‘‘ အနုပညာသမားတို့၏လောကနှင့် သင်းကွဲမီဒီယာသမားများ ’’

1485

အိဖြူ (NP News) - စက်တင်ဘာ ၂၁
NP News ရဲ့ အနုပညာအနှစ်ချုပ်ကဏ္ဍကနေ ဒီတစ်ပတ်အတွက် “မိခင်ကိုဆုံးရှုံးလိုက်ရတဲ့ အိမ့်ချစ်၊ မီဒီယာ တွေအပေါ် ပြန်လည်ဝေဖန်ထောက်ပြလိုက်တဲ့ အလှမယ်၊ ဥက္ကာမင်းမောင်ပြောတဲ့ သာခိုအဖွဲ့ တစ်စိတ်တစ်ပိုင်း” စတဲ့ အနုပညာဆက်စပ်သတင်းတွေကို ဖော်ပြပေးသွားပါမယ်
မိခင်ကို ဆုံးရှုံးလိုက်ရပြီဖြစ်တဲ့ အဆိုတော် အိမ့်ချစ်
အဆိုတော်အိမ့်ချစ်နဲ့ ကိုပြည့်ဖြိုးပိုင်(ခ)ဂျူနီယာချစ်ကောင်းတို့ရဲ့မိခင် ဒေါ်ဝါဝါထူး အသက်(၆၆)နှစ်ဟာ စက်တင်ဘာလ(၁၆)ရက်(အင်္ဂါနေ့) မနက် (၃)နာရီ (၄၃)မိနစ်ခန့်မှာ ဘဝတစ်ပါးကို ကူးပြောင်း သွားခဲ့ပြီဖြစ်ပါတယ်။ ဒေါ်ဝါဝါထူးက အသည်းကင်ဆာရောဂါကြောင့် နှစ်ရှည်ဆေးကုသမှုခံယူခဲ့ရပြီး နောက်ဆုံးထွက်သက်အချိန်ကို ပန်းလှိုင်ဆေးရုံမှာကုန်ဆုံးခဲ့ရပါတယ်။ မိခင် ဒေါ်ဝါဝါထူးရဲ့ဈာပနအခမ်းအနားကို (၂၀၂၅) ခုနှစ် စက်တင်ဘာလ (၁၈) ရက် (ကြသပတေးနေ့) နေ့လယ်(၃) နာရီက ရေဝေးသုသာန်မှာ မီးသင်္ဂြိုဟ်ခဲ့ပြီး မိခင်ရဲ့ ကြွင်းကျန်ရစ်တဲ့အရိုးပြာကို ဂူသွင်းသင်္ဂြိုဟ်ခဲ့ကြပါတယ်။ အဆိုတော်အိမ့်ချစ်ကို သူရဲ့ဖခင် တေးသံရှင်ချစ်ကောင်းရဲ့ တစ်ကိုယ်တော်ရှိုးပွဲမှာ “ရေစီး ကြောင်းသံဃောဇဉ်”သီချင်းနဲ့ ပထမဆုံး လူသိများလာခဲ့ခြင်းဖြစ်ရာ အဆိုပါရှိုးပွဲပြီးနောက်ပိုင်း မိဘနှစ်ပါးရဲ့ အိမ်ထောင် ရေးပြိုကွဲခဲ့မှုကြောင့် မောင်နှစ်မနှစ်ဦးစလုံးက မိခင်ဒေါ်ဝါဝါထူးနဲ့သာကျန်ရစ်ခဲ့ပြီး ခက်ခဲကြမ်းတမ်းတဲ့ဘဝကို ရုန်းကန် ကျော်ဖြတ်ခဲ့ရကြောင်း အဆိုတော်အိမ့်ချစ်က လွန်ခဲ့တဲ့နှစ်ပိုင်းကမှ ထုတ်ဖော်ပြောပြခဲ့တာပါ။
ဖခင် ချစ်ကောင်းရဲ့ပွဲထုတ်မှုကြောင့် တေးသံရှင် ချစ်ကောင်းရဲ့သမီးအဖြစ် လူသိများခဲ့တာမှန်ပေမယ့် အဆိုတော်အိမ့်ချစ်အဖြစ် ဂီတလောကအတွင်း ရပ်တည်ရှင်သန်နိုင်စေဖို့ မိခင်ဒေါ်ဝါဝါထူးက ထိန်း ကျောင်းပဲ့ပြင်မှု တွေကြောင့်သာ အောင်မြင်လာခဲ့တာဖြစ်ကြောင်း အိမ့်ချစ်က ရင်ဖွင့်ပြောပြခဲ့ဖူးပါတယ်။
မိခင်ဖြစ်သူက သမီးနဲ့သားကိုကျွေးမွေးစောင့်ရှောက်နိုင်ဖို့ ခက်ခဲကြမ်းတမ်းစွာဖြတ်သန်းခဲ့ရပေမယ့် သူစိုက်ပျိုး ထားတဲ့အပင်လေးတွေ ပွင့်လန်းရှင်သန်လာချိန်မှာ အသီးအပွင့်ရဲ့အကျိုးကို ပြည့်ပြည့်ဝဝမခံစားလိုက်ရတာကြောင့် မိခင် အတွက် အိမ့်ချစ်က ယူကျုံးမရဖြစ်လို့နေတာပါ။ အိမ့်ချစ်က “မိခင်ဟာ မကွယ်လွန်ခင်အချိန်အထိ သူဖျော်ဖြေရမယ့်ပွဲ နေ့ရက်ကိုမှတ်သားထားခဲ့ပြီး ကွယ်လွန်သွားတဲ့ရက်ကလည်း ဖျော်ဖြေပွဲနဲ့ရက်တိုက်မှုမရှိအောင် သမီးဖြစ်သူအပေါ် စဉ်းစားပေးလွန်းတဲ့မိခင်ဖြစ်ကြောင်း” ဝမ်းနည်းစကားဆိုရင်းပွဲကို စီစဉ်ထားတဲ့အတိုင်း လာရောက် သီဆိုဖျော် ဖြေသွား မှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပါတယ်။ အိမ့်ချစ်ရဲ့မိခင် ကွယ်လွန်ဆုံးပါးမှုသတင်းအပေါ် ဂီတလောကမှ အနုပညာညီအစ်ကိုမောင်နှမတွေကလည်း အိမ့်ချစ်နဲ့ထပ်တူ စိတ်မကောင်းဖြစ်မိကြောင်း အားပေးနှစ်သိမ့်ခဲ့ကြပြီး၊ မိခင် ဒေါ်ဝါဝါထူးအတွက် ဆုတောင်းစကားတွေပြောကြားခဲ့ကြပါတယ်။ ကွယ်လွန်သူ မိခင်ဒေါ်ဝါဝါထူးရဲ့ဈာပန အခမ်း အနားကို (၁၈-၉-၂၀၂၅) ရက်ကပြုလုပ်ခဲ့ပြီး၊ (၁၉-၉-၂၀၂၅) ရက်က မန္တလေးမြို့မှာ တေးသံရှင် ကော်နီ၊ ချောစုခင်တို့နဲ့ အတူ အိမ့်ချစ်က 3 Ladies ပွဲ ကျင်းပခဲ့ရာ စက်တင်ဘာလ (၂၁) ရက်က Rock Hits Concert မှာ ပွဲအစီအစဉ်တိုင်း ဖျော်ဖြေတင် ဆက်ခဲ့ပါတယ်။ မိခင်အတွက် ရည်စူးပြုလုပ်တဲ့ ရက်လည်ဆွမ်းကျွေးတရားတော်နာအလှူကို (၂၂-၉-၂၀၂၅) ရက် မနက်ပိုင်းက ရန်ကုန်မြို့ရှိနေအိမ်မှာ ပြုလုပ်ခဲ့ကြပါတယ်။

မီဒီယာတွေအပေါ် ပြန်လည်ဝေဖန်ထောက်ပြလိုက်တဲ့ အလှမယ်
အနုပညာသတင်းထောက်တွေလို့ယူဆရသူ လူငယ်ငါးယောက်အဖွဲ့က မေးခွန်းတွေရေးသားကာ မဲနှိုက်ဖြေဆို ကြတဲ့ဂိမ်းတစ်ခု ဆော့ကစားခဲ့ကြတဲ့ ရုပ်သံဖိုင်ကို TikTok ပလက်ဖောင်းမှာတင်ခဲ့ကြပါတယ်။ အဆိုပါရုပ်သံဖိုင်က အပျော်သဘောဂိမ်းကစားခြင်းသာဖြစ်တယ်လို့ဆိုနိုင်ပေမယ့် အဖွဲ့ထဲက အမျိုးသမီးတစ်ဦးရဲ့ပြောဆိုမှုကြောင့် အနုပညာ သမားတွေနဲ့ အနုပညာသတင်းထောက်အကြား အပြန်အလှန်ပြောဆိုမှုတွေ မြင့်တက်ခဲ့ကြပါတယ်။
၎င်းတို့အချင်းချင်းမေးကြရာ ‘အလှမောင် အလှမယ်လောကလို့ပြောလိုက်တာနဲ့ ဘယ် Miss ဘယ် Mister က ရွံစရာအကောင်းဆုံးလဲ” ဆိုတဲ့ မေးခွန်းကို အမျိုးသမီးအနုပညာသတင်းထောက်က သောကြာသမီးလို့ ပြန်လည်ဖြေဆိုခဲ့တာပါ။ ဖြေဆိုသူဟာ သောကြာသမီးလို့ပြောရင် လူတိုင်းသိတယ်။ ထပ်မမေးနဲ့တော့လို့ပြောခဲ့ပါတယ်။ အဆိုပါရုပ်သံဖိုင် ဆိုရှယ်ပလက်ဖောင်းထက်ပျံ့နှံ့ပြီးနောက် Miss Grand Myanmar 2024 အလှမယ် သဲစုညိမ်းက ‘‘Ethics ဆိုတာ မြန်မာလိုတော့ ကျင့်ဝတ်လို့ခေါ်တယ်။ လူရယ် လို့ဖြစ်လာပြီး လူ့ဘောင်အတွင်းမှာနေရင်တော့ လူ့ကျင့် ဝတ်နဲ့အညီနေထိုင်ရတာ သဘာဝပါပဲ။ မနေနိုင်ရင်တော့ အသိုင်းအဝိုင်းမှာမဝင်ဆံ့နိုင်တဲ့လူတစ်ယောက်အဖြစ်ပေါ့။ အခုနောက်ပိုင်းကြုံတွေ့ရတဲ့လူတွေထဲမှာ တွေ့ချို၊ လုပ်ချို၊ ရှေ့ချို ချိုမျိုးစုံတွေ့နေရတယ်။ နေထိုင်ရတဲ့ ခဏတာ လူ့လောကမှာ အပူတွေ ဘာလို့များရှာနေတာလဲ။ ကိုယ့်ဘဝနဲ့ကိုယ် သူ့ဘဝနဲ့သူပါပဲ we're born to die။ သူများကို မုန်းနေလို့လည်း ကိုယ့်အတွက် ဘာအကျိုးမှမရှိတဲ့အပြင် ပူလောင်ရပါတယ်။ ကိုယ်က လူ့ပတ်ဝန်းကျင်ကိုအကျိုးပြု နေတဲ့လူမဖြစ်နေရင်တောင် အမှိုက်တစ်ခုဖြစ်မနေပါစေနဲ့”လို့တုံ့ပြန်ခဲ့တာပါ။ သဲစုညိမ်းရဲ့ဆရာဖြစ်သူ ထူးအံ့လွင်က လည်း အလားတူပြောဆိုခဲ့တာပါ။ အဆိုပါ အနုပညာသတင်းထောက်တွေမှာ Happy Media နဲ့ Cele Gabar Media က သတင်းထောက်တွေဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ကြပြီး မီဒီယာတိုက်ပိုင်ရှင်က စက်တင်ဘာလ (၁၇) ရက်မှာ ထူးအံ့လွင် ထံ လာရောက်တောင်းပန်ခဲ့ပြီးဖြစ်ကြောင်း ပြန်လည်ဖော်ပြခဲ့ပါတယ်။ ထူးအံ့လွင်က “Happy Media က ဝန်ထမ်းတွေရဲ့ အပြစ်ကို Happy Media ပိုင်ရှင် စွမ်းထက်အောင်က ကိုယ်တိုင်လာ ရောက်တောင်းပန်သွားပြီဖြစ်ပါတယ်” လို့ ဆိုထား ပါတယ်။ Happy Media ပိုင်ရှင်က ၎င်းရဲ့ဝန်ထမ်းတွေကို ရုံးစည်းမျဉ်းစည်းကမ်းအရ အရေးယူမှုလုပ်ဆောင်သွားမှာဖြစ် ကြောင်း အသိပေးပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။ ဒီဖြစ်စဉ်ကိုကြည့်ခြင်းအားဖြင့် အနုပညာသမားတွေနဲ့ အနုပညာသတင်းထောက်တွေကြား ပြဿနာတစ်စုံတစ်ရာဖြစ်ပေါ်လာပါက အနုပညာသမားတွေနဲ့ ၎င်းတို့ရဲ့ပရိသတ် တွေက အသံတူခဲ့ကြပြီး အနုပညာသတင်းထောက်အချင်းချင်း၊ မီဒီယာသမားအချင်းချင်းကတော့ သင်းကွဲလို့နေဆဲပင် ဖြစ်ပါတယ်။

ဥက္ကာမင်းမောင်ပြောတဲ့ ချစ်သုဝေ အကြောင်း
အမေရိကန်နိုင်ငံမှာ တရားဝင်နေထိုင်နေတဲ့ ဥက္ကာမင်းမောင်က အမေရိကန်နိုင်ငံမှာ တတိယနိုင်ငံ ကူးပြောင်းသူ အဖြစ်ရောက်ရှိနေထိုင်တဲ့ ပြည်ပြေးချစ်သုဝေတို့ဇနီးမောင်နှံက မြန်မာ့နိုင်ငံရေးကိုအကြောင်းပြုပြီး ငွေရှာနေတဲ့ အကြောင်းတွေနဲ့ ငွေလိမ်လည်မှုတွေကို တစ်စတစ်စစီဖော်ထုတ်လို့လာပါတယ်။ သူရဲ့ပြောဆိုမှုတွေထဲ ပညာတတ် ဆရာဝန်တစ်ဦးဖြစ်ပါလျက် သူတို့လောက် ပညာအရည်အချင်းမပြည့်ဝတဲ့ ပြည်ပြေးပန်ဆယ်လိုရဲ့ ခိုင်းဖတ်၊ အလိုကျဖြစ် နေရတာတွေကို ရုပ်သံနဲ့တကွ ဖော်ထုတ်ပြောဆိုခြင်းဖြစ်ပါတယ်။ ပန်ဆယ်လိုက အမေရိကန်နိုင်ငံ အစိုးရကရောင်းချတဲ့ အမေရိကန်ထီ သူ့ထံကတစ်ဆင့်ဝယ်ယူနိုင်ကြောင်း ဆိုရှယ်ပလက်ဖောင်းတွေအသုံးပြုကာ မြန်မာပြည်သူတွေအပေါ် လိမ်ညာရောင်းချမှုတွေရှိလို့နေပါတယ်။ အဆိုပါလိမ်လည်ရောင်းချနေမှုဖြစ်စဉ်ကို ချစ်သုဝေ၊ လင်းလင်းတို့က သိပါ လျက် မသိကျိုးကျွံပြုကာ ပြည်သူတွေကိုလိမ်လည်ဖို့အသုံးချနေကြောင်း ထောက်ပြလာတာဖြစ်ပါတယ်။ ဥက္ကာမင်း မောင်က မမချစ်သုဝေရေ... လို့ မြည်တမ်းရင်း ပရိသတ်တစ်ဦးရဲ့ Speak Out လုပ်ပေးဖို့တောင်းဆိုမှုကို ဘာကြောင့် ဘမ်းလိုက်ရသလဲလို့ တရားဝင်မေးခွန်းထုတ်ခဲ့ပါတယ်။ ပြည်သူတစ်ဦးက ချစ်သုဝေရဲ့ပို့စ်အောက်မှာ ‘‘အမေရိကန်ထီ ကိစ္စနဲ့ပတ်သက်ပြီး ပညာရေးအားနည်းတဲ့ပြည်သူတွေ ထပ်မံအလိမ်အညာမမိစေရေးအတွက် အသိပေးပြောပေးဖို့ တောင်းဆိုခဲ့ရာ ချစ်သုဝေက အဆိုပါမှတ်ချက်ကို Banned လိုက်ကြောင်း၊ အခုလိုမျိုး အများပြည်သူသိရှိနိုင်စေဖို့က နိုင်ငံ ရေးမဟုတ်သလို၊ လူသတ်ခိုင်းတာလည်းမဟုတ်။ ကိုယ်က ပညာတတ်ဖြစ်တဲ့အတွက် ကိုယ်တိုင်တောင် ဦးဆောင်ပြီး ပြောပေးရမယ်၊ မျက်စိ/နားပွင့်အောင်လုပ်ပေးရမယ့်အစား အခုလို Banned ပြေးတာဟာ မျက် နှာအတော်ပြောင် တယ်လို့ယူဆပါတယ်။ အခုလိုစိတ်ထားလေးအတွက် ဘုရားသခင်ကောင်းချီးပေးပါစေ”လို့ဆိုထားပါတယ်။ “အမေရိ ကန်ထီများကို အမေရိကပြည်တွင်း/ပိုင်နက်မြေ လူကိုယ်တိုင်ရောက်ရှိနေထိုင်သူများသာထိုးနိုင်ပါသည်။ မြန်မာပြည်မှ လှမ်းထိုးသူများအား တစ်ဆင့်ဝယ်ပေး ဝန်ဆောင်ပေးခြင်းသည် တရားမဝင်ပါ။ ဆုငွေထုတ်ပေးခြင်းကို ငြင်းပယ်ခြင်းခံ ရနိုင်ပါသည်” လို့ Myanmar Gazette ပေ့ချ်က တရားဝင်ဖော်ပြ အသိပေးထားပါတယ်။
လက်ရှိအချိန်ထိ ပြည်ပြေး အနုပညာသမားတွေ/နိုင်ငံရေးသမားတွေက ၎င်းတို့ရဲ့နိုင်ငံရေးဝါဒမှိုင်းကို မြန်မာ နိုင်ငံသားတွေအပေါ် ဆက်လက်ဝါဒဖြန့်နေကြဆဲဖြစ်တာကြောင့် သူတို့ရဲ့လုပ်ရပ်တွေဟာ ကိုယ်ကျိုးရှာ နိုင်ငံရေး လုပ်ကွက်တွေသာဖြစ်ကြောင်းကို အမေရိကန်နိုင်ငံမှာ ဆယ်စုနှစ်ချီ တရားဝင်အလုပ်လုပ်ကိုင်နေထိုင်လျက်ရှိတဲ့ ဥက္ကာမင်းမောင်က နာမည်တွေအတိအကျတပ်ကာ အချက်အလက်အပြည့်အစုံနဲ့တကွ ဖော်ကောင်ပြုလုပ်နေတာ ဖြစ်ပါ တယ်။ သူရဲ့ပြောဆိုမှုတွေနဲ့ပတ်သက်ပြီး ပြည်ပြေးအနုပညာသမားမည်သူကမျှ ပြန်လည်တုံ့ပြန်နိုင်ခြင်းမရှိတာကို သတိ ပြုမိပါတယ်။
ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကို ဒီလောက်နဲ့ရပ်နားခွင့်ပြုပါ။

Zawgyi Version:
‘‘ အႏုပညာသမားတို႔၏ေလာကႏွင့္ သင္းကြဲမီဒီယာသမားမ်ား ’’
အိျဖဴ (NP News) - စက္တင္ဘာ ၂၁
NP News ရဲ႕ အႏုပညာအႏွစ္ခ်ဳပ္က႑ကေန ဒီတစ္ပတ္အတြက္ “မိခင္ကိုဆုံးရႈံးလိုက္ရတဲ့ အိမ့္ခ်စ္၊ မီဒီယာ ေတြအေပၚ ျပန္လည္ေဝဖန္ေထာက္ျပလိုက္တဲ့ အလွမယ္၊ ဥကၠာမင္းေမာင္ေျပာတဲ့ သာခိုအဖြဲ႕ တစ္စိတ္တစ္ပိုင္း” စတဲ့ အႏုပညာဆက္စပ္သတင္းေတြကို ေဖာ္ျပေပးသြားပါမယ္
မိခင္ကို ဆုံးရႈံးလိုက္ရၿပီျဖစ္တဲ့ အဆိုေတာ္ အိမ့္ခ်စ္
အဆိုေတာ္အိမ့္ခ်စ္နဲ႔ ကိုျပည့္ၿဖိဳးပိုင္(ခ)ဂ်ဴနီယာခ်စ္ေကာင္းတို႔ရဲ႕မိခင္ ေဒၚဝါဝါထူး အသက္(၆၆)ႏွစ္ဟာ စက္တင္ဘာလ(၁၆)ရက္(အဂၤါေန႔) မနက္ (၃)နာရီ (၄၃)မိနစ္ခန႔္မွာ ဘဝတစ္ပါးကို ကူးေျပာင္း သြားခဲ့ၿပီျဖစ္ပါတယ္။ ေဒၚဝါဝါထူးက အသည္းကင္ဆာေရာဂါေၾကာင့္ ႏွစ္ရွည္ေဆးကုသမႈခံယူခဲ့ရၿပီး ေနာက္ဆုံးထြက္သက္အခ်ိန္ကို ပန္းလႈိင္ေဆး႐ုံမွာကုန္ဆုံးခဲ့ရပါတယ္။ မိခင္ ေဒၚဝါဝါထူးရဲ႕ဈာပနအခမ္းအနားကို (၂၀၂၅) ခုႏွစ္ စက္တင္ဘာလ (၁၈) ရက္ (ၾကသပေတးေန႔) ေန႔လယ္(၃) နာရီက ေရေဝးသုသာန္မွာ မီးသၿဂႋဳဟ္ခဲ့ၿပီး မိခင္ရဲ႕ ႂကြင္းက်န္ရစ္တဲ့အ႐ိုးျပာကို ဂူသြင္းသၿဂႋဳဟ္ခဲ့ၾကပါတယ္။ အဆိုေတာ္အိမ့္ခ်စ္ကို သူရဲ႕ဖခင္ ေတးသံရွင္ခ်စ္ေကာင္းရဲ႕ တစ္ကိုယ္ေတာ္ရႈိးပြဲမွာ “ေရစီး ေၾကာင္းသံေဃာဇဥ္”သီခ်င္းနဲ႔ ပထမဆုံး လူသိမ်ားလာခဲ့ျခင္းျဖစ္ရာ အဆိုပါရႈိးပြဲၿပီးေနာက္ပိုင္း မိဘႏွစ္ပါးရဲ႕ အိမ္ေထာင္ ေရးၿပိဳကြဲခဲ့မႈေၾကာင့္ ေမာင္ႏွစ္မႏွစ္ဦးစလုံးက မိခင္ေဒၚဝါဝါထူးနဲ႔သာက်န္ရစ္ခဲ့ၿပီး ခက္ခဲၾကမ္းတမ္းတဲ့ဘဝကို ႐ုန္းကန္ ေက်ာ္ျဖတ္ခဲ့ရေၾကာင္း အဆိုေတာ္အိမ့္ခ်စ္က လြန္ခဲ့တဲ့ႏွစ္ပိုင္းကမွ ထုတ္ေဖာ္ေျပာျပခဲ့တာပါ။
ဖခင္ ခ်စ္ေကာင္းရဲ႕ပြဲထုတ္မႈေၾကာင့္ ေတးသံရွင္ ခ်စ္ေကာင္းရဲ႕သမီးအျဖစ္ လူသိမ်ားခဲ့တာမွန္ေပမယ့္ အဆိုေတာ္အိမ့္ခ်စ္အျဖစ္ ဂီတေလာကအတြင္း ရပ္တည္ရွင္သန္ႏိုင္ေစဖို႔ မိခင္ေဒၚဝါဝါထူးက ထိန္း ေက်ာင္းပဲ့ျပင္မႈ ေတြေၾကာင့္သာ ေအာင္ျမင္လာခဲ့တာျဖစ္ေၾကာင္း အိမ့္ခ်စ္က ရင္ဖြင့္ေျပာျပခဲ့ဖူးပါတယ္။
မိခင္ျဖစ္သူက သမီးနဲ႔သားကိုေကြၽးေမြးေစာင့္ေရွာက္ႏိုင္ဖို႔ ခက္ခဲၾကမ္းတမ္းစြာျဖတ္သန္းခဲ့ရေပမယ့္ သူစိုက္ပ်ိဳး ထားတဲ့အပင္ေလးေတြ ပြင့္လန္းရွင္သန္လာခ်ိန္မွာ အသီးအပြင့္ရဲ႕အက်ိဳးကို ျပည့္ျပည့္ဝဝမခံစားလိုက္ရတာေၾကာင့္ မိခင္ အတြက္ အိမ့္ခ်စ္က ယူက်ဳံးမရျဖစ္လို႔ေနတာပါ။ အိမ့္ခ်စ္က “မိခင္ဟာ မကြယ္လြန္ခင္အခ်ိန္အထိ သူေဖ်ာ္ေျဖရမယ့္ပြဲ ေန႔ရက္ကိုမွတ္သားထားခဲ့ၿပီး ကြယ္လြန္သြားတဲ့ရက္ကလည္း ေဖ်ာ္ေျဖပြဲနဲ႔ရက္တိုက္မႈမရွိေအာင္ သမီးျဖစ္သူအေပၚ စဥ္းစားေပးလြန္းတဲ့မိခင္ျဖစ္ေၾကာင္း” ဝမ္းနည္းစကားဆိုရင္းပြဲကို စီစဥ္ထားတဲ့အတိုင္း လာေရာက္ သီဆိုေဖ်ာ္ ေျဖသြား မွာျဖစ္ေၾကာင္း အသိေပးေျပာၾကားခဲ့ပါတယ္။ အိမ့္ခ်စ္ရဲ႕မိခင္ ကြယ္လြန္ဆုံးပါးမႈသတင္းအေပၚ ဂီတေလာကမွ အႏုပညာညီအစ္ကိုေမာင္ႏွမေတြကလည္း အိမ့္ခ်စ္နဲ႔ထပ္တူ စိတ္မေကာင္းျဖစ္မိေၾကာင္း အားေပးႏွစ္သိမ့္ခဲ့ၾကၿပီး၊ မိခင္ ေဒၚဝါဝါထူးအတြက္ ဆုေတာင္းစကားေတြေျပာၾကားခဲ့ၾကပါတယ္။ ကြယ္လြန္သူ မိခင္ေဒၚဝါဝါထူးရဲ႕ဈာပန အခမ္း အနားကို (၁၈-၉-၂၀၂၅) ရက္ကျပဳလုပ္ခဲ့ၿပီး၊ (၁၉-၉-၂၀၂၅) ရက္က မႏၲေလးၿမိဳ႕မွာ ေတးသံရွင္ ေကာ္နီ၊ ေခ်ာစုခင္တို႔နဲ႔ အတူ အိမ့္ခ်စ္က 3 Ladies ပြဲ က်င္းပခဲ့ရာ စက္တင္ဘာလ (၂၁) ရက္က Rock Hits Concert မွာ ပြဲအစီအစဥ္တိုင္း ေဖ်ာ္ေျဖတင္ ဆက္ခဲ့ပါတယ္။ မိခင္အတြက္ ရည္စူးျပဳလုပ္တဲ့ ရက္လည္ဆြမ္းေကြၽးတရားေတာ္နာအလႉကို (၂၂-၉-၂၀၂၅) ရက္ မနက္ပိုင္းက ရန္ကုန္ၿမိဳ႕ရွိေနအိမ္မွာ ျပဳလုပ္ခဲ့ၾကပါတယ္။
မီဒီယာေတြအေပၚ ျပန္လည္ေဝဖန္ေထာက္ျပလိုက္တဲ့ အလွမယ္
အႏုပညာသတင္းေထာက္ေတြလို႔ယူဆရသူ လူငယ္ငါးေယာက္အဖြဲ႕က ေမးခြန္းေတြေရးသားကာ မဲႏႈိက္ေျဖဆို ၾကတဲ့ဂိမ္းတစ္ခု ေဆာ့ကစားခဲ့ၾကတဲ့ ႐ုပ္သံဖိုင္ကို TikTok ပလက္ေဖာင္းမွာတင္ခဲ့ၾကပါတယ္။ အဆိုပါ႐ုပ္သံဖိုင္က အေပ်ာ္သေဘာဂိမ္းကစားျခင္းသာျဖစ္တယ္လို႔ဆိုႏိုင္ေပမယ့္ အဖြဲ႕ထဲက အမ်ိဳးသမီးတစ္ဦးရဲ႕ေျပာဆိုမႈေၾကာင့္ အႏုပညာ သမားေတြနဲ႔ အႏုပညာသတင္းေထာက္အၾကား အျပန္အလွန္ေျပာဆိုမႈေတြ ျမင့္တက္ခဲ့ၾကပါတယ္။
၎တို႔အခ်င္းခ်င္းေမးၾကရာ ‘အလွေမာင္ အလွမယ္ေလာကလို႔ေျပာလိုက္တာနဲ႔ ဘယ္ Miss ဘယ္ Mister က ႐ြံစရာအေကာင္းဆုံးလဲ” ဆိုတဲ့ ေမးခြန္းကို အမ်ိဳးသမီးအႏုပညာသတင္းေထာက္က ေသာၾကာသမီးလို႔ ျပန္လည္ေျဖဆိုခဲ့တာပါ။ ေျဖဆိုသူဟာ ေသာၾကာသမီးလို႔ေျပာရင္ လူတိုင္းသိတယ္။ ထပ္မေမးနဲ႔ေတာ့လို႔ေျပာခဲ့ပါတယ္။ အဆိုပါ႐ုပ္သံဖိုင္ ဆိုရွယ္ပလက္ေဖာင္းထက္ပ်ံ႕ႏွံ႔ၿပီးေနာက္ Miss Grand Myanmar 2024 အလွမယ္ သဲစုညိမ္းက ‘‘Ethics ဆိုတာ ျမန္မာလိုေတာ့ က်င့္ဝတ္လို႔ေခၚတယ္။ လူရယ္ လို႔ျဖစ္လာၿပီး လူ႔ေဘာင္အတြင္းမွာေနရင္ေတာ့ လူ႔က်င့္ ဝတ္နဲ႔အညီေနထိုင္ရတာ သဘာဝပါပဲ။ မေနႏိုင္ရင္ေတာ့ အသိုင္းအဝိုင္းမွာမဝင္ဆံ့ႏိုင္တဲ့လူတစ္ေယာက္အျဖစ္ေပါ့။ အခုေနာက္ပိုင္းႀကဳံေတြ႕ရတဲ့လူေတြထဲမွာ ေတြ႕ခ်ိဳ၊ လုပ္ခ်ိဳ၊ ေရွ႕ခ်ိဳ ခ်ိဳမ်ိဳးစုံေတြ႕ေနရတယ္။ ေနထိုင္ရတဲ့ ခဏတာ လူ႔ေလာကမွာ အပူေတြ ဘာလို႔မ်ားရွာေနတာလဲ။ ကိုယ့္ဘဝနဲ႔ကိုယ္ သူ႔ဘဝနဲ႔သူပါပဲ we're born to die။ သူမ်ားကို မုန္းေနလို႔လည္း ကိုယ့္အတြက္ ဘာအက်ိဳးမွမရွိတဲ့အျပင္ ပူေလာင္ရပါတယ္။ ကိုယ္က လူ႔ပတ္ဝန္းက်င္ကိုအက်ိဳးျပဳ ေနတဲ့လူမျဖစ္ေနရင္ေတာင္ အမႈိက္တစ္ခုျဖစ္မေနပါေစနဲ႔”လို႔တုံ႔ျပန္ခဲ့တာပါ။ သဲစုညိမ္းရဲ႕ဆရာျဖစ္သူ ထူးအံ့လြင္က လည္း အလားတူေျပာဆိုခဲ့တာပါ။ အဆိုပါ အႏုပညာသတင္းေထာက္ေတြမွာ Happy Media နဲ႔ Cele Gabar Media က သတင္းေထာက္ေတြျဖစ္ေၾကာင္း ေဖာ္ထုတ္ႏိုင္ခဲ့ၾကၿပီး မီဒီယာတိုက္ပိုင္ရွင္က စက္တင္ဘာလ (၁၇) ရက္မွာ ထူးအံ့လြင္ ထံ လာေရာက္ေတာင္းပန္ခဲ့ၿပီးျဖစ္ေၾကာင္း ျပန္လည္ေဖာ္ျပခဲ့ပါတယ္။ ထူးအံ့လြင္က “Happy Media က ဝန္ထမ္းေတြရဲ႕ အျပစ္ကို Happy Media ပိုင္ရွင္ စြမ္းထက္ေအာင္က ကိုယ္တိုင္လာ ေရာက္ေတာင္းပန္သြားၿပီျဖစ္ပါတယ္” လို႔ ဆိုထား ပါတယ္။ Happy Media ပိုင္ရွင္က ၎ရဲ႕ဝန္ထမ္းေတြကို ႐ုံးစည္းမ်ဥ္းစည္းကမ္းအရ အေရးယူမႈလုပ္ေဆာင္သြားမွာျဖစ္ ေၾကာင္း အသိေပးေျပာၾကားခဲ့တယ္လို႔လည္း သိရပါတယ္။ ဒီျဖစ္စဥ္ကိုၾကည့္ျခင္းအားျဖင့္ အႏုပညာသမားေတြနဲ႔ အႏုပညာသတင္းေထာက္ေတြၾကား ျပႆနာတစ္စုံတစ္ရာျဖစ္ေပၚလာပါက အႏုပညာသမားေတြနဲ႔ ၎တို႔ရဲ႕ပရိသတ္ ေတြက အသံတူခဲ့ၾကၿပီး အႏုပညာသတင္းေထာက္အခ်င္းခ်င္း၊ မီဒီယာသမားအခ်င္းခ်င္းကေတာ့ သင္းကြဲလို႔ေနဆဲပင္ ျဖစ္ပါတယ္။
ဥကၠာမင္းေမာင္ေျပာတဲ့ ခ်စ္သုေဝ အေၾကာင္း
အေမရိကန္ႏိုင္ငံမွာ တရားဝင္ေနထိုင္ေနတဲ့ ဥကၠာမင္းေမာင္က အေမရိကန္ႏိုင္ငံမွာ တတိယႏိုင္ငံ ကူးေျပာင္းသူ အျဖစ္ေရာက္ရွိေနထိုင္တဲ့ ျပည္ေျပးခ်စ္သုေဝတို႔ဇနီးေမာင္ႏွံက ျမန္မာ့ႏိုင္ငံေရးကိုအေၾကာင္းျပဳၿပီး ေငြရွာေနတဲ့ အေၾကာင္းေတြနဲ႔ ေငြလိမ္လည္မႈေတြကို တစ္စတစ္စစီေဖာ္ထုတ္လို႔လာပါတယ္။ သူရဲ႕ေျပာဆိုမႈေတြထဲ ပညာတတ္ ဆရာဝန္တစ္ဦးျဖစ္ပါလ်က္ သူတို႔ေလာက္ ပညာအရည္အခ်င္းမျပည့္ဝတဲ့ ျပည္ေျပးပန္ဆယ္လိုရဲ႕ ခိုင္းဖတ္၊ အလိုက်ျဖစ္ ေနရတာေတြကို ႐ုပ္သံနဲ႔တကြ ေဖာ္ထုတ္ေျပာဆိုျခင္းျဖစ္ပါတယ္။ ပန္ဆယ္လိုက အေမရိကန္ႏိုင္ငံ အစိုးရကေရာင္းခ်တဲ့ အေမရိကန္ထီ သူ႔ထံကတစ္ဆင့္ဝယ္ယူႏိုင္ေၾကာင္း ဆိုရွယ္ပလက္ေဖာင္းေတြအသုံးျပဳကာ ျမန္မာျပည္သူေတြအေပၚ လိမ္ညာေရာင္းခ်မႈေတြရွိလို႔ေနပါတယ္။ အဆိုပါလိမ္လည္ေရာင္းခ်ေနမႈျဖစ္စဥ္ကို ခ်စ္သုေဝ၊ လင္းလင္းတို႔က သိပါ လ်က္ မသိက်ိဳးကြၽံျပဳကာ ျပည္သူေတြကိုလိမ္လည္ဖို႔အသုံးခ်ေနေၾကာင္း ေထာက္ျပလာတာျဖစ္ပါတယ္။ ဥကၠာမင္း ေမာင္က မမခ်စ္သုေဝေရ... လို႔ ျမည္တမ္းရင္း ပရိသတ္တစ္ဦးရဲ႕ Speak Out လုပ္ေပးဖို႔ေတာင္းဆိုမႈကို ဘာေၾကာင့္ ဘမ္းလိုက္ရသလဲလို႔ တရားဝင္ေမးခြန္းထုတ္ခဲ့ပါတယ္။ ျပည္သူတစ္ဦးက ခ်စ္သုေဝရဲ႕ပို႔စ္ေအာက္မွာ ‘‘အေမရိကန္ထီ ကိစၥနဲ႔ပတ္သက္ၿပီး ပညာေရးအားနည္းတဲ့ျပည္သူေတြ ထပ္မံအလိမ္အညာမမိေစေရးအတြက္ အသိေပးေျပာေပးဖို႔ ေတာင္းဆိုခဲ့ရာ ခ်စ္သုေဝက အဆိုပါမွတ္ခ်က္ကို Banned လိုက္ေၾကာင္း၊ အခုလိုမ်ိဳး အမ်ားျပည္သူသိရွိႏိုင္ေစဖို႔က ႏိုင္ငံ ေရးမဟုတ္သလို၊ လူသတ္ခိုင္းတာလည္းမဟုတ္။ ကိုယ္က ပညာတတ္ျဖစ္တဲ့အတြက္ ကိုယ္တိုင္ေတာင္ ဦးေဆာင္ၿပီး ေျပာေပးရမယ္၊ မ်က္စိ/နားပြင့္ေအာင္လုပ္ေပးရမယ့္အစား အခုလို Banned ေျပးတာဟာ မ်က္ ႏွာအေတာ္ေျပာင္ တယ္လို႔ယူဆပါတယ္။ အခုလိုစိတ္ထားေလးအတြက္ ဘုရားသခင္ေကာင္းခ်ီးေပးပါေစ”လို႔ဆိုထားပါတယ္။ “အေမရိ ကန္ထီမ်ားကို အေမရိကျပည္တြင္း/ပိုင္နက္ေျမ လူကိုယ္တိုင္ေရာက္ရွိေနထိုင္သူမ်ားသာထိုးႏိုင္ပါသည္။ ျမန္မာျပည္မွ လွမ္းထိုးသူမ်ားအား တစ္ဆင့္ဝယ္ေပး ဝန္ေဆာင္ေပးျခင္းသည္ တရားမဝင္ပါ။ ဆုေငြထုတ္ေပးျခင္းကို ျငင္းပယ္ျခင္းခံ ရႏိုင္ပါသည္” လို႔ Myanmar Gazette ေပ့ခ်္က တရားဝင္ေဖာ္ျပ အသိေပးထားပါတယ္။
လက္ရွိအခ်ိန္ထိ ျပည္ေျပး အႏုပညာသမားေတြ/ႏိုင္ငံေရးသမားေတြက ၎တို႔ရဲ႕ႏိုင္ငံေရးဝါဒမႈိင္းကို ျမန္မာ ႏိုင္ငံသားေတြအေပၚ ဆက္လက္ဝါဒျဖန႔္ေနၾကဆဲျဖစ္တာေၾကာင့္ သူတို႔ရဲ႕လုပ္ရပ္ေတြဟာ ကိုယ္က်ိဳးရွာ ႏိုင္ငံေရး လုပ္ကြက္ေတြသာျဖစ္ေၾကာင္းကို အေမရိကန္ႏိုင္ငံမွာ ဆယ္စုႏွစ္ခ်ီ တရားဝင္အလုပ္လုပ္ကိုင္ေနထိုင္လ်က္ရွိတဲ့ ဥကၠာမင္းေမာင္က နာမည္ေတြအတိအက်တပ္ကာ အခ်က္အလက္အျပည့္အစုံနဲ႔တကြ ေဖာ္ေကာင္ျပဳလုပ္ေနတာ ျဖစ္ပါ တယ္။ သူရဲ႕ေျပာဆိုမႈေတြနဲ႔ပတ္သက္ၿပီး ျပည္ေျပးအႏုပညာသမားမည္သူကမွ် ျပန္လည္တုံ႔ျပန္ႏိုင္ျခင္းမရွိတာကို သတိ ျပဳမိပါတယ္။
ဒီတစ္ပတ္အတြက္ အႏုပညာက႑ကို ဒီေလာက္နဲ႔ရပ္နားခြင့္ျပဳပါ။