ပီရူးနိုင်ငံရဲ့ သဲကန္တာရထဲမှာ နှစ်ပေါင်း ၈ သန်းခန့်သက်တမ်းရှိ လင်းပိုင်နဲ့တူတဲ့ ရေနေသတ္တဝါ ရုပ်ကြွင်းတွေ့ရှိ

293
ရောင်နီ (NP News) - စက်တင်ဘာ ၁၉
ပီရူးနိုင်ငံမှာ သက်တမ်းနှစ်ရှစ်သန်းမှ ၁၂ သန်းကြားရှိ ရှေးဟောင်းလင်းပိုင်နဲ့တူတဲ့ ရေနေသတ္တဝါ ရုပ်ကြွင်း အရိုးစုကို လီမာမြို့၊အော်ကျူကာဂျေ သဲကန္တာရမှာ တွေ့ရှိခဲ့တယ်လို့ စက်တင်ဘာ ၁၇ ရက်က ပြောကြားခဲ့ပါတယ်။
အရိုးစု အကြွင်းအကျန်တွေကို ပီရူးနိုင်ငံ လီမာမြို့တော် တောင်ဘက်ရှိ အော်ကျူကာဂျေ သဲကန္တာရမှာ ဇူလိုင်လက ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ သုတေသီတွေရဲ့ယူဆချက်အရ အဆိုပါနေရာဟာ နှစ်ပေါင်း ၄၅ သန်း ခန့်က ပင်လယ်ပြင်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပီရူးပြည်နယ် ဘူမိဗေဒ၊ သတ္တုတွင်းနဲ့ သတ္တုဗေဒ အင်စတီကျုမှ သုတေသီတွေကတော့ ဒီရှာဖွေတွေ့ရှိမှုဟာ အတိတ်က ပထဝီဝင်အနေအထားနဲ့ ထောင်စုနှစ်များအတွင်း ကုန်းမြေ ဘယ်လို ဆက်စပ်ပြောင်းလဲသွားတယ်ဆိုတာ နားလည်စေဖို့ ကူညီပေးတယ်လို့ ဆိုပါတယ်။
၂၀၂၅ ခုနှစ် အစောပိုင်းကလည်း ပီရူးနိုင်ငံရဲ့ သဲကန္တာရဒေသမှာ နှစ်သက်တမ်း ၉ သန်းရှိ ငါးမန်းဖြူမျိုးစိတ် တွေ့ရှိခဲ့ပြီး သဲကန္တရကို ရှေးဟောင်းအဏ္ဏဝါမျိုးစိတ်တွေအတွက်အတွက် သင်္ချိုင်းတစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။
Zawgyi Version:
ပီ႐ူးႏိုင္ငံရဲ႕ သဲကႏၲာရထဲမွာ ႏွစ္ေပါင္း ၈ သန္းခန႔္သက္တမ္းရွိ လင္းပိုင္နဲ႔တူတဲ့ ေရေနသတၱဝါ ႐ုပ္ႂကြင္းေတြ႕ရွိ
ေရာင္နီ (NP News) - စက္တင္ဘာ ၁၉
ပီ႐ူးႏိုင္ငံမွာ သက္တမ္းႏွစ္ရွစ္သန္းမွ ၁၂ သန္းၾကားရွိ ေရွးေဟာင္းလင္းပိုင္နဲ႔တူတဲ့ ေရေနသတၱဝါ ႐ုပ္ႂကြင္း အ႐ိုးစုကို လီမာၿမိဳ႕၊ေအာ္က်ဴကာေဂ် သဲကႏၲာရမွာ ေတြ႕ရွိခဲ့တယ္လို႔ စက္တင္ဘာ ၁၇ ရက္က ေျပာၾကားခဲ့ပါတယ္။
အ႐ိုးစု အႂကြင္းအက်န္ေတြကို ပီ႐ူးႏိုင္ငံ လီမာၿမိဳ႕ေတာ္ ေတာင္ဘက္ရွိ ေအာ္က်ဴကာေဂ် သဲကႏၲာရမွာ ဇူလိုင္လက ရွာေဖြေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ သုေတသီေတြရဲ႕ယူဆခ်က္အရ အဆိုပါေနရာဟာ ႏွစ္ေပါင္း ၄၅ သန္း ခန႔္က ပင္လယ္ျပင္ျဖစ္ခဲ့တယ္လို႔ ဆိုပါတယ္။ ပီ႐ူးျပည္နယ္ ဘူမိေဗဒ၊ သတၱဳတြင္းနဲ႔ သတၱဳေဗဒ အင္စတီက်ဳမွ သုေတသီေတြကေတာ့ ဒီရွာေဖြေတြ႕ရွိမႈဟာ အတိတ္က ပထဝီဝင္အေနအထားနဲ႔ ေထာင္စုႏွစ္မ်ားအတြင္း ကုန္းေျမ ဘယ္လို ဆက္စပ္ေျပာင္းလဲသြားတယ္ဆိုတာ နားလည္ေစဖို႔ ကူညီေပးတယ္လို႔ ဆိုပါတယ္။
၂၀၂၅ ခုႏွစ္ အေစာပိုင္းကလည္း ပီ႐ူးႏိုင္ငံရဲ႕ သဲကႏၲာရေဒသမွာ ႏွစ္သက္တမ္း ၉ သန္းရွိ ငါးမန္းျဖဴမ်ိဳးစိတ္ ေတြ႕ရွိခဲ့ၿပီး သဲကႏၲရကို ေရွးေဟာင္းအဏၰဝါမ်ိဳးစိတ္ေတြအတြက္အတြက္ သခ်ႋဳင္းတစ္ခုအျဖစ္ သတ္မွတ္ခဲ့ပါတယ္။