တောင်သာတွင် မြန်မာ့မီးရထားမှ ဝန်ထမ်းတစ်ဦးကို အကြမ်းဖက်အဖွဲ့က ဖမ်းဆီး

1071
Pearl (NP News) - စက်တင်ဘာ ၂၂
တောင်သာတွင် မြန်မာ့မီးရထားမှ ဝန်ထမ်းတစ်ဦးကို အကြမ်းဖက်အဖွဲ့က ဖမ်းဆီးသွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် စက်တင်ဘာ (၁၉) ရက် နံနက် (၁၁) နာရီ (၄၅) မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ထန်းပင်ခြံကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကျေးရွာတွင်နေထိုင်သော မြန်မာ့မီးရထားမှ မြင်းခြံ ဘူတာဂိတ်စောင့်ဖြစ်သူ ဦးဇော်ထွေး(၄၉)နှစ်သည် ၎င်း၏နေအိမ်၌ မိသားစုနှင့်အတူ ရှိနေစဉ် PDF အဖွဲ့ဝင် ခြောက်ဦးက ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ထိုသို့ရောက်ရှိလာပြီး ဦးဇော်ထွေး အား “စစ်ဆေးရန်ရှိသည်” ဟုပြောဆိုကာ အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးခံထားရသူအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
zawgyi version
ေတာင္သာတြင္ ျမန္မာ့မီးရထားမွ ဝန္ထမ္းတစ္ဦးကို အၾကမ္းဖက္အဖြဲ႕က ဖမ္းဆီး
Pearl (NP News) - စက္တင္ဘာ ၂၂
ေတာင္သာတြင္ ျမန္မာ့မီးရထားမွ ဝန္ထမ္းတစ္ဦးကို အၾကမ္းဖက္အဖြဲ႕က ဖမ္းဆီးသြားခဲ့ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည္။
ၿပီးခဲ့သည့္ စက္တင္ဘာ (၁၉) ရက္ နံနက္ (၁၁) နာရီ (၄၅) မိနစ္ခန႔္က မႏၲေလးတိုင္းေဒသႀကီး၊ ေတာင္သာၿမိဳ႕နယ္၊ ထန္းပင္ၿခံေက်း႐ြာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
အဆိုပါ ေက်း႐ြာတြင္ေနထိုင္ေသာ ျမန္မာ့မီးရထားမွ ျမင္းၿခံ ဘူတာဂိတ္ေစာင့္ျဖစ္သူ ဦးေဇာ္ေထြး(၄၉)ႏွစ္သည္ ၎၏ေနအိမ္၌ မိသားစုႏွင့္အတူ ရွိေနစဥ္ PDF အဖြဲ႕ဝင္ ေျခာက္ဦးက ဆိုင္ကယ္ သုံးစီးျဖင့္ ေရာက္ရွိလာခဲ့ေၾကာင္း သိရသည္။
ထိုသို႔ေရာက္ရွိလာၿပီး ဦးေဇာ္ေထြး အား “စစ္ေဆးရန္ရွိသည္” ဟုေျပာဆိုကာ အၾကမ္းဖက္ၿခိမ္းေျခာက္၍ ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း သိရသည္။
အထက္ပါျဖစ္စဥ္မွ ရာဇဝတ္မႈမ်ားအား က်ဴးလြန္လုပ္ေဆာင္လ်က္ရွိသည့္ အၾကမ္းဖက္သမားမ်ားအား ေဖာ္ထုတ္ဖမ္းဆီးအေရးယူႏိုင္ေရးႏွင့္ ဖမ္းဆီးခံထားရသူအား ျပန္လည္ကယ္တင္ႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုအပ္သည့္ လုံၿခဳံေရးလုပ္ငန္းစဥ္မ်ားႏွင့္အညီ ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။
လစဥ္ေၾကး ေပးသြင္းရန္ ႏွင့္ The Statesman ဂ်ာနယ္ဝယ္ယူရန္ စုံစမ္းလိုပါက
(မနက္ ၉ နာရီ မွ ညေန ၆ နာရီ)အတြင္းသာ ဆက္သြယ္ရန္
ဖုန္း - 09-444681478 (Viber)