တောင်ကိုရီးယား သရုပ်ဆောင် ယူဂျယ်ရီ၊ ဆယ်လီမဟုတ်တဲ့ လက်တွဲဖော်နဲ့ လက်ထပ်မည်

 212

ရောင်နီ(NP News)
တောင်ကိုရီးယား ဒရာမာ "Extraordinary You" ဇာတ်လမ်းထဲက သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ယူဂျယ်ရီဟာ အနုပညာအသိုင်းအဝိုင်းထဲက မဟုတ်တဲ့ လက်တွဲဖော်နဲ့ လက်ထပ်တော့မယ်လို့ သူမရဲ့ အေဂျင်စီ Soo Company က စက်တင်ဘာလ ၁၇ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။
သတင်းတွေအရတော့ မင်္ဂလာပွဲကို လာမယ့် အောက်တိုဘာ ၃ ရက်မှာ တောင်ကိုရီးယား၊ ဆိုးလ်မြို့မှာရှိတဲ့ သီးသန့်နေရာလေး တစ်ခုမှာ ကျင်းပမှာ ဖြစ်ပြီး သူမရဲ့ သတို့သားလောင်းကတော့ အနုပညာရှင်တွေထဲက မဟုတ်ဘူးလို့ ဆိုပါတယ်။ ယူဂျယ်ရီ ကလည်း မင်္ဂလာပွဲအတွက် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ဆိုရှယ်မီဒီယာမှာတင်ကာ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။
Seoul Institute of the Arts' Department of Acting မှ ဘွဲ့ရရှိထားသူဖြစ်တဲ့ ယူဂျယ်ရီ ဟာ "Master: God of Noodles" ဇာတ်ကားမှာ ကာရိုက်တာ ဂိုကန်ဆော့ခ် (လီအီဟွာ) ရဲ့ ငယ်ဘဝအဖြစ် ၂၀၁၆ ခုနှစ်က အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ "Andante(၂၀၁၇)" "Extraordinary You" (2019)၊ "Be-Bop-A-Lula" နဲ့ "Detective Oh Kyun Shik" ဇာတ်ကားတွေမှာလည်း ပါဝင်ခဲ့ပြီး လူသိများခဲ့ပါတယ်။

Zawgyi Version:
ေတာင္ကိုရီးယား သ႐ုပ္ေဆာင္ ယူဂ်ယ္ရီ၊ ဆယ္လီမဟုတ္တဲ့ လက္တြဲေဖာ္နဲ႔ လက္ထပ္မည္
ေရာင္နီ(NP News)
ေတာင္ကိုရီးယား ဒရာမာ "Extraordinary You" ဇာတ္လမ္းထဲက သ႐ုပ္ေဆာင္တစ္ဦးျဖစ္တဲ့ ယူဂ်ယ္ရီဟာ အႏုပညာအသိုင္းအဝိုင္းထဲက မဟုတ္တဲ့ လက္တြဲေဖာ္နဲ႔ လက္ထပ္ေတာ့မယ္လို႔ သူမရဲ႕ ေအဂ်င္စီ Soo Company က စက္တင္ဘာလ ၁၇ ရက္ေန႔မွာ အတည္ျပဳခဲ့ပါတယ္။
သတင္းေတြအရေတာ့ မဂၤလာပြဲကို လာမယ့္ ေအာက္တိုဘာ ၃ ရက္မွာ ေတာင္ကိုရီးယား၊ ဆိုးလ္ၿမိဳ႕မွာရွိတဲ့ သီးသန႔္ေနရာေလး တစ္ခုမွာ က်င္းပမွာ ျဖစ္ၿပီး သူမရဲ႕ သတို႔သားေလာင္းကေတာ့ အႏုပညာရွင္ေတြထဲက မဟုတ္ဘူးလို႔ ဆိုပါတယ္။ ယူဂ်ယ္ရီ ကလည္း မဂၤလာပြဲအတြက္ ႐ိုက္ကူးထားတဲ့ ဓာတ္ပုံေတြကို ဆိုရွယ္မီဒီယာမွာတင္ကာ ပရိသတ္ေတြကို အသိေပးခဲ့ပါတယ္။
Seoul Institute of the Arts' Department of Acting မွ ဘြဲ႕ရရွိထားသူျဖစ္တဲ့ ယူဂ်ယ္ရီ ဟာ "Master: God of Noodles" ဇာတ္ကားမွာ ကာ႐ိုက္တာ ဂိုကန္ေဆာ့ခ္ (လီအီဟြာ) ရဲ႕ ငယ္ဘဝအျဖစ္ ၂၀၁၆ ခုႏွစ္က အႏုပညာေလာကထဲကို စတင္ဝင္ေရာက္ခဲ့တာ ျဖစ္ပါတယ္။ "Andante(၂၀၁၇)" "Extraordinary You" (2019)၊ "Be-Bop-A-Lula" နဲ႔ "Detective Oh Kyun Shik" ဇာတ္ကားေတြမွာလည္း ပါဝင္ခဲ့ၿပီး လူသိမ်ားခဲ့ပါတယ္။

Related news

© 2021. All rights reserved.