ရန်ကုန်မြို့တွင်လေ့လွင့်လူငယ်တစ်စုအုပ်စုဖွဲ့ အနိုင်ကျင့်လုယက်မှုများဖြစ်ပေါ်နေ

588

ပြည့်ဖြိုး(NP News)စက်တင်ဘာ ၁၈
ရန်ကုန်မြို့ မြန်မာပလာဇာနှင့် မြန်မာပလာဇာရှေ့ အင်းယားကန်ဘောင်၊လှည်းတန်းMတာဝါစသည့်နေရာ များတစ်ဝိုက်တွင်လှည့်လည်သွားလာပြီး လူငယ် အချင်းချင်းရန်ဖြစ်ဟန်ဆောင်ကာ အုပ်စုလိုက်ထိုးကြိတ် လုယက် နေသည့် လေ့လွင့်လူငယ်တစ်စု ပေါ်ပေါက်နေကြောင်း သိရသည်။
“ဒီကောင်တွေကမြောက်ဥက္ကလာနဲ့ရန်ကင်းကကောင်တွေပါ၊အသက်၁၄နှစ်ကနေ အသက်၁၇၊၁၈ အထိ လူငယ်တွေပါတယ်၊ ၁၅ယောက် အယောက်၂၀ လောက်စုပြီးသွားလာနေတာပါ။ ပိုက်ဆံရှိတဲ့ပုံပေါက်တဲ့ လူငယ်တွေကိုတွေ့ရင် လူငယ်အချင်းချင်းရန်ဖြစ်နေသလို ဟန်ဆောင်ပြီးထိုးကြိတ်လုယက်နေတာပါ”ဟု တောင်ဥက္ကလာပမြို့နယ်မှ ကျောင်းသားမိဘတစ်ဦးကပြောသည်။
မြန်မာပလာဇာတွင် စနေ၊တနင်္ဂနွေ ပိတ်ရက် ဈေးဝယ်ထွက်သော လူငယ်လေးဦးကို လေလွင့်လူငယ်များမှအုပ်စုဖွဲ တိုက်ခိုက်လုယက်မှု ကြုံတွေ့ခဲ့ရကြောင်း လုယက်ခံရသူ လူငယ်များ၏မိဘများက NP News သို့ပြောကြားသည်။
“မြန်မာပလာဇာတတိယထပ်က စားသောက်ဆိုင်တန်းမှာ KFC ကြက်ကြော်ဝယ်ပြီးပြန်အထွက်မှာ လေးယောက်ကို ၁၅ယောက်လောက်က ဝိုင်းထိုးတာပါ၊ ထိုးကြိတ်ပြီး အိမ်သာဘက်ကိုချုပ်ခေါ်သွားပြီး ပိုက်ဆံတွေလုယူတယ်အင်္ကျီနဲ့ဖိနပ်တွေချွတ်ယူတယ်၊ အဝတ်အစားတွေကအကောင်းစားတွေဆိုတော့ လေးယောက်ပေါင်း ဆယ်သိန်းဖိုးလောက်အလုခံရတာ၊ မြန်မာပလာဇာကလုံခြုံရေးတောင်မသိလိုက်ဘူး၊ စက်တင်ဘာ(၇)ရက်နေ့လည်ပိုင်းကဖြစ်သွားတာပါမြန်မာပလာဇာရှေ့ကကန်ဘောင်မှာလည်း အလုခံရတဲ့ တခြားကောင်လေးတွေရှိတယ်”ဟု အလုခံရသူ ကျောင်းသားမိဘတစ်ဦးကပြောသည်။
အထက်ပါဖြစ်စဉ်အပြင် ပန်းခြံတစ်ခုနှင့် အင်းယားကန်ဘောင်တွင် အုပ်စုဖွဲ့အနိုင်ကျင့်ထိုးကြိတ်နေသော ရုပ်သံ ဖိုင်အချို့လည်း လူမှုကွန်ယက်တွင်ပျံနှံနေပြီး ရုပ်သံတွင် လူငယ်တစ်ဦးအား အခြားလူငယ် ခြောက်ယောက်ခန့်က ဝိုင်းဝန်းထိုးကြိတ်နေမှုများပါဝင်သည်။
“ရန်ကုန်မှာ အခုလိုအနိုင်ကျင့် လုယက်နေတဲ့လူငယ်တစ်စုကို သက်ဆိုင်ရာက အရေးယူပေးစေချင်ပါတယ်။ အခုအချိန်အထိ ဘယ်သူသားသမီး ဘယ်မြို့နယ်မှာနေတဲ့သူ ဘယ်သူဘယ်ဝါဆိုတာ အတိအကျ မသိရသေးဘူး ၊ မြန်မာပလာဇာက စီစီတီဗွီ မှတ်တမ်းတွေမှာ မျက်နှာတွေအတိအကျပါနေတာတောင် သက်ဆိုင်ရာကအရေးမယူပေးဘူး”ဟု အလုခံရသူကျောင်းသားမိဘတစ်ဦးကပြောသည်။
ရန်ကုန်မြို့တွင် ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေးအပြောင်းအလဲများ အကြား ကျောင်းထွက်ပြီး ပြင်ပတွင် လေလွင့်နေသော လူငယ်များရှိနေပြီး လက်ရှိတွင် အုပ်စုဖွဲ့ အနိုင်ကျင့်လုယက်မှုများလုပ်ဆောင်နေကြောင်း သိရသည်။

Zawgyi Version:
ရန္ကုန္ၿမိဳ႕တြင္ေလ့လြင့္လူငယ္တစ္စုအုပ္စုဖြဲ႕ အႏိုင္က်င့္လုယက္မႈမ်ားျဖစ္ေပၚေန
ျပည့္ၿဖိဳး(NP News)စက္တင္ဘာ ၁၈
ရန္ကုန္ၿမိဳ႕ ျမန္မာပလာဇာႏွင့္ ျမန္မာပလာဇာေရွ႕ အင္းယားကန္ေဘာင္၊လွည္းတန္းMတာဝါစသည့္ေနရာ မ်ားတစ္ဝိုက္တြင္လွည့္လည္သြားလာၿပီး လူငယ္ အခ်င္းခ်င္းရန္ျဖစ္ဟန္ေဆာင္ကာ အုပ္စုလိုက္ထိုးႀကိတ္ လုယက္ ေနသည့္ ေလ့လြင့္လူငယ္တစ္စု ေပၚေပါက္ေနေၾကာင္း သိရသည္။
“ဒီေကာင္ေတြကေျမာက္ဥကၠလာနဲ႔ရန္ကင္းကေကာင္ေတြပါ၊အသက္၁၄ႏွစ္ကေန အသက္၁၇၊၁၈ အထိ လူငယ္ေတြပါတယ္၊ ၁၅ေယာက္ အေယာက္၂၀ ေလာက္စုၿပီးသြားလာေနတာပါ။ ပိုက္ဆံရွိတဲ့ပုံေပါက္တဲ့ လူငယ္ေတြကိုေတြ႕ရင္ လူငယ္အခ်င္းခ်င္းရန္ျဖစ္ေနသလို ဟန္ေဆာင္ၿပီးထိုးႀကိတ္လုယက္ေနတာပါ”ဟု ေတာင္ဥကၠလာပၿမိဳ႕နယ္မွ ေက်ာင္းသားမိဘတစ္ဦးကေျပာသည္။
ျမန္မာပလာဇာတြင္ စေန၊တနဂၤေႏြ ပိတ္ရက္ ေဈးဝယ္ထြက္ေသာ လူငယ္ေလးဦးကို ေလလြင့္လူငယ္မ်ားမွအုပ္စုဖြဲ တိုက္ခိုက္လုယက္မႈ ႀကဳံေတြ႕ခဲ့ရေၾကာင္း လုယက္ခံရသူ လူငယ္မ်ား၏မိဘမ်ားက The Statesman ဂ်ာနယ္သို႔ေျပာၾကားသည္။
“ျမန္မာပလာဇာတတိယထပ္က စားေသာက္ဆိုင္တန္းမွာ KFC ၾကက္ေၾကာ္ဝယ္ၿပီးျပန္အထြက္မွာ ေလးေယာက္ကို ၁၅ေယာက္ေလာက္က ဝိုင္းထိုးတာပါ၊ ထိုးႀကိတ္ၿပီး အိမ္သာဘက္ကိုခ်ဳပ္ေခၚသြားၿပီး ပိုက္ဆံေတြလုယူတယ္အက်ႌနဲ႔ဖိနပ္ေတြခြၽတ္ယူတယ္၊ အဝတ္အစားေတြကအေကာင္းစားေတြဆိုေတာ့ ေလးေယာက္ေပါင္း ဆယ္သိန္းဖိုးေလာက္အလုခံရတာ၊ ျမန္မာပလာဇာကလုံၿခဳံေရးေတာင္မသိလိုက္ဘူး၊ စက္တင္ဘာ(၇)ရက္ေန႔လည္ပိုင္းကျဖစ္သြားတာပါျမန္မာပလာဇာေရွ႕ကကန္ေဘာင္မွာလည္း အလုခံရတဲ့ တျခားေကာင္ေလးေတြရွိတယ္”ဟု အလုခံရသူ ေက်ာင္းသားမိဘတစ္ဦးကေျပာသည္။
အထက္ပါျဖစ္စဥ္အျပင္ ပန္းၿခံတစ္ခုႏွင့္ အင္းယားကန္ေဘာင္တြင္ အုပ္စုဖြဲ႕အႏိုင္က်င့္ထိုးႀကိတ္ေနေသာ ႐ုပ္သံ ဖိုင္အခ်ိဳ႕လည္း လူမႈကြန္ယက္တြင္ပ်ံႏွံေနၿပီး ႐ုပ္သံတြင္ လူငယ္တစ္ဦးအား အျခားလူငယ္ ေျခာက္ေယာက္ခန႔္က ဝိုင္းဝန္းထိုးႀကိတ္ေနမႈမ်ားပါဝင္သည္။
“ရန္ကုန္မွာ အခုလိုအႏိုင္က်င့္ လုယက္ေနတဲ့လူငယ္တစ္စုကို သက္ဆိုင္ရာက အေရးယူေပးေစခ်င္ပါတယ္။ အခုအခ်ိန္အထိ ဘယ္သူသားသမီး ဘယ္ၿမိဳ႕နယ္မွာေနတဲ့သူ ဘယ္သူဘယ္ဝါဆိုတာ အတိအက် မသိရေသးဘူး ၊ ျမန္မာပလာဇာက စီစီတီဗြီ မွတ္တမ္းေတြမွာ မ်က္ႏွာေတြအတိအက်ပါေနတာေတာင္ သက္ဆိုင္ရာကအေရးမယူေပးဘူး”ဟု အလုခံရသူေက်ာင္းသားမိဘတစ္ဦးကေျပာသည္။
ရန္ကုန္ၿမိဳ႕တြင္ ကိုဗစ္ကပ္ေရာဂါႏွင့္ ႏိုင္ငံေရးအေျပာင္းအလဲမ်ား အၾကား ေက်ာင္းထြက္ၿပီး ျပင္ပတြင္ ေလလြင့္ေနေသာ လူငယ္မ်ားရွိေနၿပီး လက္ရွိတြင္ အုပ္စုဖြဲ႕ အႏိုင္က်င့္လုယက္မႈမ်ားလုပ္ေဆာင္ေနေၾကာင္း သိရသည္။