ရန်ကုန်တိုင်းအတွင်း ရွှေဆိုင်လိုင်စင်သစ်များ ဆက်လက် ထုတ်ဝေပေးနေ

68

NP News - စက်တင်ဘာ ၂ဝ
သတ္တုတွင်းလုပ်ငန်း၊ ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းရုံးအဖွဲ့ (နေပြည်တော်) မှ ရန်ကုန်တိုင်း ဒေသကြီးလုပ်ငန်းလိုင်စင်ထုတ်ယူရမည့်ဆိုင်များအတွက် ပုံစံ (၂-က) လုပ်ငန်းလိုင်စင်ထုတ်ယူရမည့်စာရင်းများကို အသိပေးအကြောင်းကြားလာကြောင်း သိရသည်။
"ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်လျောက်ထားသူတွေထဲကနေ စာရင်းပါ ရွှေဆိုင် ပိုင်ရှင်တွေ ကိုယ်တိုင်လိုင်စင်တွေကို နေပြည်တော်မှာ သွားရောက်ထုတ်ယူဆောင်ရွက်နိုင်ပါပြီ။ ကြိုတင် ဆက်သွယ်ဆောင်ရွက်ပြီးမှသာ လိုင်စင်ထုတ်ယူဖို့ဆောင်ရွက်ကြစေချင်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးလုပ်ငန်းလိုင်စင်ထုတ်ယူရမယ့်စာရင်း ထုတ်ပြန်ချက် ပူးတွဲ ၁ တွင် (၇၄) စောင်၊ ပူးတွဲ ၂ တွင် (၈၄) စောင်၊ ပူးတွဲ ၃ တွင် (၁၉၅) စောင်၊ ရန်ကုန်တိုင်းဒေသကြီး မှ ပုံစံ ( ၂ -က ) လုပ်ငန်းလိုင်စင် ထုတ်ယူရမယ့် စာရင်းအတွက် ကြောညာချက် ပူးတွဲ ၄ တွင် (၁၄၃) စောင်၊ ပူးတွဲ ၅ တွင် (၁၀၀)စောင်၊ ပူးတွဲ ၆ တွင် (၁၀၀) စောင်ဖြင့် ရန်ကုန်တိုင်းဒေသကြီးလုပ်ငန်းလိုင်စင်ထုတ်ယူရမယ့်စာရင်း ပူးတွဲ ၇ တွင် (၁၆၃) စောင် ဟူ၍ အသီးသီး စာရင်းတွေ ဖော်ပြထားကြော်င်း သိရသည်။
စာရင်းပါရွှေဆိုင်တွေ အနေဖြင့် ရွှေဆိုင်ပိုင်ရှင်ကိုယ်တိုင် လိုင်စင်ဓာတ်ပုံ(၂)ပုံ၊ မှတ်ပုံတင်မူရင်းနှင့်အတူ အမှတ်(၂) သတ္တုတွင်းလုပ်ငန်း၊ ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းရုံးအဖွဲ့ (နေပြည်တော်) ကို သွားရောက် ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတစ်ဝှမ်းမှ ရွှေဆိုင်လိုင်စင်သစ်လျှောက်ထားမှုပေါင်း (၅၀၀၀)ကျော် ခန့်ရှိပြီး ရွှေဆိုင်လိုင်စင်ပေါင်း (၁၇၀၀)ကျော်ကို စီစစ်ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း သတ္ထုတွင်းဝန်ကြီးဌာနမှ သိရသည်။

Zawgyi Version:
ရန္ကုန္တိုင္းအတြင္း ေ႐ႊဆိုင္လိုင္စင္သစ္မ်ား ဆက္လက္ ထုတ္ေဝေပးေန
NP News - စက္တင္ဘာ ၂ဝ
သတၱဳတြင္းလုပ္ငန္း၊ ဓာတ္သတၱဳ (ေ႐ႊ) ေရာင္းဝယ္ျခင္းဝန္ေဆာင္မႈလုပ္ငန္း႐ုံးအဖြဲ႕ (ေနျပည္ေတာ္) မွ ရန္ကုန္တိုင္း ေဒသႀကီးလုပ္ငန္းလိုင္စင္ထုတ္ယူရမည့္ဆိုင္မ်ားအတြက္ ပုံစံ (၂-က) လုပ္ငန္းလိုင္စင္ထုတ္ယူရမည့္စာရင္းမ်ားကို အသိေပးအေၾကာင္းၾကားလာေၾကာင္း သိရသည္။
"ဓာတ္သတၱဳ(ေ႐ႊ)ေရာင္းဝယ္ျခင္း ဝန္ေဆာင္မႈလုပ္ငန္းလိုင္စင္ေလ်ာက္ထားသူေတြထဲကေန စာရင္းပါ ေ႐ႊဆိုင္ ပိုင္ရွင္ေတြ ကိုယ္တိုင္လိုင္စင္ေတြကို ေနျပည္ေတာ္မွာ သြားေရာက္ထုတ္ယူေဆာင္႐ြက္ႏိုင္ပါၿပီ။ ႀကိဳတင္ ဆက္သြယ္ေဆာင္႐ြက္ၿပီးမွသာ လိုင္စင္ထုတ္ယူဖို႔ေဆာင္႐ြက္ၾကေစခ်င္ပါတယ္" ဟု ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊလုပ္ငန္းရွင္မ်ားအသင္းက ေျပာၾကားသည္။
ရန္ကုန္တိုင္းေဒသႀကီးလုပ္ငန္းလိုင္စင္ထုတ္ယူရမယ့္စာရင္း ထုတ္ျပန္ခ်က္ ပူးတြဲ ၁ တြင္ (၇၄) ေစာင္၊ ပူးတြဲ ၂ တြင္ (၈၄) ေစာင္၊ ပူးတြဲ ၃ တြင္ (၁၉၅) ေစာင္၊ ရန္ကုန္တိုင္းေဒသႀကီး မွ ပုံစံ ( ၂ -က ) လုပ္ငန္းလိုင္စင္ ထုတ္ယူရမယ့္ စာရင္းအတြက္ ေၾကာညာခ်က္ ပူးတြဲ ၄ တြင္ (၁၄၃) ေစာင္၊ ပူးတြဲ ၅ တြင္ (၁၀၀)ေစာင္၊ ပူးတြဲ ၆ တြင္ (၁၀၀) ေစာင္ျဖင့္ ရန္ကုန္တိုင္းေဒသႀကီးလုပ္ငန္းလိုင္စင္ထုတ္ယူရမယ့္စာရင္း ပူးတြဲ ၇ တြင္ (၁၆၃) ေစာင္ ဟူ၍ အသီးသီး စာရင္းေတြ ေဖာ္ျပထားေၾကာ္င္း သိရသည္။
စာရင္းပါေ႐ႊဆိုင္ေတြ အေနျဖင့္ ေ႐ႊဆိုင္ပိုင္ရွင္ကိုယ္တိုင္ လိုင္စင္ဓာတ္ပုံ(၂)ပုံ၊ မွတ္ပုံတင္မူရင္းႏွင့္အတူ အမွတ္(၂) သတၱဳတြင္းလုပ္ငန္း၊ ဓာတ္သတၱဳ (ေ႐ႊ) ေရာင္းဝယ္ျခင္းဝန္ေဆာင္မႈလုပ္ငန္း႐ုံးအဖြဲ႕ (ေနျပည္ေတာ္) ကို သြားေရာက္ ထုတ္ယူရမည္ျဖစ္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံတစ္ဝွမ္းမွ ေ႐ႊဆိုင္လိုင္စင္သစ္ေလွ်ာက္ထားမႈေပါင္း (၅၀၀၀)ေက်ာ္ ခန႔္ရွိၿပီး ေ႐ႊဆိုင္လိုင္စင္ေပါင္း (၁၇၀၀)ေက်ာ္ကို စီစစ္ခြင့္ျပဳေပးထားၿပီးျဖစ္ေၾကာင္း သတၳဳတြင္းဝန္ႀကီးဌာနမွ သိရသည္။