ကိုယ်စားလှယ်လောင်း စာရင်းနှင့် ပါတီအချို့၏ အလားအလာ

3921

သုတကျော်(NP News)-စက်တင်ဘာ ၂၁
လာမည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းစာရင်းကို စက်တင် ဘာလ(၂၂) ရက်တွင် နောက်ဆုံးထားတင်သွင်းရမည်ဖြစ်ရာ ယင်းကိုယ်စားလှယ်လောင်းများ စာရင်းနှင့်အတူ ပါတီအချို့၏ အလားအလာအခြေအနေမှာ စိတ်ဝင်စားစရာကောင်းနေသည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအတွက် မူလက တစ်နိုင်ငံလုံးစည်းရုံးမည့် ပါတီ (၉)ပါတီရှိခဲ့ရာမှ စက်တင်ဘာလ (၇)ရက်အထိ သတ်မှတ်ပါတီဝင်ဦးရေမပြည့်မီသည့် အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ(NDF)နှင့် ပါတီရုံးခန်းများ သတ်မှတ်အရေအတွက်မပြည့်မီသည့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ(DNP)၊ အမျိုးသမီးပါတီ (မွန်)နှင့် ပြည်ထောင်စုလယ်သမားအလုပ် သမားအင်အားစုပါတီအပါအဝင် စုစုပေါင်း နိုင်ငံရေး ပါတီ(၄)ပါတီကို စက်တင်ဘာလ (၉)ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထား ခြင်းမှပယ်ဖျယ်ထား သည်။
ထို့ကြောင့် လက်ရှိတွင် တစ်နိုင်ငံလုံးစည်း ရုံးမည့်(၆)ပါတီကျန်နေရာ ယင်းပါတီများမှာ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများကို သတ်မှတ်ရက်အတွင်းပြည့်မီစေရန်ကြိုးစားနေကြပြီ ဖြစ်သည်။ ယင်းသို့ကြိုးစားရာတွင် သတ်မှတ်ထား သောကာလမှာ အချိန်နည်းပါးလွန်းကြောင်း နိုင်ငံရေး ပါတီများဘက်မှ ပြောကြားခြင်းများရှိနေသည်။
“နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ကိုပြင်တဲ့အခါမှာ ရုံးခန်းနဲ့ပါတီဝင်တို့ကို လျှော့ပေးလိုက်ပေမယ့် ကိုယ်စားလှယ်လောင်းအရေအတွက် ကကျတော့ကျန်နေတာ။ ကိုယ်စားလှယ်လောင်းက သုံးပုံတစ်ပုံလောက် လျှော့ချ လိုက်ရင် အားလုံးအဆင် ပြေတယ်”ဟု နိုင်ငံရေးသမားတစ်ဦးက NP News ကိုပြောသည်။
ယင်းနှင့်ပတ်သက်၍ ပြည်သူ့ပါတီကလည်း ပြီးခဲ့သည့်ရက်ပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ စာပေးပို့ခဲ့ရာ အဆိုပါစာအတွင်း ကိုယ်စားလှယ်လောင်းတင်သွင်းရမည့်ရက်ကို ရွေးကောက်ပွဲမတိုင်မီ ရက်(၉၀)ဖြစ် သော စက်တင်ဘာလ (၂၇) ရက်သို့တိုးပေးရန်၊ ဝင်ရောက်ယှဉ်ပြိုင်ရမည့် ကိုယ် စားလှယ်လောင်းအရေအတွက်ကို မဲဆန္ဒနယ်အား လုံး၏သုံးပုံတစ်ပုံသို့လျှော့ချပေးရန်နှင့် သွားလာရန် ခက်ခဲသောမြို့နယ်များအတွက် အွန်လိုင်းမှဆောင် ရွက်ခွင့်ပြုရန်တင်ပြထားသည်။
ယင်းနောက် UEC က လွတ်လပ်ပြီးတရား မျှတသောရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသည့် ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ် (၅၆)နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP)မဲဆန္ဒနယ်(၉)နယ်နှင့် တိုင်းဒေသကြီးလွှတ် တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ်(FPTP) မဲဆန္ဒနယ် ( ၅၆ ) နယ်တို့ တွင် ရွေးကောက်ပွဲများကျင်းပခြင်းပြုမည်မဟုတ် ကြောင်းကြေညာသည်။
ထိုသို့ကြေညာခဲ့သည့်အတွက် ပြီးခဲ့သည့်ရက်တွင် UEC က လွှတ်တော်အသီးသီး၏မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏အမည်စာရင်းတင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်း တို့နှင့်စပ်လျဉ်းသည့် နေ့ရက်များ ပြင်ဆင်သတ်မှတ်ခဲ့သည်။
ယင်းတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများကို ရုပ်သိမ်း လိုက ရုပ်သိမ်းနိုင် သည့်နောက်ဆုံးနေ့ရက်ကို မူလ စက်တင်ဘာလ(၁၂)ရက်အစား (၁၇)ရက်သို့လည်းကောင်း၊ PR မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီတစ်ခုအနေဖြင့် မိမိပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် လောင်းတစ်ဦး အတွက် အမည်စာရင်းတင်သွင်းလွှာကို ရုပ်သိမ်းပါက စတင်အစားထိုးပြန်လည်တင်သွင်းရမည့်နေ့ရက်နှင့် နောက်ဆုံး နေ့ရက်ကို စက်တင်ဘာလ (၁၃)ရက်မှ (၁၇)ရက်အထိအစား စက်တင်ဘာလ (၁၈)ရက်မှ စက်တင်ဘာလ (၂၂)ရက်အထိ လည်းကောင်း၊ လွှတ် တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်း ရမည့်နောက်ဆုံးနေ့ရက်ကို စက်တင်ဘာလ (၂၂) ရက်နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည် စာရင်းတင်သွင်းလွှာများ စိစစ်မည့်နေ့ရက်ကို စက် တင်ဘာလ(၁၈)ရက်မှ အောက်တိုဘာလ(၄)ရက် အစား စက်တင်ဘာလ (၂၃)ရက်မှ အောက်တိုဘာလ (၄)ရက်သို့ပြောင်း လဲထားသည်။
သို့သော် လက်ရှိတွင် လွှတ်တော်ကိုယ်စား လှယ်လောင်းခေါ်ယူရန်အတွက် အခက်အခဲများစွာ ရှိနေပြီး ယင်းအတွက်ပင် နိုင်ငံရေးပါတီများ ရုန်းကန် နေကြရသည်ဟု တစ်နိုင်ငံလုံးအဆင့် ရွေးကောက်ပွဲ ဝင်မည့်ပါတီတစ်ခုမှ အမည်မဖော်လိုသော ခေါင်း ဆောင်တစ်ဦးကဆိုသည်။
“အမှန်ကတော့ဗျာ အခုကော်မရှင်က သတ်မှတ်ထားအရေအတွက်ပေါ့။ ကော်မရှင်က မကျင်းပနိုင်တဲ့ မဲ ဆန္ဒနယ်တွေ အရေအတွက် ကြေညာလိုက်တယ်။ ကြေညာလိုက်တာရဲ့ မဲဆန္ဒမြေရဲ့ ထက်ဝက်ပေါ့။ အဓိက အခက်အခဲ က နယ်တွေမှာ ဖြစ်တာ။ ရန်ကုန်တိုင်းက ဒီလောက်မဟုတ်ဘူး။ နောက်ပြီးတော့ အကြောက်တရား တွေကြောင့် မဝင်ရဲကြဘူးပေါ့ဗျာ။ နယ်တွေမှာ လုပ်ရကိုင်ရ ကျပ်တယ်” ဟု ယင်းက ဆိုသည်။
အချို့နေရာများတွင် ပါတီဝင်ရန်၊ ကိုယ်စားလှယ်လောင်း လျှောက်ထားရန်အတွက် စိတ်ဝင် စားသူများရှိ သော်လည်း လမ်းပန်းဆက်သွယ်ရေး အခြေအနေကြောင့် မလာနိုင်သူများလည်း ရှိနေကြောင်း ၎င်းက ဆိုသည်။ ယင်းသို့ ကိုယ်စားလှယ် လောင်းအရေအတွက် မပြည့်ခြင်းမျိုးဖြင့် လာမည့် စက်တင်ဘာလ (၂၂)ရက် အပြီးတွင် ကျန်ခဲ့မည့်နိုင် ငံရေးပါတီများရှိလာနိုင်ကြောင်း ၎င်းက ရှင်းပြသည်။
“ကိုယ်စားလှယ်လောင်းမပြည့်တာနဲ့ ပြုတ်သွားမယ့် ပါတီတွေ ရှိနိုင်တယ်ဗျ။ အဓိက ပြည်ထောင်စုအဆင့် ပါတီတွေက ခက်ခဲနေတာ။ ပြည်နယ်တွေ ဘာတွေက ဒီလောက်မဟုတ်ဘူး။ ပြည်ထောင်စု အဆင့် ပါတီတွေ ဒုက္ခရောက် နေတာ” ဟု ၎င်းက ဆိုသည်။
ပြည်ပရောက် မီဒီယာများက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) အနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် တပ်မတော်မှ လတ်တလော အငြိမ်းစားယူထားသော အရာရှိကြီး အဆင့်များ အပါအဝင် လူပေါင်း (၄၀ဝ)ကျော် ပြောင်းရွှေ့ပြီး ရွေးကောက်ပွဲ ဝင်ကြမည်ဖြစ်ကြောင်း ရေးသားမှုများ ရှိနေသည်။
“ကျွန်တော်သိရသလောက်ကတော့ အဲဒီလူ (၄၀ဝ)ကျော်ကြီး ဝင်တယ်ဆိုတာ မကြားဘူး ဗျ။ အခု ကျွန်တော်က လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းတင်သွင်းနေတယ်ပေါ့။ တင်သွင်း တာမှာ အများကြီးအပြောင်းအလဲ မရှိဘူးဗျ” ဟု USDP ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောသည်။
သို့သော် ယခုရွေးကောက်ပွဲနှင့် ပတ်သက်၍ ကိုယ်စားလှယ်လောင်း အရေအတွက်မှာ USDP က အဆင်သင့်ရှိ နေသောကြောင့် အခြားပါတီများ ထက်သာသော အခြေအနေရှိနေကြောင်းလည်း နိုင်ငံရေးပါတီအချို့ထံ မေးမြန်းထား ချက်အရ သိရသည်။
လွှတ်တော်ကိုယ်စားလှယ်လောင်းများအတွက် ရွေးကောက်ပွဲဝင်ရန် စာရင်းပေးရာတွင် လုံခြုံရေးအခြေအနေ အရ စိုးရိမ်မှုများ ရှိနေသည့်အပြင် တစ်ဖက်တွင်လည်း PR ကိုယ်စားလှယ်လောင်းနှင့်ပတ်သက်၍ အခက်အခဲ များရှိခဲ့ကြကြောင်း သိရသည်။
“ကိုယ်စားလှယ်လောင်း ရှာတာမှာ သိတဲ့အတိုင်းပဲ မြန်မာနိုင်ငံမှာ နိုင်ငံရေးက တော်တော် ကွင်းဆက်ပြတ် သွားပြီ။ သေသွားသလို ဖြစ်သွားတာပေါ့။ လူတွေက စိတ်ဝင်စားမှုမရှိကြဘူး။ နောက်ပြီးတော့ အကြောက်တရား ဖြစ်တယ်ဗျ။ တော်တော်ခက် ခက်ခဲခဲရှာရတယ်။ အဓိကတော့ အကြောက်တရား ဖြစ်တာပေါ့” ဟု ကျားဖြူပါတီမှ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးနေမျိုးဇော်က ဆိုသည်။ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင် ရာတွင် စိန်ခေါ်မှုများရှိခဲ့ပြီး အချိန်ယူခဲ့ရကြောင်း ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးက ပြောသည်။
“လုံခြုံရေးဆိုတာက ကိုယ့်လုံခြုံရေးအပြင် မိသားစု လုံခြုံရေးပေါ့။ ကိုယ့်ဒေသမှာရှိတဲ့ ဆွေမျိုးသားချင်း၊ သူငယ်ချင်း လုံခြုံရေးပေါ့။ တော်တော်လေး စဉ်းစားပြီး ဝင်ရတာပေါ့။ ပြောရမယ်ဆို အချိန်ယူရတယ်” ဟု ၎င်းက ဆိုသည်။
PR အတွက် လွှတ်တော်ကိုယ်စားလှယ် လောင်းရှာပြီး ဖြည့်ရသည့် အခြေအနေကလည်း ခက်ခဲခဲ့ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) မှ ဒုတိယ ဥက္ကဋ္ဌ (၂) ဦးစောဟန်အေး က ဆိုသည်။
“PR ပြည့်မှ FPTP သွားတင်ရမယ် ဆိုတဲ့ အဲဒီဟာကြီးကလည်း ရှိတယ်။ အမှန်တော့ FPTP က FPTP မဲဆန္ဒနယ် (၁)နယ်စီ မဆိုင်ဘူး လေ။ PR ကလည်း (၁၀)ယောက်လောက်မှ မဲဆန္ဒ နယ် (၁) နယ်လေ။ အခုက ခက်တာက PR ပြည့်မှ FPTP လာတင်ပါဆိုတော့ ဒုက္ခရောက်နေကြတာပေါ့” ဟု ၎င်းက ယခင်အခြေအနေကို ပြောပြသည်။
သို့သော် UEC က PR မဲဆန္ဒနယ်များနှင့် ပတ်သက်၍ ကိုယ်စားလှယ်လောင်း တင်သွင်းရာတွင် စည်းကမ်းချက် အချို့ကို ဖြေလျှော့မှုများ ပြုလုပ်ခဲ့ကြောင်းနှင့် ယင်းကို စက်တင်ဘာလ (၁၉)ရက်တွင် ပါတီများထံ UEC က အီးမေးလ် ပေးပို့ အကြောင်းကြားသည်ဟု အခြား အမည်မဖော်လိုသူ နိုင်ငံရေးပါတီမှ သတင်းရင်းမြစ်က ဆိုသည်။
“အမျိုးသားလွှတ်တော်မှာ အရင်တုန်းက FPTP မဲဆန္ဒနယ်မှာ (၂) ယောက်၊ PR မဲဆန္ဒနယ်မှာ (၂)ယောက်ဆို ထည့်ရတာရှိတယ်။ အခု ဘာကို လျှော့လဲဆိုတော့ PR မဲဆန္ဒနယ်မှာ (၂) ယောက်ဆိုရင် FPTP မှာ (၁)ယောက်တည်း ဝင်ပြိုင်လို့လည်း ရပါတယ်ဆိုတာလျှော့တယ်။ နောက်တစ်ခုက တိုင်းဒေသကြီး မဲဆန္ဒနယ်တွေမှာ ဥပမာ အလွယ်တကူ ပြောရရင် PR လွှတ်တော် ကိုယ်စား (၁၀) ယောက်ရှိတယ်။ (၁၀) ယောက်စလုံး အပြည့်တင်ရ မယ်ဆိုတဲ့ သတ်မှတ် ချက်ရှိတယ်။ အခုက PR မဲဆန္ဒနယ်မှာ (၃) ယောက်ပဲ ဝင်ပြိုင်ရင်လည်း FPTP တစ်ယောက်နဲ့ တွက်ပြီး လက်ခံလို့ ရတယ်။ PR မဲဆန္ဒနယ်ကို သုံးယောက်ပဲ ပြိုင်မယ်ဆိုလည်း ရတယ်ဆိုတဲ့သဘောမျိုး ဖြစ်သွားတယ်” ဟု ၎င်းက ဆို သည်။
ကိုယ်စားလှယ်လောင်းရှာရသည်မှာ လွယ်သည်ဟု ဆိုနိုင်သော်လည်း ကိုယ်စားလှယ်လောင်း ထက်ဝက် ဝင်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်သည့်အတွက် ဝိရောဓိဖြစ်နေသေးကြောင်း ၎င်းကဆိုသည်။ “ကိုယ်စားလှယ်လောင်း ရှာရတာ လျော့ကျတာ မှန်သော်လည်း အဲဒီလိုပြိုင်ရင် ထက်ဝက် မပြည့်ဘူးဆိုတဲ့ ပြဿနာက ရှိနေတယ်။ အရင်က တော့ PR ကို လူပြည့်ပြီမှ အရင်တင်ရတယ်။ PR လူမပြည့်ပဲ FPTP လုံးဝ လက်မခံဘူး။ အခုကတော့ ရသွားတာပေါ့။ အပြည့်မလိုတော့ဘူး” ဟု ၎င်းက ရှင်းပြသည်။
ယင်းအချက်အလက်နှင့် ပတ်သက်၍ NP News ဂျာနယ်အနေဖြင့် ဖောင်ပိတ်ရက် ဖြစ်သည့်အတွက် အချိန်ယူ စောင့်ဆိုင်း အတည်ပြု နိုင်ခဲ့ခြင်းမရှိပေ။
UEC အနေဖြင့် ယခုကဲ့သို့ လျှော့ချပေး လိုက်သည့်အတွက် ပါတီများအကြား လုပ်သာ ကိုင် သာ ပိုရှိသွား သော်လည်း ကိုယ်စားလှယ်လောင်းများအကြား စိုးရိမ်မှုများက ရှိနေဆဲဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် စက်တင်ဘာလ (၂၂)ရက်တွင် မည့်သည့်ပါတီက ပြည့်ပြီး၊ မည်သည့် ပါတီက မပြည့် ဆိုသော အချက်မှာလည်း ဆက် လက် စောင့်ကြည့်ရ ပေတော့မည်။

Zawgyi Version:
ကိုယ္စားလွယ္ေလာင္း စာရင္းႏွင့္ ပါတီအခ်ိဳ႕၏ အလားအလာ
သုတေက်ာ္(NP News)-စက္တင္ဘာ ၂၁
လာမည့္ ပါတီစုံ အေထြေထြေ႐ြးေကာက္ပြဲအတြက္ ကိုယ္စားလွယ္ေလာင္းစာရင္းကို စက္တင္ ဘာလ(၂၂) ရက္တြင္ ေနာက္ဆုံးထားတင္သြင္းရမည္ျဖစ္ရာ ယင္းကိုယ္စားလွယ္ေလာင္းမ်ား စာရင္းႏွင့္အတူ ပါတီအခ်ိဳ႕၏ အလားအလာအေျခအေနမွာ စိတ္ဝင္စားစရာေကာင္းေနသည္။
ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြး ေကာက္ပြဲအတြက္ မူလက တစ္ႏိုင္ငံလုံးစည္း႐ုံးမည့္ ပါတီ (၉)ပါတီရွိခဲ့ရာမွ စက္တင္ဘာလ (၇)ရက္အထိ သတ္မွတ္ပါတီဝင္ဦးေရမျပည့္မီသည့္ အမ်ိဳးသား ဒီမိုကေရစီအင္အားစုပါတီ(NDF)ႏွင့္ ပါတီ႐ုံးခန္းမ်ား သတ္မွတ္အေရအတြက္မျပည့္မီသည့္ အမ်ိဳးသားႏိုင္ငံေရးဒီမိုကရက္တစ္ပါတီ(DNP)၊ အမ်ိဳးသမီးပါတီ (မြန္)ႏွင့္ ျပည္ေထာင္စုလယ္သမားအလုပ္ သမားအင္အားစုပါတီအပါအဝင္ စုစုေပါင္း ႏိုင္ငံေရး ပါတီ(၄)ပါတီကို စက္တင္ဘာလ (၉)ရက္တြင္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္(UEC)က ႏိုင္ငံေရးပါတီအျဖစ္ မွတ္ပုံတင္ထား ျခင္းမွပယ္ဖ်ယ္ထား သည္။
ထို႔ေၾကာင့္ လက္ရွိတြင္ တစ္ႏိုင္ငံလုံးစည္း ႐ုံးမည့္(၆)ပါတီက်န္ေနရာ ယင္းပါတီမ်ားမွာ ေ႐ြးေကာက္ပြဲအတြက္ ကိုယ္စားလွယ္ေလာင္းမ်ားကို သတ္မွတ္ရက္အတြင္းျပည့္မီေစရန္ႀကိဳးစားေနၾကၿပီ ျဖစ္သည္။ ယင္းသို႔ႀကိဳးစားရာတြင္ သတ္မွတ္ထား ေသာကာလမွာ အခ်ိန္နည္းပါးလြန္းေၾကာင္း ႏိုင္ငံေရး ပါတီမ်ားဘက္မွ ေျပာၾကားျခင္းမ်ားရွိေနသည္။
“ႏိုင္ငံေရးပါတီမ်ား မွတ္ပုံတင္ျခင္းဥပေဒ ကိုျပင္တဲ့အခါမွာ ႐ုံးခန္းနဲ႔ပါတီဝင္တို႔ကို ေလွ်ာ့ေပးလိုက္ေပမယ့္ ကိုယ္စားလွယ္ေလာင္းအေရအတြက္ ကက်ေတာ့က်န္ေနတာ။ ကိုယ္စားလွယ္ေလာင္းက သုံးပုံတစ္ပုံေလာက္ ေလွ်ာ့ခ် လိုက္ရင္ အားလုံးအဆင္ ေျပတယ္”ဟု ႏိုင္ငံေရးသမားတစ္ဦးက NP News ကိုေျပာသည္။
ယင္းႏွင့္ပတ္သက္၍ ျပည္သူ႔ပါတီကလည္း ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္သို႔ စာေပးပို႔ခဲ့ရာ အဆိုပါစာအတြင္း ကိုယ္စားလွယ္ေလာင္းတင္သြင္းရမည့္ရက္ကို ေ႐ြးေကာက္ပြဲမတိုင္မီ ရက္(၉၀)ျဖစ္ ေသာ စက္တင္ဘာလ (၂၇) ရက္သို႔တိုးေပးရန္၊ ဝင္ေရာက္ယွဥ္ၿပိဳင္ရမည့္ ကိုယ္ စားလွယ္ေလာင္းအေရအတြက္ကို မဲဆႏၵနယ္အား လုံး၏သုံးပုံတစ္ပုံသို႔ေလွ်ာ့ခ်ေပးရန္ႏွင့္ သြားလာရန္ ခက္ခဲေသာၿမိဳ႕နယ္မ်ားအတြက္ အြန္လိုင္းမွေဆာင္ ႐ြက္ခြင့္ျပဳရန္တင္ျပထားသည္။
ယင္းေနာက္ UEC က လြတ္လပ္ၿပီးတရား မွ်တေသာေ႐ြးေကာက္ပြဲက်င္းပရန္ အေျခအေနမရွိသည့္ ျပည္သူ႔ လႊတ္ေတာ္မဲဆႏၵနယ္ (၅၆)နယ္၊ အမ်ိဳးသားလႊတ္ေတာ္ မဲအမ်ားဆုံးရသူအႏိုင္ယူစနစ္ (FPTP)မဲဆႏၵနယ္(၉)နယ္ႏွင့္ တိုင္းေဒသႀကီးလႊတ္ ေတာ္ သို႔မဟုတ္ ျပည္နယ္လႊတ္ေတာ္ မဲအမ်ားဆုံးရသူ အႏိုင္ယူစနစ္(FPTP) မဲဆႏၵနယ္ ( ၅၆ ) နယ္တို႔ တြင္ ေ႐ြးေကာက္ပြဲမ်ားက်င္းပျခင္းျပဳမည္မဟုတ္ ေၾကာင္းေၾကညာသည္။
ထိုသို႔ေၾကညာခဲ့သည့္အတြက္ ၿပီးခဲ့သည့္ရက္တြင္ UEC က လႊတ္ေတာ္အသီးသီး၏မဲဆႏၵနယ္မ်ားအတြက္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ား၏အမည္စာရင္းတင္သြင္းျခင္း၊ စိစစ္ျခင္း၊ ႐ုပ္သိမ္းျခင္း တို႔ႏွင့္စပ္လ်ဥ္းသည့္ ေန႔ရက္မ်ား ျပင္ဆင္သတ္မွတ္ခဲ့သည္။
ယင္းတြင္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း အမည္စာရင္းတင္သြင္းလႊာမ်ားကို ႐ုပ္သိမ္း လိုက ႐ုပ္သိမ္းႏိုင္ သည့္ေနာက္ဆုံးေန႔ရက္ကို မူလ စက္တင္ဘာလ(၁၂)ရက္အစား (၁၇)ရက္သို႔လည္းေကာင္း၊ PR မဲဆႏၵနယ္တြင္ ဝင္ေရာက္ယွဥ္ၿပိဳင္သည့္ ႏိုင္ငံေရးပါတီတစ္ခုအေနျဖင့္ မိမိပါတီကိုယ္စားျပဳ လႊတ္ေတာ္ကိုယ္စားလွယ္ ေလာင္းတစ္ဦး အတြက္ အမည္စာရင္းတင္သြင္းလႊာကို ႐ုပ္သိမ္းပါက စတင္အစားထိုးျပန္လည္တင္သြင္းရမည့္ေန႔ရက္ႏွင့္ ေနာက္ဆုံး ေန႔ရက္ကို စက္တင္ဘာလ (၁၃)ရက္မွ (၁၇)ရက္အထိအစား စက္တင္ဘာလ (၁၈)ရက္မွ စက္တင္ဘာလ (၂၂)ရက္အထိ လည္းေကာင္း၊ လႊတ္ ေတာ္ကိုယ္စားလွယ္ေလာင္း အမည္စာရင္းတင္သြင္း ရမည့္ေနာက္ဆုံးေန႔ရက္ကို စက္တင္ဘာလ (၂၂) ရက္ႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း အမည္ စာရင္းတင္သြင္းလႊာမ်ား စိစစ္မည့္ေန႔ရက္ကို စက္ တင္ဘာလ(၁၈)ရက္မွ ေအာက္တိုဘာလ(၄)ရက္ အစား စက္တင္ဘာလ (၂၃)ရက္မွ ေအာက္တိုဘာလ (၄)ရက္သို႔ေျပာင္း လဲထားသည္။
သို႔ေသာ္ လက္ရွိတြင္ လႊတ္ေတာ္ကိုယ္စား လွယ္ေလာင္းေခၚယူရန္အတြက္ အခက္အခဲမ်ားစြာ ရွိေနၿပီး ယင္းအတြက္ပင္ ႏိုင္ငံေရးပါတီမ်ား ႐ုန္းကန္ ေနၾကရသည္ဟု တစ္ႏိုင္ငံလုံးအဆင့္ ေ႐ြးေကာက္ပြဲ ဝင္မည့္ပါတီတစ္ခုမွ အမည္မေဖာ္လိုေသာ ေခါင္း ေဆာင္တစ္ဦးကဆိုသည္။
“အမွန္ကေတာ့ဗ်ာ အခုေကာ္မရွင္က သတ္မွတ္ထားအေရအတြက္ေပါ့။ ေကာ္မရွင္က မက်င္းပႏိုင္တဲ့ မဲ ဆႏၵနယ္ေတြ အေရအတြက္ ေၾကညာလိုက္တယ္။ ေၾကညာလိုက္တာရဲ႕ မဲဆႏၵေျမရဲ႕ ထက္ဝက္ေပါ့။ အဓိက အခက္အခဲ က နယ္ေတြမွာ ျဖစ္တာ။ ရန္ကုန္တိုင္းက ဒီေလာက္မဟုတ္ဘူး။ ေနာက္ၿပီးေတာ့ အေၾကာက္တရား ေတြေၾကာင့္ မဝင္ရဲၾကဘူးေပါ့ဗ်ာ။ နယ္ေတြမွာ လုပ္ရကိုင္ရ က်ပ္တယ္” ဟု ယင္းက ဆိုသည္။
အခ်ိဳ႕ေနရာမ်ားတြင္ ပါတီဝင္ရန္၊ ကိုယ္စားလွယ္ေလာင္း ေလွ်ာက္ထားရန္အတြက္ စိတ္ဝင္ စားသူမ်ားရွိ ေသာ္လည္း လမ္းပန္းဆက္သြယ္ေရး အေျခအေနေၾကာင့္ မလာႏိုင္သူမ်ားလည္း ရွိေနေၾကာင္း ၎က ဆိုသည္။ ယင္းသို႔ ကိုယ္စားလွယ္ ေလာင္းအေရအတြက္ မျပည့္ျခင္းမ်ိဳးျဖင့္ လာမည့္ စက္တင္ဘာလ (၂၂)ရက္ အၿပီးတြင္ က်န္ခဲ့မည့္ႏိုင္ ငံေရးပါတီမ်ားရွိလာႏိုင္ေၾကာင္း ၎က ရွင္းျပသည္။
“ကိုယ္စားလွယ္ေလာင္းမျပည့္တာနဲ႔ ျပဳတ္သြားမယ့္ ပါတီေတြ ရွိႏိုင္တယ္ဗ်။ အဓိက ျပည္ေထာင္စုအဆင့္ ပါတီေတြက ခက္ခဲေနတာ။ ျပည္နယ္ေတြ ဘာေတြက ဒီေလာက္မဟုတ္ဘူး။ ျပည္ေထာင္စု အဆင့္ ပါတီေတြ ဒုကၡေရာက္ ေနတာ” ဟု ၎က ဆိုသည္။
ျပည္ပေရာက္ မီဒီယာမ်ားက ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ (USDP) အေနျဖင့္ လာမည့္ ေ႐ြးေကာက္ပြဲတြင္ တပ္မေတာ္မွ လတ္တေလာ အၿငိမ္းစားယူထားေသာ အရာရွိႀကီး အဆင့္မ်ား အပါအဝင္ လူေပါင္း (၄၀ဝ)ေက်ာ္ ေျပာင္းေ႐ႊ႕ၿပီး ေ႐ြးေကာက္ပြဲ ဝင္ၾကမည္ျဖစ္ေၾကာင္း ေရးသားမႈမ်ား ရွိေနသည္။
“ကြၽန္ေတာ္သိရသေလာက္ကေတာ့ အဲဒီလူ (၄၀ဝ)ေက်ာ္ႀကီး ဝင္တယ္ဆိုတာ မၾကားဘူး ဗ်။ အခု ကြၽန္ေတာ္က လႊတ္ေတာ္ကိုယ္စားလွယ္ အမည္စာရင္းတင္သြင္းေနတယ္ေပါ့။ တင္သြင္း တာမွာ အမ်ားႀကီးအေျပာင္းအလဲ မရွိဘူးဗ်” ဟု USDP ပါတီမွ ေျပာေရးဆိုခြင့္ရွိသူ ဦးသိန္းထြန္းဦးက ေျပာသည္။
သို႔ေသာ္ ယခုေ႐ြးေကာက္ပြဲႏွင့္ ပတ္သက္၍ ကိုယ္စားလွယ္ေလာင္း အေရအတြက္မွာ USDP က အဆင္သင့္ရွိ ေနေသာေၾကာင့္ အျခားပါတီမ်ား ထက္သာေသာ အေျခအေနရွိေနေၾကာင္းလည္း ႏိုင္ငံေရးပါတီအခ်ိဳ႕ထံ ေမးျမန္းထား ခ်က္အရ သိရသည္။
လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားအတြက္ ေ႐ြးေကာက္ပြဲဝင္ရန္ စာရင္းေပးရာတြင္ လုံၿခဳံေရးအေျခအေန အရ စိုးရိမ္မႈမ်ား ရွိေနသည့္အျပင္ တစ္ဖက္တြင္လည္း PR ကိုယ္စားလွယ္ေလာင္းႏွင့္ပတ္သက္၍ အခက္အခဲ မ်ားရွိခဲ့ၾကေၾကာင္း သိရသည္။
“ကိုယ္စားလွယ္ေလာင္း ရွာတာမွာ သိတဲ့အတိုင္းပဲ ျမန္မာႏိုင္ငံမွာ ႏိုင္ငံေရးက ေတာ္ေတာ္ ကြင္းဆက္ျပတ္ သြားၿပီ။ ေသသြားသလို ျဖစ္သြားတာေပါ့။ လူေတြက စိတ္ဝင္စားမႈမရွိၾကဘူး။ ေနာက္ၿပီးေတာ့ အေၾကာက္တရား ျဖစ္တယ္ဗ်။ ေတာ္ေတာ္ခက္ ခက္ခဲခဲရွာရတယ္။ အဓိကေတာ့ အေၾကာက္တရား ျဖစ္တာေပါ့” ဟု က်ားျဖဴပါတီမွ ရန္ကုန္တိုင္းေဒသႀကီး ဥကၠ႒ ဦးေနမ်ိဳးေဇာ္က ဆိုသည္။ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ား ဝင္ေရာက္ယွဥ္ၿပိဳင္ ရာတြင္ စိန္ေခၚမႈမ်ားရွိခဲ့ၿပီး အခ်ိန္ယူခဲ့ရေၾကာင္း ျပည္ သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းတစ္ဦးက ေျပာသည္။
“လုံၿခဳံေရးဆိုတာက ကိုယ့္လုံၿခဳံေရးအျပင္ မိသားစု လုံၿခဳံေရးေပါ့။ ကိုယ့္ေဒသမွာရွိတဲ့ ေဆြမ်ိဳးသားခ်င္း၊ သူငယ္ခ်င္း လုံၿခဳံေရးေပါ့။ ေတာ္ေတာ္ေလး စဥ္းစားၿပီး ဝင္ရတာေပါ့။ ေျပာရမယ္ဆို အခ်ိန္ယူရတယ္” ဟု ၎က ဆိုသည္။
PR အတြက္ လႊတ္ေတာ္ကိုယ္စားလွယ္ ေလာင္းရွာၿပီး ျဖည့္ရသည့္ အေျခအေနကလည္း ခက္ခဲခဲ့ေၾကာင္း ျပည္သူ႔ေရွ႕ေဆာင္ပါတီ (PPP) မွ ဒုတိယ ဥကၠ႒ (၂) ဦးေစာဟန္ေအး က ဆိုသည္။
“PR ျပည့္မွ FPTP သြားတင္ရမယ္ ဆိုတဲ့ အဲဒီဟာႀကီးကလည္း ရွိတယ္။ အမွန္ေတာ့ FPTP က FPTP မဲဆႏၵနယ္ (၁)နယ္စီ မဆိုင္ဘူး ေလ။ PR ကလည္း (၁၀)ေယာက္ေလာက္မွ မဲဆႏၵ နယ္ (၁) နယ္ေလ။ အခုက ခက္တာက PR ျပည့္မွ FPTP လာတင္ပါဆိုေတာ့ ဒုကၡေရာက္ေနၾကတာေပါ့” ဟု ၎က ယခင္အေျခအေနကို ေျပာျပသည္။
သို႔ေသာ္ UEC က PR မဲဆႏၵနယ္မ်ားႏွင့္ ပတ္သက္၍ ကိုယ္စားလွယ္ေလာင္း တင္သြင္းရာတြင္ စည္းကမ္းခ်က္ အခ်ိဳ႕ကို ေျဖေလွ်ာ့မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္းႏွင့္ ယင္းကို စက္တင္ဘာလ (၁၉)ရက္တြင္ ပါတီမ်ားထံ UEC က အီးေမးလ္ ေပးပို႔ အေၾကာင္းၾကားသည္ဟု အျခား အမည္မေဖာ္လိုသူ ႏိုင္ငံေရးပါတီမွ သတင္းရင္းျမစ္က ဆိုသည္။
“အမ်ိဳးသားလႊတ္ေတာ္မွာ အရင္တုန္းက FPTP မဲဆႏၵနယ္မွာ (၂) ေယာက္၊ PR မဲဆႏၵနယ္မွာ (၂)ေယာက္ဆို ထည့္ရတာရွိတယ္။ အခု ဘာကို ေလွ်ာ့လဲဆိုေတာ့ PR မဲဆႏၵနယ္မွာ (၂) ေယာက္ဆိုရင္ FPTP မွာ (၁)ေယာက္တည္း ဝင္ၿပိဳင္လို႔လည္း ရပါတယ္ဆိုတာေလွ်ာ့တယ္။ ေနာက္တစ္ခုက တိုင္းေဒသႀကီး မဲဆႏၵနယ္ေတြမွာ ဥပမာ အလြယ္တကူ ေျပာရရင္ PR လႊတ္ေတာ္ ကိုယ္စား (၁၀) ေယာက္ရွိတယ္။ (၁၀) ေယာက္စလုံး အျပည့္တင္ရ မယ္ဆိုတဲ့ သတ္မွတ္ ခ်က္ရွိတယ္။ အခုက PR မဲဆႏၵနယ္မွာ (၃) ေယာက္ပဲ ဝင္ၿပိဳင္ရင္လည္း FPTP တစ္ေယာက္နဲ႔ တြက္ၿပီး လက္ခံလို႔ ရတယ္။ PR မဲဆႏၵနယ္ကို သုံးေယာက္ပဲ ၿပိဳင္မယ္ဆိုလည္း ရတယ္ဆိုတဲ့သေဘာမ်ိဳး ျဖစ္သြားတယ္” ဟု ၎က ဆို သည္။
ကိုယ္စားလွယ္ေလာင္းရွာရသည္မွာ လြယ္သည္ဟု ဆိုႏိုင္ေသာ္လည္း ကိုယ္စားလွယ္ေလာင္း ထက္ဝက္ ဝင္ေရာက္ယွဥ္ၿပိဳင္ရမည္ ျဖစ္သည့္အတြက္ ဝိေရာဓိျဖစ္ေနေသးေၾကာင္း ၎ကဆိုသည္။ “ကိုယ္စားလွယ္ေလာင္း ရွာရတာ ေလ်ာ့က်တာ မွန္ေသာ္လည္း အဲဒီလိုၿပိဳင္ရင္ ထက္ဝက္ မျပည့္ဘူးဆိုတဲ့ ျပႆနာက ရွိေနတယ္။ အရင္က ေတာ့ PR ကို လူျပည့္ၿပီမွ အရင္တင္ရတယ္။ PR လူမျပည့္ပဲ FPTP လုံးဝ လက္မခံဘူး။ အခုကေတာ့ ရသြားတာေပါ့။ အျပည့္မလိုေတာ့ဘူး” ဟု ၎က ရွင္းျပသည္။
ယင္းအခ်က္အလက္ႏွင့္ ပတ္သက္၍ NP News ဂ်ာနယ္အေနျဖင့္ ေဖာင္ပိတ္ရက္ ျဖစ္သည့္အတြက္ အခ်ိန္ယူ ေစာင့္ဆိုင္း အတည္ျပဳ ႏိုင္ခဲ့ျခင္းမရွိေပ။
UEC အေနျဖင့္ ယခုကဲ့သို႔ ေလွ်ာ့ခ်ေပး လိုက္သည့္အတြက္ ပါတီမ်ားအၾကား လုပ္သာ ကိုင္ သာ ပိုရွိသြား ေသာ္လည္း ကိုယ္စားလွယ္ေလာင္းမ်ားအၾကား စိုးရိမ္မႈမ်ားက ရွိေနဆဲျဖစ္ေၾကာင္း သိရသည္။ ထို႔ေၾကာင့္ စက္တင္ဘာလ (၂၂)ရက္တြင္ မည့္သည့္ပါတီက ျပည့္ၿပီး၊ မည္သည့္ ပါတီက မျပည့္ ဆိုေသာ အခ်က္မွာလည္း ဆက္ လက္ ေစာင့္ၾကည့္ရ ေပေတာ့မည္။