ကျန်းမာရေး ဝန်ကြီးဌာန၏ တိုးမြှင့် ရှာဖွေနိုင်မှုကြောင့် ရန်ကုန်တိုင်းတွင် တီဘီပိုးတွေ့လူနာ အရေအတွက် ကို ပိုမို တွေ့လာရခြင်းဖြစ်

103

သန့်ဇင်(NP News)စက်တင်ဘာ ၁၈
ကျန်းမာရေး ဝန်ကြီးဌာန၏ တိုးမြှင့် ရှာဖွေမှုကြောင့် ရန်ကုန်တိုင်းတွင် တီဘီပိုးတွေ့လူနာ အရေအတွက် ကို ပိုမိုတွေ့လာရခြင်း ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန နှင့် နီးစပ်သော ဆရာဝန်တစ်ဦးက The Statesman ဂျာနယ်သို့ သုံးသပ်ပြောကြားသည်။
ပြီးခဲ့သည့် ကာလ များတွင် ရန်ကုန်တိုင်းဒေသကြီး၌ တီဘီပိုးတွေ့လူနာ အရေအတွက် များလာကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီး လူအများကြားလည်း စိုးရိမ်ဖွယ် သတင်းတစ်ခု အဖြစ် ပြန့်နှံ့ခဲ့သည်။
“တီဘီရောဂါက ရှာရမယ့်ဟာ။ မတွေ့နေရင်သာ ပြဿနာရှိတာ။ ဒီလူတွေထဲမှာ တီဘီရောဂါရှိနေတယ်။ အဲဒါကိုမတွေ့ရင် ပြဿနာ ရှိတယ်။ နောက်တစ်ခုက လူဦးရေပေါ်မူတည်ပြီးတော့များတာ။ ရန်ကုန်လိုနေရာမျိုးက လူဦးရေများတာဖြစ်တဲ့အတွက် ဥပမာနေပြည်တော် (၃၀) ရာခိုင်နှုန်းတွေ့တာထက် ရန်ကုန်မှာ (၃၀) ရာခိုင်နှုန်းတွေ့ရင်အများကြီးဖြစ်သွားမှာ။ လူဦးရေအယောက်အရေ အတွက် ကလေ။ အဲဒီလိုဆိုတော့ ကျွန်တော်တို့ရဲ့ Target ရှိတယ်။ တစ်နှစ်ကို တီဘီလူနာဘယ်လောက်ရှာရမယ်။ အဲဒီလိုပြည့်မှီအောင် ရှာရတယ်ဆိုတာ။ တကယ်အလုပ်လုပ်နေတယ်ဆိုတဲ့ ပြယုတ်တစ်ခုပဲ။ ကျွန်တော်မြင်တာပေါ့လေ”ဟု ၎င်းကဆိုသည်။
တီဘီရောဂါတွင် ကူးစက်နိုင်သည့်ရောဂါနှင့် မကူးစက်နိုင်သည့်ရောဂါဟူ၍ (၂)မျိုးရှိပြီး ရှာဖွေကုသမှုများဆက်လက်မလုပ်ဆောင်ပါက မကူးဆက်နိုင်သည့်အဆင့်မှ ကူးဆက်နိုင်သည့်အဆင့်သို့ ကူးပြောင်းသွားနိုင်ကြောင်း ယင်းက ဆိုသည်။
“တီဘီရောဂါရှိနေပြီ ဒါပေမယ့် ကူးနိုင်သလားဆိုတဲ့မေးခွန်းတစ်ခုရှိလာတယ်။ အဲဒီတော့ တီဘီဆိုတာ အဆုတ်တီဘီရှိတယ်။ အဆုတ် ပြင်ပတီဘီရှိတယ်။ ဥပမာ ဦးနှောက်တီဘီတို့ အရိုးတီဘီတို့ ထားပါတော့။ အဲဒီမှာ တီဘီဆိုတာ (၂) မျိုးကွဲတယ်။ ကူးနိုင်တဲ့အဆုတ်တီဘီနဲ့ မကူးနိုင်တဲ့ အဆုတ်တီဘီ။ ကူးနိုင်တဲ့အဆုတ်တီဘီဆိုတာ သလိပ်စစ်လိုက်လို့ positive ထွက်တယ်။ စကားပြောရင်အဲဒီကောင်ပါတယ်။ တချို့ကကျတော့ မကူးနိုင် ဘူး။ ဓာတ်မှန်ထဲမှာတွေ့တယ်။ အဆုတ်ထဲမှာပိုးရှိတယ်။ အခုတွေ့နေတာအဲဒါ။ အခုက အဲဒီလို မကုပဲနဲ့ထား လိုက်ရင် ကူးဆက်တဲ့ အခြေအနေကိုပြောင်းမှာ။ အဲဒီတော့ ကျွန်တော်တို့က ဒါတွေကိုလိုက်ရှာပြီးတော့ တွေ့ပြီးကုပေး နေတာ ကောင်း တာ။ တီဘီကတွေ့နေရတာကြောက်စရာမလိုဘူး”ဟု ၎င်းကပြောသည်။
ရန်ကုန်မြို့တွင် တီဘီလူနာများစွာရှိနေသကဲသို့ တစ်နိုင်ငံလုံးရှိ ဆေးယဥ်ပါးတီဘီလူနာများ၏ တစ်ဝက်ခန့်သည်လည်း ရန်ကုန်မြို့တွင်ရှိ ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ထို့ကြောင့် တီဘီရောဂါရှာဖွေကုသခြင်းအား ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဆက်လက်အားစိုက်လုပ်ဆောင်ရန်လိုအပ်ပြီး ဆေးယဥ် ပါးတီဘီလူနာများပါ ထိန်းချုပ်နိုင်သည့်အထိ သက်ရောက်မှုရှိနိုင်ကြောင်း အထက်ပါ ဆရာဝန်က သုံးသပ်ထားသည်။
“အခုကတွေ့တယ်ဆိုတာကိုမဖော်ပြရဲတာ။အမှန်ကတွေ့တာကောင်းတာလေ။ မတွေ့ပဲထားတာမှကြောက်ဆရာကောင်းတာ။ မတွေ့ပဲထား ရင် (၂)မျိုးဖြစ်နိုင်တယ်။ ကူးတာဖြစ်နိုင်တယ်။ နောက်တစ်ခုက တွေ့ရာဆေးတွေသောက်ပြီး MDR-TB ဆိုတာကြောက်ရတယ်။ Multidrug-Resistant Tuberculosis ပေါ့။ တွေ့ကရာဆေးတွေယဉ်သွားတာ။ အဲဒီတော့ တီဘီရောဂါက ရှာကိုရှာရမှာ။ တွေ့နေတာ ကောင်းတာ။ မရှိလို့မတွေ့တာ ပြဿနာမရှိဘူး။ ရှိရဲ့သားနဲ့မတွေ့တာက ကြောက်စရာကောင်းတာလေ။ တွေ့လေကောင်းလေပဲ”ဟု ၎င်းကဆိုသည်။
တီဘီရောဂါကူးဆက်ခံရသူများသည် စနစ်တကျဆေးကုသမှုခံယူကာ အချိန်(၆)လမှ (၉)အထိ အချိန်မှန်ဆေးသောက်ရသည့် ရောဂါဖြစ်ကြောင်း သိရသည်။

Zawgyi Version:
က်န္းမာေရး ဝန္ႀကီးဌာန၏ တိုးျမႇင့္ ရွာေဖြႏိုင္မႈေၾကာင့္ ရန္ကုန္တိုင္းတြင္ တီဘီပိုးေတြ႕လူနာ အေရအတြက္ ကို ပိုမို ေတြ႕လာရျခင္းျဖစ္
သန႔္ဇင္(NP News)စက္တင္ဘာ ၁၈
က်န္းမာေရး ဝန္ႀကီးဌာန၏ တိုးျမႇင့္ ရွာေဖြမႈေၾကာင့္ ရန္ကုန္တိုင္းတြင္ တီဘီပိုးေတြ႕လူနာ အေရအတြက္ ကို ပိုမိုေတြ႕လာရျခင္း ျဖစ္ေၾကာင္း က်န္းမာေရး ဝန္ႀကီးဌာန ႏွင့္ နီးစပ္ေသာ ဆရာဝန္တစ္ဦးက The Statesman ဂ်ာနယ္သို႔ သုံးသပ္ေျပာၾကားသည္။
ၿပီးခဲ့သည့္ ကာလ မ်ားတြင္ ရန္ကုန္တိုင္းေဒသႀကီး၌ တီဘီပိုးေတြ႕လူနာ အေရအတြက္ မ်ားလာေၾကာင္း သတင္းမ်ား ထြက္ေပၚခဲ့ၿပီး လူအမ်ားၾကားလည္း စိုးရိမ္ဖြယ္ သတင္းတစ္ခု အျဖစ္ ျပန႔္ႏွံ႔ခဲ့သည္။
“တီဘီေရာဂါက ရွာရမယ့္ဟာ။ မေတြ႕ေနရင္သာ ျပႆနာရွိတာ။ ဒီလူေတြထဲမွာ တီဘီေရာဂါရွိေနတယ္။ အဲဒါကိုမေတြ႕ရင္ ျပႆနာ ရွိတယ္။ ေနာက္တစ္ခုက လူဦးေရေပၚမူတည္ၿပီးေတာ့မ်ားတာ။ ရန္ကုန္လိုေနရာမ်ိဳးက လူဦးေရမ်ားတာျဖစ္တဲ့အတြက္ ဥပမာေနျပည္ေတာ္ (၃၀) ရာခိုင္ႏႈန္းေတြ႕တာထက္ ရန္ကုန္မွာ (၃၀) ရာခိုင္ႏႈန္းေတြ႕ရင္အမ်ားႀကီးျဖစ္သြားမွာ။ လူဦးေရအေယာက္အေရ အတြက္ ကေလ။ အဲဒီလိုဆိုေတာ့ ကြၽန္ေတာ္တို႔ရဲ႕ Target ရွိတယ္။ တစ္ႏွစ္ကို တီဘီလူနာဘယ္ေလာက္ရွာရမယ္။ အဲဒီလိုျပည့္မွီေအာင္ ရွာရတယ္ဆိုတာ။ တကယ္အလုပ္လုပ္ေနတယ္ဆိုတဲ့ ျပယုတ္တစ္ခုပဲ။ ကြၽန္ေတာ္ျမင္တာေပါ့ေလ”ဟု ၎ကဆိုသည္။
တီဘီေရာဂါတြင္ ကူးစက္ႏိုင္သည့္ေရာဂါႏွင့္ မကူးစက္ႏိုင္သည့္ေရာဂါဟူ၍ (၂)မ်ိဳးရွိၿပီး ရွာေဖြကုသမႈမ်ားဆက္လက္မလုပ္ေဆာင္ပါက မကူးဆက္ႏိုင္သည့္အဆင့္မွ ကူးဆက္ႏိုင္သည့္အဆင့္သို႔ ကူးေျပာင္းသြားႏိုင္ေၾကာင္း ယင္းက ဆိုသည္။
“တီဘီေရာဂါရွိေနၿပီ ဒါေပမယ့္ ကူးႏိုင္သလားဆိုတဲ့ေမးခြန္းတစ္ခုရွိလာတယ္။ အဲဒီေတာ့ တီဘီဆိုတာ အဆုတ္တီဘီရွိတယ္။ အဆုတ္ ျပင္ပတီဘီရွိတယ္။ ဥပမာ ဦးေႏွာက္တီဘီတို႔ အ႐ိုးတီဘီတို႔ ထားပါေတာ့။ အဲဒီမွာ တီဘီဆိုတာ (၂) မ်ိဳးကြဲတယ္။ ကူးႏိုင္တဲ့အဆုတ္တီဘီနဲ႔ မကူးႏိုင္တဲ့ အဆုတ္တီဘီ။ ကူးႏိုင္တဲ့အဆုတ္တီဘီဆိုတာ သလိပ္စစ္လိုက္လို႔ positive ထြက္တယ္။ စကားေျပာရင္အဲဒီေကာင္ပါတယ္။ တခ်ိဳ႕ကက်ေတာ့ မကူးႏိုင္ ဘူး။ ဓာတ္မွန္ထဲမွာေတြ႕တယ္။ အဆုတ္ထဲမွာပိုးရွိတယ္။ အခုေတြ႕ေနတာအဲဒါ။ အခုက အဲဒီလို မကုပဲနဲ႔ထား လိုက္ရင္ ကူးဆက္တဲ့ အေျခအေနကိုေျပာင္းမွာ။ အဲဒီေတာ့ ကြၽန္ေတာ္တို႔က ဒါေတြကိုလိုက္ရွာၿပီးေတာ့ ေတြ႕ၿပီးကုေပး ေနတာ ေကာင္း တာ။ တီဘီကေတြ႕ေနရတာေၾကာက္စရာမလိုဘူး”ဟု ၎ကေျပာသည္။
ရန္ကုန္ၿမိဳ႕တြင္ တီဘီလူနာမ်ားစြာရွိေနသကဲသို႔ တစ္ႏိုင္ငံလုံးရွိ ေဆးယဥ္ပါးတီဘီလူနာမ်ား၏ တစ္ဝက္ခန႔္သည္လည္း ရန္ကုန္ၿမိဳ႕တြင္ရွိ ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
ထို႔ေၾကာင့္ တီဘီေရာဂါရွာေဖြကုသျခင္းအား က်န္းမာေရးဝန္ႀကီးဌာနအေနျဖင့္ ဆက္လက္အားစိုက္လုပ္ေဆာင္ရန္လိုအပ္ၿပီး ေဆးယဥ္ ပါးတီဘီလူနာမ်ားပါ ထိန္းခ်ဳပ္ႏိုင္သည့္အထိ သက္ေရာက္မႈရွိႏိုင္ေၾကာင္း အထက္ပါ ဆရာဝန္က သုံးသပ္ထားသည္။
“အခုကေတြ႕တယ္ဆိုတာကိုမေဖာ္ျပရဲတာ။အမွန္ကေတြ႕တာေကာင္းတာေလ။ မေတြ႕ပဲထားတာမွေၾကာက္ဆရာေကာင္းတာ။ မေတြ႕ပဲထား ရင္ (၂)မ်ိဳးျဖစ္ႏိုင္တယ္။ ကူးတာျဖစ္ႏိုင္တယ္။ ေနာက္တစ္ခုက ေတြ႕ရာေဆးေတြေသာက္ၿပီး MDR-TB ဆိုတာေၾကာက္ရတယ္။ Multidrug-Resistant Tuberculosis ေပါ့။ ေတြ႕ကရာေဆးေတြယဥ္သြားတာ။ အဲဒီေတာ့ တီဘီေရာဂါက ရွာကိုရွာရမွာ။ ေတြ႕ေနတာ ေကာင္းတာ။ မရွိလို႔မေတြ႕တာ ျပႆနာမရွိဘူး။ ရွိရဲ႕သားနဲ႔မေတြ႕တာက ေၾကာက္စရာေကာင္းတာေလ။ ေတြ႕ေလေကာင္းေလပဲ”ဟု ၎ကဆိုသည္။
တီဘီေရာဂါကူးဆက္ခံရသူမ်ားသည္ စနစ္တက်ေဆးကုသမႈခံယူကာ အခ်ိန္(၆)လမွ (၉)အထိ အခ်ိန္မွန္ေဆးေသာက္ရသည့္ ေရာဂါျဖစ္ေၾကာင္း သိရသည္။