ေနရဆဲျဖစ္ပါ တယ္။ ပရင့္စ္ဟာ လက္ရွိ ယူေအအီးႏိုင္ငံ အဘူဒါဘီ ၿမိဳ႕မွာေနထိုင္ၿပီး လုံၿခဳံေရးနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း ေတြကို ကမာၻအႏွံ႔ ဆက္လက္လုပ္ကိုင္လ်က္ရွိပါ တယ္။ သူ႔ကိုယ္သူ လစ္ဘရယ္ဝါဒီတစ္ဦးအျဖစ္ ေျပာ ေလ့ရွိတဲ့ပရင့္စ္ဟာ လက္ရွိ တစ္ေက်ာ့ျပန္သမၼတ ေဒၚနယ္ထရမ့္ကို ေထာက္ခံသူျဖစ္ပါတယ္။ ထရမ့္နဲ႔ အိမ္ျဖဴေတာ္အုပ္စုက ႐ုရွားနဲ႔ယူကရိန္းအၾကား ျဖစ္ ႏိုင္ေျခရွိတဲ့ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ကို ရွာေဖြေနခ်ိန္ ပရင့္စ္ကေတာ့ ယူကရိန္းမွာ သူ႔ရဲ႕ လက္ငုပ္လက္ရင္း ေၾကးစားစစ္သားအလုပ္ကို ျပန္လည္အသက္သြင္းဖို႔ေျခလွမ္းျပင္ေနပါတယ္။ အတိ အက်လို႔မဆိုႏိုင္ေသးေပမယ့္ စစ္ပြဲကာလ ႐ုရွားတို႔ ေသဆုံးမႈရဲ႕ (၈၀)ရာခိုင္ႏႈန္းခန႔္အတြက္ အေရးပါအ ရာေရာက္တဲ့ဒ႐ုန္းေတြကို အထိေရာက္ဆုံး လက္နက္ အျဖစ္ဖန္တီးေပးခဲ့ပါတယ္။ စစ္ေႏွာင္းကာလ ယူက ရိန္းရဲ႕စစ္ေျမျပင္ဆိုင္ရာအခ်က္အလက္ေတြနဲ႔ လ်င္ ျမန္စြာဖြံ႕ၿဖိဳးေနတဲ့ဒ႐ုန္းနည္းပညာကိုအရယူဖို႔ အႀကီး အက်ယ္ေမွ်ာ္လင့္ေနၾကတဲ့ အေနာက္ႏိုင္ငံ ရင္းႏွီး ျမႇဳပ္ႏွံသူေတြနဲ႔ ကာကြယ္ေရးကုမၸဏီေတြကိုဆြဲေဆာင္ ခဲ့ပါတယ္။ ပရင့္စ္ကိုယ္တိုင္ကလည္း အဲဒီလုပ္ငန္းကို မွ်ေဝေပးလိုေၾကာင္း သတင္းေတြထြက္ေပၚေနပါ တယ္။
ပုဂၢလိကစစ္ဘက္ဆိုင္ရာကန္ထ႐ိုက္တာ (PMC) လို႔ အမည္လွလွေလးေပးထားတဲ့ ေၾကးစား စစ္သားေတြအတြက္ ဒ႐ုန္းေတြဟာ မရွိမျဖစ္လိုအပ္ လာတယ္လို႔ ကြၽမ္းက်င္သူေတြကဆိုပါတယ္။ စစ္ သားေဟာင္းေတြကို အေစာင့္ေတြအျဖစ္ ႐ိုးရွင္းစြာငွား ရမ္းၾကတဲ့ေန႔ရက္ေတြကုန္ဆုံးသြားပါၿပီ။ ခုေတာ့ ေၾကးစားစစ္သားေတြဟာ ဒ႐ုန္းေတြနဲ႔ အီလက္ထ႐ြန္ နစ္စစ္ပြဲေတြကို အဓိကပံ့ပိုးေပးလိမ့္မယ္လို႔ ေမွ်ာ္လင့္ ရပါတယ္။ ပရင့္စ္ဟာ အခုႏွစ္ ေဟတီႏိုင္ငံတို႔လို တျခားေနရာေတြမွာစမ္းသပ္ခဲ့ၿပီး၊ အျငင္းပြားဖြယ္ ဒ႐ုန္းအသုံးျပဳ လုပ္ႀကံသတ္ျဖတ္ျခင္းအစီအစဥ္အ တြက္အႀကံေပးခဲ့ပါတယ္။ ပရင့္စ္ဟာ ကုမၸဏီသစ္ျဖစ္ တဲ့ “ဗက္တပ္စ္ ဂလိုဘယ္”Vectus Global အဖြဲ႕ ဝင္ ေၾကးစားတိုက္ခိုက္ေရးသမား ရာနဲ႔ခ်ီေစလႊတ္ရာ မွာ တာဝန္ရွိသူျဖစ္တယ္လို႔စြပ္စြဲခံထားရပါတယ္။ တစ္ခ်ိန္က သူဟာ အာဖဂန္နစၥတန္ရွိ သတၱဳတြင္းေတြ အတြက္ သူရဲ႕ေၾကးစားစစ္သားေတြကို အသုံးျပဳဖို႔ ကမ္းလွမ္းခဲ့ေပမယ့္ ပယ္ခ်ခံခဲ့ရပါတယ္။
ကာကြယ္ေရးနယ္ပယ္မွ တခ်ိဳ႕ကေတာ့ ပရင့္စ္ ရဲ႕ ေနာက္ေၾကာင္းရာဇဝင္ေတြဟာ သူ႔ကိုထိခိုက္ႏိုင္ ေလာက္ေအာင္မရွိဘူးလို႔ဆိုၾကပါတယ္။ သူဟာ အ က်င့္ပ်က္ျခစားသူေတြ၊ အာဏာရွင္ေခါင္းေဆာင္ေတြ နဲ႔ နီးစပ္လြန္းသူအျဖစ္ ရႈျမင္ခံရၿပီး တ႐ုတ္စစ္တပ္မွ စစ္သားေဟာင္းေတြကိုခန႔္အပ္ထားတဲ့ တ႐ုတ္လုံၿခဳံ ေရးကုမၸဏီေတြနဲ႔လည္း ယခင္ အလုပ္အတူ လုပ္ ေဆာင္ခဲ့ဖူးတဲ့အတြက္ အလုပ္အပ္ႏွံသူေတြမွာ လုံၿခဳံ ေရးအႏၲရာယ္ျဖစ္ႏိုင္ေဲခရွိပါတယ္။ နာမည္ႀကီး ယူက ရိန္းကုမၸဏီက ပရင့္စ္ကို လုပ္ငန္းေရာင္းခ်မွာမဟုတ္ ေၾကာင္း ဒ႐ုန္းလုပ္ငန္းအမႈေဆာင္အရာရွိတစ္ဦးက ေျပာပါတယ္။
တစ္ခ်ိန္တည္းမွာပဲ အေမရိကန္ ပင္တာဂြန္ စစ္ ဌာနခ်ဳပ္ဟာ ဒ႐ုန္းထုတ္လုပ္မႈကိုခ်ဲ႕ထြင္မယ့္ အဓိက အစီအစဥ္သစ္တစ္ရပ္ကိုေၾကညာခဲ့ၿပီး အနာဂတ္ စစ္ ပြဲနည္းပညာဖြံ႕ၿဖိဳးတိုးတက္ေရးမွာ ေၾကးစားစစ္သား ေတြကို ငွားရမ္းအသုံးျပဳ/ပူးေပါင္းလုပ္ေဆာင္ဖို႔ ဆႏၵ ရွိေနပါတယ္။ ဒ႐ုန္းေတြဟာ မ်ိဳးဆက္တစ္ခုရဲ႕ အႀကီး မားဆုံး စစ္ေျမျပင္ဆိုင္ရာေျပာင္းလဲမႈလို႔ အေမရိကန္ စစ္တပ္အႀကီးအကဲေတြကဆိုၾကပါတယ္။ ဂူဂဲလ္ကုမၸ ဏီအမႈေဆာင္အရာရွိခ်ဳပ္ေဟာင္း “အဲရစ္ရွမစ္”နဲ႔ CIA ေထာက္လွမ္းေရးၫႊန္ၾကားေရးမႉးေဟာင္း “ေဒးဗစ္ ပက္တားရပ္စ္”တို႔လို တျခား အင္အားႀကီး ပုဂၢိဳလ္ေတြဟာ စစ္ေႏွာင္းပိုင္း ယူကရိန္းရဲ႕ဒ႐ုန္းက႑ အတြင္း အလ်င္အျမန္ခ်င္းနင္းဝင္ေရာက္ေနပါၿပီ။
အခုသတင္းေတြနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပး ဖို႔ ေမတၱာရပ္ခံခ်က္ေတြကို ပရင့္စ္က တစ္စုံတစ္ရာ တုံ႔ျပန္ျခင္းမရွိပါဘူး၊ ဒါေပမဲ့ ပရင့္စ္ရဲ႕လုပ္ရပ္ေတြဟာ ဒ႐ုန္းစစ္ပြဲရဲ႕ ေနာင္အနာဂတ္ကို ထိန္းခ်ဳပ္ဖို႔ယွဥ္ၿပိဳင္ ေနၾကတဲ့ေၾကးစားစစ္သားေတြနဲ႔ ရင္းႏွီးျမႇဳပ္ႏွံသူေတြ အတြက္ စစ္ပြဲဆိုတာ လူအခ်င္းခ်င္း တစ္ဖက္နဲ႔တစ္ ဖက္ လက္နက္ကိုင္အသက္လုတိုက္ခိုက္ၾကျခင္း သက္သက္မဟုတ္ေတာ့ဘဲ စီးပြားေရး အခြင့္အလမ္း တစ္ခုလည္းျဖစ္လာေၾကာင္း ျပသေနပါတယ္။

Related news

© 2021. All rights reserved.