သမိုင်းဝင်နေရာများရှိရာ အိုမန်မြို့တော် မတ်စကတ်

 42

Pika (NSS) - စက်တင်ဘာ ၁၉

မတ်စကတ်မြို့သည် အိုမန်နိုင်ငံ၏မြို့တော်နှင့် လူဦးရေအထူထပ်ဆုံးမြို့တစ်မြို့ဖြစ်ပြီး သမိုင်းဝင်ဈေးဝယ် နေရာများ၊ ဆူလ်တန်နန်းတော် အပါအဝင် ခေတ်မီနှင့် ရိုးရာဗိသုကာလက်ရာများ ရောယှက်ထားခြင်းကြောင့် နာမည် ကြီးသည့် ကမ်းရိုးတန်းမြို့တစ်မြို့ဖြစ်သည်။ မတ်စကတ်မြို့တွင် နေထိုင်သူလူဦးရေမှာ (၆၃၀ဝဝဝ)ကျော်ရှိပြီး မတ် စကတ်မြို့ပြဧရိယာတွင်နေထိုင်သူလူဦးရေမှာ (၁ ဒသမ ၇၂)သန်းရှိကာ စုစုပေါင်းဧရိယာအကျယ် အဝန်းမှာ (၃၅၀ဝ) စတုရန်းကီလိုမီတာရှိကြောင်း သိရသည်။

သမိုင်းကြောင်း
(၁)ရာစုအစောပိုင်းတည်းက ကမ္ဘာ့အနောက်ဘက်နှင့်အရှေ့ဘက်ကြား ကုန်သွယ် ရေးအတွက်ဆိပ်ကမ်းတစ်ခု အဖြစ်လူသိများသော မတ်စကတ်မြို့ကို ဌာနေမျိုးနွယ်စုများအပြင် ပါရှန်း၊ ပေါ်တူဂီအင်ပါယာနှင့် အော်တိုမန်အင်ပါယာ တို့ကဲ့သို့သော နိုင်ငံခြားအင်အားကြီးများက ဆက်တိုက်အုပ်ချုပ်ခဲ့ကြကြောင်းသိရသည်။ (၁၈)ရာစု တွင် မတ်စကတ်မြို့ သည် ဒေသဆိုင်ရာစစ်ဘက်အင်အားကြီးနေရာတစ်ခုဖြစ်ခဲ့ပြီး ၎င်း၏ဩဇာအာဏာသည် အရှေ့အာဖရိကနှင့် ဇန်ဇီဘာ ကျွန်းစုများ အထိပျံ့နှံ့ခဲ့ကြောင်းသိရသည်။ အိုမန်ပင်လယ်ကွေ့တွင် အရေးပါသောဆိပ်ကမ်းမြို့တစ်မြို့အဖြစ် မတ်စ ကတ်မြို့သည် ပါရှန်း၊ Balochs နှင့် Sindhis တို့ကဲ့သို့‌သော နိုင်ငံခြားကုန်သည်များနှင့် အခြေချနေထိုင်သူများကို ဆွဲ ဆောင်နိုင်ခဲ့ကြောင်းသိရသည်။ (၁၉၇၀)ပြည့်နှစ်မှစတင်ပြီး Qaboos bin Said သည် အိုမန်ဆူလ် တန်ဖြစ်လာခဲ့ပြီး နောက် မတ်စကတ်မြို့သည် လျင်မြန်သောအခြေခံအဆောက်အအုံဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကို ကြုံတွေ့ခဲ့ရကာ တက်ကြွ သောစီးပွားရေးနှင့် လူမျိုးစုပေါင်းစုံပါဝင် သည့် လူ့အဖွဲ့အစည်းတစ်ခုဖြစ်လာခဲ့သည်။ ထို့ ပြင် ဂလိုဘယ်လိုက်ဇေးရှင်းနှင့် ကမ္ဘာ့မြို့ကြီးများ သုတေသနကွန်ရက်က မတ်စကတ်မြို့ကို ဘီတာ အဆင့်ရှိကမ္ဘာ့မြို့ကြီးတစ်မြို့အဖြစ် သတ်မှတ်ထား ကြောင်းသိရသည်။
Hajar တောင်များသည် မတ်စကတ် မြို့၏မြင်ကွင်းများကိုလွှမ်းမိုးထားပြီး ၎င်းသည် မဟာဗျူဟာမြောက် အရေးပါသော ဟော်မုဇ်ရေ လက်ကြားအနီး အိုမန်ပင်လယ်ကွေ့တစ်လျှောက် အာရေးဗျပင်လယ်တွင်တည်ရှိ သည့်မြို့ တစ်မြို့ဖြစ်သည်။ ထို့ပြင် နိမ့်နိမ့်လေးတည်ဆောက်ထားသည့် အဖြူရောင်အဆောက်အအုံများသည် မတ်စကတ်မြို့၏ ဗိသုကာလက်ရာများ၏ ပုံမှန်ထူးခြားချက်တစ်ခုဖြစ်ပြီး မတ်စကတ်မြို့၏စီးပွားရေးကို ကုန်သွယ်ရေး၊ ရေနံ၊ သဘာဝ ဓာတ်ငွေ့ရည်နှင့် ဆိပ်ကမ်းလုပ်ငန်းတို့ ကလွှမ်းမိုးထားကြောင်းသိရသည်။ ဗြိတိသျှတို့၏အကူအညီဖြင့် အိုမန်ဆူလ်တန် Qaboos bin Said သည် Dhofar အရေးအခင်းကိုအဆုံးသတ်ခဲ့ပြီး ကွဲပြားနေသော လူမျိုးစုနယ်မြေများကိုပေါင်းစည်း ခဲ့သည်။ ထို့ပြင် Qaboos bin Said သည် ၎င်း၏အစိုးရသစ်တွင် ရာထူးများဖြည့်ရန် အရည်အချင်းရှိသော အိုမန်နိုင်ငံသား များ၏ဝန်ဆောင်မှုများကို စာရင်းသွင်းခဲ့ကာ ကျန်းမာရေးနှင့်ပညာရေးစသည့် လူမှုရေးဝန်ဆောင်မှုများအတွက် ဝန်ကြီး ဌာနအသစ် များထူထောင်ခဲ့ကြောင်းသိရသည်။ သို့သော်လည်း (၂၀ဝ၆)ခုနှစ်တွင် ဆိုင်ကလုန်းမုန်တိုင်း Gonu သည် မတ်စကတ်မြို့ကိုဝင်ရောက်တိုက်ခတ်ခဲ့ပြီး ပိုင်ဆိုင်မှု၊ အခြေခံအဆောက်အအုံနှင့် စီးပွားရေးလုပ်ငန်းအများအပြား ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
စီးပွားရေး
မတ်စကတ်မြို့၏စီးပွားရေးသည် အိုမန် နိုင်ငံကဲ့သို့ပင် ကုန်သွယ်ရေးကလွှမ်းမိုးထားသည်။ ထို့ပြင် မတ်စကတ် မြို့၏ ရိုးရာတင်ပို့ကုန်များတွင် ပုလဲများနှင့်ငါးများပါဝင်ကာ မတ်စကတ်မြို့၏ ဈေးဝယ်နေရာများတွင် အဆိုပါ ပစ္စည်းများနှင့် ရိုးရာအိုမန် လက်မှုပစ္စည်းများကိုရောင်းချကြကြောင်းသိရသည်။ (၁၉၆၂)ခုနှစ်တည်းက Petroleum Deve lopm­ent Oman ကုမ္ပဏီသည် မတ်စကတ်မြို့စီးပွားရေးအတွက် အဓိကအချက်အချာဖြစ်ခဲ့ပြီး အစိုးရပြီးလျှင် အိုမန်နိုင်ငံ၏ ဒုတိယမြောက်အကြီးဆုံးအလုပ်ရှင် ဖြစ်ကြောင်းလည်းသိရသည်။ Petroleum Deve lopment Oman ကုမ္ပဏီ၏ အဓိကရှယ်ယာရှင်များမှာ Shell၊ Total နှင့် Partex ကုမ္ပဏီတို့ဖြစ်ပြီး ၎င်း၏ထုတ်လုပ်မှုမှာ တစ်ရက်လျှင် စည်ပေါင်း(၇၂၀ဝဝဝ)ခန့်ရှိကြောင်းသိရသည်။ မတ်စကတ်မြို့တွင် To­shiba၊ Subaru၊ Seiko၊ Hewlett-Packard၊ Gen­eral Motors၊ RAK Ceramics ကုမ္ပဏီတို့ကဲ့ သို့သော ကော်ပိုရေးရှင်းများအတွက် ကုန်သွယ်ဖက် ဖြစ်သော Suhail Bahwan Group ကဲ့သို့သော အဓိကကုန်သွယ်ကုမ္ပဏီများလည်းရှိကြောင်းသိရသည်။ ထို့ပြင် အိုမန်နိုင်ငံ မတ်စကတ်မြို့ ၏ ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် ဆေး ရုံနှင့်ဆေးခန်းများစွာရှိကြောင်းလည်းသိရသည်။
Muscat Securities Market သည် အိုမန်နိုင်ငံ၏ အဓိကစတော့အိတ်ချိန်းဖြစ်ပြီး ၎င်းသည် မတ်စကတ်မြို့၏ ဗဟိုစီးပွားရေးခရိုင်တွင် တည်ရှိကာ (၁၉၈၈)ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ မတ်စကတ်မြို့ ၏အဓိကကုန်သွယ်ဆိပ်ကမ်းဖြစ်သော Mina'a Su­l­­tan Qaboos သည် ပါရှန်းပင်လယ်ကွေ့၊ အိန္ဒိယတိုက်ကြီးနှင့် အရှေ့ဖျားကြားရှိ ကုန်သွယ်မှုဆိုင် ရာအချက်အချာနေရာတစ်ခုဖြစ်ပြီး နှစ်စဉ် တန်ချိန်ပေါင်း(၁ ဒသမ ၆)သန်းခန့်ရှိ ကြောင်းသိရသည်။ သို့သော်လည်း အိမ်နီးချင်းယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တွင် Jebel Ali ကင်းမဲ့ဇုန် ပေါ်ပေါက် လာခြင်း ကြောင့် Mina'a Sultan Qaboos ဆိပ်ကမ်းသည် နှစ်စဉ် ကုန်စည်တန်ချိန် (၄၄)သန်းခန့် ကုန်သွယ်ခရပြီး ဒေသတွင်း ထိပ်တန်းရေကြောင်း ကုန်သွယ်မှုဆိပ်ကမ်းဖြစ်လာခဲ့ကြောင်းသိရသည်။ မတ်စကတ်မြို့ရှိ အခြေခံအဆောက်အအုံ များစွာကို အိုမန်အစိုးရကပိုင်ဆိုင်ပြီး လည်ပတ်လျက်ရှိ ကြောင်းသိရသည်။ Omantel သည် အိုမန်နိုင်ငံရှိ အဓိက ဆက်သွယ်ရေးအဖွဲ့အစည်းဖြစ်ပြီး ပြည်တွင်း၊ ခရီးဝေးနှင့် နိုင်ငံတကာဖုန်းခေါ်ဆိုမှုဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ကိုပံ့ပိုးပေးကာ နိုင်ငံ ၏တစ်ခုတည်းသော အင်တာနက်ဝန်ဆောင်မှု ထောက်ပံ့သူအဖြစ် လုပ်ဆောင်ကြောင်းသိရသည်။ သို့သော်လည်း မကြာသေးမီက မိုဘိုင်းတယ်လီ ဖုန်းဈေးကွက်ကိုဖြေလျှော့ပေးမှုတွင် ဒုတိယ မြောက်ပံ့ပိုးပေးသူဖြစ် သည့် အော်ရီဒူးကို တည် ထောင်ခဲ့ကြောင်းသိရသည်။ Oman Air လေကြောင်းလိုင်း၏ရုံးချုပ်သည် မတ်စကတ် အပြည် ပြည်ဆိုင်ရာလေဆိပ်တွင်တည်ရှိကြောင်းလည်း သိရသည်။

Zawgyi Version:
သမိုင္းဝင္ေနရာမ်ားရွိရာ အိုမန္ၿမိဳ႕ေတာ္ မတ္စကတ္
Pika (NP News) - စက္တင္ဘာ ၁၉

မတ္စကတ္ၿမိဳ႕သည္ အိုမန္ႏိုင္ငံ၏ၿမိဳ႕ေတာ္ႏွင့္ လူဦးေရအထူထပ္ဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး သမိုင္းဝင္ေဈးဝယ္ ေနရာမ်ား၊ ဆူလ္တန္နန္းေတာ္ အပါအဝင္ ေခတ္မီႏွင့္ ႐ိုးရာဗိသုကာလက္ရာမ်ား ေရာယွက္ထားျခင္းေၾကာင့္ နာမည္ ႀကီးသည့္ ကမ္း႐ိုးတန္းၿမိဳ႕တစ္ၿမိဳ႕ျဖစ္သည္။ မတ္စကတ္ၿမိဳ႕တြင္ ေနထိုင္သူလူဦးေရမွာ (၆၃၀ဝဝဝ)ေက်ာ္ရွိၿပီး မတ္ စကတ္ၿမိဳ႕ျပဧရိယာတြင္ေနထိုင္သူလူဦးေရမွာ (၁ ဒသမ ၇၂)သန္းရွိကာ စုစုေပါင္းဧရိယာအက်ယ္ အဝန္းမွာ (၃၅၀ဝ) စတုရန္းကီလိုမီတာရွိေၾကာင္း သိရသည္။

သမိုင္းေၾကာင္း
(၁)ရာစုအေစာပိုင္းတည္းက ကမာၻ႔အေနာက္ဘက္ႏွင့္အေရွ႕ဘက္ၾကား ကုန္သြယ္ ေရးအတြက္ဆိပ္ကမ္းတစ္ခု အျဖစ္လူသိမ်ားေသာ မတ္စကတ္ၿမိဳ႕ကို ဌာေနမ်ိဳးႏြယ္စုမ်ားအျပင္ ပါရွန္း၊ ေပၚတူဂီအင္ပါယာႏွင့္ ေအာ္တိုမန္အင္ပါယာ တို႔ကဲ့သို႔ေသာ ႏိုင္ငံျခားအင္အားႀကီးမ်ားက ဆက္တိုက္အုပ္ခ်ဳပ္ခဲ့ၾကေၾကာင္းသိရသည္။ (၁၈)ရာစု တြင္ မတ္စကတ္ၿမိဳ႕ သည္ ေဒသဆိုင္ရာစစ္ဘက္အင္အားႀကီးေနရာတစ္ခုျဖစ္ခဲ့ၿပီး ၎၏ဩဇာအာဏာသည္ အေရွ႕အာဖရိကႏွင့္ ဇန္ဇီဘာ ကြၽန္းစုမ်ား အထိပ်ံ႕ႏွံ႔ခဲ့ေၾကာင္းသိရသည္။ အိုမန္ပင္လယ္ေကြ႕တြင္ အေရးပါေသာဆိပ္ကမ္းၿမိဳ႕တစ္ၿမိဳ႕အျဖစ္ မတ္စ ကတ္ၿမိဳ႕သည္ ပါရွန္း၊ Balochs ႏွင့္ Sindhis တို႔ကဲ့သို႔‌ေသာ ႏိုင္ငံျခားကုန္သည္မ်ားႏွင့္ အေျခခ်ေနထိုင္သူမ်ားကို ဆြဲ ေဆာင္ႏိုင္ခဲ့ေၾကာင္းသိရသည္။ (၁၉၇၀)ျပည့္ႏွစ္မွစတင္ၿပီး Qaboos bin Said သည္ အိုမန္ဆူလ္ တန္ျဖစ္လာခဲ့ၿပီး ေနာက္ မတ္စကတ္ၿမိဳ႕သည္ လ်င္ျမန္ေသာအေျခခံအေဆာက္အအုံဆိုင္ရာဖြံ႕ၿဖိဳးတိုးတက္မႈကို ႀကဳံေတြ႕ခဲ့ရကာ တက္ႂကြ ေသာစီးပြားေရးႏွင့္ လူမ်ိဳးစုေပါင္းစုံပါဝင္ သည့္ လူ႔အဖြဲ႕အစည္းတစ္ခုျဖစ္လာခဲ့သည္။ ထို႔ ျပင္ ဂလိုဘယ္လိုက္ေဇးရွင္းႏွင့္ ကမာၻ႔ၿမိဳ႕ႀကီးမ်ား သုေတသနကြန္ရက္က မတ္စကတ္ၿမိဳ႕ကို ဘီတာ အဆင့္ရွိကမာၻ႔ၿမိဳ႕ႀကီးတစ္ၿမိဳ႕အျဖစ္ သတ္မွတ္ထား ေၾကာင္းသိရသည္။
Hajar ေတာင္မ်ားသည္ မတ္စကတ္ ၿမိဳ႕၏ျမင္ကြင္းမ်ားကိုလႊမ္းမိုးထားၿပီး ၎သည္ မဟာဗ်ဴဟာေျမာက္ အေရးပါေသာ ေဟာ္မုဇ္ေရ လက္ၾကားအနီး အိုမန္ပင္လယ္ေကြ႕တစ္ေလွ်ာက္ အာေရးဗ်ပင္လယ္တြင္တည္ရွိ သည့္ၿမိဳ႕ တစ္ၿမိဳ႕ျဖစ္သည္။ ထို႔ျပင္ နိမ့္နိမ့္ေလးတည္ေဆာက္ထားသည့္ အျဖဴေရာင္အေဆာက္အအုံမ်ားသည္ မတ္စကတ္ၿမိဳ႕၏ ဗိသုကာလက္ရာမ်ား၏ ပုံမွန္ထူးျခားခ်က္တစ္ခုျဖစ္ၿပီး မတ္စကတ္ၿမိဳ႕၏စီးပြားေရးကို ကုန္သြယ္ေရး၊ ေရနံ၊ သဘာဝ ဓာတ္ေငြ႕ရည္ႏွင့္ ဆိပ္ကမ္းလုပ္ငန္းတို႔ ကလႊမ္းမိုးထားေၾကာင္းသိရသည္။ ၿဗိတိသွ်တို႔၏အကူအညီျဖင့္ အိုမန္ဆူလ္တန္ Qaboos bin Said သည္ Dhofar အေရးအခင္းကိုအဆုံးသတ္ခဲ့ၿပီး ကြဲျပားေနေသာ လူမ်ိဳးစုနယ္ေျမမ်ားကိုေပါင္းစည္း ခဲ့သည္။ ထို႔ျပင္ Qaboos bin Said သည္ ၎၏အစိုးရသစ္တြင္ ရာထူးမ်ားျဖည့္ရန္ အရည္အခ်င္းရွိေသာ အိုမန္ႏိုင္ငံသား မ်ား၏ဝန္ေဆာင္မႈမ်ားကို စာရင္းသြင္းခဲ့ကာ က်န္းမာေရးႏွင့္ပညာေရးစသည့္ လူမႈေရးဝန္ေဆာင္မႈမ်ားအတြက္ ဝန္ႀကီး ဌာနအသစ္ မ်ားထူေထာင္ခဲ့ေၾကာင္းသိရသည္။ သို႔ေသာ္လည္း (၂၀ဝ၆)ခုႏွစ္တြင္ ဆိုင္ကလုန္းမုန္တိုင္း Gonu သည္ မတ္စကတ္ၿမိဳ႕ကိုဝင္ေရာက္တိုက္ခတ္ခဲ့ၿပီး ပိုင္ဆိုင္မႈ၊ အေျခခံအေဆာက္အအုံႏွင့္ စီးပြားေရးလုပ္ငန္းအမ်ားအျပား ထိခိုက္ပ်က္စီးသြားခဲ့ေၾကာင္း သိရသည္။
စီးပြားေရး
မတ္စကတ္ၿမိဳ႕၏စီးပြားေရးသည္ အိုမန္ ႏိုင္ငံကဲ့သို႔ပင္ ကုန္သြယ္ေရးကလႊမ္းမိုးထားသည္။ ထို႔ျပင္ မတ္စကတ္ ၿမိဳ႕၏ ႐ိုးရာတင္ပို႔ကုန္မ်ားတြင္ ပုလဲမ်ားႏွင့္ငါးမ်ားပါဝင္ကာ မတ္စကတ္ၿမိဳ႕၏ ေဈးဝယ္ေနရာမ်ားတြင္ အဆိုပါ ပစၥည္းမ်ားႏွင့္ ႐ိုးရာအိုမန္ လက္မႈပစၥည္းမ်ားကိုေရာင္းခ်ၾကေၾကာင္းသိရသည္။ (၁၉၆၂)ခုႏွစ္တည္းက Petroleum Deve lopm­ent Oman ကုမၸဏီသည္ မတ္စကတ္ၿမိဳ႕စီးပြားေရးအတြက္ အဓိကအခ်က္အခ်ာျဖစ္ခဲ့ၿပီး အစိုးရၿပီးလွ်င္ အိုမန္ႏိုင္ငံ၏ ဒုတိယေျမာက္အႀကီးဆုံးအလုပ္ရွင္ ျဖစ္ေၾကာင္းလည္းသိရသည္။ Petroleum Deve lopment Oman ကုမၸဏီ၏ အဓိကရွယ္ယာရွင္မ်ားမွာ Shell၊ Total ႏွင့္ Partex ကုမၸဏီတို႔ျဖစ္ၿပီး ၎၏ထုတ္လုပ္မႈမွာ တစ္ရက္လွ်င္ စည္ေပါင္း(၇၂၀ဝဝဝ)ခန႔္ရွိေၾကာင္းသိရသည္။ မတ္စကတ္ၿမိဳ႕တြင္ To­shiba၊ Subaru၊ Seiko၊ Hewlett-Packard၊ Gen­eral Motors၊ RAK Ceramics ကုမၸဏီတို႔ကဲ့ သို႔ေသာ ေကာ္ပိုေရးရွင္းမ်ားအတြက္ ကုန္သြယ္ဖက္ ျဖစ္ေသာ Suhail Bahwan Group ကဲ့သို႔ေသာ အဓိကကုန္သြယ္ကုမၸဏီမ်ားလည္းရွိေၾကာင္းသိရသည္။ ထို႔ျပင္ အိုမန္ႏိုင္ငံ မတ္စကတ္ၿမိဳ႕ ၏ ပုဂၢလိကက်န္းမာေရးေစာင့္ေရွာက္မႈက႑တြင္ ေဆး ႐ုံႏွင့္ေဆးခန္းမ်ားစြာရွိေၾကာင္းလည္းသိရသည္။
Muscat Securities Market သည္ အိုမန္ႏိုင္ငံ၏ အဓိကစေတာ့အိတ္ခ်ိန္းျဖစ္ၿပီး ၎သည္ မတ္စကတ္ၿမိဳ႕၏ ဗဟိုစီးပြားေရးခ႐ိုင္တြင္ တည္ရွိကာ (၁၉၈၈)ခုႏွစ္တြင္ စတင္တည္ေထာင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ မတ္စကတ္ၿမိဳ႕ ၏အဓိကကုန္သြယ္ဆိပ္ကမ္းျဖစ္ေသာ Mina'a Su­l­­tan Qaboos သည္ ပါရွန္းပင္လယ္ေကြ႕၊ အိႏၵိယတိုက္ႀကီးႏွင့္ အေရွ႕ဖ်ားၾကားရွိ ကုန္သြယ္မႈဆိုင္ ရာအခ်က္အခ်ာေနရာတစ္ခုျဖစ္ၿပီး ႏွစ္စဥ္ တန္ခ်ိန္ေပါင္း(၁ ဒသမ ၆)သန္းခန႔္ရွိ ေၾကာင္းသိရသည္။ သို႔ေသာ္လည္း အိမ္နီးခ်င္းယူေအအီးႏိုင္ငံ ဒူဘိုင္းၿမိဳ႕တြင္ Jebel Ali ကင္းမဲ့ဇုန္ ေပၚေပါက္ လာျခင္း ေၾကာင့္ Mina'a Sultan Qaboos ဆိပ္ကမ္းသည္ ႏွစ္စဥ္ ကုန္စည္တန္ခ်ိန္ (၄၄)သန္းခန႔္ ကုန္သြယ္ခရၿပီး ေဒသတြင္း ထိပ္တန္းေရေၾကာင္း ကုန္သြယ္မႈဆိပ္ကမ္းျဖစ္လာခဲ့ေၾကာင္းသိရသည္။ မတ္စကတ္ၿမိဳ႕ရွိ အေျခခံအေဆာက္အအုံ မ်ားစြာကို အိုမန္အစိုးရကပိုင္ဆိုင္ၿပီး လည္ပတ္လ်က္ရွိ ေၾကာင္းသိရသည္။ Omantel သည္ အိုမန္ႏိုင္ငံရွိ အဓိက ဆက္သြယ္ေရးအဖြဲ႕အစည္းျဖစ္ၿပီး ျပည္တြင္း၊ ခရီးေဝးႏွင့္ ႏိုင္ငံတကာဖုန္းေခၚဆိုမႈဆိုင္ရာ အေထာက္အကူျပဳပစၥည္းမ်ား ကိုပံ့ပိုးေပးကာ ႏိုင္ငံ ၏တစ္ခုတည္းေသာ အင္တာနက္ဝန္ေဆာင္မႈ ေထာက္ပံ့သူအျဖစ္ လုပ္ေဆာင္ေၾကာင္းသိရသည္။ သို႔ေသာ္လည္း မၾကာေသးမီက မိုဘိုင္းတယ္လီ ဖုန္းေဈးကြက္ကိုေျဖေလွ်ာ့ေပးမႈတြင္ ဒုတိယ ေျမာက္ပံ့ပိုးေပးသူျဖစ္ သည့္ ေအာ္ရီဒူးကို တည္ ေထာင္ခဲ့ေၾကာင္းသိရသည္။ Oman Air ေလေၾကာင္းလိုင္း၏႐ုံးခ်ဳပ္သည္ မတ္စကတ္ အျပည္ ျပည္ဆိုင္ရာေလဆိပ္တြင္တည္ရွိေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.