တရုတ်(တိုင်ပေ)အတွက် စစ်လက်နက်ပစ္စည်းသဘောတူညီချက်ကို အတည်ပြုဖို့ ဒေါ်နယ်ထရမ့်ငြင်းဆို

296

Pika (NP News) - စက်တင်ဘာ ၂၁
တရုတ်(တိုင်ပေ)အတွက် စစ်လက်နက်ပစ္စည်းပက်ကေ့ချ်အသစ်တစ်ခုကိုအတည်ပြုဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ငြင်းဆိုခဲ့တယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး Washington Post သတင်းစာက ရေးသား ဖော်ပြခဲ့ပါတယ်။ အမေရိကန်ဒေါ်လာသန်း(၄၀၀)ကျော်တန်ဖိုးရှိတဲ့စစ်လက်နက်ပစ္စည်းသဘောတူညီချက်ကို ယခင်သဘောတူညီချက်တွေထက် ပိုပြီးသေစေလောက်တဲ့သဘောတူညီချက်တစ်ခုအဖြစ် Washington Post က ရေးသားဖော်ပြခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် တရုတ်(တိုင်ပေ)အတွက် အမေရိကန်ဒေါ်လာသန်း(၄၀၀)ကျော် တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းရောင်းချမှုနဲ့ ပတ်သက်ပြီး နောက်ဆုံးဆုံးဖြတ်ချက်တွေကို မချမှတ်ရသေးဘူးလို့လည်း အမေရိကန်အရာရှိတစ်ဦးက ထုတ်ပြန် ပြောကြားခဲ့ပါတယ်။
တရုတ်အစိုးရဟာ တရုတ်(တိုင်ပေ)ကျွန်းကို ၎င်းရဲ့ပိုင်နက်နယ်မြေအဖြစ် အခိုင်အမာရှုမြင်ထားပြီး နိုင်ငံခြား စစ်ရေးအကူအညီတွေအားလုံးကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ထားတယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် တရုတ်(တိုင်ပေ)နဲ့ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းဖို့အတွက် လိုအပ်လာမယ်ဆိုရင် အင်အားသုံးဖြေရှင်းသွား မယ်လို့လည်း တရုတ်သမ္မတရှီကျင့်ဖျင်က အကြိမ်ကြိမ် ကတိပြုခဲ့ပါတယ်။

Zawgyi Version:
တ႐ုတ္(တိုင္ေပ)အတြက္ စစ္လက္နက္ပစၥည္းသေဘာတူညီခ်က္ကို အတည္ျပဳဖို႔ ေဒၚနယ္ထရမ့္ျငင္းဆို
Pika (NP News) - စက္တင္ဘာ ၂၁
တ႐ုတ္(တိုင္ေပ)အတြက္ စစ္လက္နက္ပစၥည္းပက္ေက့ခ်္အသစ္တစ္ခုကိုအတည္ျပဳဖို႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ျငင္းဆိုခဲ့တယ္လို႔ သတင္းရင္းျမစ္ေတြကို ကိုးကားၿပီး Washington Post သတင္းစာက ေရးသား ေဖာ္ျပခဲ့ပါတယ္။ အေမရိကန္ေဒၚလာသန္း(၄၀၀)ေက်ာ္တန္ဖိုးရွိတဲ့စစ္လက္နက္ပစၥည္းသေဘာတူညီခ်က္ကို ယခင္သေဘာတူညီခ်က္ေတြထက္ ပိုၿပီးေသေစေလာက္တဲ့သေဘာတူညီခ်က္တစ္ခုအျဖစ္ Washington Post က ေရးသားေဖာ္ျပခဲ့တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ တ႐ုတ္(တိုင္ေပ)အတြက္ အေမရိကန္ေဒၚလာသန္း(၄၀၀)ေက်ာ္ တန္ဖိုးရွိ စစ္လက္နက္ပစၥည္းေရာင္းခ်မႈနဲ႔ ပတ္သက္ၿပီး ေနာက္ဆုံးဆုံးျဖတ္ခ်က္ေတြကို မခ်မွတ္ရေသးဘူးလို႔လည္း အေမရိကန္အရာရွိတစ္ဦးက ထုတ္ျပန္ ေျပာၾကားခဲ့ပါတယ္။
တ႐ုတ္အစိုးရဟာ တ႐ုတ္(တိုင္ေပ)ကြၽန္းကို ၎ရဲ႕ပိုင္နက္နယ္ေျမအျဖစ္ အခိုင္အမာရႈျမင္ထားၿပီး ႏိုင္ငံျခား စစ္ေရးအကူအညီေတြအားလုံးကို ျပင္းျပင္းထန္ထန္ ဆန႔္က်င္ကန႔္ကြက္ထားတယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ တ႐ုတ္(တိုင္ေပ)နဲ႔ ၿငိမ္းခ်မ္းစြာ ျပန္လည္ေပါင္းစည္းဖို႔အတြက္ လိုအပ္လာမယ္ဆိုရင္ အင္အားသုံးေျဖရွင္းသြား မယ္လို႔လည္း တ႐ုတ္သမၼတရွီက်င့္ဖ်င္က အႀကိမ္ႀကိမ္ ကတိျပဳခဲ့ပါတယ္။