ယူကရိန်းနှင့် ဖြစ်ပွားနေသောစစ်ပွဲတွင် ရုရှားစစ်သား (၇)သိန်းခန့် ပါဝင်တိုက်ခိုက်ခဲ့ဟု ရုရှားသမ္မတပြော

310

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၁
ယူကရိန်းနှင့် ဖြစ်ပွားလျက်ရှိနေသော စစ်ပွဲ၏ရှေ့တန်းစစ်မျက်နှာတွင် ရုရှားစစ်သား အနည်းဆုံး(၇)သိန်းခန့် ပါဝင်တိုက်ခိုက်နေကြောင်း ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုလိုက်သည်။
ရုရှားသမ္မတသည် ရုရှားလွှတ်တော် ခေါင်းဆောင်များနှင့် စက်တင်ဘာ(၁၈)ရက်က တွေ့ ဆုံဆွေးနွေး ချိန်အတွင်း ယင်းကဲ့သို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ရုရှားစစ်တပ်တွင် တာဝန်ထမ်းဆောင် နေသူအားလုံး၏ တစ်ဝက်ခန့် သည် ယူကရိန်းနှင့်ဖြစ် ပွားနေသောစစ်ပွဲတွင် ပါဝင်တိုက်ခိုက်လျက်ရှိနေသည်ဟု သမ္မတပူတင်ကပြောသည်။ ရုရှား သမ္မတ ပူတင်က ‘‘ယူကရိန်းနဲ့ ဖြစ်နေတဲ့စစ်ပွဲရဲ့ရှေ့တန်းမှာ ရုရှားစစ်သား (၇)သိန်းကျော် ပါဝင်တိုက်ခိုက်နေတယ်။ ကျွန်တော်တို့ဟာ ဆန္ဒရှိပြီး သင့်တော်မယ့်သူတွေကို ရှေ့တန်းစစ်မျက်နှာကိုစေလွှတ်တာမျိုးဖြစ်တယ်”ဟု ပြောသည်။
ရုရှားသမ္မတပူတင်သည် ပြီးခဲ့သော (၂၀၂၄)ခုနှစ် ဇန်နဝါရီလအတွင်း ယူကရိန်းစစ်ပွဲတွင် ပါဝင်တိုက်ခိုက်နေ သော ရုရှားစစ်သားအရေအတွက်ကို ပြောဆိုခဲ့ဖူးပြီး ထိုစဉ်အချိန်က ယူကရိန်းနှင့်ဖြစ်ပွားသောစစ်ပွဲတွင် ရုရှားစစ်သား (၆)သိန်းခန့်ပါဝင် တိုက်ခိုက်နေကြောင်း ပြောသည်။ ရုရှားနိုင်ငံတွင် စစ်ဘက်တာဝန်များကိုထမ်းဆောင်နေသူ အနည်း ဆုံး (၂ ဒသမ ၄) သန်းနီးပါးရှိနေပြီး အမြဲတမ်းတာဝန် ထမ်းဆောင်နေသောစစ်သားအရေအတွက် (၁ ဒသမ ၅) သန်း ရှိနေကြောင်းသိရသည်။ ယူကရိန်းစစ်တပ်တွင် အမြဲတမ်းတာဝန် ထမ်းဆောင်နေသော စစ်သားအရေအတွက် (၉)သိန်း ကျော်ရှိနေကြောင်း ယူကရိန်းသမ္မတ ဇယ်လန် စကီးကပြောသည်။ ယူကရိန်းနှင့် ရုရှားနိုင်ငံတို့သည် (၂၀၂၂)ခုနှစ် ဖေဖော်ဝါရီလအတွင်းစစ်ပွဲစတင်ခဲ့ပြီး ရုရှားက ယူကရိန်းပိုင်နက်အနည်းဆုံး (၄) ခုကို သိမ်းယူထားနိုင် ကြောင်းသိရ သည်။ ယူကရိန်းနှင့် ရုရှားနိုင်ငံကြားဖြစ်ပွားနေသော စစ်ပွဲအဆုံးသတ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အပါအဝင် နိုင်ငံ တကာခေါင်းဆောင်များက ကြားဝင်စေ့စပ်ဆွေး နွေးခဲ့သော်လည်း လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေး ရယူနိုင် ခြင်းမရှိသေးကြောင်းသိရသည်။

Zawgyi Version:
ယူကရိန္းႏွင့္ ျဖစ္ပြားေနေသာစစ္ပြဲတြင္ ႐ုရွားစစ္သား (၇)သိန္းခန႔္ ပါဝင္တိုက္ခိုက္ခဲ့ဟု ႐ုရွားသမၼတေျပာ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၁
ယူကရိန္းႏွင့္ ျဖစ္ပြားလ်က္ရွိေနေသာ စစ္ပြဲ၏ေရွ႕တန္းစစ္မ်က္ႏွာတြင္ ႐ုရွားစစ္သား အနည္းဆုံး(၇)သိန္းခန႔္ ပါဝင္တိုက္ခိုက္ေနေၾကာင္း ႐ုရွားသမၼတပူတင္က ထုတ္ေဖာ္ေျပာဆိုလိုက္သည္။
႐ုရွားသမၼတသည္ ႐ုရွားလႊတ္ေတာ္ ေခါင္းေဆာင္မ်ားႏွင့္ စက္တင္ဘာ(၁၈)ရက္က ေတြ႕ ဆုံေဆြးေႏြး ခ်ိန္အတြင္း ယင္းကဲ့သို႔ေျပာဆိုခဲ့ျခင္း ျဖစ္သည္။ ႐ုရွားစစ္တပ္တြင္ တာဝန္ထမ္းေဆာင္ ေနသူအားလုံး၏ တစ္ဝက္ခန႔္ သည္ ယူကရိန္းႏွင့္ျဖစ္ ပြားေနေသာစစ္ပြဲတြင္ ပါဝင္တိုက္ခိုက္လ်က္ရွိေနသည္ဟု သမၼတပူတင္ကေျပာသည္။ ႐ုရွား သမၼတ ပူတင္က ‘‘ယူကရိန္းနဲ႔ ျဖစ္ေနတဲ့စစ္ပြဲရဲ႕ေရွ႕တန္းမွာ ႐ုရွားစစ္သား (၇)သိန္းေက်ာ္ ပါဝင္တိုက္ခိုက္ေနတယ္။ ကြၽန္ေတာ္တို႔ဟာ ဆႏၵရွိၿပီး သင့္ေတာ္မယ့္သူေတြကို ေရွ႕တန္းစစ္မ်က္ႏွာကိုေစလႊတ္တာမ်ိဳးျဖစ္တယ္”ဟု ေျပာသည္။
႐ုရွားသမၼတပူတင္သည္ ၿပီးခဲ့ေသာ (၂၀၂၄)ခုႏွစ္ ဇန္နဝါရီလအတြင္း ယူကရိန္းစစ္ပြဲတြင္ ပါဝင္တိုက္ခိုက္ေန ေသာ ႐ုရွားစစ္သားအေရအတြက္ကို ေျပာဆိုခဲ့ဖူးၿပီး ထိုစဥ္အခ်ိန္က ယူကရိန္းႏွင့္ျဖစ္ပြားေသာစစ္ပြဲတြင္ ႐ုရွားစစ္သား (၆)သိန္းခန႔္ပါဝင္ တိုက္ခိုက္ေနေၾကာင္း ေျပာသည္။ ႐ုရွားႏိုင္ငံတြင္ စစ္ဘက္တာဝန္မ်ားကိုထမ္းေဆာင္ေနသူ အနည္း ဆုံး (၂ ဒသမ ၄) သန္းနီးပါးရွိေနၿပီး အၿမဲတမ္းတာဝန္ ထမ္းေဆာင္ေနေသာစစ္သားအေရအတြက္ (၁ ဒသမ ၅) သန္း ရွိေနေၾကာင္းသိရသည္။ ယူကရိန္းစစ္တပ္တြင္ အၿမဲတမ္းတာဝန္ ထမ္းေဆာင္ေနေသာ စစ္သားအေရအတြက္ (၉)သိန္း ေက်ာ္ရွိေနေၾကာင္း ယူကရိန္းသမၼတ ဇယ္လန္ စကီးကေျပာသည္။ ယူကရိန္းႏွင့္ ႐ုရွားႏိုင္ငံတို႔သည္ (၂၀၂၂)ခုႏွစ္ ေဖေဖာ္ဝါရီလအတြင္းစစ္ပြဲစတင္ခဲ့ၿပီး ႐ုရွားက ယူကရိန္းပိုင္နက္အနည္းဆုံး (၄) ခုကို သိမ္းယူထားႏိုင္ ေၾကာင္းသိရ သည္။ ယူကရိန္းႏွင့္ ႐ုရွားႏိုင္ငံၾကားျဖစ္ပြားေနေသာ စစ္ပြဲအဆုံးသတ္ရန္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္အပါအဝင္ ႏိုင္ငံ တကာေခါင္းေဆာင္မ်ားက ၾကားဝင္ေစ့စပ္ေဆြး ေႏြးခဲ့ေသာ္လည္း လက္ရွိအခ်ိန္အထိ အပစ္ခတ္ရပ္စဲေရး ရယူႏိုင္ ျခင္းမရွိေသးေၾကာင္းသိရသည္။