ထီးဖြူဆောင်းပြီး ပလ္လင်ထက် တရားတက်ဟောသော အမျိုးသမီးကို သက်ဆိုင်ရာ က ထိန်းသိမ်း

 3445

သုတကျော် (NP News) - စက်တင်ဘာ ၂၀

ထီးဖြူဆောင်းပြီး ပလ္လင်ထက် တရား တက်ဟော သော မွန်ပြည်နယ်၊ မုဒုံမြို့နယ်မှ အမျိုးသမီးကို သက်ဆိုင်ရာ က ယနေ့ (စက်တင်ဘာလ ၂၀ ရက်) တွင် ထိန်းသိမ်းလိုက်ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီး က သံဃာတော်များသဖွယ် တရားဟော ပလ္လင်ထက် တက်ကာ တရားဟောနေသည့် ဗွီဒီယို လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်တွင် ထွက်ပေါ်ခဲ့ရာ လူအများက ဝေဖန်ခဲ့ကြသည်။

ယင်းနှင့် ပတ်သက်၍ လမင်းဆရာတော်က မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်း အဓမ္မဝါဒီများအားထိန်းသိမ်းခြင်း ခေါင်းစဥ်အမည်ဖြင့် ဓမ္မစက်+အာဏာစက် ၂ရပ်ပေါင်းစပ်ကာ ဗုဒ္ဓဘာသာဝင်အများကို စိတ်သောကဖြစ်စေခဲ့သော ပိဋကတ် ၃ဘုံမယ်တော်ကြီးအား လုပ်ထုံးလုပ်နည်း
နှင့်အညီ (20.9.2025)စနေနေ့ ညနေ ၄နာရီအချိန်တွင်
ထိန်းသိမ်းလိုက်ပြီဖြစ်ပါသည် ဟု ဖော်ပြအသိပေး ရေးသားခဲ့သည်။

အဆိုပါ ဖြစ်စဥ်နှင့် ပတ်သက်၍ နောက်ဆက်တွဲ အခြေအနေများကို သိရခြင်း မရှိသေးပါ။

zawgyi version

ထီးျဖဴေဆာင္းၿပီး ပလႅင္ထက္ တရားတက္ေဟာေသာ အမ်ိဳးသမီးကို သက္ဆိုင္ရာ က ထိန္းသိမ္း

သုတေက်ာ္ (NP News) - စက္တင္ဘာ ၂၀

ထီးျဖဴေဆာင္းၿပီး ပလႅင္ထက္ တရား တက္ေဟာ ေသာ မြန္ျပည္နယ္၊ မုဒုံၿမိဳ႕နယ္မွ အမ်ိဳးသမီးကို သက္ဆိုင္ရာ က ယေန႔ (စက္တင္ဘာလ ၂၀ ရက္) တြင္ ထိန္းသိမ္းလိုက္ေၾကာင္း သိရသည္။

အဆိုပါ အမ်ိဳးသမီး က သံဃာေတာ္မ်ားသဖြယ္ တရားေဟာ ပလႅင္ထက္ တက္ကာ တရားေဟာေနသည့္ ဗြီဒီယို လူမႈကြန္ယက္ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာထက္တြင္ ထြက္ေပၚခဲ့ရာ လူအမ်ားက ေဝဖန္ခဲ့ၾကသည္။

ယင္းႏွင့္ ပတ္သက္၍ လမင္းဆရာေတာ္က မြန္ျပည္နယ္၊ မုဒုံၿမိဳ႕နယ္အတြင္း အဓမၼဝါဒီမ်ားအားထိန္းသိမ္းျခင္း ေခါင္းစဥ္အမည္ျဖင့္ ဓမၼစက္+အာဏာစက္ ၂ရပ္ေပါင္းစပ္ကာ ဗုဒၶဘာသာဝင္အမ်ားကို စိတ္ေသာကျဖစ္ေစခဲ့ေသာ ပိဋကတ္ ၃ဘုံမယ္ေတာ္ႀကီးအား လုပ္ထုံးလုပ္နည္း
ႏွင့္အညီ (20.9.2025)စေနေန႔ ညေန ၄နာရီအခ်ိန္တြင္
ထိန္းသိမ္းလိုက္ၿပီျဖစ္ပါသည္ ဟု ေဖာ္ျပအသိေပး ေရးသားခဲ့သည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေနာက္ဆက္တြဲ အေျခအေနမ်ားကို သိရျခင္း မရွိေသးပါ။

Related news

© 2021. All rights reserved.