ဂျင်းနီနဲ့ Stanley brand ပူးပေါင်းထုတ်လုပ်တဲ့ Slim Luxe Bottle ဈေးနှုန်းမြင့်မားခြင်းကြောင့် ဝေဖန်ခံနေရ

131
ရောင်နီ (NP News) - စက်တင်ဘာ ၂၂
BLACKPINK အဖွဲ့ဝင် ဂျင်းနီနဲ့ နမည်ကျော် Luxury brand - Stanley ပူးပေါင်းပြီး အကန့်အသတ်နဲ့ထုတ်လုပ်တဲ့ Slim Luxe Bottle တွေဟာ ဈေးနှုန်းမြင့်မားလွန်းနေခြင်းကြောင့် ဝေဖန်မှုတွေ ရှိနေပါတယ်။
ဂျင်းနီနဲ့ Sranley တို့ ပူးပေါင်း ထုတ်ဝေတဲ့ ပစ္စည်းဟာ package တစ်ခုကို အမေရိကန်ဒေါ်လာ ၄၅ ဒေါ်လာတန် All Day Slim Luxe Bottle တစ်လုံးနဲ့ အမေရိကန်ဒေါ်လာ ၇၅ ဒေါ်လာတန် သော့ချိတ်တစ်ခု(ဂျင်းနီကို ကိုယ်စားပြုတဲ့ ဝက်ဝံပုံသော့ချိတ်) ပါဝင်ပါတယ်။ ဒီအကန့်အသတ်နဲ့ ထုတ်ဝေတဲ့ အမှတ်တရပစ္စည်းအတွက် ဂျင်းနီရဲ့ပရိသတ်တွေက ဝယ်ယူဖို့ စိတ်အားထက်သန်ကြပေမယ့် အခြားသူတွေကတော့ "ပျမ်းမျှဈေးနှုန်းထက် မြင့်မားတယ်" "ဒီဇိုင်းက အရမ်းမလှနေပေမယ့် ဈေးတော့မြင့်တယ်" လို့ ဝေဖန်မှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။
နာမည်ကျော်တွေရဲ့ ဒီလိုပူးပေါင်းထုတ်ဝေတဲ့ပစ္စည်းတွေဟာ ပုံမှန်ဈေးနှုန်းတွေထက် အမြဲ ဈေးများလေ့ရှိတာကြောင့် မကြာခဏ ဝေဖန်ခံရလေ့ ရှိပါတယ်။
Zawgyi Version: