စိန်တစ်လုံးသရက်စိုက်ပျိုးရေးဇုန်များမှ စိုက်ပျိုးမှုမရှိသည့် မြေများကို ပြန်သိမ်းမည်

209

NP News - စက်တင်ဘာ ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် နှင့် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်အတွင်းရှိ စိန်တစ်လုံးသရက် စိုက်ပျိုးရေးဇုန်များမှ သရက်ပင်စိုက်ပျိုးခြင်းမရှိသောမြေများကို မြေလွတ်မြေရိုင်းစီမံခန့်ခွဲရေးဥပဒေအရ အသနားခံခွင့်မရှိဘဲ ပြန်လည်သိမ်းယူမည်ဟု စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ထားသည်။
စိန်တစ်လုံးသရက်စိုက်ပျိုးရန်အတွက် နေပြည်တော်ကောင်စီနယ်မြေရှိ ဒဏ္ခိဏသီရိ၊ ဥတ္တရသီရိ၊ လယ်ဝေး၊ တပ်ကုန်းမြို့နယ်များအား ဇုန်အမှတ်(၁)အဖြစ်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်အတွင်းရှိ ရမည်းသင်းနှင့် ပျော်ဘွယ်မြို့နယ်များအား ဇုန်အမှတ်(၂)အဖြစ်လည်းကောင်း ဇုန်များ ဖော်ထုတ်၍ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၆ ခုနှစ်အထိ လုပ်ပိုင်ခွင့်ရရှိသူများအား လုပ်ကွက်များ ချထားပေးခဲ့ကြောင်း သိရသည်။
နေပြည်တော် စိန်တစ်လုံးသရက် စိုက်ပျိုးရေးဇုန်အမှတ် (၁) မှာ မြေဧက ၄၂၀၀ ကျော် နှင့် မန္တလေးတိုင်းဒေသကြီးရမည်းသင်းခရိုင်ရှိ ဇုန်အမှတ် (၂) မှာ မြေဧက ၉၀၀ ကျော်ရှိကြောင်း သိရသည်။
ဇုန် (၂)ခုတွင် ချထားပေးသည့်လုပ်ကွက်များအနက် အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်ခြင်းမရှိသော လုပ်ကွက်များကိုမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကိုပြင်ဆင်သည့် ဥပဒေ (၂၀၁၈ ခုနှစ်) ပုဒ်မ ၂၂ ၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ်(၁)နှင့် (၂)တို့အရ ပြန်လည်သိမ်းယူပြီးဖြစ်ကြောင်း၊ မည်သည့်အသနားခံစာကိုမျှ ထည့်သွင်းစဉ်းစားမည်မဟုတ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

Zawgyi Version:
စိန္တစ္လုံးသရက္စိုက္ပ်ိဳးေရးဇုန္မ်ားမွ စိုက္ပ်ိဳးမႈမရွိသည့္ ေျမမ်ားကို ျပန္သိမ္းမည္
NP News - စက္တင္ဘာ ၁၉
ျပည္ေထာင္စုနယ္ေျမ၊ ေနျပည္ေတာ္ ႏွင့္ မႏၲေလးတိုင္းေဒသႀကီး ရမည္းသင္းခ႐ိုင္အတြင္းရွိ စိန္တစ္လုံးသရက္ စိုက္ပ်ိဳးေရးဇုန္မ်ားမွ သရက္ပင္စိုက္ပ်ိဳးျခင္းမရွိေသာေျမမ်ားကို ေျမလြတ္ေျမ႐ိုင္းစီမံခန႔္ခြဲေရးဥပေဒအရ အသနားခံခြင့္မရွိဘဲ ျပန္လည္သိမ္းယူမည္ဟု စိုက္ပ်ိဳးေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာနမွ ႏိုင္ငံပိုင္သတင္းစာမ်ားတြင္ ထုတ္ျပန္ထားသည္။
စိန္တစ္လုံးသရက္စိုက္ပ်ိဳးရန္အတြက္ ေနျပည္ေတာ္ေကာင္စီနယ္ေျမရွိ ဒဏၡိဏသီရိ၊ ဥတၱရသီရိ၊ လယ္ေဝး၊ တပ္ကုန္းၿမိဳ႕နယ္မ်ားအား ဇုန္အမွတ္(၁)အျဖစ္လည္းေကာင္း၊ မႏၲေလးတိုင္းေဒသႀကီး ရမည္းသင္းခ႐ိုင္အတြင္းရွိ ရမည္းသင္းႏွင့္ ေပ်ာ္ဘြယ္ၿမိဳ႕နယ္မ်ားအား ဇုန္အမွတ္(၂)အျဖစ္လည္းေကာင္း ဇုန္မ်ား ေဖာ္ထုတ္၍ ၂၀၁၀ ျပည့္ႏွစ္မွ ၂၀၁၆ ခုႏွစ္အထိ လုပ္ပိုင္ခြင့္ရရွိသူမ်ားအား လုပ္ကြက္မ်ား ခ်ထားေပးခဲ့ေၾကာင္း သိရသည္။
ေနျပည္ေတာ္ စိန္တစ္လုံးသရက္ စိုက္ပ်ိဳးေရးဇုန္အမွတ္ (၁) မွာ ေျမဧက ၄၂၀၀ ေက်ာ္ ႏွင့္ မႏၲေလးတိုင္းေဒသႀကီးရမည္းသင္းခ႐ိုင္ရွိ ဇုန္အမွတ္ (၂) မွာ ေျမဧက ၉၀၀ ေက်ာ္ရွိေၾကာင္း သိရသည္။
ဇုန္ (၂)ခုတြင္ ခ်ထားေပးသည့္လုပ္ကြက္မ်ားအနက္ အေကာင္အထည္ေဖာ္ စိုက္ပ်ိဳးေဆာင္႐ြက္ျခင္းမရွိေသာ လုပ္ကြက္မ်ားကိုေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ား စီမံခန႔္ခြဲေရး ဥပေဒကိုျပင္ဆင္သည့္ ဥပေဒ (၂၀၁၈ ခုႏွစ္) ပုဒ္မ ၂၂ ၊ ပုဒ္မခြဲ (ခ)၊ ပုဒ္မခြဲငယ္(၁)ႏွင့္ (၂)တို႔အရ ျပန္လည္သိမ္းယူၿပီးျဖစ္ေၾကာင္း၊ မည္သည့္အသနားခံစာကိုမွ် ထည့္သြင္းစဥ္းစားမည္မဟုတ္ေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္ဝန္ႀကီးဌာနက ထုတ္ျပန္လိုက္ျခင္းျဖစ္သည္။